မင်းငါ့ကို အမိန့်ပေးသံ လေသံနဲ့ စကားလာပြောနေတာလား
Vol. 43 Ch. 635
ထိုအခိုက်အတန့်တွင်တော့ လူတိုင်း၏ စိတ်ထဲ၌ မေးခွန်းသင်္ကေတများနှင့် ပြည့်နှက်သွားခဲ့လေသည်။
ဒါက ဘယ်လိုတောင် ခမ်းနားတဲ့ ရောက်ရှိလာခြင်းမျိုးလဲ….
ကျိုးဟိုင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေအကုန်လုံး ဒီကို ရောက်လာခဲ့ကြတာများလား….
စူပါကားများ တစ်စီးပြီးတစ်စီး ထိုးရပ်လာပြီး လင်းရီနှင့် ကျန်သူများအားလုံး ကားထဲမှ ထွက်လာခဲ့ကြသည်။
လင်းရီကို မြင်တော့ လူးဝစ် ကြောက်သေး တစ်စက်နှစ်စက် ကျသွားခဲ့ပြီး “ သူ…. သူပဲ… ငါ့ကို ရိုက်ခဲ့တာ အဲ့ကောင်ပဲ…”
“ အဲ့ကောင်လား…”
ဘရန်ဒွန်နှင့် ဇက်ချ်တို့၏ အမူအရာမှာ တစ်မဟုတ်ချင်း ပြောင်းလဲသွားခဲ့တော့၏။
လင်းရီ ရောက်လာလိမ့်မည်ဟု ဘရန်ဒွန် ခန့်မှန်းထားပါသော်လည်း ယခုလို လူအများကြီး ခေါ်လာလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
ထို့ပြင် သူတို့အားလုံးမှာ စူပါကား အလန်းစားများကြီးများဖြင့် ကြီးကျယ်ခမ်းနားစွာ ရောက်ရှိလာကြလေသည်။
“ လူးဝစ်က မင်းနောက်မှာ ပုန်းနေတယ်ဆိုတော့ ဘရန်ဒွန်ဆိုတာ မင်းလား…” လင်းရီ မျက်ခုံးပင့်ပြီး မေးလိုက်၏။
“ ငါပဲ…” ဘရန်ဒွန် ပြန်ဖြေလိုက်၏။သိူ့သော်လည်း စိတ်ခြောက်ခြားမှုကြောင့် သူ၏ အသံမှာ မသိမသာ တုန်ယင်နေလေသည်။ လင်းရီ၏ အရှိန်အဝါကို မြင်လိုက်ကတည်းကရင် ဘရန်ဒွန်မှာ တစ်ပန်းရှုံးနေပြီး ဖြစ်၏။
လင်းရီ ဘရန်ဒွန်၏ ပခုံးကို ပုတ်ရင်း တည်ငြိမ်သည့် လေသံဖြင့် “ဘရန်ဒွန် ဘရန်ဒွန်…. မင်းက ငါ့ဆိုင်ကို ဖျက်ဆီးပြီးတော့မှ ငါ့ကောင်မလေးကိုလည်း လိုချင်နေတယ်ဆိုတော့ မင်း သတ္တိတွေ သိပ်ကောင်းနေတယ်ပေါ့….ဟုတ်လား...”
