← Chapters

ဆန္ဒပြကြတော့မလို့လား

Vol. 43 Ch. 632

ဆန္ဒပြကြတော့မလို့လား

Vol. 43 Ch. 632

လင်းရီတို့ ထွက်သွားပြီး နာရီဝက်ကြာပြီးသော် လီကျစ်ဝေ၏ အတွင်းရေးမှူးမှာ ရုံးခန်းထဲသို့ ရောက်ရှိလာလေသည်။

“ ဒါရိုက်တာလီ…. ကျွန်မတို့ ဒီကိစ္စကို ဒီတိုင်းပဲ လျစ်လျူရှုထားလိုက်တော့မှာလား… တကယ်လို့ လင်းရီက ဒီကိစ္စကို ဆက်ပြီး အကျယ်ချဲ့နေမယ်ဆိုရင်ကော…”

“ချဲ့ချင်လည်း ရဲတိုင်တာကလွဲရင် အဲ့ကောင် ဘာတတ်နိုင်မှာ..” လီကျစ်ဝေ အထင်မြင်သေးစွာ ပြောလိုက်ပြီး “ အဲ့တာတောင်မှ လူးဝစ်နဲ့ ကျန်တဲ့သူတွေ လုပ်ခဲ့ပါတယ်လို့ သက်သေ အတိအကျပြဖို့က လိုသေးတယ်နော်..ဒီတော့ ရဲတွေ ပါလာရင်တောင်မှ အလကားပဲ…”

“ ဒါရိုက်တာလီကော ဒီကိစ္စ လူးဝစ်နဲ့ ကျန်တဲ့သူတွေ လုပ်တယ်လို့ ထင်လား…”

“ သူတို့ကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာ…” လီကျစ်ဝေ ပြောလိုက်ပြီး

“ ကံကောင်းချင်တော့ လင်းရီနဲ့ ကျန်တဲ့သူတွေကို လှည့်စားပြီး ထွက်သွားခိုင်းလိုက်လို့ပေါ့… မဟုတ်ရင် ဒီကိစ္စက‌ ပေါက်ကွဲထွက်လာတော့မှာ…”

“ ဒါပေမယ့် လင်းရီရဲ့ စရိုက်နဲ့ဆိုရင် ဒီကိစ္စ လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး.. ခုလေးတင် ရှင့်ကို ခြိမ်းခြောက်သွားတာကြည့်တော့…”

“ အင်း.. သူကတော့ အဲ့အတိုင်းပဲ… ဒါပေမယ့် စိတ်ပူမနေနဲ့...တကယ်လို့ အဲ့ကောင်သာ အစွမ်းအစ ရှိတယ်ဆိုရင် ကျိန်းရန်လမ်းမှာ ဆိုင်ဖွင့်နေမယ် ထင်လား…” လီကျစ်ဝေ‌ သေချာနေဟန်ဖြင့် ပြောလိုက်ပြီး “ အဲ့ကောင် အရူးလို ပေါက်တတ်ကရတွေ လျှောက်လုပ်နေတာ… ဒီတိုင်းလွှတ်ထားလိုက်… “

“ နားလည်ပါပြီ ဒါရိုက်တာလီ…”

သို့နှင့် အမျိုးသမီး အတွင်းရေးမှူးမှာ ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့တော့၏။

လီကျစ်ဝေ ထိုကိစ္စကို အလေးအနက်ထားမနေပဲ ထိုအစား လူးဝစ်ထံ ဖုန်းခေါ်လိုက်၏။

“ လူးဝစ်… လင်းရီ ခုလေးတင် ငါ့လာရှာသွားတယ်… သူမင်းကို သံသယ ဝင်နေပြီ… ကျောင်းကို နောက်လေးငါးရက်လောက်အထိ ပြန်မလာသေးနဲ့ဦး…. မုန်တိုင်းတွေ ငြိမ်သွားတော့မှ ဒီပြန်လာခဲ့….”

