မင်းရဲ့ အဲ့ဒီ စောက်လေသံကို ကြည့်မရတာကြာနေပြီ
Vol. 43 Ch. 642
ကားထဲတွင်တော့ ယခုလေးတင် ဖုန်းလက်ခံရရှိလိုက်သည့် လင်းရီမှာ အနည်းငယ် ကြောင်အသွားခဲ့လေသည်။
'သူက သွားဖြေရှင်းတော့မယ့် အချိန်မှာ တစ်ဖက်သူက ဖြေရှင်းပေးပါမယ်တဲ့လား....'
'လျန်ရူရွှယ် ပြောတာ မှန်နေတာပဲဟ... ဒီကောင်တွေ တကယ်ကြီး သံရုံး သွားခဲ့ကြတာပဲ...'
'ဒါပေမယ့် ဒီရဲ့ ဘရောင်းလို့ ခေါ်တဲ့သူကလည်း စိတ်၀င်စားဖို့တော့ ကောင်းသား... ဒီကိစ္စကို အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်ဆိုပဲ...'
'ဘာပဲဆိုဆို ဒီလိုမျိုး အပြုအမူက အရမ်းကို စိတ်၀င်စားဖို့ကောင်းတယ်...'
'ယုတ္တိကျကျပြောရမယ်ဆိုရင် သူ ကူညီပေးသင့်တာက အဲ့ဒီ နိုင်ငံတကာ ကျောင်းသားတွေကိုပဲလေ... '
လင်းရီ ပြုံးလိုက်ပြီး များများ စဉ်းစား မနေတော့ပဲ ကားကို လှည့်ထွက်လာ၍ သံရုံးဆီသို့ ဦးတည်လိုက်သည်။
ပုံမှန်ဆိုပါက ယခုကဲ့သို့ ကိစ္စမျိုးမှာ ရာထူး အဆင့်အတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပြီး နှေးကွေးလေးလံသည့် လုပ်ထုံးလုပ်နည်းများကိုလည်း ကျော်ဖြတ်ရဦးမည် ဖြစ်၏။
သို့သော်လည်း လင်းရီ၏ ထူးခြားသည့် အဆင့်အတန်းကြောင့် လျန်ရူရွှယ်မှာ ဘရောင်းကို တိုက်ရိုက် ဆက်သွယ်ခွင့် ပြုလုပ်ခြင်းပင်။
သူမ ဘရောင်းကို ကောင်းမွန်စွာ နားလည်ထားပြီး လင်းရီကို ဘာတစ်ခုမျှ လုပ်ဝံ့လိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။
မိနစ်နှစ်ဆယ်ခန့်ကြာသော် လင်းရီ သံရုံးရှေ့သို့ ကားထိုးရပ်လိုက်၏။
သူ ကားထိုးရပ်ပြီးပြီးချင်းတွင် လူမည်းအမျိုးသမီးမှ သူ့အား အပေါက်၀တွင် စောင့်ကြိုနေသည်ကို မြင်တွေ့လိုက်ရသည်။
ထိုအမျိုးသမီး၏ မျင်နှာသွင်ပြင်မှာတော့ အေးတိ အေးစက် ၊ မောက်မာနေကာ ဒေါသထွက်နေသည့် အရိပ်အယောင်များလည်း မြင်တွေ့နေရသည်။
အနှီ မျက်နှာထားတင်းနေသူကတော့ ရိုလန်ပင်။
"မစ္စတာလင်း...ကျွန်မတို့ ရှင့်ကို စောင့်နေတာကြာနေပြီ... ပြီးခဲ့တဲ့ ရက်တွေတုန်းက အဖြစ်အပျက်ကို ပြန်ပြောပြပေးမယ်လို့ မျှော်လင့်ပါတယ်... "
လင်းရီ ရောက်ရှိလာမည့် အကြောင်းကို ဘရောင်းမှ ပြောပြပြီး ဖြစ်၏။ သို့သော်လည်း လာရင်း ရည်ရွယ်ချက်ကိုတော့ မပြောပြထားပေ။ မပြောပြရခြင်းမှာလည်း အပြင်လူများမှ လျှို့ဝှက်ချက် သိသွားမည်ကို မလိုလားသောကြောင့်ပင်။
လင်းရီ ပြုံးလိုက်မိသည်။
'မင်းတို့ ဘော့စ်ကတောင် ငါ့ကို ရိုရိုကျိုးကျိုးနဲ့ စကားပြောရတာကွ... အဲ့တာကို လေသံက လာမာပြီးတော့ ငါ့ရှေ့မှာ မိမိုက်သလို လုပ်ပြနေတယ်ပေါ့လေ....'
