← Chapters

လင်းယွမ်အုပ်စုကလည်း ငါ့အပိုင်ပဲ

Vol. 43 Ch. 640

လင်းယွမ်အုပ်စုကလည်း ငါ့အပိုင်ပဲ

Vol. 43 Ch. 640

“ ကျိုးဇီ.. နင်က မဆိုးဘူးပဲ.. ကြိုစဉ်းစားပြီးတော့တောင် ဝယ်ထားတယ်ပေါ့..” ဟန်ဖေးပြောလိုက်၏။

ကျိုးဇီ ကားသော့ ထုတ်၍ နောက်ကားဖုံးကို ဖွင့်လိုက်သောခါ အထဲတွင် လာဘ်ခေါ် ကြောင်ရုပ်နှင့် နှင်းဆီပန်းစည်းနှစ်ခု ရှိနေလေသည်။

“ ဒီရဲ့ ကြောင်ရုပ်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ.. သူတို့ လက်ခံလောက်မှာပါနော…”

“ ငါတော့ မထင်…” ရွှီးဝမ် ပြောလိုက်ပြီး “ တခြား နယ်ပယ်တွေနဲ့ မတူတာ အင်တာနက်နယ်ပယ်က အဲ့လိုမျိုး အစဉ်အလာလက်ဆောင်တွေ မလိုအပ်ဘူး… ကိုယ့်ဘက်က ရည်ရွယ်ချက်ကောင်းတွေ ရှိနေသရွေ့ အဆင်ပြေတယ်…”

“ ဟမ်.. ဘာတွေ ဖြစ်နေတာလဲ… ဘာလို့ ဟိုရဲ့ စားဖိုမှူးက ဒီရောက်နေတာ…”

ဟန်ဖေးတို့ အထဲ ဝင်တော့မည့် အချိန်တွင် လင်းရီ အေးအေးလူလူ လမ်းလျှောက်လာသည်ကို မြင်တွေ့လိုက်ရ၏။

“ ဒါနဲ့ သူက ဘာလို့ တစ်ယောက်တည်း လာခဲ့တာ… ဟို သူဌေးမကြီးကော မခေါ်ခဲ့တော့ဘူးတဲ့လား…” ဟန်ဖေး စောဒက တက်လိုက်သည်။

“ အဲ့သူဌေးမကြီးလည်း သူနဲ့ နေ့တိုင်း အပြင်ထွက်ဖို့ အဆင်မပြေလို့ နေမှာပေါ့ဟ…” ကျိုးဇီ တည်ငြိမ်စွာ ပြောလိုက်၏။

“ နင်တို့ စကားတွေ တော်လိုက်တော့…” ရွှီးဝမ် ပြောပြီးနောက် လင်းရီထံသို့ လျှောက်သွားကာ ဆံနွယ်များကို ကဗျာဆန်ဆန် လက်ဖြင့် ခါရမ်းလိုက်ပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်၏။

“ ဟယ်လို မစ္စတာလင်း…”

လင်းရီ၏ ဆိုင်မှာ ကျိန်းရန်လမ်းတွင် အတော်လေး နာမည်ကြီးသောကြောင့် အခြေခံ သတင်းအချက်အလက်လေးလောက်တော့ အလွယ်တကူ ရနိုင်လေသည်။ ထို့ကြောင့် ရွှီးဝမ်မှ လင်းရီ၏ နာမည်ကို သိနေခြင်းဖြစ်၏။

“ မင်းလည်း ဒီလာတာလား…”

“ ဟုတ်တယ်.. ကျွန်မတို့ ကုမ္ပဏီ ပစ္စည်းတွေလည်း ရွေ့ပြီးသွားပြီလေ…ခုကစပြီး ဒီမှာပဲ အလုပ်စလုပ်တော့မှာ…”

“ ကောင်းသားပဲ…” လင်းရီ သာမန်လေသံဖြင့် ပြောလိုက်၏။

“ သူဌေးလည်း အခန်းငှားချင်နေတာ မဟုတ်ဘူးလား.. အခြေအနေ ဘယ်လိုရှိလဲ…” ရွှီးဝမ်မေးမြန်းလိုက်သည်။

