လူ့လောကကြီးက ပျော်ရွှင်ဖွယ် နိဗ္ဗာန်ဘုံတစ်ခု မဟုတ်သလို လူတိုင်းမှာလည်း အခက်အခဲ ကိုယ်စီ ရှိကြတယ်…
Vol. 43 Ch. 639
“ နင်…. နင်…. ဘာပြောလိုက်တယ်… ဒါက အမှိုက် Bug…”
ရွှီးဝမ် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ထိုအခိုက်အတန့်တွင် သူမ၏ ကြောင်တောင်တောင် အမူအရာလေးက အနည်းငယ်ပင် ချစ်စဖွယ် ကောင်းနေလေသည်။
သူမလက်ရှိ ကြုံတွေ့နေရသည့် Bug က သူမ စီးပွားရေး စတင်ခဲ့သည့် သက်တမ်းတစ်လျှောက် အခက်ခဲဆုံး ပြဿနာဟု ဆိုလျှင်တောင် မမှားချေ။
အမှုဆောင်အရာရှိ ကျွမ်းကျင်သူနှစ်ဦးနှင့် တစ်နေ့လုံး စဉ်းစားအကြံဉာဏ် ထုတ်ပါသော်လည်း မည်သို့ ဖြေရှင်းရမလဲဆိုတာကို သဲလွန်စမရှိချေ။သူမ စဉ်းစားလွန်း၍ ဆံပင်တွေပါ ကျွတ်သွားနိုင်သည်ဟု ခံစားနေရ၏။
သို့သော်လည်း
ဆိုင်ရှင်က ထိုမျှ ခက်ခဲသည့် Bug ကို အမှိုက်ဟု ပြောလိုက်သည်လော။
သူက စားဖိုမှူး မဟုတ်လား… ဒီလို နည်းပညာအကြောင်းတွေ သူဘာသိမှာမို့လို့…
လင်းရီ ရွှီးဝမ်၏ လက်တော့ကို ယူလိုက်ပြီး “ မင်းက စဉ်းစားတဲ့ ရှုထောင့်မှားနေတာကိုး…” လင်းရီ ပြောလိုက်ပြီး “ ငါ့ ဟင်းချက်တာနဲ့ ဥပမာ ပေးမယ်ကွာ… တစ်စုံတစ်ယောက်က ဥထမင်းကြော် မှာတာကို မင်းက ပြောင်းဖူးနဲ့ ကြော်ပေးလိုက်သလိုမျိုးဖြစ်နေတာ… မမှားမှပဲ ထူးဆန်းနေမှာပေါ့….”
လင်းရီ လက်ချောင်းလေးများ ကွေးညွှတ်လိုက်ပြီး မြင်နိုင်ရန် ခက်ခဲလှသည့် အမြန်နှုန်းဖြင့် ပရိုဂရမ် တစ်ဝက်လောက်ကို ပြန်ပြောင်းရေးပေးလိုက်၏။
ထိုမြင်ကွင်းကို ကြည့်ရင်း ရွှီးဝမ်၏ မျက်လုံးလေးများမှာ မယုံကြည်နိုင်ဟန် ပြူးကျယ်နေလေသည်။
စားဖိုမှူးတစ်ယောက်မှ ကုတ်ရေးတတ်နေသည်ကို မြင်ရသည်ကပင် တော်တော်လေး အံ့အားသင့်ဖို့ ကောင်းနေပြီးဖြစ်၏။ သို့သော်လည်း လင်းရီရေးသားသည့် ကုတ်စာလုံးများကို မြင်တော့ ပိုလို့ပင် အံ့အားသင့်သွားခဲ့သည်။
ဒါကြီးက ဘာတွေလဲ…. ငါဘာလို့ နားမလည်နိုင်နေရတာ….
ယင်းက သူမတို့ ကြားထဲတွင် အဆင့်ကြီး တစ်ဆင့်မျှ ကွာခြားနေသည့်နှယ်ပင်။
ဆယ်မိနစ်ခန့်ကြာတော့ လင်းရီ ရွှီးဝမ်၏ ပရိုဂရမ်ကို ပြန်လည် ပြင်ဆင်ပြီးဖြစ်၏။
“ အိုကေ ပြီးသွားပြီ… ပြန် run ကြည့်ကြည့်… အဆင်ပြေလောက်မှာပါ….”