“ တီချယ်လီ…. မင်း နားလည်မှုလွဲနေပြီ… ငါကျောင်းက ခဏ ထွက်သွားတယ်ဆိုတာ သူ့ကို ကြောက်နေလို့မဟုတ်ဘူး.. တခြား ကိစ္စလေးတွေ ရှိလို့…”

“ ဘာဖြစ်ဖြစ်ကွာ.. အချိန်တစ်ခုလောက်ထိတော့ ပြန်လာဖို့ စဉ်းတောင် မစဉ်းစားနဲ့…. ငါ လင်းရီအကြောင်း ကောင်းကောင်းသိတယ်… အဲ့ကောင်က ကြိတ်မှိတ်ပြီး ခံစားနေမှာမဟုတ်ဘူး… ခု ဒီလိုကိစ္စတွေ ဖြစ်သွားခဲ့မှတော့ သူသေချာပေါက် လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဘူး…”

“ အဲ့ကိစ္စ ငါ့ဘာငါ ကြည့်စီစဉ်လိုက်မယ်… တီချယ်လီ ဝင်မပါနဲ့…”

“ ကောင်းပြီလေ… မင်း တော်သလိုသာ ကြည့်လုပ်လိုက်… ဒါပေမယ့် လက်တော့ မလွန်စေနဲ့ပေါ့…”

ညွှန်ကြားချက် အချို့ ပေးပြီးနောက် လီကျစ်ဝေ ဖုန်းချလိုက်လေသည်။

စားပွဲပေါ်တွင် လက်နှစ်ဖက်ချပြီး မျက်မှောင်ကို တင်းတင်းကြုတ်ထား၏။ ထို့နောက် စီးကရက် မီးညှိဖို့ရာ မီးခြစ်ခြစ်လိုက်ပြီး ဆေးလိပ်ဖွာရင်းခေါင်းအေးအေးနှင့် စဉ်းစားခန်းဝင်လိုက်လေသည်။

လူးဝစ်၏ လေသံအသွားအလာကို နားထောင်ကြည့်ရသလောက်တော့ တစ်ဖက်သူကို လွယ်လွယ်နှင့် ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ကြောင်း သေချာနေသည်။ နောက်ပိုင်းတွင် ယခုထက် ပိုမိုပြင်းထန်သည့် လက်စားချေတုံ့ပြန်မှုများ ပေါ်ပေါက်လာနိုင်ချေများ၏။

'ဒီလင်းရီကလည်း လွန်ကို လွန်ပါတယ်ကွာ… ဘာလို့ အကြောင်းမရှိ အကြောင်းရှာပြီး အဲ့ကောင်တွေကို သွားပြီး ရန်ရှာနေတာ…. တစ်ဖက်ကောင်တွေက ထူးခြားတဲ့ အဆင့်အတန်းနဲ့ နိုင်ငံခြား ကျောင်းသားတွေလေ… လက်သီးချင်းယှဉ်လို့ အသာစီးရတယ်ထားဦးတော့ အဆုံးသတ်ကျ သူပဲ ခံရမှာ မဟုတ်ဘူးလား….

ဟင်း...ကျောင်းတုန်းက မောက်မာနေတာက တော်သေး… ဒါပေမယ့် ဘွဲ့ရပြီးတာတောင် ဘာလို့ အဲ့လိုမျိုး ဆက်ပြီး မောက်မာနေသေးတာ….

တစ်မျိုးတွေးကြည့်ရင် အဲ့လိုဖြစ်တော့လည်း ကောင်းတာပဲ မဟုတ်ဘူးလား… ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူပြီးတော့ သူ အပြစ်ပြုလို့ မရတဲ့ လူတစ်ချို့ ရှိသေးတယ်ဆိုတာကို နားလည်သွားတာပေါ့…”

ချလပ် …..