“ အားလုံးပြီးသွားပြီလေ… အဲ့တာကြောင့် ဒီနေ့ တစ်ချက်လာကြည့်ကြည့်တာ…”

“ ကောင်းပါပြီ… အဲ့တာဆို သူဌေးကို မနှောင့်ယှက်တော့ဘူးနော်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး တစ်ခွန်းမျှ ပြန်မပြောပဲ သူ၏ လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်လျက် အဆောက်အဦးထဲသို့ တန်းမတ်စွာ လျှောက်လှမ်းသွားလေသည်။

“ အဲ့လူဦးနှောက်က ဘာမှားနေတာ… ရှောင်ဝမ်ကစပြီးတော့ စကားပြောတာတောင်မှ အလေးမထားတဲ့ စတိုင်နဲ့… အဲ့လောက်ထိ မောက်မာနေစရာ လိုလို့လား…” ဟန်ဖေး ပြောလိုက်၏။

“ မဆန်းပါဘူး...သူက ချမ်းသာတဲ့ အမျိုးသမီးတွေနားပဲ ကပ်တာဆိုတော့ ရှောင်ဝမ်က လှတယ်ဆိုရင်တောင် အရမ်းချမ်းသာနေတာမှ မဟုတ်တာ.. အဲ့တော့ သူ စိတ်မဝင်စားတာ ပုံမှန်ပါပဲ….”

“ ကဲ ကဲ စကားပြောနေတာတွေ တော်လိုက်ကြတော့… “ ရွှီးဝမ် အဆောက်အဦးကို တစ်ချက်ကြည့်လိုက်ပြီး “ အပေါ်တက်ပြီး တစ်ချက်သွားကြည့်ရအောင်… သူတို့ကို ပစ္စည်းတွေ ပေးပြီးတာနဲ့ ငါတို့ ကုမ္ပဏီဆီ ပြန်ကြမယ်….”

“ ကောင်းပြီလေ…” ရိုးရှင်းသည့် စကားလုံး အနည်းငယ် ပြောဆိုပြီးနောက် လေးယောက်သား အဆောက်အဦးထဲသို့ ဝင်၍ ထိပ်ဆုံး အထပ်သို့ ဦးတည်လိုက်ကြလေသည်။

သူတို့ ဓာတ်လှေကား အပြင်ဘက်သို့ ခြေချချချင်းပဲ ဖြတ်သွားသည့် ထျန်းရန်ကို မြင်တွေ့လိုက်ရ၏။

အနှီ အေးစက်ပြီး ပြင်းထန်သည့် အရှိန်အဝါများကို ခံစားမိတော့ အကုန်လုံး ရှော့ခ်ရသွားကြလေသည်။

“ ငါ တစ်ချက်ကြည့်လိုက်တာနဲ့ အဲ့ဒီအစ်မက ရိုးရှင်းတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်…” ဟန်ဖေး မနာလိုဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။ ထိုသို့သော အရှိန်အဝါမျိုးမှာ လုပ်ယူ၍ မရပဲ ရာထူးကြီးမြင့်သည့် နေရာ၌ သက်တမ်းကြာလာမှ အလို‌အလျောက် ထွက်ပေါ်နေသည့် အရှိန်အဝါများပင်။

“ ငါကြားတာတော့ အဲ့ဒီအမျိုးသမီးက DIDI ရဲ့ ဒုဥက္ကဌဆိုပဲ… ခုတော့ လုံရှင်းစီးပွားရေးလုပ်ငန်းရဲ့ တာဝန်ရှိသူတစ်ဦး ဖြစ်နေပြီ….”

“ ဘုရားရေ.. အဲ့ဒီ အမျိုးသမီးက တကယ်ကြီး DIDIရဲ့ ဒုဥက္ကဌပေါ့….”

ထျန်းရန်၏ အထောက်အထားကြောင့် အားလုံး အကြီးအကျယ် ရှော့ခ်ရသွားခဲ့ကြလေသည်။

'သူတို့ ဓာတ်လှေကားအပြင်ဘက်ကနေ ထွက်ခါရှိသေးတယ်… ဒီလို ဒိတ်ဒိတ်ကျဲကြီးနဲ့ လာတွေ့နေပြီပေါ့… '

'လုံးရှင်းက လုံးဝ အံ့အားသင့်ဖို့ ကောင်းတယ်….'