"လမ်းပြ...."
ရိုလန်၏ ဦးဆောင် လမ်းပြမှုအောက်တွင် လင်းရီ သံရုံးထဲသို့ ရောက်လာခဲ့၏။
ထိုအခိုက်အတန့်တွင်ပဲ ထောင်ထောင်မောင်းမောင်းနှင့် လုံခြုံရေး လေးဦးမှ လင်းရီ ဘေးသို့ အပြေးရောက်လာ စောင့်ကြပ်လေသည်။
၎င်းတို့ကြားတွင် အကွာအဝေး တစ်ခု ကန့်သတ်ထားပါသော်လည်း လေထုအခြေအနေမှာတော့ အတော်လေး သိပ်သည်းပြင်းထန်နေခဲ့၏။
အကယ်၍များ လင်းရီ မူမမှန်သာ တစ်ခုခု လုပ်မည်ဆိုပါက ချက်ချင်း ဆွဲခေါ်သွားတော့မည့် အသွင်ပင်။
"မစ်.. မင်း ဒါဘာလာလုပ်တာ... ငါ့ကို ရာဇ၀တ်ကောင်လိုမျိုး ဆက်ဆံနေတာလား...."
"မစ္စတာလင်း... ရှင့်ဘက်က ယဉ်ယဉ်ကျေးကျေး ပြောဆိုနိုင်မယ်လို့ မျှော်လင့်တယ်... ဒါ အမေရိကန်သံရုံးပါ...."
သံရုံးတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့သည့် အတွေ့အကြုံကြောင့် လင်းရီ၏ လေသံမှ ရိုင်းပြမှုကို ခံစားမိပြီး ယခုလို သတိပေးလိုက်ခြင်းပင်။
"ရှင့်ဘက်က ကျွန်မတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာပြီးတော့ မဟုတ်တာတွေ လျှောက်မလုပ်ဖို့ ပြောချင်တယ်.. မဟုတ်လို့ကတော့ သူတို့တွေက ရှင့်ကို တိုက်ခိုက်ကြမှာပဲ... "
လင်းရီ သူ့အင်္ကျီပေါ်ရှိ ဖုန်မှုန့်များကို ခါခပ်ရင်း ပြုံးလိုက်ကာ "မင်းလည်း ကိုယ့်အခြေအနေကိုယ် နားလည်ထားရင်ကောင်းမယ်... ဒါက ကျိုးဟိုင်... စည်းမျဉ်းတွေ လိုက်နာကြေးဆို လိုက်နာရမယ့်သူက မင်းတို့ပဲ... ဟုတ်တယ်မလား..."
"ဒါပေမယ့် ဒီနေရာက သံရုံးလေ...ကျန်တဲ့ နေရာတွေနဲ့ ခြားနားတယ်. "ရိုလန်မှ အင်မတန် မောက်မာသည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး လည်တိုင်ကိုလည်း ကျော့နေအောင်မော့ကာ
"ရှင့်ကို သတိပေးပြီးသားပဲ... တကယ်လို့ မဟုတ်တာ လုပ်လို့ကတော့ သူတို့က တကယ်ကြီး သက်ညှာနေမှာ မဟုတ်ဘူး... "
"ဟားဟားဟား........"
လင်းရီ သူမကို ကြည့်လိုက်ပြီး "အဲ့တာဆိုလည်း ဒီလေးကောင်ကို လှုပ်ရှားကြည့်ခိုင်းလိုက်လေ... ဘယ်သူအရင် မှောက်သွားမလဲဆိုတာ ကြည့်ကြသေးတာပေါ့...."