“ လင်း….လင်းရီ…. ငါရှင်းပြမယ်… ဒါက နားလည်မှုလွဲနေတာ ... ငါ ဒီခေါ်လိုက်တယ်ဆိုတာက မင်းနဲ့ အေးဆေးစကား ပြောချင်လို့ပါကွာ..…”
ဘရန်ဒွန်၏ မျက်နှာ ဖြူလျော်နေပြီး သင့်တင့်လျောက်ပတ်စွာပင် စကား မပြောနိုင်တော့။
လင်းရီရောက်သည်နှင့် သူ မည်သို့မည်ပုံ ကြွယ်မည်ဟု စီထားသည့် စာစကားလုံးများပင် လည်ချောင်း၀၌ တစ်ဆို့နေလေသည်။
ဤလူများအားလုံးက စူပါကားများ မောင်းနှင်လာကြပြီး သူတို့အိတ်ကပ်ထဲတွင် သေနတ်များ ရှိမနေဟု မပြောနိုင်ချေ။ ကြွယ်ဝမှု၌ဖြစ်စေ၊ ခွန်အားခြင်း ယှဉ်ပြိုင်ရာ၌ ဖြစ်စေ သူသည်ကား အဘက်ဘက်မှ ရှုံးနိမ့်နေပြီး ဖြစ်၏။ ၎င်းကို သံသယရှိနေရန် မလိုချေ။
“ ဘယ်လို နားလည်မှု လွဲနေတာ…”
“ မင်းရဲ့ နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးက စောက်ရမ်းတွေ အထင်ကြီးဖို့ ကောင်းနေတာ မဟုတ်ဘူးလား…. ဘာလဲ… မင်းထင်နေတာ မင်းက ဒီလိုမျိုး အစည်းအရုံးလေး ဖွဲ့စည်းနိုင်တာနဲ့ပဲ ဒီနေရာမှာ အရှင်သခင် တစ်ပါးလို နေနိုင်ပြီလို့ ထင်နေတာလား..….”
“ မ… မဟုတ်တာ… ငါ့မှာ အဲ့လိုအကြံမျိုးတွေ မရှိပါဘူးကွာ… ငါမင်းကို နည်းလမ်းရှာပြီး ပိုက်ဆံပြန်လျော်ပေးပါ့မယ်…”
“ မင်းထင်နေတာ ငါက အဲ့ ပိုက်ဆံလိုတယ်လို့ ထင်လား…”
“ ဒါ…ဒါဆို ငါဘယ်လို လုပ်ပေးရမလဲ… မင်းပြောတဲ့အတိုင်း ငါလုပ်ပေးပါ့မယ်…”
“ ရော့ … အဲ့တာဆို ဒါယူလိုက်…”
ဝှစ်….
လင်းရီ ဘရန်ဒွန်ကို တစ်ချက်ပိတ်ကန်လိုက်၏။ ထိုအခါ တစ်ဖက်သူမှာ C ပုံသဏ္ဍာန် လွင့်ထွက်သွားပြီး မြေပြင်သို့ လဲကျသွားခဲ့လေသည်။
ထိုသို့ ဖြစ်သွားခဲ့သော်လည်း မည်သည့် နိုင်ငံခြားကျောင်းသားကမျှ ရှေ့သို့ ခြေတစ်လှမ်း မတိုးဝံ့ကြ။
သူတို့အားလုံး ခေါင်းကိုယ်စီငုံ့ထားကြကာ ဘရန်ဒွန်ကိုပင် သွားမထူဝံ့ကြချေ။
ကျန်သူများလည်း ထိတ်လန့်သွားခဲ့ကြသည်။
ဒီရဲ့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေက သောက်ရမ်းအံ့ဩဖို့ကောင်းတာပဲကွ….
အဲ့ကောင်တွေကို နာနာလေး တီးပစ်လိုက်…
၎င်းတို့အားလုံး စိတ်ထဲမှ ကြိတ်ပြီး အားပေးအားမြောက်ပြုနေကြ၏။
“ ဟိတ်ကောင်... မင်းဖုန်းထဲမှာတုန်းက ဒီလို ပုံစံမဟုတ်ပါဘူးကွ… ထပြီး တစ်ခုခု ပြန်ပြောစမ်း….”
ဘရန်ဒွန်နှင့် ကျန်သူများအားလုံး ပါးစပ် ဇစ်ပိတ်ထားကြ၏။ ဘာတစ်ခွန်းမျှ ပြန်မပြောဝံ့ကြ။
“ မင်းက မပြောဘူးဆိုတော့ ငါကပဲ စကားတစ်ချို့ ပြောလိုက်မယ်….” လင်းရီ ပြောလိုက်ပြီး “ ငါ့အထင် မင်းတို့ ပြောပြောနေတဲ့ နိုင်ငံတကာ ကျောင်းသားများ အစည်းအရုံးဆိုတာကြီးက ဆက်ပြီး ရှိနေစရာမလိုတော့ဘူး….ဒီနေ့ပဲ ဖျက်သိမ်းလိုက်တော့….”
