← Chapters

ချိတ်ပိတ်ခံလိုက်ရသော ချိဧကရာဇ် 

Vol. 49 Ch. 657

ချိတ်ပိတ်ခံလိုက်ရသော ချိဧကရာဇ် 

Vol. 49 Ch. 657

ချိမင်နတ်ဘုရားတော်မှာ ငူငူငိုင်ငိုင်ကြီး ရပ်နေသည်။ ချိဧကရာဇ်၏ ဦးနှောက်သည် ကိန်းဝပ်နေသည့် အသိစိတ်အလျဉ်နှင့် အဆုံးမဲ့အသိအမြင်များကြောင့် ‌တောက်ပလင်းလက်နေသင့်ပါသော်လည်း ယခုတွင် ငြိမ်းသေသွားချေပြီ။

ဧရာမဦးနှောက်ကြီးသည် အလင်းတန်းတို့ဖြင့် ကွန့်မြူးလင်းထိန်နေခြင်းမရှိတော့။ မှောင်မိုက်နေ၏။ အလင်းရောင် မမြင်ရတော့၍ ချိဧကရာဇ်၏ အသိစိတ်အလျဉ် ဤနေရာတွင် မရှိတော့ပေ။

ချိဧကရာဇ်၏အသိစိတ်အလျဉ် မရှိတော့ဘူးဆိုလျှင် မည်သည့်နေရာသို့ ရောက်သွားသနည်း။

နတ်ဘုရားသားတော် ကပျာကယာ နောက်လှည့်ကြည့်ပြီး မည်းမှောင်နေသော မျက်နှာဖြင့် ခန်းမအပြင်သို့ ဝုန်းဒိုင်းကြဲ ထွက်သွားတော့သည်။

“သူခိုး”

သူ့ရင်ထဲတွင် ချင်မူ့ကို နုတ်နုတ်စင်းပစ်လိုစိတ် ပြင်းထန်နေသည်။ အထွတ်အမြတ်ခန်းမအပြင်သို့ပင် သူ မရောက်ခင် အပြင်ကောင်းကင်တွင် တိမ်မည်းတိမ်စိုင်များ အလိပ်လိပ်ထလာပြီ ဖြစ်၏။ လေ၊ မိုး၊ မိုးကြိုးနှင့် လျှပ်စီးတို့လည်း ထကြွသောင်းကျန်းလာသည်။ တိမ်မည်းများမှ မိုးကြိုးများ ပစ်ချနေပြီး လျှပ်ပန်းလျှပ်နွယ်တို့က ဒေါသူပုန်ထနေသော နဂါးတို့ပမာ ကခုန်ပြေးလွှားနေကြသည်။

‘ငါတောင် ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ချောက်နက်ကနေ ထွက်မလာနိုင်ဘူး... သူက ဘယ်လို လွတ်လာတာလဲ”

ချိမင်နတ်ဘုရားသားတော် အတွေးများအပြည့်ဖြင့် လေပေါ်ပျံဝဲလိုက်သည်။ ‘ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က ဘယ်လောက်တောင် သန်မာတာမလို့လဲ... ငါတောင် မခံနိုင်ပေမယ့် သူကတော့ ခံနိုင်တယ်... ဒါ့အပြင် ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က ဒီမှာ ကိန်းဝပ်နေခဲ့တာ နှစ်ပေါင်းငါးသောင်း ရှိခဲ့ပြီ... မျိုးနွယ်ဝင်တစ်ယောက်ကိုမှ အသိအမှတ်ပြုခဲ့တာ မဟုတ်ဘူး... ဘယ်လိုလုပ် သူက ချိဧကရာဇ်ရဲ့ အသိအမှတ်ပြုမှုကို အခုလို ရသွားတာလဲ... ချိဧကရာဇ်က ဘာကြောင့် သူ့ရဲ့အသိစိတ်အလျဉ်ကို ချန်ရစ်ခဲ့တာလဲ... ငါက ဘာလို့ သူ့ရဲ့အသိအမှတ်ပြုမှုကို မရခဲ့တာလဲ’

သူ့မျက်နှာမှာ မည်းလိုက်၊ လင်းလိုက် ဖြစ်နေသည်။ ခန်းမအပြင်ရှိ ကောင်းကင်မှာလည်း ကြည်လင်လိုက်၊ မိုးမှောင်ကျလိုက် ဖြစ်နေ၏။ တစ်ချက်တစ်ချက် မိုင်တစ်သောင်းအကွာအဝေးထိ တိမ်မြူများ ကင်းစင်တတ်ပြီး တစ်ချက်တစ်ချက် လျှပ်စီးများ တဝင်းဝင်း လင်းလက်၍ မိုးထစ်ချုန်းသံများ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထွက်ပေါ်လာတတ်သည်။