ထိုစဥ် ထွက်သွားတာ မကြာသေးသည့် သူ၏ အတွင်းရေးမှူးမှာ ရုံးခန်းထဲသို့ ပြန်ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။

“ ဘာပြန်လာလုပ်တာ…”

“ ဒါရိုက်တာလီ.. ကျောင်းအုပ်ချိန်က ရှင့်ကို တွေ့ချင်လို့တဲ့…”

“ ကျောင်းအုပ်ချိန်က ငါ့ကို ရှာနေတယ်… သူဘာပြောလဲ…”

“ ဘာလို့လဲတော့ မပြောလိုက်ဘူး… ဒါပေမယ့် ရှင် ပညာရေးရုံးကို သုတေသန အစီရင်ခံစာတွေ ပို့ထားသေးတယ်မလား.. ဒုကျောင်းအုပ်က အဲ့ကိစ္စနဲ့ ခေါ်လိုက်တာနေမှာ…”

လီကျစ်ဝေ သူ့နဖူးသူ ပြန်ရိုက်လိုက်ပြီး “ကြည့်စမ်း...ငါ့မှတ်ဉာဏ်ကလည်း… ဒီကိစ္စကို ဘယ်လိုလုပ်ပြီး မေ့နေတာပါလိမ့်…”

စားပွဲပေါ်ရှိ ပစ္စည်းကိရိယာများကို သိမ်းဆည်းပြီးနောက် လီကျစ်ဝေ လျင်မြန်စွာ ထရပ်လိုက်ကာ ကျောင်းအုပ်ကြီး ရုံးခန်းသို့ ဦးတည်လိုက်လေသည်။

“ ကျောင်းအုပ်ချိန်… ကျွန်တော့်ကို ရှာနေတယ်ဆိုလို့…”

ရုံးခန်းထဲတွင် အသက်ငါးဆယ်အရွယ် သတ်လတ်ပိုင်း လူကြီးတစ်ဦးထိုင်နေပြီး သူ၏ မျက်လုံး အစုံကိုတော့ မှေးကျဥ်းထား၏။

ထိုသူက အဖြူရောင် ရှပ်အင်္ကျီ ၊ အနက်ရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားကာ အနက်ရောင် သားရေရှူးဖိနပ်တစ်ရံကိုလည်း စီးနင်းထားသည်။

ထိုသူ၏ နာမည်ကတော့ ချိန်ကျွမ်းဖြစ်ပြီး ကျိုးဟိုင်နည်းပညာတက္ကသိုလ်၏ ဒုကျောင်းအုပ် တစ်ဦးပင်။

လီကျစ်ဝေ ဝင်လာသည်ကို မြင်တော့ ချိန်ကျွမ်း တစ်ချက်ကြည့်လိုက်ပြီး ထူးမခြားနားသည့် လေသံဖြင့်

“ မင်းဒီရက်ပိုင်း ဘာတွေ လုပ်နေတာ…”

၎င်းကိုကြားတော့ လီကျစ်ဝေ ဝမ်းသာကြည်နူးသွားခဲ့၏။ သူခန့်မှန်းထားသည်က မှန်နေပုံပင်။

“ ကျွန်တော် မနှစ်က ပရောဂျက်ကို ဆက်လုပ်နေတာလေ… လတ်တလော အသစ်ရှာတွေ့ထားတဲ့ လက်တွေ့ စမ်းသပ်မှု ရလဒ်တွေကို စုစည်းပြီးတော့ သိပ္ပံဂျာနယ်ထဲ ထည့်သွင်းဖို့ ပြင်ဆင်နေတာ..”

ချိန်ကျွမ်း တည်ငြိမ်စွာဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။

“ နောက် တခြား ဘာတွေ လုပ်သေးလဲ…”

ထိုမေးခွန်းက လီကျစ်ဝေကို အကျပ်တွေ့သွားစေသည်။

ရာထူးတိုးခြင်းနှင့် ထပ်ဆောင်းအမှတ်များ ရရှိစေမည့် သိပ္ပံပရောဂျက်များအပ သူ ဘာကိုမျှ ထူးထူးခြားခြား စဉ်းစား၍ မရချေ။

“ ကျန်တာတွေကတော့ အသေးအမွှားလေးတွေပါပဲ … ထုတ်ပြောဖို့တောင် မထိုက်တန်ပါဘူး..” လီကျစ်ဝေ အပြုံးဖြင့် ပြောလိုက်၏။ သူ့ရင်ဘက်ထဲရှိ စိတ်လှုပ်ရှားမှုများကို မည်သို့မျှ ဖုံးကွယ်၍ မရနိုင်ချေ။

“ မင်းက ဘာလုပ်ခဲ့လဲ ဆိုတာ မမှတ်မိဘူးဆိုတော့ အဓိကအချက်ကိုပဲ တန်းသွားလိုက်တော့မယ်...”