ထို့သို့ ပြောပြီးနောက် လင်းရီ ရှေ့သို့ လှမ်းသွားခဲ့၏။ လုံခြုံရေး အစောင့်လေးယောက်မှာ ဘာတစ်ခွန်းမျှ မပြောရဲပဲ လင်းရီနောက်သို့သာ အလျင်စလို လိုက်သွားခဲ့လေသည်။
ရိုလန်၏ လမ်းပြမှုနှင့်အတူ လင်းရီ ဒုတိယထပ်ရှိ အစည်းအဝေးခန်းသို့ ရောက်ရှိလာခဲ့သည်။သူမ တံခါးခေါက်တော့မည့် အချိန်တွင် လင်းရီမူကား တံခါးတွန်းဖွင့်၍ အထဲသို့ ၀င်နေနှင့်ပြီး ဖြစ်၏။
အခန်းထဲတွင်တော့ ဘရန်ဒွန်နှင့် ကျန်သူများလည်း ထိုင်နေကြပြီး လင်းရီကို မြင်တော့ ဘရောင်းမှ မတ်တပ်ရပ်ကာ ပျူငှာသည့် အပြုံးဖြင့် "မစ္စတာလင်း...."
"အင်း..."လင်းရီ ထိုင်ခုံတစ်ခုံ ဆွဲထုတ်၍ ထိုင်ချလိုက်သည်။
"မစ္စတာဘရောင်း.. ဒီကောင်ပဲ...ကျုပ်တို့ကို လူငှားပြီး ရိုက်ခိုင်းခဲ့တဲ့ နောက်ကွယ်က တရားခံက သူပဲ... ကျေးဇူးပြုပြီး ဒီကိစ္စ ပြင်းထန်စွာ အရေးယူပေးပါ..." ဘရန်ဒွန် လင်းရီကို မြင်တော့ လက်ညိုးထိုး အော်ပြောလိုက်၏။
လူး၀စ်လည်း ရှေ့သို့ ထွက်လာခဲ့ပြီး သူ့သွားတွေကို ဖြဲပြကာ " ကျုပ်သွားတွေကို ကြည့်လိုက်... တစ်ချောင်းမှ မရှိတော့ဘူး...သူအကုန်ရိုက်ချိုးပစ်ခဲ့တာ..."
"ဟုတ်တယ်.. အဲ့ကောင်က ကျုပ်တို့ကို ရိုက်နှက်ရုံတင်မကသေးဘူး နိုင်ငံတကာကျောင်းသားများ အစည်းအရုံးကိုပါ ဖျက်သိမ်းစေချင်နေတာ... ဒီကောင့်ကို ဖမ်းဆီးဖို့ ပြင်းပြင်းထန်ထန် အကြံပြုပါတယ်... "
ဘရောင်းရှိနေသောကြောင့် ဘရန်ဒွန်နှင့် ကျန်သူများမှာ ယုံကြည်ချက် အပြည့်ဖြစ်နေကြပြီး လင်းရီကို မကြောက်မရွံ့ ဖမ်းဆီးခိုင်းနေကြတော့၏။
လင်းရီကတော့ ထိုင်ခုံပေါ်တွင် သက်တောင့်သက်တာ ထိုင်ရင်း လက်တစ်ဖက်ဖြင့် ခေါင်းထောက်ထားကာ ဘရောင်းကို ကြည့်လိုက်သည်။
" မင်း ဒီကိစ္စ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ် မပြောခဲ့ဘူးလား... အခြေအနေကတော့ ခု မြင်တဲ့ အတိုင်းပဲ.. မင်း ဘယ်လိုမျိုး ကိုင်တွယ်မလဲ ဆိုတာ ငါကြည့်စမ်းမယ်... "
ဘရောင်း နဖူးထက်ရှိ ချွေးအေးများကို သုတ်ရင်း "ဟုတ် ဟုတ်.... ကျွန်တော် သေချာပေါက် အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမှာပါ...."