“ အို… အိုကေလေ….” ထိုသို့ ပြောလိုက်သော်လည်း မျှော်လင့်ချက်တော့ သိပ်မရှိချေ။
လင်းရီ ပြောသည့်အတိုင်း ရွှီးဝမ် ပရိုဂရမ်အသစ်ကို run ကြည့်လိုက်သောအခါ ထင်မှတ်မထားစွာဖြင့် သူမ အစောပိုင်း ကြုံတွေ့နေရသည့် ပြဿနာမှာ ရှင်းလင်းသွားချေပြီ။ထို့ပြင် ပရိုဂရမ်၏ သွက်လက်မှုမှာလည်း အနည်းဆုံး 20 ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့၏။
ရွှီးဝမ်ကတော့ ဆိုရန် စကားလုံး ကင်းမဲ့သည်အထိ ရှော့ခ်ရနေတော့၏။ စားဖိုမှူးတစ်ယောက်က ဒီလောက်ကောင်းတဲ့ ကုတ်တွေ ရေးနိုင်တယ်တဲ့လား….
ဒါက နည်းနည်းလေး စွမ်းအားကြီးလွန်းမနေဘူးလား…
“ သ….သူဌေး… ကျေးဇူးတင်ပါတယ်….”
“ ရပါတယ်….” လင်းရီ ထီမထင်စွာ လက်ဝှေ့ယမ်းလိုက်၏။ သူ့အတွက်တော့ ဘာမျှ အားစိုက်ထုတ်လိုက်ရဟန်မရှိ၊ ထမင်းစား ရေသောက် ပြုလိုက်ရသကဲ့သို့ပင်။
“ စီးပွားရေး စလုပ်မယ်ဆိုရင် ကိုယ့်ရဲ့ စကေးတွေကို ဒီထက်ပိုပြီး ထက်မြိနေအောင် သွေးထားသင့်တယ်…”
“ နားလည်ပါပြီ….”
လင်းရီ bug ကို ဖြေရှင်းပေးပြီးနောက် ရွှီးဝမ် မတ်တပ်ရပ်၍ သူ့ကို ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူမ၏ လက်တော့ကို ပိုက်၍ အခန်းသို့ ပြန်ရန် စိတ်ကူးမရှိပဲ ထိုအစား ကုမ္ပဏီသို့ ပြန်၍ အလုပ်ဆက်လုပ်လိုက်လေသည်။
ထိုနောက်ပိုင်းတွင်တော့ ဆိုင်ငယ်လေး၏ စီးပွားရေးမှာ တစ်ဖန်ပြန်စည်ကားလာခဲ့တော့သည်။
သို့သော်လည်း လူတော်တော်များများကတော့ မနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို တော်တော်လေး စိတ်ဝင်စားနေကာ လင်းရီထံမှ စကားနှိုက်နေကြ၏။
လင်းရီကတော့ လေအကုန်ခံ ရှင်းပြမနေပဲ အထိုက်အလျောက် ပြုံးပြ၍ အော်ဒါမှတ်ကာ မီးဖိုချောင်ထဲသို့ ပြန်သွားလိုက်သည်။
ချက်ပြုတ်နေစဉ်အတွင်း လင်းရီ ပလတ်စတစ် ပုလင်းခွံများနှင့် စွန့်ပစ်စက္ကူများ ၊ အသုံးမဝင်တော့သည့် သံထည်ပစ္စည်းများကို သပ်သပ်စီထား၍ အမယ်အိုကြီးကိုပေးရန် တစ်နေရာ၌ စုစည်းထားလိုက်သည်။
ကျီချင်းရန်တွင်လည်း လုပ်စရာ ကိုယ်ပိုင် အလုပ်များရှိသောကြောင့် ညနေ ခြောက်နာရီရောက်မှသာ ကားဖြင့် ဆိုင်သို့ ရောက်လာခဲ့လေသည်။
ညနေ ခုနစ်နာရီ ဝန်းကျင်တွင်တော့ ကျီချင်းရန် မြေဖြူအနည်းငယ်ယူပြီး ကျောက်သင်ပုန်းသေးသေးလေးတွင် စာတစ်ကြောင်း ရေးသားလိုက်၏။
“ ဆိုင်ဖွင့်ချိန် ည ၈ နာရီ အထိသာ “
အဆုံးတွင် အသည်းပုံ နှစ်ခုနှင့် ရေးသားထားသည်မှာ အတော်လေး ကလေး ဆန်လွန်းလှသည်။
“ ဆိုင်းဘုတ်ကို ဒီနေ့တော့ အထဲမှာပဲ ထားလိုက်…” လင်းရီ ပြောလိုက်၏။
“ ဘာလို့…” ကျီချင်းရန် မေးလိုက်ပြီး “ အထဲမှာ ထားမယ်ဆိုရင် အပြင်မှာ တန်းစီနေတဲ့ ကျောင်းသားတွေက ဘယ်မြင်ရတော့မှာ…. သူတို့ ထပ်လာနေဦးမှာပေါ့…”
“ ငါက တစ်ယောက်ယောက် လာမှာကို စောင့်နေတာ….”