“ နိုင်ငံတကာကျောင်းသားများ အစည်းအရုံးကို ဖျက်သိမ်းရမယ်..”
ဘရန်ဒွန် ၊ ဇက်ချ်နှင့် ကျန်သူများအားလုံး မျက်စိများ ပြူးကျယ်သွားခဲ့ကြသည်။ လင်းရီမှ ထိုသို့ ပြောလာလိမ့်မည်လို့ သူတို့ မျှော်လင့်မထားကြချေ။
“ ပြဿနာရှိလို့လား…” လင်းရီ စီးပိုးသည့် လေသံဖြင့် ပြောလိုက်ပြီး “တကယ်လို့ ပြဿနာရှိရင် ထုတ်ပြောလို့ရတယ်နော်… ဟွာရှက အရမ်းကို ဒီမိုကရေစီနည်းကျတာ…”
“ ငါ.. ငါတို့ … ပြဿနာမရှိပါဘူး…”
“ မရှိရင်လည်း အောက်မှာထိုင်ပြီး ယီးလုပ်နေတာလား…. မြန်မြန်သွားလုပ်တော့လေ…” လင်းရီ နောက်တစ်ချက် ဆောင့်ကန်လိုက်ပြီး “ မနက်ဖြန်ရောက်ရင် မင်းရဲ့ အဲ့ဒီ အစည်းအရုံးကို ထပ်မမြင်ရစေနဲ့ … ကြားလား…”
“ ဟုတ်…. ဟုတ်ကဲ့ပါ…”
လင်းရီ ပြုံးလျက် ခါးကိုင်းလိုက်ကာ ဘရန်ဒွန်၏ မျက်နှာကို ခပ်ဖွဖွ ရိုက်လိုက်ပြီး “ ကောင်လေး.. မင်းခု ရောက်နေတာ ဟွာရှ… ဆိုတော့ ဟွာရှရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်ရတယ်… ဒီနေရာက မင်း ရှိုးပြရမယ့် နေရာမဟုတ်ဘူး… နားလည်လား...”
“ နား...နားလည်ပါတယ်…”
“ အိုကေ…ဒါဆို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့…” လင်းရီ ပြောလိုက်ပြီး “ ညီကိုတို့ ဒီနေ့ညရဲ့ ကုန်ကျစရိတ်တွေကို ငါတို့ရဲ့ သခင်လေးချင်းက ရှင်းပေးမယ်တဲ့…”
ချင်းဟန် “ …..”
‘ ဖက်ခ်… မင်းက နှလုံးသားမရှိတဲ့ကောင်ပဲကွ…’
“ ရေး….”
“ သွားကြစို့…”
လင်းရီ၏ ဦးဆောင်မှုအောက်တွင် ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးများအားလုံး ကားကိုယ်စီထဲသို့ ဝင်၍ ကျောင်းမှ ထွက်ခွာသွားကြလေသည်။
အလျော်အစားနှင့် စပ်လျဉ်း၍ကတော့ လင်းရီ စိတ်ပင် မဝင်စားချေ။
ထိုမျှ သေးငယ်သည့် ပမာဏကို လင်းရီ လိုအပ်မနေသလို လိုလည်း မလိုအပ်သောကြောင့်ဖြစ်၏။
သောင်းသောင်းဖြဖြနှင့် လူများစွာ ခေါ်ဆောင်လာခဲ့ပြီး ကျောင်းသားများကို ရိုက်နှက် ပိုက်ဆံ တောင်းသွားသည်က အင်မတန် နိမ့်ကျသည့် လုပ်ရပ်ပင်။
လင်းရီမှာ အသက် နှစ်ဆယ်ကျော်နေပြီ ဖြစ်သောကြောင့် သူ၏ ရှစ်တန်းကျောင်းသားရောဂါမှာ အပြီးတိုင် ပပျောက်သွားခဲ့ချေပြီ။
လူတိုင်း၏ မနာလို အားကျနေသည့် အကြည့်များအောက်တွင် စူပါကားများ တစ်စီးပြီးတစ်စီး ကျောင်းမှ ထွက်ခွာသွားခဲ့ကြ၏။