လေးယောက်သား ပစ္စည်းပစ္စယများကို သယ်ဆောင်ရင်း လုံရှင်း၏ ရုံးခန်းထံသို့ တုန်လှုပ်နေသည့် ခြေလှမ်းတို့ဖြင့် ဦးတည်လိုက်ကြသည်။ တိုက်ဆိုင်စွာဖြင့် တံခါးဝတွင် ရပ်နေသည့် ထျန်းရန်နှင့် သွားဆုံလေသည်။

ထျန်းရန်လည်း အဆိုပါ လေးယောက်ကို မြင်တော့ ကြက်သေသေသွားခဲ့၏။

“ နင်တို့က…”

“ မင်….မင်္ဂလာပါရှင့်… ကျွန်မတို့က အောက်ထပ် နွေဦးလယ်ကွင်း နည်းပညာကုမ္ပဏီကပါ… ရှင်တို့လည်း အပေါ်ထပ်မှာ ရုံးခန်းဖွင့်မယ်ကြားတော့ လက်ဆောင် သေးသေးလေး လာပေးတာပါရှင့်…”

“ ကောင်းပြီ… ကျေးဇူးနော်…”

ထျန်းရန် အနှီ စွန့်ဦးလုပ်ငန်းရှင်ငယ်လေးများအပေါ် အထင်မြင်ကောင်းများ ရှိလေသည်။ ယင်းကလည်း သူမတို့ DIDI စတင်စဉ်ကလည်း ယခုလို ကိစ္စရပ်များကို ပြုလုပ်ခဲ့ဖူးသောကြောင့် ဖြစ်၏။

ထျန်းရန် ပန်းစည်းများနှင့် လာဘ်ခေါ်ကြောင်ရုပ်လေးကို ရွှီးဝမ်ထံမှ လက်ခံလိုက်ပြီး သူမ၏ သဘောထားကို ပြသလိုက်သည်။

“ အစ်မမှာက လုပ်စရာလေးတွေ ရှိသေးတော့ နင်တို့ကို ဧည့်မခံနိုင်တော့ဘူး… ဒီမှာ ခဏစောင့်… အစ်မရဲ့ လက်အောက်ငယ်သားတစ်ချို့ ခေါ်ပြီး ဒီနား တစ်ဝိုက် လိုက်ပြခိုင်းလိုက်မယ်…”

ထျန်းရန် ယနေ့ ဤနေရာသို့ တက်လှမ်းနိုင်ခဲ့သည်မှာလည်း သူမ၏ မြင့်မားလှသည့် အီးကျူကြောင့်ပင်။ သူမ၏ အဆင့်အတန်းနှင့်ဆိုပါက ယခုလိုလူများကို ဂရုစိုက်နေဖို့ရာ မလိုချေ။ အဘယ်ကြောင့်ဆိုသော် လယ်ဗယ် မတူညီသောကြောင့် ဖြစ်၏။

သို့သော်လည်း သူမမှာ ယဉ်ကျေးစွာနှင့် ပေးသင့်ပေးထိုက်သည့် လေးစားမှုတို့ကို ပြသခဲ့လေသည်။

အကြောင်းမူကား ထျန်းရန်မှ အင်တာနက် နယ်ပယ်၏ သဘောတရားကို ကောင်းမွန်စွာ နားလည်ထားခြင်းကြောင့်ပင်။

အဆင့်မြင့်နည်းပညာနယ်ပယ်မှာ အချို့ အစဉ်အလာနယ်ပယ်များနှင့် မတူညီစွာ သင် ယနေ့ အထင်မြင်သေးစွာ ငုံ့ကြည့်ခဲ့သူက နောက်တစ်နေ့တွင် သင်လက်လှမ်းမမှီ မျှော်ကြည့်ရသည့် နေရာသို့ မရောက်ရှိနိုင်ဟု ခန့်မှန်း၍ မရသောကြောင့်ပင်။

ပမာပြရလျှင်တော့ ဘော့စ်မားကို ပြေးကြည့်နိုင်သည်။ သူ ကုမ္ပဏီ စတင်စဉ်က အာလီဘာဘာကို ယနေ့လို အောင်မြင်သည့် ကုမ္ပဏီကြီးတစ်ခု ဖြစ်လာလိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။