“ တစ်ယောက်ယောက်….”
လင်းရီ မနေ့ညက အမယ်အိုအကြောင်းကို အကြမ်းဖျင်း ရှင်းပြပေးလိုက်တော့ ကျီချင်းရန်လည်း နားလည်သွားတော့၏။
“ အွန်း နင်ပြောတဲ့ အတိုင်းပဲပေါ့….’
“ ဘယ်လောက် ကြာအောင် စောင့်ရမလဲတော့ ငါလဲ မသိဘူး… ဆိုတော့ ချင်းရန် မင်း အိမ် အရင် ပြန်နှင့်လိုက်ပါလား….”
“ တော်ပါ…” သူမခေါင်းခါရမ်းလိုက်ပြီး “ ငါလည်း နင့်နဲ့ အတူတူစောင့်မယ်….”
“ အဲ့တာဆို ပင်ပန်းနေရင်လည်း ခဏလောက် အိပ်ချင် အိပ်လိုက်ပေါ့…”
“ အွန်း အွန်း …”
ကျီချင်းရန် ကျောက်သင်ပုန်း သေးသေးလေးကို တံခါးဘေး သိပ်မသိသာသည့် နေရာ၌ ချိတ်ဆွဲထားလိုက်၏။
အကယ်၍ တစ်စုံတစ်ယောက်မှ ထမင်းလာစားမည်ဆိုပါက ဝင်လာပြီးနောက် တံခါးဘေးရှိ ကျောက်သင်ပုန်းကို မြင်တော့ လှည့်ထွက်သွားကြပေလိမ့်မည်။ သို့သော်လည်း အမယ်အိုကြီးမှာ အိုမင်းနေပြီးဖြစ်သောကြောင့် သူမ၏ အမြင်အာရုံတို့မှာ လူငယ်များလောက် မကောင်းမွန်တော့ချေ။
အကယ်၍ သူမ အနီးကပ်လာလျှင်တောင် စာလုံးများကို မြင်နိုင်ရန် ခက်ခဲနေသေး၏။ ထိုအချိန်တွင် လင်းရီ သို့မဟုတ် သူမက အမယ်အိုကြီးကို မြင်တွေ့သွားနိုင်လေသည်။
ယင်းက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင်။
ဆိုင်ပိတ်ပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ အေးဆေးထိုင်မနေချေ။ နှစ်ယောက်မှာ ကုမ္ပဏီ၏ တိုးတက်ဖွံ့ဖြိုးမှုများအကြောင်းကို ဆွေးနွေးနေခဲ့ကြ၏။
ကျီချင်းရန်မှ စစ်စတမ်အသစ်အတွက် အထောက်အကူဖြစ်စေမည့် အကြံပြုချက်အများအပြားကို လင်းရီအား ကမ်းလှမ်းခဲ့၏။ လင်းရီလည်း သူမကို လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့၏ အိုင်ဒီယာကို ပြောပြလိုက်လေသည်။
၎င်းကိုကြားတော့ ကျီချင်းရန်ကို မျက်လုံးလှန်လိုက်၏။
သူမ ဒီ ယောက်ျားလေးတွေရဲ့ အတွေးတွေကို မသိရင်ခက်မယ်…
ညဆယ့်တစ်နာရီဝန်းကျင်သို့ ရောက်သောအခါ ကျိန်းရန်လမ်းပေါ်ရှိ ခြေကျင်လျှောက် လမ်းသွားလမ်းလာများလည်း နည်းသထက် နည်းလာခဲ့ပြီး
အခြားဆိုင်များလည်း တစ်ဆိုင်ပြီးတစ်ဆိုင် မီးပိတ်သွားကာ လင်းရီဆိုင်တစ်ခုတည်းသာ ကျန်ရစ်ခဲ့လေသည်။
“ ရီ … အပြင်မှာ တစ်ယောက်ယောက် ရပ်နေသလိုပဲနော်…”ကျီချင်းရန် ပြောလိုက်၏။
လင်းရီ လှမ်းကြည့်လိုက်သောအခါ ယခင်နေ့မှ အမယ်အိုကြီးမှာ အပေါက်ဝသို့ ရောက်လာပြီး တံခါးဖွင့်နေသည်ကို မြင်တွေ့လိုက်ရ၏။
လင်းရီကို အံ့အားသင့်သွားစေသည်က အပြင်တွင် အမယ်အိုကြီး တစ်ယောက်တည်းသာမက ဆယ်နှစ်အရွယ်ခန့်မျှရှိမည့် ကောင်လေးတစ်ယောက်ပါ လိုက်လာခဲ့သောကြောင့်ပင်။