ပြောပြီးနောက် ဘရန်ဒွန်တို့ကို စိုက်ကြည့်လိုက်ပြီး "မင်းတို့သုံးကောင် .. ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြစမ်း... ငါ တခြားအရင်းအမြစ်တွေကနေ အမှန်တရားကို စုံစမ်းပြီးသွားပြီ... မှားနေတာက မင်းတို့ကောင်တွေ ...သူခိုးက လူပြန်ဟစ်မနေကြနဲ့.... ခုချက်ချင်း မစ္စတာလင်းကို တောင်းပန်ပြီးတော့ လျော်ကြေးပေးလိုက်..."
"What....!"
ဘရောင်း၏ စကားလုံးများကို ကြားတော့ အစည်းအဝေးခန်းထဲရှိ လူတိုင်း မူးနောက်သွားခဲ့ကြသည်။
သူတို့အားလုံး ထင်ယောင်ထင်မှား ဖြစ်နေကြသည်ဟုတောင် ခံစားနေကြရ၏။
"မစ္စတာဘရောင်း.. ခင်များ ဘာတွေ ပြောနေတာ... ကျုပ်တို့က နစ်နာသူတွေလေ... ခင်များ နားလည်လား... နစ်နာသူဆိုတာ မတရားသဖြင့် နှိပ်စက်ခံရသူတွေကို ပြောတာ.... "
"ဒါပေမယ့် ငါသိတာတော့ မင်းတို့ကောင်တွေက ဥပဒေချိုးဖောက်ပြီးတော့ မစ္စတာလင်းရဲ့ ဆိုင်ကို ဖျက်ဆီးခဲ့ကြတာ မဟုတ်ဘူးလား... မင်းတို့ အရင်စတာလေ.. ဟုတ်တယ်ဟုတ်...."
"Oh No...!"
ဘရောင်း သူ့လက်နှစ်ဖက်ဖြင့် ခေါင်းကို ကိုင်လိုက်ပြီး အလွန်အမင်း ချဲ့ကားသည့် အမူအရာဖြင့် "မစ္စတာဘရောင်း... ခုချိန်က ဒီစကားတွေ ပြောရမယ့် အချိန်မဟုတ်ဘူးလေ... ကျုပ်တို့က အနိုင်ကျင့်ခံခဲ့ရတာ... ကျုပ်တို့ဘက်ကနေ ရပ်တည်ပေးရမှာ မဟုတ်ဘူးလား..."
ဘရန်ဒွန်နှင့် ကျန်သူများ၏ အတွေးကတော့ ရိုးစင်း၏။
'ငါတို့က တစ်နိုင်ငံတည်းသားချင်းတွေ... မင်း ငါတို့ကို ကူညီပေးရမယ်...'
သာမန် အခြေအနေ အောက်တွင်တော့ ဘရောင်း သူတို့ဘက်က စကားပြောပေးမိမှာ အမှန်ပင်။
သို့သော်လည်း အခြေအနေတို့က သာမန်မဟုတ်။ ယခု သူတို့ရှေ့ ထိုင်နေသည့် ဟွာရှန့်မှာ ကျိုးဟိုင်၏ အချက်အချာကျသည့် ထိုင်ခုံနေရာတွင် ထိုင်နေသူတစ်ဦးဖြစ်ပြီး Pfizer နှင့် ပူးပေါင်းဆောင်ရွက်ထားသည့် ပရောဂျက်မှာလည်း မကြာမီ စတင်ပေတော့မည်။
အကယ်၍ ယခုအချိန်တွင် သူ လင်းရီကို မပျော်ရွှင်အောင် လုပ်မိမှာက သူရမည့် အကျိုးစီးပွားများ အားလုံးမှာ ပြင်းပြင်းထန်ထန် ထိခိုက်သွားနိုင်လေသည်။
အကျိုးစီးပွားကို ဘုရားလို ကိုးကွယ်သည့် အမေရိကားလိုနေရာမျိုးတွင် ကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်သည့် အလျောက် ဘရောင်းလည်း သူ၏ အကျိုးစီးပွားကို မည်သည့်နည်းနှင့်မျှ အထိခိုက် မခံနိုင်ချေ။
ထို့ကြောင့် သူ လင်းရီကို ကာကွယ်ပေးရမည် ဖြစ်၏။
"သောက်အဓိပ္ပာယ် မရှိတာတွေ မပြောစမ်းနဲ့.. စီရင်ချက်ချတဲ့ နေရာမှာ မျှတမှုဆိုတာ အရေးကြီးဆုံးပဲ.. အမေရိကန်နိုင်ငံသားချင်းဖြစ်လို့ဆိုပြီး မင်းတို့ကို မျက်နှာလိုက်ပေးမယ် ထင်မနေနဲ့... "ဘရောင်းမှ သူ၏ ရပ်တည်ချက်ကို ပွင့်လင်းစွာ ဖော်ပြလိုက်၏။
"ဒါဆို ကျုပ်တို့ရြ့ အကျိုးစီးပွားတွေ အတွက်ကျတော့ကော...."ဘရန်ဒွန် မေးခွန်းထုတ်လိုက်၏။
"ဒါဆို မစ္စတာလင်းရဲ့ ဆုံးရှုံးမှုတွေ အတွက်ကျ ဘယ်သူက တာ၀န်ခံမှာ...."
