← Chapters

ဖြည်းဖြည်းချင်း ကစားရတာကမှ ပိုအရသာရှိတာ

Vol. 43 Ch. 631

ဖြည်းဖြည်းချင်း ကစားရတာကမှ ပိုအရသာရှိတာ

Vol. 43 Ch. 631

“ သေစမ်း… လင်းကြီးဟျောင့် .. ဘာတွေဖြစ်နေတာတုန်းဟ…”

တစ်စုံတစ်ယောက် စကားပြောသံကြားတော့ လင်းရီ လှည့်ကြည့်လိုက်သောအခါ ချင်းဟန် အပြင်ဘက်မှ ခေါင်းပြူရင်း ကြည့်နေသည်ကို မြင်လိုက်ရ၏။

လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်လည်း ချင်းဟန်နည်းတူ ကြောင်အမ်းနေကြလေသည်။

“ ငါ့ဆိုင်ကို ခွေးတွေ ဝင်မွှေသွားလို့ပေါ့…” လင်းရီ ပြုံးလိုက်ပြီး တံခါးဖွင့်ပေးလိုက်၏။

“ ဘယ်သူက အစ်ကိုကြီးလင်းရဲ့ ဆိုင်ကို ဖျက်ဆီးဝံ့တဲ့အထိ သတ္တိတွေကောင်းနေတာ…” လျန်ကျင်းမင် ကျိန်ဆဲလိုက်ပြီး “ ကျွန်တော့်အဖေက မြို့တော်ဝန်ရုံးမှာ အဆက်အသွယ်တွေရှိတယ်… ခုပဲ ဖုန်းဆက်ပြီးတော့ စုံစမ်းခိုင်းလိုက်မယ်….”

“ မလိုဘူး… ဘယ်သူတွေ လုပ်တယ်ဆိုတာ ငါသိတယ်…”

လင်းရီ သူတို့သုံးယောက်ကို မနေ့က ဖြစ်ပျက်သွားသည့် ကိစ္စများ ပြောပြလိုက်ပြီး ကောင်းကျုံးယွမ် စီးကရက် မီးညှိ၍ “ ဒီ နိုင်ငံခြားကျောင်းသားတွေက အသက်ရှင်ရတာ ငြီးငွေ့လာလို့တဲ့လား… ကျုပ် တစ်ယောက်ယောက်လွှတ်ပြီးတော့ သင်ခန်းစာပေးခိုင်းလိုက်မယ်…”

“ မလိုပါဘူး..” လင်းရီ တည်ငြိမ်စွာ ပြောလိုက်ပြီး “ ဒီလိုကိစ္စမျိုးဆိုတာက ဖြည်းဖြည်းချင်း ကိုင်တွယ်သွားရမယ့်ကိစ္စ…”

သို့နှင့် လင်းရီ လျန်ကျင်းမင်ကို ကြည့်လိုက်ပြီး “ဘယ်သူ့ကိုမှ မဆက်သွယ်နဲ့…. တကယ်လို့ သူများတွေ ဝင်ပါလာမယ်ဆိုရင် အဓိပ္ပာယ်မဲ့ ဖြစ်သွားလိမ့်မယ်…”

“ အစ်ကိုကြီးလင်းက ဒီကိစ္စကို သီးသန့်ကိုင်တွယ်မလို့လား…”

“ တခြားဘယ်လိုလုပ်ရဦးမှာ… မင်းက သူတို့ကို ဖမ်းပြီးတော့ လျော်ကြေးပေးစေချင်နေတာလား… အဲ့လိုလုပ်လိုက်တာက ပျော်ဖို့ကောင်းမယ်လို့ ထင်နေတာလား…”

“ Nope…”

“ ခု အတည်ဖြစ်ပြီ..” လင်းရီ သုံးယောက်လုံးကို ကြည့်လိုက်ပြီး “ မင်းတို့ကောင်တွေ ပြန်လည်ပြင်ဆင်ရေး ကုမ္ပဏီကောင်းကောင်းလေး သိကြလား… ဒါကြီးကို ဖြေရှင်းဖို့ တစ်ယောက်ယောက်ခိုင်းလိုက်… ရှုပ်ပွနေတာပဲ… ဒီပုံစံအတိုင်းဆို ဆိုင်တောင် ဆက်ဖွင့်လို့ ရမှာ မဟုတ်တော့ဘူး…”

“ အိုကေ အစ်ကိုကြီးလင်း.. အဲ့ကိစ္စ ကျုပ်တာဝန်ထားလိုက်…” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ကျုပ်မိသားစုက ဒါနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတစ်ချို့ ရှိတယ်လေ.. ကျုပ်အမိန့်ပေးလိုက်ရုံနဲ့ အဆင်ပြေပြီ….”