ထိုကောင်လေး၏ နောက်ကျောတွင် ပလတ်စတစ် ဘူးခွံတို့ ထည့်ထားသည့် လီနင်အိတ်ကို လွယ်ထားပြီး ဘောင်းဘီတို ပေါင်ပြတ်တစ်ထည်နှင့် မြေကြီးတို့ ပေရိနေသည့် တီရှပ်တစ်ထည်ကို ဝင်ဆင်ထားလေသည်။
ထိုကလေးက လင်းရီနှင့် ကျီချင်းရန်တို့ကို မြင်တော့ စိတ်တုန်လှုပ်နေပြီး အနည်းငယ် နေရခက်သည့် အသွင်ဖြစ်နေသည်။
“ ဒါက အဘွားမြေးလေ…ဒီနေ့ အဘွားကို ကူညီပေးဖို့ လိုက်လာခဲ့တာ…”
အမယ်အိုကြီးမှ သွားဖြဲပြီး ပြုံးပြရင်း ပြောလိုက်၏။ ဘဝမှာ ခက်ခဲသည်ဆိုသော်ငြား အကောင်းမြင်စိတ်ဖြင့် ရှင်သန်နေခြင်းက ခံစားနေရသည့် ဝေဒနာများကို တစ်ဝက်သက်သာသွားစေသည်။
“ အဘွား.. ဝင်ခဲ့လေ…”
ကျီချင်းရန် မြေးအဘွားနှစ်ယောက်ကို ကြိုဆိုလိုက်၏။
“ မဝင်တော့ပါဘူးကွယ်… ဒီနေ့ အဘွားတို့က တော်တော်လေး ညစ်ပတ်နေတာ.. လူလေးတို့ကြမ်းပြင်တွင် ညစ်ပတ်ကုန်လိမ့်မယ်…”
“ အဆင်ပြေပါတယ် အဘွားရဲ့.. ဝင်ခဲ့ ဝင်ခဲ့…”
“ ကျေးဇူးပါ မကြီး…” ကောင်လေးမှ တီးတိုးပြောလိုက်၏။
“ နေဦး…!”
ကောင်လေးမှ ထိုင်ခုံပေါ် ထိုင်တော့မည့် အချိန်တွင် အမယ်အိုကြီးမှ အလျင်စလို ဟန့်တားလိုက်ပြီး သူမ လက်မောင်းညှပ်ထားသည့် သန့်ရှင်းသည့် သတင်းစာ စက္ကူကို ထိုင်ခုံပေါ်တွင် ဖြန့်လိုက်၏။
ကျီချင်းရန်ကတော့ ၎င်းမြင်ကွင်းကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေလေသည်။
လောကကြီးက သူတို့ကို အဲ့လိုဖြစ်အောင် ပုံသွင်းပေးလိုက်တာလား….
အမှန်တော့ ထိုသို့ ဖြစ်အောင် ပုံသွင်းပေးလိုက်သည်ကား မနုဿလူသားများပင်။
“ ရီ… နင် မြန်မြန်လေး သွားချက်လိုက်… ငါ အဘွားတို့ကို ပစ္စည်းတွေ သယ်ကူလိုက်ဦးမယ်…”
“ အင်း…”
ဆယ်မိနစ်ကြာပြီးနောက် လင်းရီ ဥထမင်းကြော်နှစ်ပွဲကို မြေးအဘွား နှစ်ယောက်ရှေ့ ချပေးလိုက်ပြီး ကျီချင်းရန်ကတော့ လင်းရီ သိမ်းစည်းထားသည့် သံတိုသံစ၊ ပုလင်းခွံဂျတ်စက္ကူများ အားလုံးကို ထုတ်လာခဲ့လေသည်။
“ ဒီမှာအဘွား… နောက်နေ့တွေလည်း နေ့တိုင်းလာယူလိုက်… ကျွန်တော် ရသလောက် စုထားပေးမယ်….”
“ အို… လူလေးရယ်… ကျေးဇူးတင်ပါတယ်ကွယ်…”
“ ကိုကြီးနဲ့ မကြီး … ကျေးဇူးပါဗျ…” ကောင်လေးမှ လေသံတိုးတိုးလေးဖြင့် ဆိုလိုက်၏။
ကျီချင်းရန် ကောင်လေး၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး “ ကလေး… နင့်နာမည် ဘယ်လိုခေါ်လဲ…”
“ ဝမ်တုန်းတုန်း…”
“ အသက်ဘယ်လောက်လဲ…. ခု ဘယ်နှစ်တန်းတက်နေတာ…..”