ချိန်ကျွမ်း စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို လီကျစ်ဝေထံ တွန်းပို့လိုက်ပြီး “ ရုံးခန်းကို ပြန်ပြီးတော့ မင်းအထုပ်တွေ သိမ်းလိုက်… မနက်ဖြန်ကစပြီး မင်း အလုပ်လာစရာ မလိုတော့ဘူး… ဒါပေမယ့် ကျောင်းမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာတဲ့ မျက်နှာကို ထောက်ထားပြီးတော့ ဒီတစ်လ လစာကိုတော့ အပြည့်ပေးလိုက်မယ်…”

“ ဗျာ…”

အဆိုပါ သတင်းက လီကျစ်ဝေကို နွေခေါင်ခေါင် မိုးကြိုးကြီး ပစ်ချလိုက်သည့်နှယ်ပင်။

စက္ကန့်အတန်ကြာအောင် ထုံထိုင်းသွားပြီး မည်သို့ တုံ့ပြန်ရမှန်း မသိ ဖြစ်သွားခဲ့၏။

“ ဥက္ကဌချိန် ဘာတွေဖြစ်နေတာ.. ကျွန်တော်က ဘာလုပ်မိလို့ အလုပ်ထုတ်ခံလိုက်ရတာလဲ…”

“ မင်းက ငါ့လာမေးတော့ ငါက ဘယ်သူ့ကို ပြန်မေးရမှာ…” ချိန်ကျွမ်း ပြောလိုက်ပြီး

“ ခုလေးတင် ပညာရေးဝန်ကြီးဌာနက ငါ့ဆီ ဖုန်းဆက်လာပြီး ဒီအကြောင်းပြောသွားတာပဲ… ပြီးတော့ ဒါက တိုက်ရိုက်အမိန့်… ဘာကြောင့်လဲဆိုတာတော့ ငါ့ကို မပြောသွားဘူး…”

လီကျစ်ဝေ၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။ရာထူးတိုးခံရဖို့ တွေးထားပါသော်လည်း ထိုအစား အလုပ်ဖြုတ်ခံရမည့် သတင်းက စောင့်ကြိုနေလိမ့်မည်ဟု မျှော်မှန်းမထားခဲ့ချေ။

လီကျစ်ဝေ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့၏။

လင်းရီ မထွက်ခွာခင်က လူးဝစ်တို့ကို ထုတ်မပေးဘူးဆိုလျှင် သူ့ကို အထုပ်ပြင်ထားဟု အတိအလင်း ပြောသွားခဲ့လေသည်။

ဒီကိစ္စ သူနဲ့များ ပတ်သက်နေမလား…

ယခု အခြေအနေရောက်မှတော့ ဖြစ်နိုင်ခြင်း မဖြစ်နိုင်ခြင်းကို စဉ်းစားနေသည်က အသုံးမ၀င်တော့။

လီကျစ်ဝေ ဒုကျောင်းအုပ်ရှေ့၌ပင် ဣန္ဒြေမဆည်နိုင်တော့ပဲ ဖုန်းကို လျှင်မြန်စွာ ထုတ်၍ လင်းရီ၏ နံပါတ်ကို နှိပ်လိုက်လေသည်။

စိတ်ထဲတွင်လည်း လင်းရီ နံပါတ်မပြောင်းထားပါစေနှင့်ဟု နတ်မင်းအပေါင်းထံ ဆုတောင်းနေတော့၏။

မကြာမီ ဖုန်းမှာ ၀င်သွားခဲ့ပြီး လင်းရီ၏ အသံမှာ တစ်ဖက်မှ ထွက်ပေါ်လာခဲ့လေသည်။

"ဟယ်လို...."

"လင်းရီ.. ဘာတွေ ဖြစ်နေတာ.. မင်း ငါ အလုပ်ပြုတ်အောင် တစ်ခုခု လုပ်လိုက်သေးလား..."