"ဒါက......"ဘရန်ဒွန်နှင့် ကျန်သူများအားလုံး တိတ်ဆိတ်သွားခဲ့ကြ၏။
ထိုအခါ လင်းရီ ပြုံးလိုက်ပြီး "ကြည့်ရသလောက်တော့ မင်းဘက်က ဆုံးဖြတ်ချက်ချပြီးပြီနဲ့ တူတယ်..."
လင်းရီကိုကြည့်ရင်း ဘရောင်း၏ အမူအရာ ပြောင်းသွားကာ "မစ္စတာလင်း ကျေနပ်မှုရှိရဲ့လားဗျ..."
"ကျုပ်အထင်တော့ ဒီကောင်တွေ ဟွာရှမှာ ဆက်ပြီး ပညာသင်ဖို့ အရည်ချင်း မပြည့်မှီဘူး... သက်ဆိုင်ရာ ဌာနတွေကို အကြောင်းကြားပြီးတော့ ထုတ်ပစ်လိုက်တော့.. ဒီကောင်တွေက ဟွာရှမြေမှာ နေဖို့ မထိုက်တန်ဘူး...."
ဘရောင်း မသိမသာ မျက်မှောင်ကြုတ်သွားခဲ့သော်လည်း ဘာမျှ ပြန်မပြောဝံ့ချေ။ သဘောတူရုံသာ တတ်နိုင်သည်။
"နားလည်ပါပြီ.. ကျွန်တော် ဒီကိစ္စ ကျောင်းနဲ့ ဆွေးနွေးဖို့ တစ်စုံတစ်ယောက် စေလွှတ်လိုက်ပါ့မယ်... မစ္စတာလင်း ဖြစ်စေချင်တဲ့အတိုင်း အမြန်ဆုံး ဆောင်ရွက်ပေးပါ့မယ်..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဘရန်ဒွန်နှင့် ကျန်သူများကို ပြုံးပြကာ "မင်းတို့ကောင်တွေကွာ...ငါပြောတာကို အေးဆေးနားထောင်လိုက်ရင် ပြီးနေတာကို ဘာလို့ ဒီလာပြီး ပြဿနာ လာရှာနေတာ... သိပ်မကြာခင် ပြန်ရတော့မှာ ဆိုပေမယ့် သတိထားနေ.. ဟွာရှမှာ သိပ်လုံခြုံတာ မဟုတ်ဘူး...."
သုံးယောက်လုံး ကြောက်ရွံ့တုန်လှုပ်သွားကြ၏။
'ဒါကြီးက ပြောင်တင်းတင်း ခြိမ်းခြောက်နေတာပဲ...'
"မစ္စတာလင်း.. ကျေးဇူးပြုပြီး ရှင့်လေသံကို ဆင်ခြင်ပေးပါ.. ကျွန်မတို့ရဲ့ ကျောင်းသားတွေကို မခြိမ်းခြောက်ပါနဲ့..."ရိုလန်မှ ၀င်ပြောလိုက်၏။
ယခုထိတိုင်အောင် ဘရောင်း အဘယ်ကြောင့်ယခုလိုတွေ လုပ်နေလဲဆိုတာကို သူမ နားမလည်နိုင်သေးချေ။
'အားလုံးက အမေရိကန်နိုင်ငံသားတွေပဲလေ.. ဘာလို့ ကိုယ့်လူဘက်က မရပ်တည်ပေးတာ....'