“ သားက ၁၁ နှစ်.. ကျောင်းတော့ ဆက်မတက်တော့ဘူး..”
“ ဟင်.. ကျောင်းမတက်တော့ဘူးလား…”
ဝမ်တုန်းတုန်း ခေါင်းလေး ငုံးလျက် နှုတ်ခမ်းလေးကိုက်မိသည်။ သူ တစ်စုံတစ်ခုကို ပြောချင်သော်ငြား အဆုံးတွင် မပြောရန် ဆုံးဖြတ်လိုက်သည့်နှယ်ပင်။
“ အဘွားတို့ ကျူရှင်စရိတ် မပေးနိုင်ဘူးဆိုရင် ကျောင်းက သူ့ကို အတန်းတက်ခွင့် မပေးဘူးလေ…” အမယ်အိုကြီးမှ ပြောလိုက်ပြီး “ ဒါကြောင့်မို့ အဘွားစဉ်းစားထားတာ… သူ့ကို အဘွားနဲ့ အတူ ပုလင်းခွံတွေ လိုက်ကောက်ပြီးတော့ ပိုက်ဆံ ပိုစုခိုင်းမလို့… ပိုက်ဆံ လုံလုံလောက်လောက် ရှိတာနဲ့ မြေးလေးလည်း ကျောင်းပြန်တက်နိုင်ပြီ…”
“ သူ့မိဘတွေကကော…”
“ ဒီအဘွားကြီးရဲ့သား သူ့အဖေက မိုင်းလုပ်သားလေ… မတော်တဆမှုဖြစ်ပြီး မိုင်းတွင်းပြိုတော့ သူလည်း အဲ့ထဲမှာပဲ မြုပ်နှံခံလိုက်ရတယ်… မိုင်းတွင်း သူဌေးလည်း ထွက်ပြေးသွားခဲ့ပြီ… အဲ့တာပြီးတော့ သူ့အမေလည်း လင်စိတ်နဲ့ ရူးသွပ်ပြီး ဘယ်ထွက်သွားခဲ့မှန်း မသိတာ အခုချိန်ထိပဲ… အဘွားလည်း တစ်နှစ်ကျော်လောက်အထိ စုံစမ်းကြည့်ပါသေးတယ်ကွယ်…ဒါပေမယ့် ဘာသတင်းမှ မကြားမိတော့ လက်လျော့လိုက်တော့တာ….သူမလည်း တစ်ခုခု ဖြစ်သွားပြီနဲ့တူတယ်…”
၎င်းကိုကြားတော့ ကျီချင်းရန် သက်ပြင်းချကာ တစ်ဖက်သို့လှည့်၍ မျက်ခမ်းစပ်ရှိ မျက်ရည်များကို ခိုးသုတ်လိုက်သည်။ သူမ၏ ခံစားချက်တို့ ရောပြွမ်းနေပြီး မည်သို့ နှစ်သိမ့်ပေးရမှန်းမသိ ဖြစ်နေလေသည်။
အမယ်အိုကြီးကတော့ အဆိုပါ ဝမ်းနည်းဖွယ် ဇာတ်ကြောင်းကို အပြုံးလေးဖြင့် ပြောပြနေသော်လည်း ကျီချင်းရန်၏ မျက်ဝန်းထဲတွင်တော့ ယင်းက အနက်ရှိုင်းဆုံး နာကျင်မှုများနှင့် ညှဉ်းပမ်းမှုများပင်။
လင်းရီ တစ်ခွန်းမျှ မဆိုပဲ ဝမ်တုန်းတုန်း၏ ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်၏။ “ များများစား.. မဝသေးရင် မင်းအစ်ကိုကြီးက ထပ်လုပ်ပေးမယ်…”
“ ဟုတ် ကိုကြီး .. ကျေးဇူးပါဗျ…”
ဝမ်တုန်းတုန်း မျည်ရည်များစီးကျလာသော်လည်း သူ့လက်များကိုတော့ မရပ်တန့်ချေ။
သူ့အတွက် ယခုလို အရသာရှိသည့် ဥထမင်းကြော်နှင့် အဝစားနိုင်သည့် အခွင့်အရေးက ကြုံတောင့်ကြုံခဲကြီးပင်။ ထို့ကြောင့် နတ်သုဒ္ဓါအလား မှတ်ယူ၍ မနားတမ်း သွပ်ထည့်နေတော့၏။
“ ဖြည်းဖြည်းစား… မင်း မနက်ဖြန်လည်း ထပ်လာစားလို့ရသေးတယ်..”
“ ဟုတ်ကဲ့… ကျေးဇူးပါဗျ.. ကိုကြီးနဲ့ မကြီးတို့….”