မိနစ်အနည်းငယ်ကြာပြီးနောက် ယခင် လူများနှင့် ပြည့်နှက်နေသည့် ဘတ်စကတ်ဘောကွင်းမှာ ယခုတော့ ဗလာနတ္တိ။ ခွေးတစ်ကောင် ကြောင်တစ်မြီးမျှပင် မရှိတော့ချေ။
ဘရန်ဒွန်နှင့် ကျန်သူများအားလုံး သာမန် နိုင်ငံတကာကျောင်းသားများကို ချန်ထားရစ်ခဲ့ပြီး အရေးပါသူတစ်ချို့နှင့် ဘတ်စကက်ဘောကွင်းမှ ထွက်ခွာသွားခဲ့လေသည်။
“ ဘရန်ဒွန်… ငါတို့ ခုဘယ်လိုလုပ်ကြမလဲ…. ငါတို့ တကယ်ကြီး အစည်းအရုံးကို ဖျက်သိမ်းပစ်တော့မှာလား… တကယ်လို့ အဲ့လိုမျိုး ဖြစ်လာမယ်ဆိုရင် ဘယ်သူကမှ ငါတို့ရဲ့ အခွင့်အရေးတွေအတွက် တိုက်ခိုက်ပေးနိုင်မှာ မဟုတ်တော့ဘူးနော်…”
“ ငါ ယီးမို့လို့ ဖျက်သိမ်းရမှာလား….” ဘရန်ဒွန် ဒေါကြီးမောကြီးဖြင့် ပြောလိုက်ပြီး “ လုံးဝ မဖျက်သိမ်းနိုင်ဘူး….”
“ ဒါဆို ငါတို့ ပြန်တိုက်ခိုက်ဖို့ နည်းလမ်းရှာရမယ်လေ…”
ထိုသို့ ပြောပြီးပြီးချင်းပဲ ဇက်ချ် အပြစ်ရှိသလို ခံစားလိုက်ရ၏။
တဖက်အုပ်စုတွင် လူများစွာ ရှိနေပြီး မည်သည့် တစ်ယောက်ကိုမျှ ကိုင်တွယ်ရန် မလွယ်ကူချေ။ ၎င်းတို့ကို ဆန့်ကျင်ရန်မှာ အတော်လေး စိတ်ကူးယဉ်ဆန်သည့် အတွေးဟု ပြောလျှင်တောင် မမှားချေ။
“ ငါတို့ရဲ့ လက်ရှိ အင်အားနဲ့ဆိုရင်တော့ ဆန့်ကျင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… ဒီတော့ ငါတို့ ဓားငှားမှဖြစ်မယ်….”
“ ဘယ်လိုမျိုးလဲ…”
“ ကျောင်းက ခေါင်းဆောင်တွေကို ဒီအကြောင်း အရင်ပြောပြပြီးတော့ သူတို့ကို ကိုင်တွယ်ခိုင်းလိုက်ကြတာပေါ့…”
“ အေး အဲ့အကြံမဆိုးဘူး…”
စိတ်ပိုင်းဖြတ်ပြီးနောက် ဘရန်ဒွန်နှင့် ကျန်သူများအားလုံး ဒါရိုက်တာရုံးခန်းဆီသို့ ဦးတည်လိုက်ကြလေသည်။
………
ဒါရိုက်တာရုံးခန်းထဲတွင် ဇရာကြောင့် ဆံပင်တို့ ဖြူဖွေးနေပြီဖြစ်သည့် လူကြီးနှစ်ယောက် ထိုင်နေကြလေသည်။
ထိုသူတို့နှစ်ဦးလုံးမှာ ရှေးဟောင်း ဟွာရှဝတ်စုံကို တူညီစွာ ဝတ်ဆင်ထားကြပြီး ထိုအထဲမှ တစ်ယောက်ကိုတော့ လင်းရီ ရင်းနှီး၏။ ထိုသူကတော့ သွမ့်ရုန်ချွမ်းမှတစ်ပါး အခြားသူ မဟုတ်ချေ။
“ အဘိုးကြီးသွမ့်… ငါ မင်းပြောတဲ့ လင်းရီကိုတော့ သိပ်မသိဘူး.. ဒါပေမယ့် ဒီလိုမျိုး ကိစ္စကြီးတွေ ဖြစ်ပြီးမှတော့ ငါတို့ ဒီတိုင်း ငြိမ်ငြိမ်ထိုင်နေလို့ ဖြစ်ပါ့မလားကွ… ငါတို့ရဲ့ ရပ်တည်ချက်ကို ဖော်ပြရမယ်..”