“ အိုကေ… အဲ့တာဆို မင်းနဲ့ လွှဲထားလိုက်တော့မယ်….”

ယခုလို အသေးအမွှားကိစ္စလေးမှာ လင်းရီ ကွမ်းရာကို ပြောလိုက်သည်နှင့် အေးဆေး ဖြေရှင်းပြီးဖြစ်၏။ သို့သော်လည်း လတ်တလောတွင် ကျီချင်းရန်နှင့် ကွမ်းရာတို့မှာ ဝမ်ကျန်း ဆိပ်ကမ်း ဒုတိယအကျော့ မွမ်းမံမှု ပရောဂျက်အတွက် ဆွေးနွေးနေကြပြီး အကယ်၍ သူမသာ ယခုအကြောင်း သိသွားပါက ကျီချင်းရန်ကို ပြောပြမည်မှာ မလွဲမသွေပင်။

ထို့ကြောင့် ကိစ္စများ အားလုံး ကိုင်တွယ်ပြီးတော့မှ သူမကို ဖြည်းဖြည်းချင်း ပြောပြသည်ကပိုကောင်း၏။ မဟုတ်ပါက သူမတစ်နေ့လုံး အလုပ်ထဲ စိတ်ပါနိုင်လိမ့်မည် မဟုတ်ချေ။

ကောင်းကျုံးယွမ်ခေါ်လိုက်သည့် လူအုပ်စုမှာ အလွန်လျှင်မြန်စွာဖြင့် ဆိုင်ငယ်လေးသို့ ရောက်ရှိလာလေသည်။

“ အစ်ကိုကြီးလင်း.. အစ်ကိုကြီးချင်း.. အစ်ကိုကြီးကောင်း… အစ်ကိုကြီးလျန်….”

ဦးဆောင်လာသည့် လူငယ်၏ နာမည်မှာတော့ ကျုံးကျိန်းဝမ်ဖြစ်ပြီး ဆံပင်ကို အနီရောင် ဆေးဆိုးထားကာ နားကပ်များတပ်ထားပြီး ပေတေတေရုပ်ပေါက်နေကာ တစ်ချက်ကြည့်လိုက်သည်နှင့် ချမ်းသာသည့် ဒုတိယမျိုးဆက်တစ်ဦး ဖြစ်ကြောင်း သိသာလေသည်။

၎င်းတို့လေးဦးကို မြင်တွေ့ပြီးနောက် ကျုံးကျိန်း၀မ် ယဉ်ကျေးစွာဖြင့် တစ်ယောက်ပြီး တစ်ယောက် လိုက်နှုတ်ဆက်လိုက်၏။ သူတို့အားလုံးမှာ ကျိုးဟိုင်ရှိ ချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူများ ဖြစ်ကြသော်လည်း ပိရမစ်ထိပ်ဆုံး၌ ရပ်တည်နေကြသူများနှင်တော့ ဝေးကွာနေသေးလေသည်။

“ ရှောင်ဝမ်..ဟုတ်တယ်နော်...ငါ ဒီဆိုင်ကို မင်းတို့လက်ထဲလွှဲထားခဲ့လိုက်တော့မယ်… မြန်နိုင်သလောက် မြန်အောင် ပြင်ဆင်ထားပေး…”

“ ဟုတ် အစ်ကိုကြီးလင်း…. စိတ်သာချထားလိုက်.. ကျုပ်တို့မိသားစုက ဒီနယ်ပယ်မှာ ကျွမ်းကျင်သူတွေလေ… ဒီလို ဆိုင်သေးသေးလေးလောက်ကတော့ အချိန်ဘယ်လောက်မှ မပေးရပါဘူး….”