စားသောက်ပြီးနောက် လင်းရီနှင့် ကျီချင်းရန်တို့ မြေးအဘွားနှစ်ယောက်ကို ဆိုင်ပေါက်ဝထိ လိုက်ပို့ပေးလိုက်၏။
သို့သော်လည်း ကျီချင်းရန်၏ မျက်လုံးများကတော့ ဝမ်းနည်းမှုတို့ဖြင့် နီရဲနေဆဲပင်။
လင်းရီ သူမ၏ ပခုံးကို ခပ်ဖွဖွပုတ်၍ နှစ်သိမ့်ပေးလိုက်ပြီး
“ လူ့လောကကြီးက ပျော်ရွှင်စရာကောင်းတဲ့ နိဗ္ဗာန်ဘုံမှ မဟုတ်တာ… အခက်အခဲဆိုတာလည်း လူတိုင်းမှာ ရှိကြတယ်… ဒါက လောကကြီးရဲ့ နိယာမပဲ… အဲ့လောက်ကြီးလည်း ခံစားမနေနဲ့…”
“ အွန်း….” ကျီချင်းရန် သက်ပြင်း ကြီးလေးစွာ ချလိုက်ပြီး “ အိမ်ပြန်ကြတာပေါ့…”
“ ကောင်းပြီ…”
နှစ်ယောက်သား ဆိုင်ကို သန့်ရှင်း သော့ခတ်ကာ ကျိုကျုံးဗီလာသို့ ပြန်လာခဲ့ကြလေသည်။
သို့သော်လည်း ကျီချင်းရန်၏ မျက်နှာထက်၌ ဝမ်းနည်းနေသည့် စိတ်ခံစားချက်တို့က ကျန်ရှိနေသေးကာ စိတ်အနည် မထိုင်သေးသည့်နှယ်ပင်။
ရေမိုးချိုးပြီးနောက် သူမ လင်းရီနှင့် ကုမ္ပဏီကိစ္စများ မဆွေးနွေးတော့ပဲ အိပ်ရာတန်းဝင်လိုက်တော့၏။
နောက်တစ်နေ့နံနက်တွင်တော့ ကျီချင်းရန်၏ စိတ်ခံစားချက်တို့မှာ ပုံမှန်ပြန်ဖြစ်လာဟန်ပင်။
ကလင် ကလင် ကလင်…
အစောပိုင်း စားသောက်နေစဉ်အတွင်း လင်းရီ၏ ဖုန်းသံမြည်လာခဲ့၏။
ဝမ်ရန်ထံမှပင်။
“ တီချယ်… ပစ္စည်းတွေကို ကုမ္ပဏီအသစ်ဆီ ရွေ့ပြီးသွားပြီနော်… တီချယ်လာကြည့်ဦးမလား…”
“ မြန်လှချည်လားဟ…”
“ ဥက္ကဌထျန်ကော လာကူညီပေးတော့ အချိန်အများကြီး သက်သာသွားတယ်လေ…” ဝမ်ရန် ရွှင်မြူးသည့် လေသံဖြင့် ပြောလိုက်၏။ သူမ အရမ်းကို ပျော်ရွှင်နေကြောင်း သိသာလေသည်။
“ ကောင်ပြီလေ… ငါ ခဏနေကျရင် တစ်ချက်လာကြည့်လိုက်မယ်…”
“ ဟုတ်…”
စားသောက်ပြီးနောက် ကျီချင်းရန် ရေချိုးသန့်စင်ကာ ဗီလာမှ အတူထွက်လာခဲ့လိုက်၏။
လင်းရီကတော့ အင်ကျူဘေးရှင်း စင်တာအသစ်သို့ မောင်းချလာပြီး ဘရန်ဒွန်နှင့် ကျန်သူများကို မကိုင်တွယ်မီ ရုံးခန်းအသစ်ကို ကြည့်ရှုရန် စီစဉ်လိုက်၏။
ယခင်နေ့များနှင့် မတူညီစွာ အင်ကျူဘေးရှင်း စင်တာမှာ ယခုတော့ အဆင်သင့် ဖြစ်နေလေပြီ။
ခေါင်းမိုးထပ်တွင် စာလုံးကြီးလေးမှာ အဝေးမှပင် ဖတ်ရှုနိုင်သည်အထိ ကြီးမားနေတော့၏။
“ လုံရှင်း အဆောက်အဦး…”
ထပ်ပေါင်းအနေဖြင့် အဆောက်အဦးစာလုံး၏ အောက်ခြေဘေးတွင် သေးငယ်သည့် စာလုံးတန်းတစ်တန်းလည်း ရှိသေး၏။
“ High-tech incubation center”
၎င်းစာတန်းကို လျန်ရူရွှယ်မှ ရည်ရွယ်ချက်ရှိရှိ ရေးသားထားခြင်းပင်။