လေးယောက်လုံး၏ မျက်ဝန်းတို့မှာတော့ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်နေလေသည်။

ထိုသို့ ဩဇာလွှမ်းမိုးနိုင်သည့် အမျိုးသမီးမှာ ပေါင်းသင်းရလွယ်ကူလိမ့်မည်လို့ မည်သူကမျှ ထင်မထားကြချေ။

“ ဟုတ်ကဲ့ ကျေးဇူးပါရှင့်…” ရွှီးဝမ် ကိုယ်ကို အနည်းငယ်ကိုင်း၍ ပြောလိုက်၏။

“ အင်း.. ကြိုးစားထား… ဘယ်သူသိနိုင်မှာပဲ...အစ်မတို့ အနာဂတ်ကျ အတူလက်တွဲရတာမျိုးလည်း ရှိလာနိုင်တာပဲလေ…” အပြုံးဖြင့် ပြောပြီးနောက် ထျန်းရန် ငယ်သားတစ်ဦးကို လက်ယပ်ခေါ်ကာ ညွှန်ကြားချက်အချို့ပေးပြီး အထွေထွေမန်နေဂျာရုံးခန်းသို့ ဦးတည်လိုက်လေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင်ပဲ အထွေထွေမန်နေဂျာရုံးခန်း၏ တံခါးမှာ ပွင့်ဟလာပြီး လင်းရီ စကားတစ်ပြောပြောနှင့် ထွက်လာခဲ့၏။ သူ့ဘေးတွင်တော့ ဝမ်ရန်မှာ အားသွန်ခွန်စိုက်ဖြင့် လင်းရီ၏ ညွှန်ကြားချက်များကို လိုက်မှတ်နေလေသည်။

လင်းရီကို မြင်တွေ့လိုက်ရသည့် အချိန်တွင်တော့ ရွှီးဝမ်နှင့် ကျန်သူများမှာ အကြီးအကျယ် ရှော့ခ်ရသွားခဲ့ကြတော့၏။

“ မင်း… မင်းဘာလို့ ဒီရောက်နေတာ….” ကျိုးဇီ အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်သည်။

“ ငါ့ ကုမ္ပဏီပါ ဆိုနေ ငါမရောက်နေလို့ ဘယ်သူက ရောက်နေရမှာ…”

လင်းရီ၏ အထောက်အထားကို ကြားသိလိုက်ရတော့ ရွှီးဝမ်နှင့် ကျန်သူများအားလုံး မေးရိုးကြီးများ ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့ကြတော့၏။

“ နင်…နင်က လုံရှင်းသူဌေးပေါ့… စားဖိုးမှူး မဟုတ်ဘူးလား….”

“ စားဖိုမှူးဆိုတာ အရန်အလုပ်လေ… ဒါကမှ ငါ့ရဲ့ အဓိက အလုပ်…”

“ ဒါပေမယ့် ငါကြားတာတော့ လုံရှင်းက လင်းယွမ်အုပ်စုရဲ့ အကိုင်းအခက် ဆိုတော့ မင်းက ဘယ်လိုလုပ်ပြီး ဒီနေရာရဲ့ ဘော့စ် ဖြစ်နိုင်မှာ….”

ကျိုးဇီ၏ မေးခွန်းက ကျန်သူများ စိတ်ထဲတွင် စဉ်းစားနေသည့် မေးခွန်းပင်။

လင်းရီ၏ အထောက်အထားမှာ ၁၈၀ ဒီဂရီမျှ ပြောင်းလဲသွားသောကြောင့် လူတိုင်း လက်ခံနိုင်ရန် ခက်ခဲနေကြလေသည်။

“ လင်းယွမ်အုပ်စုလား… အဲ့ကုမ္ပဏီလည်း ငါ့အပိုင်ပဲလေ… ကဲ မင်းဘာမေးချင်သေးလဲ…”

၎င်းကိုကြားတော့ လူတိုင်း မူးနောက်နောက် ဖြစ်သွားကြတော့၏။

သူတို့ နေ့တိုင်း အထင်မြင်သေးပြီး အတင်းတုပ်နေခဲ့ကြသည့် စားဖိုမှူးက တကယ်ကြီး လင်းယွမ်အုပ်စု၏ ဘော့စ် ဖြစ်နေခဲ့သည်လော။

ဒီသတင်းကြီးက စစ်မှန်နိုင်စရာ အကြောင်းကို မရှိတာ….