“ မင်းရဲ့ လက်အောက်ငယ်သားတွေကို ညတွင်းချင်း အပြီးလုပ်ပေးဖို့ ပြောလိုက်… “ ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ကျသမျှ ငါရှင်းမယ်…”

“ အိုက်ယား.. အစ်ကိုကြီးကောင်းကလည်း သူစိမ်းဆန်တဲ့ စကားတွေ ပြောနေပြန်ပါပြီ… ကျုပ်တို့တွေ ရင်းနှီးလာတာ ဒီလောက်ကြာနေပြီကို ဘယ်လိုလုပ် ပိုက်ဆံတောင်းနိုင်မှာ… အစ်ကိုကြီးလင်းကို ကူညီပေးတယ်လို့ပဲ သဘောထားလိုက်..မနက်ဖြန် အပြီးဖြစ်စေရမယ်…”

“ အင်း… အဲ့တာဆိုလည်း အမြန်ဆုံးသာ လုပ်ပေးလိုက်ကွာ.. အစ်ကိုကြီးလင်းရဲ့ စီးပွားရေးကို မနှောင့်နှေးစေနဲ့…”

ကောင်းကျုံးယွမ် လင်းရီကို ကြည့်လိုက်ပြီး “ အစ်ကိုကြီးလင်း… ဆိုင်ကို သူနဲ့ လွှဲထားခဲ့လိုက်… ကျန်တာကိုကော ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားလဲ… ကျုပ် လူတစ်ချို့ ခေါ်ပေးရဦးမလား…”

“ မလိုဘူး… ငါတို့ကျိုးဟိုင်တက္ကသိုလ်ကို သွားပြီးတော့ အဲ့ကောင်တွေနား ဖြေရှင်းချက်သွားတောင်းမယ်….”

“ အဲ့တာဆို ဘာစောင့်နေတာ… အတူသွားပြီးတော့ အဲ့မျိုးမစစ်လေးတွေကို သွားသ-တ်ကြစို့…”

လူလေးယောက်အုပ်စုမှာ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြပြီး အပြင်တွင်တော့ လူတိုင်းက ခြေဖျားထောက်၍ အထဲရှိ အခြေအနေဘယ်လိုရှိလဲဆိုတာကို စပ်စုနေကြလေသည်။ သို့သော်လည်း လူအများစုကတော့ များများစားစား မတွေးပဲ စီးပွားပြိုင်ဘက်တစ်ချို့မှ ယခုလို လုပ်သွားခဲ့သည်ဟု ထင်နေကြ၏။

မည်သို့ပင်ဆိုစေ လင်းရီတို့ဆိုင် ဖွင့်ထားသည်က တစ်ပတ်ကျော်မျှသာ ရှိသေးသော်လည်း ကျိန်းရန်လမ်းတွင် နာမည်ကြီး ဆိုင်တစ်ဆိုင် ဖြစ်နေချေပြီ။ ထို့ကြောင့် ကျန်သူများ၏ မနာလိုဝန်တိုခြင်းကို ခံရသည်က ပုံမှန်သာဖြစ်၏။

သို့သော်လည်း ယခုဖြစ်ရပ်မှာ နိုင်ငံခြား ကျောင်းသားများ၏ စနက်မကင်းဟု ယူဆနေကြသည့် ကျောင်းသားတစ်ချို့လည်း ရှိသေးသည်။ သူတို့အားလုံး အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပြီး ဆိုင်သူဌေးလေးမှ မည်သို့မည်ပုံ ကိုင်တွယ်ဖြေရှင်းမည်ကို အထူးတလှယ် စိတ်ဝင်စားနေခဲ့ကြ၏။

မကြာမီ လေးယောက်သား ကျိုးဟိုင်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိလာသည်။

မှတ်မှတ်ရရ ယခုတစ်ကြိမ်က လင်းရီ ဘွဲ့ရပြီးနောက် မိခင်ကျောင်းတော်ကြီးဆီ ပထမအကြိမ် ပြန်ရောက်လာခဲ့ခြင်းပင်။

ကျောင်း ပရဝဏ်ထဲရှိ အရာရာတိုင်းက လင်းရီနှင့် ရင်းနှီးနေပြီး စိမ်းလန်းစိုပြေသည့် သစ်တောအုပ်ကြီးမှာလည်း အစဉ်အတိုင်း လူငယ်တို့၏ အနံ့အသက်များဖြင့် ဖုံးလွှမ်းနေလေသည်။

ကျောင်းကိုရောက်တော့ လင်းရီ ဝေ့ဝိုက်မနေပဲ ထိုအစား လီကျစ်ဝေ၏ ရုံးခန်းထဲသို့ တိုက်ရိုက်ဦးတည်လိုက်၏။