လုံရှင်းအဆောက်အဦး စာတန်းကို သိသာအထင်ရှားဆုံး နေရာ၌ ထားရသည့် ရည်ရွယ်ချက်ကတော့ ကျန်သူများကို ယခု အဆောက်အဦးကြီးက လုံရှင်းစင်တာ၏ အပိုင်ဖြစ်ကြောင်း အများသူငါ သိသာစေရန်ပင်။
ဘေးရှိ စာလုံးများကတော့ ယခု ကုမ္ပဏီမှာ တစ်စုံတစ်ယောက်၏ ကာကွယ်မှုအောက်တွင် တည်ရှိပြီး ရိုရိုကျိုးကျိုး ပြုမူရပေမည်။
ထိုအခိုက်အတန့်တွင်တော့ အဖြူရောင် Civic sedan တစ်စင်း ကားပါကင်တွင် ထိုးရပ်လာသည်။
ထို့နောက် အဖြူရောင်လေကာကို ဝတ်ဆင်ထားသည့် ရွှီးဝမ်မှာ သူမ၏ လက်တော့ကိုပိုက်လျက် ထွက်လာခဲ့ပြီး ဟန်ဖေးတို့နှင့်အတူ အဆောက်အဦးဆီသို့ ဦးတည်လိုက်သည်။
“ ရှောင်ဝမ်.. ငါနင့်ကို ပြောစရာရှိတယ်… ထိပ်ဆုံးထပ်က ပြီးသွားပြီ…” ကျိုးဇီ မတတ်နိုင်စွာဖြင့် ပခုံးတွန့် ပြောလိုက်ပြီး “ တစ်စုံတစ်ယောက်က ကြိုဦးသွားခဲ့ပြီ…”
“ အဲ့ စားဖိုမှူးက နိုင်သွားတယ်လို့တော့ နင် ငါ့ကို လာမပြောနဲ့နော်…” ဟန်ဖေး ပြောလိုက်ပြီး “ ဟူး.. အဲ့လိုသာဆို အဲ့သူဌေးမကြီးက တော်တော်လေး ပိုက်ဆံ ရှိတာပဲ… ငါတို့ကိုတောင် ရိုက်ချလိုက်နိုင်တယ်…”
“ သူတို့နဲ့ မဆိုင်ဘူး… “ ကျိုးဇီ ခေါင်မိုးထပ်ကို ညွှန်ပြုလိုက်ပြီး “ အပေါ်က စာလုံးကို ကြည့်လိုက်…”
“ လုံရှင်း အဆောက်အဦး…”
“ အင်း...ထိပ်ဆုံး သုံးထပ်ကို လုံရှင်းက ယူသွားတာ.. အဲ့ဒီ စားဖိုမှူးနဲ့ ဘာမှမဆိုင်ဘူး…” ကျိုးဇီ ပြောလိုက်ပြီး “ ပြီးတော့ ဒီရဲ့ ဆိုင်းဘုတ်ကိုတောင်မှ ဝယ်ယူလိုက်သေးတယ် ဆိုတော့ ငါတို့ယှဉ်ပြိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..”
“ အဲ့တာတွေက အရေးမကြီးပါဘူးဟယ်..” ဟန်ဖေး ပြောလိုက်ပြီး “ အဲ့ဒီ စားဖိုမှူးကောင် မရသရွေ့တော့ အားလုံး အဆင်ပြေတယ်…”
“ နင် အဲ့လိုမပြောစမ်းနဲ့…” ရွှီးဝမ် ပြောလိုက်ပြီး “ သူက အရမ်းကို စွမ်းအားကြီးတဲ့သူ… ငါ့ရဲ့ bug ကို ဖြေရှင်းပေးလိုက်တာလည်း သူပဲ…”
“ဘာကြီး…”
ကျိုးဇီနှင့် ဝမ်ကျိန်းတို့လည်း အံ့အားသင့်သွားခဲ့ကြ၏။ ရွှီးဝမ်၏ နှုတ်ထွက်စကားလုံးများက သူတို့အတွက် မယုံကြည်နိုင်စရာ ကောင်းလွန်းနေလေသည်။
“မဖြစ်နိုင်ဘူး… သူက စားဖိုမှူးလေ… ဘယ်လိုလုပ်ပြီး ကွန်ပျူတာကုတ်တွေအကြောင်း သိနိုင်မှာ….” ကျိုးဇီပြောလိုက်ပြီး “ တကယ်လို့ သူသာ အဲ့လောက်တော်နေမယ်ဆိုရင် ကိုယ်ပိုင်စီးပွားရေး တစ်ခု တည်ထောင်လို့ ရနေပြီ မဟုတ်ဘူးလား… ဘာလို့ စားဖိုမှူး လုပ်နေဦးမှာ…”