ချိမင်နတ်ဘုရားသားတော် ရင်ထဲတွင် လွန်ဆွဲနေရ၏။ ချိဧကရာဇ်၏ အသိစိတ်အလျဉ်သည် ချိဧကရာဇ်ကိုယ်တိုင် ချန်ရစ်ခဲ့ခြင်းဖြစ်သည့်အတွက် အပြင်လူလက်ထဲသို့ မည်သို့မျှ မရောက်နိုင်ပေ။ ဆိုလိုသည်က ချိဧကရာဇ် ချင်မူ့ကို ရွေးချယ်လိုက်ခြင်းလော... သို့မဟုတ် ချိဧကရာဇ်တွင် ထိုသို့လုပ်ရမည့် အကြောင်းရင်းတစ်ခု ရှိနေသည်လော။

‘ပါမောက္ခချုပ်ချင်က ချိမင်ကို ကိုယ်စားမပြုဘူး’

စိတ်ပိုင်းဖြတ်ပြီးသည်နှင့် သူ့ခြေထောက်သည် မြေကြီးပေါ် ပြန်နင်းလိုက်၍ ဤအထွတ်အမြတ်တောင်နှင့် အထွဝ်အမြတ်ခန်းမမှာ အတန်ငယ် တုန်ခါသွားတော့သည်။

...

ထိုစဉ် ချင်မူက ပထမလူသားဧကရာဇ်၏ ဘေး၌ ပထမလူသားဧကရာဇ်၏ အခြေအနေကို စစ်ဆေးနေသည်။ ပထမလူသားဧကရာဇ်မှာ သတိပြန်မရသေးပေ။ သူ့ဦးနှောက်သည် ချိဧကရာဇ်၏ ကြောက်မက်ဖွယ်ရာ အသိစိတ်အလျဉ်ထံမှ ရိုက်ခတ်မှုကို လက်မခံနိုင်ခဲ့၍ သတိလစ်သွားခြင်းဖြစ်၏။

‘ဒါက ဒဏ်ရာမဟုတ်ဘူး... ခဏလောက် အနားယူဖို့ပဲ လိုတာ... ဒါပေမဲ့ ထူးဆန်းတယ်... ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကြောင့် ငါ ဘာလို့ သတိမလစ်ခဲ့တာပါလိမ့်’

ချင်မူ တွေးနေသည့်အချိန်မှာပင် ကောင်းကင် ပြောင်းလဲနေသည်ကို သတိထားမိလိုက်၏။ သူ ထိတ်လန့်သွားပြီး ပထမလူသားဧကရာဇ်၏ ခန္ဓာကိုယ်ကို ဆွဲမလိုက်သည်။ သို့သော် ပထမလူသားဧကရာဇ်မှာ နတ်ဘုရားတစ်ပါး မဟုတ်ပါ၏လော။ နတ်ဘုရားစီရင်ရာစင်မြင့်အဆင့် နတ်ဘုရားတစ်ပါး ဖြစ်ချေရာ သူ့အနေဖြင့် မည်ကဲ့သို့ မ, နိုင်မည်နည်း။

ပြောင်းလဲနေသော ကောင်းကင်ယံရှိ တိမ်တိုက်များနှင့် အလင်းရောင်တို့က ချင်မူ့မျက်နှာအပေါ် ထင်ဟပ်နေ၍ သူ့မျက်နှာမှာ လင်းလိုက်၊ မှောင်လိုက်ဖြစ်နေသည်။ ကောင်းကင်၏ အပြောင်းအလဲသည် ချိမင်နတ်ဘုရားသားတော်၏ ခံစားချက်များ ဖြစ်၏။ ကောင်းကင်ကြည်လင်နေလျှင် သူ့တွင် သတ်ဖြတ်လိုစိတ်မရှိပေ။ မိုးမှောင်ကျလာလျှင် သူ၏သတ်ဖြတ်လိုစိတ်က ပြင်းထန်နေလိမ့်မည်။ ပြောင်းလဲသွားတိုင်း ချိမင်နတ်ဘုရားသားတော်မှာ ချိဧကရာဇ်၏ အသိစိတ်အလျဉ် ငြိမ်းသေသွား၍ ချင်မူ့ကို သတ်ရန်၊ မသတ်ရန် လွန်ဆွဲနေကြောင်း ထင်ရှား၏။

‘ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က ချိမင်ခေတ်ရဲ့ အသက်ရှင်ကျန်သူတွေအတွက် အင်မတန် အရေးပါတယ်... ချိမင်နတ်ဘုရားသား‌တော် အရှုံးအမြတ်ကို ထည့်တွက်ပြီးတာနဲ့ သေချာပေါက် ငါ့ကို သတ်လိမ့်မယ်’