“ လင်းရီ… မင်း ဒီကို ဘာလာလုပ်တာ…”

လင်းရီ ဝင်လာသည်ကို မြင်တော့ လီကျစ်ဝေ မတ်တပ်ရပ်လိုက်ပြီး “ မနေ့ကကိစ္စ လျော်ကြေးလည်း ပေးပြီးပြီ မဟုတ်ဘူးလား…”

“ ပြီးတာကတော့ ပြီးပြီ.. ဒါပေမယ့် မနေ့ညတုန်းက ကျုပ်ဆိုင် ဝင်မွှေခံရတယ်… လူးဝစ်နဲ့ ကျန်တဲ့သူတွေကို ခေါ်ပေး… ကျုပ်သူတို့နဲ့ စကားပြောချင်တယ်….”

“ မင်းဆိုင် ဝင်မွှေခံရတယ်….”

အဆိုပါ သတင်းကို ကြားတော့ လီကျစ်ဝေ အံ့အားသင့်သွားခဲ့၏။ ယခုလို ကိစ္စမျိုး ဖြစ်လာလိမ့်မည်လို့ သူမမျှော်မှန်းထားခဲ့ချေ။

“ မင်း လူးဝစ်နဲ့ ကျန်တဲ့သူတွေကို သံသယရှိနေတာတော့ မဟုတ်ဘူးလား…”

“ အဲ့ကောင်တွေကလွဲရင် ဘယ်သူဖြစ်နိုင်မှာ…”

“ လင်းရီ.. ဒါက နည်းနည်းလေး မတော်တဆ တိုက်ဆိုင်တယ်ဆိုပေမယ့် မင်း တအား ကတိုက်ကရိုက်နိုင်လွန်းတယ် ထင်တာပဲ…” လီကျစ်ဝေ ပြောလိုက်ပြီး “ မင်းတို့ မနေ့က ဘာဖြစ်ခဲ့လဲ ဆိုတာ ငါအကုန်သိပြီးသွားပြီ… စာချုပ်မှာတောင် ခံ၀န် လက်မှတ် ရေးထိုးပြီးသွားပြီလေ… ငါ လူးဝစ်တို့ကောင်တွေအကြောင်း ကောင်းကောင်းသိတယ်… သူတို့ အဲ့လိုမျိုး အလုပ်တွေ လုပ်မှာ မဟုတ်ဘူး… အပြင်က တခြားသူတွေ လုပ်တာပဲ ဖြစ်ရမယ်…”

“ ခင်များက တော်တော်သိနေတယ်ဆိုရင်လည်း ကျုပ်အတွက် သုံးသပ်ကြည့်ပေးစမ်းပါ… လူးဝစ်တို့ မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်မလဲ…..”

“ ငါလခွမ်း မင်းလာနောက်နေတာလား… ငါက မှုခင်းစစ်ဆေးရေးလဲ မဟုတ်တာ... ဘယ်လိုလုပ်ပြီး သံသယရှိတဲ့ သူကို ဖော်ထုတ်ပေးနိုင်မှာတုန်းကွ…”

“ ဒါဆိုလည်း လူးဝစ်တို့ မဟုတ်ပါဘူးလို့ ငါယီးမို့လို့ ဖင်ပိတ်ငြင်းနေတာလား….”

လီကျစ်ဝေ စားပွဲခုံကို လက်ဝါးဖြင့် ရိုက် ဟစ်အော်လိုက်ပြီး “ လင်း ရီ … မင်း စကားကို ဆင်ခြင်ပြောစမ်း…. ငါက မင်းရဲ့ ဆရာဖြစ်ခဲ့ဖူးတယ်ဆိုတာ နားလည်လား…”

“ အဲ့ဒီ ဆက်ဆံရေးကို ထောက်ရှုထားလို့ပဲ ခုလို စကားပြောနေတာ‌… မဟုတ်လို့ကတော့ ခင်များကြီးကော အဲ့ကောင်တွေကိုပါ ရိုက်ချိုးပြီး ခေါ်ထုတ်သွားပြီ….”