"အိုး... ဒါရိုက်တာလီပဲ....လူး၀စ်တို့ကို ရှာမပေးရင် အထုပ်ကြိုပြင်ထားတာ ကောင်းမယ်လို့ မပြောထားခဲ့ဘူးလား... ဘာလို့ ကျုပ်စကားကို မယုံတာ....."

လင်းရီ၏ အဖြေက လီကျစ်ဝေကို အံ့အားသင့်သွားစေခဲ့ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားကာ ခန္ဓာကိုယ်မှာလည်း တုန်ယင်သွားတော့၏။

လင်းရီတွင် ထိုမျှ အာဏာရှိလိမ့်မည်လို့ သူမျှော်လင့် မထားခဲ့ချေ။

"လင်း... လင်းရီ.. အဲ့သလို စိတ်မြန်လက်မြန် မလုပ်နဲ့လေကွာ... ကိစ္စတွေက အေးဆေး စကားပြောလို့ရပါတယ်ဟ.. ငါ အခုချက်ချင်း လူး၀စ်ကို ခေါ်ပေးမယ်...."

"အစောကြီးကတည်းက ဒီလိုမျိုး လိမ္မာလိုက်ရင် ခုလိုမျိုးတွေ ဖြစ်လာစရာ အကြောင်းတောင် မရှိဘူး... "

ထိုသို့ ပြောပြီးနောက် လင်းရီ ဖုန်းတန်းချလိုက်တော့၏။

လီကျစ်ဝေ စက္ကန့်အနည်းငယ်မျှပင် မဖြုန်းတီးဝံ့ပဲ လူး၀စ်ကို ဖုန်းခေါ်လိုက်လေသည်။

"လူး၀စ် .. မင်းဘယ်မှာလဲ.. ခုချက်ချင်း ကျောင်းကို လာခဲ့.. ဒီမှာ ကိစ္စကြီး ဖြစ်နေပြီ...."

"ကျောင်းမှာ ဘာလဲ ဖြစ်နေလို့..."

လူး၀စ် အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။

သူက ကျောင်းမှာ မဟုတ်ဘူးလေ.. ကျောင်းမှာ ကိစ္စကြီးဖြစ်တာ သူနဲ့ ဘာဆိုင်လို့...

ဧကန္တ ကျောင်းက တီချယ်တွေက သူ့အပေါ် အပြစ်ပုံချမလို့ ကြံနေတာများလား..

အဲ့တာလည်း မဖြစ်နိုင်လောက်ဘူး...

"အပိုတွေ မမေးနဲ့.. မြန်မြန် လင်းရီရဲ့ ဆိုင်ကို သွားလိုက်.... မဟုတ်ရင် ငါ့ဘ၀ အဆုံးသတ်ပြီကွ...."လီကျစ်ဝေ အလျင်လိုသည့် လေသံဖြင့် အော်ပြောလိုက်သည်။

"နောက်မှ စကားပြောကြတာပေါ့.. ခုလောလောဆယ်မ အားသေးဘူး..."လူး၀စ် အကြောက်အလန့်ကင်းစွာဖြင့် ပြန်ပြောလိုက်၏။

"ဒါပေမယ့် အဲ့ကောင်ကို ပြန်ပြောလိုက်.. ငါ လူး၀စ်ကို ရိုက်နှက်ထားတဲ့ ကိစ္စက ဒီလောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူးလို့..."လူး၀စ် ပြောလိုက်ပြီး "သေချာပေါက် သူ နောင်တရနေအောင် လုပ်ပြမယ်..."

"ငါယိုးပဲ.. ငါတောင်းဆိုနေတာပါကွာ.. မြန်မြန်ပြန်လာခဲ့ဟ... ငါတကယ်ကြီး အချိန်မရ......"

စကားမဆုံးလိုက်ခင်တွင်ပဲ လူး၀စ်ဘက်မှ ဖုန်းချသွားခဲ့၏။

သူ လီကျစ်ဝေကို အလေးအနက်ပင် မထားချေ။

လီကျစ်ဝေ ဖုန်းချလိုက်သည်ကို မြင်တော့ ချိန်ကျွမ်း အံ့အားသင့်နေသည့် လေသံဖြင့် "ဘာတွေဖြစ်နေတာ.. လင်းရီက ဘွဲ့ရပြီးသား မဟုတ်ဘူးလား... ဘာဆိုင်လို့ လူး၀စ်ကပါ ၀င်ပါလာတာ...."