“ ဒါ.. ဒါဆို ဟိုနေ့က မင်း အဟမ်း… မစ္စတာလင်း နဲ့ပါလာခဲ့တဲ့ အမျိုးသမီးကကော….”

“ မင်းက သူမရဲ့ အထောက်အထားကို သိချင်နေတာလား..”

လင်းရီ ပြုံးလိုက်ပြီး “ ကြည့်ရသလောက်တော့ မင်းတို့ကောင်တွေ သတင်းမကြည့်ကြဘူးနဲ့တူတယ်…”

“ အဲ့တာက သတင်းကြည့်တာ မကြည့်တာနဲ့ ဘာဆိုင်လို့…” ရွှီးဝမ် ပြောလိုက်၏။

“ ဘာလို့လဲဆိုတော့ အဲ့ဒီအမျိုးသမီးက ကျိုးဟိုင်ရဲ့ လက်ထောက် မြို့တော်ဝန်လေ… ဘယ်လိုလဲ… အံ့ဩသွားသလား…”

“ သူ… သူမက လက်ထောက် မြို့တော်ဝန်…” ရွှီးဝမ်နှင့် ကျန်သူများအားလုံး သက်ပြင်းရှိုက်မိလိုက်ကြသည်။

သူက လက်ထောက်မြို့တော်ဝန်နဲ့ အဲ့လောက် နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်ပေါ့….

အရမ်း အံ့အားသင့်ဖို့ ကောင်းလွန်းတယ်….

“ ဥက္ကဌလင်းတို့က အချင်းချင်း သိနေကြတာလား…” ထျန်းရန် အံ့အားသင့်စွာဖြင့် မေးလိုက်သည်.

လင်းရီ ရွှီးဝမ်ကို ညွှန်ပြလိုက်ပြီး “ သူမက ငါ့ဆိုင်မှာ ခဏခဏ လာအားပေးနေကြလေ…. အဲ့တာကြောင့် သူနဲ့တော့သိတယ်…”

ရွှီးဝမ် အလောတကြီး ဦးညွှတ်လိုက်ပြီး “ မင်…မင်္ဂလာပါ ဥက္ကဌလင်း… ကျွန်မက အောက်ထပ် နွေဦးလယ်ကွင်း နည်းပညာ ကုမ္ပဏီရဲ့ ဒါရိုက်တာ ရွှီးဝမ်ပါရှင့်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ မင်းရဲ့ ကုမ္ပဏီက ဘာလဲလုပ်တာ….”

“ ကျွန်မတို့က အွန်လိုင်းသင်ကြားရေး အက်ပ်တွေ ဖန်တီးနေတာပါ… မကြာခင် Ios နဲ့ android မားကတ် တွေမှာ သုံးလို့ရတော့မှာပါ….”

“ အင်း.. အကောင်းဆုံး ကြိုးစားကွာ…”

လင်းရီ သာမန်အတိုင်း မှတ်ချက်ပြုလိုက်ပြီးနောက် လူတိုင်း၏ အကြည့်အောက်တွင် ထွက်ခွာသွားခဲ့လေသည်။

သို့သော်လည်း ထိုအချိန် သူတို့ လင်းရီ နောက်ကျောကို ငေးကြည့်နေကြသည့် မျက်ဝန်းများထဲတွင် ရှော့ခ်ရနေမှုများက ကြီးစိုးနေလေသည်။

ဒီလိုမျိုး အသက်ငယ်ငယ်လေးနဲ့ လင်းယွမ်အုပ်စုရဲ့ သူဌေးဖြစ်လာတယ်ဆိုတော့ …. နည်းနည်းလေး မကောင်းဆိုးဝါး ဆန်လွန်းမနေဘူးလား…

ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ စီးပွားရေးအင်ပါယာကြီးရှိနေတာကို ဘာလို့ စားသောက်ဆိုင် ဖွင့်နေသေးလဲ… ဟူး… မယုံကြည်နိုင်စရာပါပဲ….

All Chapters