ပြောလိုက်သူကတော့ ဖူတန်တက္ကသိုလ်၏ ဥက္ကဌ ကျန်းဖန်လုဖြစ်ပြီး ကျောင်း၏ အစစ်အမှန် အာဏာရှိသူတစ်ဦးပင်။
“ ငါအကြံပေးတာကို နားထောင်စမ်းပါကွာ… ခု ဖြစ်နေတာလေးကို ဒီတိုင်းလေးပဲ လွှတ်ထားလိုက်… ဝင်မပါနဲ့.. လင်းရီရဲ့ အာဏာစက်က မင်းတို့ ငါတို့ စိတ်ကူးနိုင်တာထက်ကို ပိုတယ်…”
တစ်ခဏမျှကြာအောင် တိတ်ဆိတ်သွားပြီးနောက် ကျန်းဖန်လုမှ ယခုလို မေးလိုက်၏။
“ တကယ်လို့ ငါက ဝင် စွက်ဖက်ချင်တယ်ဆိုရင်ကော…”
“ မင်းရဲ့ ကံကြမ္မာက မင်း ရပ်တည်တဲ့ ဘက်ပေါ် မူတည်တယ်…. မင်း လင်းရီဘက်ကနေ ရပ်တည်ပေးမယ်ဆိုရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး… အေး… ဒါပေမယ့် နိုင်ငံခြား ကျောင်းသားတွေဘက်ကနေ ကူပြောပေးမယ်ဆိုလို့ကတော့ ဘာဖြစ်သွားမလဲဆိုတာ မိုးနတ်မင်းကြီးနဲ့ လင်းရီပဲ သိလိမ့်မယ်….”
“ သူက မြို့တော်ဝန်လျန်နဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာတော့ ငါသိပါတယ်… ဒါပေမယ့် ငါ့ကို တိုက်ခိုက်နိုင်လောက်တဲ့ထိ စွမ်းနိုင်မှာတဲ့လားကွ…”
“ အဘိုးကြီးကျန်း… ငါတို့နှစ်ယောက် ရင်းနှီးလာတာ နှစ်တွေလည်းမနည်းတော့ဘူး… ငါ မင်းကို အမှန်အတိုင်းပြောပြနေတာ…. လင်းရီဆိုတာ ငါတို့ တွေးတောလို့ မမှီနိုင်အောင် နက်နဲတယ်… သူက အပေါ်ယံမှာ လျန်ရူရွှယ်နဲ့ ဆက်ဆံရေးကောင်းတယ်လို့သာ ထင်ရပေမယ့် လက်တွေ့မှာကျတော့ သူ့ရဲ့ အဆက်အသွယ်တွေ့နဲ့ အာဏာစက်က ငါတို့ စိတ်ကူးယဉ်နိုင်တာထက်ကို ပိုတယ်…” သွမ့်ရုန်ချွမ်း ပြောလိုက်ပြီး “ စဉ်းစားကြည့်ကြည့်လေ… တကယ်လို့ သူ့မှာသာ အစွမ်းအစ မရှိဘူးဆိုရင် အဲ့လောက် လူအများကြီးကို စုဆောင်းနိုင်မှာတဲ့လား…ကျိုးဟိုင်မှာ လူဘယ်နှစ်ယောက်ကများ သူ့လိုမျိုး စွမ်းဆောင်နိုင်လို့လဲ…”
ထိုအခါ ကျန်းဖန်လု သက်ပြင်းချလိုက်ပြီး “ မင်းပြောတာ မှန်တယ်.. သူက ကျိုးဟိုင်မှာ တကယ့်ကို ဒိတ်ဒိတ်ကျဲကြီးပဲ…”
“ အမှန်ပဲ… ဒါကြောင့်မို့ ဒီကိစ္စကို မျက်ကွယ်ပြုထားလိုက်တော့….”