ရိုလန် ထိုသို့ တွေးတောနေသည်ကလည်း သူမ၏ အနေအထားနှင့် အဆင့်တန်းတို့က ခြားနားနေသောကြောင့်ပင်။
ပါတနာအသစ် ပရောဂျက်မှာ သူမအတွက် မည်သည့် အကျိုးအမြတ်မျှ မရှိချေ။ ထို့ကြောင့် တစ်ဖက်သူ၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်နေရန် မလိုအပ်သောကြောင့် သဘာ၀အတိုင်း သူမ လူမျိုးများ ဘက်မှ ရပ်တည်ပေးမည်ဖြစ်၏။
"ငါယိုးပဲ.. မင်းရဲ့ အဲ့ဒီစောက် ဘ၀င်မြင့်နေတဲ့ လေသံကို သောက်မြင်ကပ်နေတာကြာပြီ... ဟုတ်တယ်ကွာ... ငါ ခြိမ်းခြောက်နေတယ်.. အဲ့တော့ မင်းဘာဖြစ်ချင်လဲ.. ငါ့ကိုနှင်ထုတ်ချင်နေတာလား..."
ရိုလန်ကြက်သေသေသွားခဲ့၏။
သူမ ထိုမျှ ရိုင်းစိုင်းကြမ်းတမ်းသည့် လူမျိုးကို မမြင်ဖူးသကဲ့သို့ ယခုလိုမျိုး အပြောခံရသည်မှာလည်း ပထမဆုံး အကြိမ်ပင်။
"ဆာ... မစ်ရိုလန်က ကျွန်တော်တို့ အမေရိကန် သံရုံးရဲ့ အရာရှိပါ... ဆာခု လုပ်နေတာက ဥပဒေ ချိုးဖောက်နေတာနဲ့ အတူတူပါပဲ..."ယူနီဖောင်း၀တ် စစ်သားတစ်ဦးမှ ၀င်ပြောလိုက်၏။
"ဥပဒေ ချိုးဖောက်တယ်... မင်းတို့ သံအမတ်ကြီး ကိုယ်တိုင်ကတောင် ချိုချိုသာသာနဲ့ ပြောနေတာကို မင်းက ဘာကောင်မို့လို့ ဒီလေသံနဲ့ လာပြောနေတာ....."
ထိုသို့ပြောပြီးနောကိ လင်းရီ ထွက်ခွာသွားခဲ့၏။ မည်သူကမျှ သူ၏ ခြေလှမ်းများကို မဟန့်တားနိုင်ချေ။
အစည်းအဝေး ခန်းထဲတွင်တော့ ဘရန်ဒွန်နှင့် ကျန်သူများအားလုံး ထိုင်ခုံပေါ်သို့ အားလျော့စွာဖြင့် ထိုင်ချလိုက်ကြသည်။ သူတို့၏ မျက်နှာမှာလည်း ဖြူလျော်နေကြလေသည်။
တစ်ဖက်သူမှာ သူတို့ကို မကြောက်ရွံ့သည့်အပြင် ထင်ရာစိုင်းပြသွားခဲ့၏။ယခုလို ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်လို့ ဘယ်တုန်းကမျှ မျှော်လင့်မထားခဲ့ချေ။
"ကြားတဲ့အတိုင်းပဲ... ပြန်ရောက်ရင် မင်းတို့ကောင်တွေ တောင်းပန်ကြောင်း အစီရင်ခံစာ ရေးထားကြ..."ဘရောင်းပြောလိုက်ပြီး " နိုင်ငံ ပြန်ပို့မယ့် ကိစ္စကျ လုပ်ထုံးလုပ်နည်း တစ်ချို့ လိုအပ်သေးတယ်တော့ ရက်အနည်းငယ် ကြာဦးမယ်... ဆိုတော့ ပြန်ပြီး ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားကြ...."