“ ငါလည်း ထောက်ခံတယ်.. တကယ်လို့ သူသာ အဲ့လောက် ထူးချွန်နေတယ်ဆိုရင် သူများ နည်းပညာ ကုမ္ပဏီတွေမှာ အလုပ်လုပ်ပြီးတော့ တစ်နှစ်တစ်နှစ်ကို ယွမ်သိန်းချီ ရှာနိုင်နေပြီ မဟုတ်လား… ဘာလို့ မိန်းမတစ်ယောက်ဆီမှာ မှီခိုနေမှာ…”
“ ငါ တွေးနေတာလည်း အဲ့ဒီအတိုင်းပဲ… ဒါပေမယ့် ရှောင်ဝမ်က အဲ့ဒီ စားဖိုမှူး ကူညီပေးတယ်ဆိုပြီး တင်းခံနေတယ်ဆိုတော့ ငါ့ထင် သူ့နှလုံးသားလေးလည်း ခိုးယူခံလိုက်ရပြီနဲ့တူတယ်…”
ဟန်ဖေး ပြောလိုက်၏။
“ နင်တို့ ဘာတွေ လျှောက်ပြောနေကြတာ…” ရွှီးဝမ် ပြောလိုက်ပြီး “ ငါက နင်တို့ကို ညာပြီး ဘာလုပ်ရမှာလဲ.. သူငါ့ကို ကူညီပေးခဲ့တယ် ဆိုတာ အမှန်ပဲ… ငါတို့တွေ ခေါင်းချင်းဆိုင်ပြီး အဖြေရှာခဲ့တာတောင် မရတဲ Bug ကို သူက မိနစ်ပိုင်းအတွင်းပဲ ဖြေရှင်းပြသွားခဲ့တာနော်.. ငါတောင် သူလုပ်သလိုမျိုး လုပ်နိုင်မယ် မထင်ဘူး…”
“ ငါကတော့ နင် သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားကြီးတွေ မက်မောနေလို့ပဲ ထင်တယ်… နင်အဲ့ဆိုင်မှာပဲ ထမင်းတောင် စားပြီးသွားပြီလို့တော့ ငါ့ကို လာမပြောနဲ့…” ဟန်ဖေး ပြောလိုက်၏။
“ ဟုတ်တယ်.. စားပြီးပြီ.. နင်သူ့ကို အထင်မြင်သေးနေတယ်မလား..အဲ့တော့ ငါတစ်ယောက်တည်း သွားစားတယ်…” ရွှီးဝမ် ပြောလိုက်ပြီး “ ပြီးတော့ သူ့ရဲ့ လက်ရာကလည်း အရမ်းကောင်းတော့ မစားပဲ နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..”
“ ကျွတ် ကျွတ် ကျွတ်… နင်ငါ့ကို အဲ့အကြောင်းတွေ လာပြောပြနေစရာမလိုဘူး… ကျိုးဇီကိုပဲ ပြောလိုက်…”
“ နင်တို့ကောင်တွေကိုတော့ ငါလက်မြောက်လိုက်ပြီ…” ရွှီးဝမ် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ပြီး “ လုံရှင်းလည်း ဒီရောက်လာတယ်ဆိုတော့ သူတို့ကို ပန်းခြင်းတောင်းနဲ့ သွားနှုတ်ဆက်သင့်တယ်လို့ ထင်လား…”
“ ငါတော့ သွားနှုတ်ဆက်သင့်တယ်လို့ ထင်တာပဲ… သူတို့က ငါတို့ကို မသိဘူးဆိုရင်တောင် သွားပြီးတော့ ရင်းနှီးမှု ရယူထားတာက မမှားဘူးလေ…” ဝမ်ကျိန်းပြောလိုက်ပြီး “ စီးပွားရေး လုပ်ငန်းရှင် ဇာတ်ခုံမှာ မင်းက မျက်နှာအရေထူမှ ရမှာ… အဲ့လိုမှလည်း ပိုကောင်းတဲ့ အခွင့်အရေးတွေကို ရရှိလာနိုင်မှာ…”
“ မပူနဲ့.. ငါဒီအကြောင်း စဉ်းစားပြီးတော့ လိုအပ်မယ် ထင်တဲ့ဟာတွေ ဝယ်ပြီးသွားပြီ… ခနနေကျရင် မိတ်ဖြစ်ဆွေဖြစ် သွားတွေ့ကြတာပေါ့..” ကျိုးဇီ ပြောလိုက်၏။