“ ကောင်းပြီလေ… မင်းအကြံပေးတာကို ငါနားထောင်လိုက်မယ်….”
ကျန်းဖန်လု မတ်တပ်ရပ်လိုက်ပြီး ချိတ်ထားသည့် ကုတ်အင်္ကျီကို ယူလိုက်ကာ “ မင်းဒီညအားလား.. အားရင် ငါ့နေရာလာပြီး လက်ဖက်ရည်လေး ဘာလေး လာသောက်စမ်းပါဦးဟ….နှစ်ယောက် စကားမပြောဖြစ်တာတောင် ကြာပြီ....”
“ ကောင်းပြီလေ… ငါ ငါးမျှားတံနှစ်ချောင်း ဝယ်ထားတာနဲ့ အတော်ပဲ …မင်းဆီ တစ်ချောင်း ယူလာခဲ့ပေးမယ်… ကွာလတီကလည်း မဆိုးဘူး…”
“ အဲ့တာဆိုလည်း ဘာစောင့်နေတာ…. ငါ့ကို လိုက်ပြလေ…” ကျန်းဖန်လု ရယ်မောလိုက်ပြီး “ တိုက်ဆိုင်ချင်တော့ ဒီတစ်ပတ် အစည်းအဝေးမရှိဘူး… ငါးသွားမျှားကြတာပေါ့…”
“ ကောင်းသားပဲကွ… ဟားဟား….”
ဒေါက် ဒေါက် ဒေါက်
နှစ်ယောက်သား ထွက်ခွာတော့မည့် အချိန်တွင် ရုံးခန်းတံခါးခေါက်သံကို ကြားလိုက်ရလေသည်။
“ ဝင်လာခဲ့…” ကျန်းဖန်လု သူ့ အင်္ကျီကို ပြန်ချိတ်ရင်း ပြောလိုက်၏။
ရုံးခန်တံခါးမှာ ပွင့်ဟလာပြီး ဘရန်ဒွန်နှင့် ကျန်သူများ ရောက်လာသည်ကို မြင်တော့ နှစ်ယောက်မှာ အံ့အားသင့်သွားခဲ့လေသည်။
ကျန်းဖန်လု အမူအရာပြောင်းလဲသွားခဲ့၏။ တစ်ဖက်သူ၏ လာရင်း အကြောင်းပြချက်ကို သူ ခန့်မှန်းထားပြီးဖြစ်၏။
“ ဘာကိစ္စလဲ…” ကျန်းဖန်လု မသိချင်ယောင်ဆောင်၍ မေးမြန်းလိုက်သည်။
“ ကျောင်းအုပ်ကျန်း… ခင်များလည်း ခုလေးတင် ကျောင်းမှာ ဘာဖြစ်သွားလဲဆိုတာ သိတယ်မလား…”
“ ဟေ… ဘာလဲ ဖြစ်သွားတာ..” ကျန်းဖန်လု မေးလိုက်ပြီး “ ငါ ကျောင်းအုပ်သွမ့်နဲ့ ကျောင်းကိစ္စဆွေးနွေးနေတာဆိုတော့ ဘာဖြစ်လဲ မသိလိုက်ဘူး…”
“ ခုလေးတင် လူတစ်အုပ် ကျောင်းထဲရောက်လာပြီး ပြဿနာ လာရှာသွားတယ်… ပြီးတော့ ကျုပ်ကိုလည်း နိုင်ငံတကာ ကျောင်းသားများအစည်းအရုံးကို ဖျက်သိမ်းပေးရမယ်ဆိုပြီး ခြိမ်းခြောက်သွားသေးတယ်… ဒီကိစ္စကို ကျောင်းအုပ်ဖြစ်တဲ့ ခင်များက သေချာကိုင်တွယ်သင့်တယ်မဟုတ်ဘူးလား…”
ကျန်းဖန်လု ဘရန်ဒွန်ကို ကြည့်လိုက်ပြီး “ မင်း ငါ့ကို အမိန့်ပေးတဲ့ လေသံနဲ့ လာပြောနေတာလား….”