"ကျောင်းအုပ်ချိန်.. ကျွန်တော် ဒီကိစ္စကို နောက်မှ အသေးစိတ် ရှင်းပြပေးမယ်... ခုတော့ ဒီကိစ္စ အရင်ဖြေရှင်းပါရစေဦး..."

ထိုသို့ ပြောပြီးနောက် လီကျစ်ဝေ လင်းရီ၏ ဆိုင်ထဲ ရေးကြီးသုတ်ပျာဖြင့် ဦးတည်လိုက်တော့၏။

၎င်းတို့ နှစ်ဦးကြား ငြိမ်းချမ်းအောင် လုပ်ပေးနိုင်သေးသရွေ့တော့ ဆွေးနွေးဖို့ရာ အခန်း ကဏ္ဍ ရှိသေးလေသည်။

လီကျစ်ဝေ လမ်းတစ်လျှောက် မရပ်မနား ပြေးလွှားလာပြီး ဆိုင်သို့ ရောက်သည့် အချိန်၌ တီရှပ်တစ်ခုလုံးပင် ချွေးတို့ဖြင့် ရွဲနစ်နေလေသည်။ စိတ်ဇောကြောင့် မောဟိုက်ရမည်ကိုပင် မသိတော့ပဲ အမြန်ဆုံးနှင့် ရောက်ရှိလာလေတော့သည်။

"ခင်များ ဒီဘာလာလုပ်တာ...."

ချွေးတရွှဲရွှဲနှင့် လီကျစ်ဝေကို မြင်တော့ လင်းရီ မေးလိုက်၏။

" လင်းရီ.. ငါတို့က ဆရာတပည့်တွေ ဖြစ်ခဲ့ဖူးတယ်မလား... ဒီလောက်ထိ လုပ်စရာ မလိုပါဘူးဟ..."

"ခင်များဘာလို့ ဒီအကြောင်းပဲ လာလာဆွဲထည့်နေတာ... အဲ့လို လုပ်နေတာကြီးက မသင့်တော်ဘူးနော... "

"ငါ....."

လီကျစ်ဝေ ကူကယ်ရာမဲ့လွန်း၍ ငိုချင်နေပါသော်လည်း မျက်ရည်များက ကျမလာချေ။

"ငါ လူး၀စ်ဆီ ဖုန်းဆက်ပြီးသွားပြီ.. ဒါပေမယ့် နားမထောင်မှတော့ ငါက ဘယ်လိုလုပ်ပေးရမှာ.... "

လင်းရီ ပခုံးတွန့်လိုက်ပြီး "အဲ့တော့ ကျုပ်ကဘာလုပ်ပေးရမှာ..."

"လင်းရီ .. ငါပြောတာကို သေချာနားထောင်..."လီကျစ်ဝေ လေးနက်စွာဖြင့် ပြောလိုက်ပြီး "အမှန်အတိုင်း ၀န်ခံရရင် လူး၀စ် ငါတို့ကျောင်းမှာ တက်နိုင်တယ်ဆိုတာက သူ့မိဘတွေ ချမ်းသာလို့ပဲ... ပြီးတော့ သူက နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးရဲ့ ဥက္ကဌတစ်ယောက်.. တခြားကျောင်းက အစည်းအရုံးတွေနဲ့လည်း အဆက်အသွယ်တွေ အများကြိး ရှိတယ်...နယ်ပယ်လည်း စုံတယ်... တကယ်လို့ သူသာ အဲ့လူတွေ အားလုံးကို ဆက်သွယ်လိုက်မယ်ဆိုရင် ဒီကိစ္စရဲ့ သဘောသဘာ၀က ပြောင်းလဲသွားနိုင်တယ်... အဲ့တာဆို အနာဂတ်ကျ မင်းရဲ့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်းက ဘယ်လိုဖြစ်သွားမယ် ထင်လဲ..."