လီကျစ်ဝေ မျက်တောင့်ကြီးနီရဲလျက် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ရင်း အတော်လေး ဒေါသထွက်နေလေသည်။ကျောင်းသားများ ဘွဲ့ရပြီးနောက်တွင် သူ၏ ထိန်းချုပ်မှုအောက်၌ မရှိကြောင်း လီကျစ်ဝေ နားလည်သည်။

ထို့ပြင် လင်းရီ၏ အကျင့်စရိုက်အရ ဆရာဟူသော အဆင့်အတန်းဖြင့် ဖိနှိပ်ဖို့ရာလည်း မည်သို့မျှ မဖြစ်နိုင်ချေ။

ထို့ကြောင့် ကျိုးကြောင်း ဆက်စပ်ပြပြီး နားချသည်က အကောင်းဆုံးနည်းလမ်းဖြစ်၏။

“ လင်းရီ... မင်း စိတ်အေးအေးထားပြီး တွေးကြည့်ကြည့်… သူတို့နှစ်ယောက်က အဲ့လောက် ရုပ်ပျက်ဆင်းပျက်ကြီး အရိုက်ခံလိုက်ရတာကို မင်းဆိုင်ကို ဖျက်ဆီးဖို့ သတ္တိရှိမယ်လို့ ထင်လား… ဘယ်သူက အဲ့လိုမျိုးလုပ်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံမှာ…”

“ အဓိပ္ပာယ်မရှိတာတွေ လာမပြောနဲ့…. အဲ့နှစ်ယောက်ကိုသာ ဒီခေါ်လိုက်… လူတွေ့ လက်တွေ့ ရှင်းမယ် …”

“ မဖြစ်နိုင်ဘူး… မနေ့ညကပဲ အဲ့ကောင်တွေ ငါ့ဆီဖုန်းဆက်ပြီးတော့ ခွင့်တစ်ပတ်တိုင်ထားတယ်… သူတို့အခု ကျောင်းမှာ မရှိဘူး…”

“ ဒါရိုက်တာလီ… ခင်များ မခေါ်ပေးချင်လို့ ဒီလိုတွေ လုပ်နေတာလား…” လင်းရီ မျက်မှောင်ကြုတ်လိုက်၏။ သူတော်တော်လေး ဒေါသထွက်နေချေပြီ။

“ သူတို့ အကုန် မရှိကြတော့ဘူး.. ငါကူညီပေးချင်ရင်တောင် မဖြစ်နိုင်တော့ဘူး…”

“ ဘိုးတော်… ခင်များ ရည်ရွယ်ချက်ရှိရှိ ကာကွယ်ပေးနေတာမလား…” ကောင်းကျုံးယွမ် စိတ်မရှည်တော့ပဲ ဝင်ပြောလိုက်၏။

ဒီဘိုးတော်က အစ်ကိုကြီးလင်း ဘယ်လောက် စိတ်ရှည်ပေးနေလဲဆိုတာကို နားမလည်ဘူးပဲ… ဒီလောက် အကြာကြီး စကားပြောပေးနေတာတောင် ရေငုံနှုတ်ပိတ်ချင်နေသေးတယ်….

“ လင်းရီ… မင်း သူငယ်ချင်းတွေကို စကားပြော ဆင်ခြင်ဖို့ ပြောလိုက်… ဒီနေရာက ကျောင်းကွ.. လမ်းဘေးဇရပ်မဟုတ်ဘူး…”

“ ကျုပ်သူငယ်ချင်းတွေရဲ့ စရိုက်က အဲ့အတိုင်းပဲ..” လင်းရီ ထူးမခြားနားစွာ ပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ်ရဲ့ စိတ်ရှည်မှုကလည်း အကန့်အသတ်ကို ရောက်သွားပြီ… ကျုပ်အချိန် တစ်နာရီပေးမယ်… အဲ့ကောင်တွေကို ဆိုင်လာခဲ့ဖို့ ပြောလိုက်…မဟုတ်လို့ကတော့ ခင်များ အကျိုးဆက်တွေကို ခံစားဖို့ ပြင်ထားလိုက်…”

“ ငါက မင်းဆရာနော်ဟျောင့်..မင်း ဘယ်လိုတောင် ခြိမ်းခြောက်တဲ့ လေသံနဲ့ စကားပြောဝံ့နေတာတုန်းကွ… ကျောင်းက မင်းကို ဘယ်လိုပညာတွေ သင်ပေးပြီး ပြုစုပျိုးထောင်ပေးခဲ့လဲဆိုတာကို မေ့သွားပြီလား…” လီကျစ်ဝေ ပြောလိုက်ပြီး “ ပြီးတော့ သူတို့ အခု ကျောင်းမှာ မရှိဘူး… မင်းတွေ့ချင်ရင် မှုခင်းရဲဌာနကို အကြောင်းကြားပြီးတော့ ရှာလိုက်…”