"တကယ်ကြီး ဆွေးနွေးဖို့ အခန်းကဏ္ဍမရှိတော့ဘူးလား..."
"မရှိတော့ဘူး...ဒါပေမယ့် မင်းတို့ကောင်တွေ စိတ်ချလက်ချ အိပ်လို့ရတယ်.. မစ္စတာလင်းက မင်းတို့ကို အရေးတယူ လုပ်နေမှာ မဟုတ်ဘူး... နောက် လေးငါးရက်လောက်အထိတော့ မင်းတို့ကောင်တွေရဲ့ ဘေးကင်းလုံခြုံရေးကို ငါ အပြည့်အ၀ အာမခံပေးနိုင်တယ်... "
ယခုလို ဖြစ်ပျက်ရခြင်းမှာ ၎င်းတို့ အပြစ်မပြုသင့်သည့် ပုဂ္ဂိုလ်ကို အပြစ်ပြုမိသောကြောင့်ဟုတော့ မရှင်းပြခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ယုံကြည်ချက်များကို ဘရောင်း ရိုက်မချိုးပစ်ချင်သောကြောင့်ပင်။
ဟွာရှကို မဆိုထားဘိ။ အမေရိကား၌ပင် ယခုလို ဧရာမ အကျိုးအမြတ်ရှေ့တွင်တော့ မည်သူကမျှ ၎င်းတို့ကိုယ်စား ရပ်တည်ပေးလိမ့်မည် မဟုတ်ချေ။
"ငါရှီးပဲကွာ.. သွားဆိုလည်း သွားတာပေါ့..."
ကျိန်ဆဲပြီးနောက် ဘရန်ဒွန်နှင့် ကျန်သူများမှ ဒေါသထွက်စွာဖြင့် ထွက်ခွာသွားကြလေသည်။
"ဘရန်ဒွန် .. ခု ဘယ်လိုလုပ်ကြမလဲ... ဒီပုံစံအတိုင်းဆို သံရုံးကလည်း ၀င်ပါမယ့်ပုံ မပေါ်ဘူး..."ဇက်ခ်ျ ပြောလိုက်၏။
"မပူနဲ့.. ငါကလည်း လွယ်လွယ်နဲ့ လက်လျော့မယ့်ကောင် မဟုတ်ဘူး... ဒီကောင် သေချာပေါက် တန်ကြေးတစ်ခုတော့ ပြန်ပေးဆပ်ရမယ်..."ဘရန်ဒွန် အံကြိတ်ရင်း ပြောလိုက်ပြီး "ငါတို့လို ကြီးမြတ်တဲ့ အမေရိကားသားတွေက ဘာကိစ္စ ဒီဟွာရှန့်ကောင်ရဲ့ အနိုင်ကျင့်တာကို ခံရမှာလဲ... "
"ဒါပေမယ့် ငါတို့က ဘာတတ်နိုင်ဦးမှာမို့လို့..."
"အဲ့ကောင် ငါတို့ကို ဟွာရှကနေ နှင်ထုတ်မယ်မလား... ငါတို့ အမေရိကားကို မပြန်ခင် အဲ့ကောင်ရဲ့ဆိုင်ကို ပြာချပစ်ခဲ့မယ်..."ဘရန်ဒွန် ပြောလိုက်ပြီး "ဟွာရှစကားနဲ့ ပြောကြေးဆို လုပ်မိရင် တဆုံးထိသွား... သူတို့ လက်သည်ကို ရှာတွေ့သွားတဲ့ အချိန်ကျရင် ငါတို့ကောင်တွေ အမေရိကားကို ပြန်ရောက်နေလောက်ပြီ... အမေရိကားရဲ့ ဥပဒေအရဆို ငါတို့လို လူငယ်တွေအတွက် အပြည့်အ၀ ကာကွယ်ပေးပြီးသားပဲ...အလွန်ဆုံးရှိလှ လူငယ်ထိန်းသိန်းရေး စခန်းကို အလည်သွားရုံပေါ့.... ဘရောင်းလိုမျိုးတော့ ဖိနပ်လျက်ပြီး ကြောက်ပြနေမှာ မဟုတ်ဘူး..... “