"ဘိုးတော်... ခင်များ အမှိုက်စကားတွေ လာပြောမနေနဲ့... "လျန်ကျင်းမင် ပြောလိုက်ပြီး "အဲ့ဒီ ကောင်ပေါက်စနလေးတွေက အစ်ကိုကြီးလင်းရဲ့ တိုးတက်ရာလမ်းကြောင်းကို ပိတ်ပင်ဖို့ဆိုတာ တစ်သက်လုံး ကြိုးစားတောင် မဖြစ်နိုင်ဘူး......"

ကလက်ခ်...

ကောင်းကျုံးယွမ် ဆေးလိပ်မီးညှိလိုက်ပြီး လီကျစ်ဝေကို ယခုလို ပြောလိုက်သည်။

"ဒီလိုဆိုရင်ကော ... အဲ့ကောင်တွေကို အရင်ဆုံး သတိပေးလိုက်.. တကယ်လို့ သူတို့ဘက်က အရင်လာမယ်ဆိုရင် သက်သာမယ်လို့.. တကယ်လို့ ငါတို့ မစောင့်နိုင်တော့ဘူးဆိုရင် ဒီကောင်တွေ တစ်ကောင်မှ ပြေးလွတ်မှာ မဟုတ်ဘူး...."

လီကျစ်ဝေ၏ အမူအရာမှာ ဝိဉာဏ် စုပ်ယူခံလိုက်ရသကဲ့သို့ အတော်လေးကို လဲပြိုနေလေသည်။ သူ ဤ ဇာတ်ရှုပ်ကို မည်သည့်နေရာက စဖြေရမှန်း မသိတော့။

လင်းရီကိုက ပြဿနာ အိုးဖြစ်နေပါပြီဆိုမှ သူ့သူငယ်ချင်းတွေကပါ ဘာလို့ တစ်ပုံစံတည်းတွေ လာဖြစ်နေတာ...

သူ့ဘက်က ဒီလောက် အများကြီး ရှင်းပြပေးထားတာတောင် ဘာလို့ နားမလည်နိုင်ကြတာတုန်းကွ...

ကျိုးဟိုင်တွင် နိုင်ငံခြား ပညာတော်သင် ကျောင်းသားပေါင်း တစ်သိန်းကျော် ရှိလေသည်။ အကယ်၍ ယခုကိစ္စသာ ပေါက်ကွဲလာပါက အစိုးရကပင် ကြား၀င်စွက်ဖက်ရသည့် အခြေအနေသို့ ရောက်ရှိလာနိုင်၏။

အကယ်၍ လင်းရီတွင် အဆက်အသွယ်တစ်ချို့ ရှိနေခဲ့လျှင်တောင်မှ ယင်းက အသုံး၀င်လိမ့်မည် မဟုတ်ချေ။

"ငိုးပဲ... ဘာတွေတုန်းဟ.. အပြင်မှာ ဘာလို့ နိုင်ငံခြားသားတွေ အများကြီး ရောက်နေတာ..."

ချင်းဟန်မှ အပြင်ဘက်သို့ ကြည့်ရင်း ပြောလိုက်၏။

ထိုအကြောင်းကို ကြားတော့ လင်းရီနှင့် ကျန်သူများအားလုံး အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြလေသည်။

ထိုအခါ အပြင်ဘက်၌ လူ အယောက်သုံးဆယ်ကျော်မျှ ရောက်ရှိနေကြောင်း မြင်တွေ့လိုက်ရပြီး အားလုံးကလည်း မတူညီသည့် အသားအရောင်ကိုယ်စီနှင့် နိုင်ငံခြားသားများ ဖြစ်ကြလေသည်။

ထပ်ပေါင်းအနေဖြင့် သူတို့လက်ထဲတွင် ဆိုင်းဘုတ်များ ကိုင်ဆောင်ထားပြီး တီဗွီပေါ်တွင် မကြာခန မြင်နေရသည့် ဆန္ဒပြနေသည်နှင့်ပင် ဆင်တူနေတော့သည်။

"ဒီကောင်တွေကဘာလား... ဆန္ဒပြကြတော့မလို့လား..."လင်းရီ ပြောလိုက်၏။

All Chapters