“ ခင်များကြီးက ကျောင်းမှာ လေးယောက်မြောက် အာဏာအရှိဆုံး ဖြစ်လာတာ မဆန်းတော့ပါဘူး.. လူတော်တော်များများက ဒီလိုမျိုး ကိစ္စတွေကို အဆင်ပြေအောင် မညှိနှိုင်းတတ်ကြဘူး.. “ လင်းရီ မတ်တပ်ရပ်ကာ လီကျစ်ဝေကို ကြည့်လိုက်ပြီး “ ဒါပေမယ့် ကျုပ်ကလည်း ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့ကောင်… တကယ်လို့ တစ်နာရီအတွင်း အဲ့ကောင်တွေကို မမြင်ရဘူးဆိုရင် ခင်များလည်း အထုပ်တွေ ပြင်ထားလိုက်တော့..”

သို့နှင့် လင်းရီ သူ၏ လက်ကို ဝှေ့ယမ်းကာ ကျန်သူများကို ခေါ်ပြီး ရုံးခန်းထဲမှ ထွက်လာခဲ့လေသည်။ထို့နောက် လေးယောက်သား ဆိုင်သို့ တစ်ဖန်ပြန်လာခဲ့ကြ၏။

ပြန်ရောက်သည့် အချိန်တွင်တော့ ဆိုင်၏ မွမ်းမံပြင်ဆင်မှုမှာ အတော်လေး ခရီးရောက်နေပြီး တော်တော်လေးတောင် သန့်ရှင်းရေးပြီးဖြစ်၏။ ကောင်းကျုံးယွမ်၏ လူများမှာ အတော်လေးအားကိုးရကာ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းစဉ်မှာလည်း အတော်လေးကို မြန်ဆန်ပေသည်။

တစ်နာရီအတွင်း စားသောက်ဆိုင်မှာ သန့်ရှင်းတောက်ပြောင်သွားခဲ့လေပြီ။

“ အစ်ကိုကြီးလင်း.. ကျုပ်အထင်တော့ ဒီကိစ္စတွေက ထင်သလောက် မရိုးရှင်းဘူး….” လျန်ကျင်းမင်ပြောလိုက်ပြီး “ အစ်ကိုကြီး မနေ့က အဲ့ကောင်တွေကို ရိုက်နှက်လိုက်တယ်ဆိုတော့ ယုတ္တိကျကျပြောရရင် ဒီကောင်တွေ ဒီလိုမျိုး လုပ်ဝံ့မှာ မဟုတ်ဘူး..”

“ အင်း...ဒီကိစ္စမှာ တစ်စုံတစ်ယောက်က ကျောထောက်နောက်ခံ ပြုပေးထားတာပဲ ဖြစ်ရမယ်…”

“ သူတို့ မိဘတွေများလား….”

“ မဖြစ်နိုင်ဘူး..” လင်းရီ ပြောလိုက်ပြီး “ ဒီကောင်တွေက ပြဿနာတက်တာနဲ့ သူများဆိုင်ကို လာဖျက်ဆီးတယ်ဆိုတော့ လူကြီးတော်တော်များများက အဲ့လိုမျိုး ယုတ်ညံ့တဲ့ လုပ်ရပ်တွေ လုပ်မှာ မဟုတ်ဘူး..” လင်းရီ ပြောလိုက်ပြီး “ သူတို့ကို ကူညီပေးနေတဲ့သူ တစ်ယောက်ယောက်ရှိရမယ်… ဘယ်သူဆိုတာကတော့ ငါလည်း မခန့်မှန်းတတ်ဘူး.. လီကျစ်ဝေဆီက သတင်းကို စောင့်ကြည့်ကြတာပေါ့…”

“ အစ်ကိုကြီးလင်း ... အဲ့ ဖိနပ်လျက်တဲ့ကောင်က သေချာလေး ပူးပေါင်းပေးလိမ့်မယ်လို့တော့ ကျုပ် မထင်ဘူးနော… အသားနာမှ အမိန့်နာခံတတ်မှာ....”

“ အေးဆေးပေါ့..... ဒီလိုကိစ္စမျိုးတွေဆိုတာ ဖြည်းဖြည်းချင်း ကစားမှ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာ….”

All Chapters