ချင်မူမှာ ပထမလူသားဧကရာဇ်ကို ထပ်မံ ဆွဲမသော်လည်း မ,မနိုင် ဖြစ်နေသည်။ ဤအခိုက်အတန့်၌ ပထမလူသားဧကရာဇ်၏ ညာလက်ခလယ် လှုပ်သွား၍ ချင်မူ ဝမ်းသာသွားသည်။ သို့သော် ပထမလူသားဧကရာဇ်မှာ သတိပြန်လည်မလာသေးပေ။

ဘုန်း

ချိမင်နတ်ဘုရားသားတော်၏ ခြေထောက် မြေပြင်ကို ထိလိုက်၍ တောင်တစ်လုံး တုန်ခါသွား၏။

ချင်မူ တဖြည်းဖြည်း နီးကပ်လာနေသော ခြေသံများကို ကြားလိုက်ရသည်။ သူက ထရပ်ပြီး ပြုံးလိုက်၏။ “နတ်ဘုရားသားတော်က ကျွန်တော်တို့ကို အထွတ်အမြတ်ခန်းမထဲ ဝင်ခွင့်ပေးခဲ့တဲ့အပြင် ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကိုလည်း ထိကြည့်ဖို့ ကမ်းလှမ်းခဲ့တယ်.... ကြည့်ရတာ မကောင်းတဲ့ ရည်ရွယ်ချက်တွေနဲ့ ပထမလူသားဧကရာဇ် မေ့သွားအောင် ကြံစည်ထားခဲ့ပုံပဲ”

ချိမင်နတ်ဘုရားသားတော်၏ အမူအရာက မပြောင်းလဲပေ။ “ငါ့အမှားပါ... မင်းတို့ကို အသိစိတ်အလျဉ်ချောက်နက်ထဲ ကျသွားအောင် လုပ်ပြီး ထာဝရ ပိတ်လှောင်ထားဖို့ ငါ ကြံစည်ခဲ့မိတယ်”

ချင်မူ ရင်ထဲ တင်းကြပ်သွား၏။ ချိမင်နတ်ဘုရားသားတော် ဤသို့ပြောလိုက်ပြီဖြစ်၍ သူ့ကို ဘယ်နည်းနှင့်မျှ  အလွှတ်မပေးဖို့ စိတ်ပိုင်းဖြတ်ထားပြီဟု ဆိုလိုသည်။

ချိမင်နတ်ဘုရားသားတော်သည် အမြော်အမြင်ကြီးမားသော်လည်း အကျင့်တစ်ခုရှိ၏။ သူ့စိတ်ထဲတွင် မကောင်းသောအကြံအစည်တစ်ခု ရှိနေလျှင် လျှို့ဝှက်ချက်တချို့ ထုတ်ပြောတတ်သည်။

သူတို့ အထွတ်အမြတ်ခန်းမထဲ ဝင်ခဲ့တုန်းက သူ မည်ကဲ့သို့ နတ်ဘုရားသားတော် ဖြစ်လာခဲ့သည့်အကြောင်း ပြောပြခဲ့သည်။ ထို့နောက် ပထမလူသားဧကရာဇ် သတိလစ်သွားပြီး ချင်မူမှာ ချိဧကရာဇ်၏ အသိစိတ်အလျဉ် ချောက်နက်ထဲသို့ ကျလုမတတ် ဖြစ်ခဲ့ရသည်။

ယခုတွင်လည်း သူ့အတွေးများကို ထုတ်ပြောနေသည်။ သူ အသတ်ခံရပေတော့မည်။

“ပါမောက္ခချုပ်ချင် ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ပြန်ထုတ်ပေးပါ... အဲဒါဆို ငါ အသက်ချမ်းသာပေးမယ်” ချိမင်နတ်ဘုရားသားတော်က အေးစက်စက်အသံဖြင့် ပြောသည်။

ချင်မူ အနည်းငယ် မှင်သက်သွား၏။ သူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “နတ်ဘုရားသားတော်က အဲဒီလောက် သဘောထားကြီးတယ်လား... အမှန်တိုင်းပြောရရင် ချိဧကရာဇ်ရဲ့ ဦးနှောက်က ဘာလို့ အဲဒီလိုငြိမ်းသွားမှန်း ကျွန်တော်လည်း မသိပါဘူး... ဒါကြောင့် သူ့အသိစိတ်အလျဉ်ကို ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး.... နတ်ဘုရားသားတော် တစ်ခုခုသိထားရင် ရှင်းပြပေးလို့ရမလား”

ချိမင်နတ်ဘုရားသားတော်က လေသံအေးအေးဖြင့် ပြောသည်။ “ချိဧကရာဇ်ရဲ့ ဦးနှောက်က သူ့အသိစိတ်အလျဉ် ထည့်ထားတဲ့ ဖန်ပေါင်းချောင်လိုပဲ... ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ် ထွက်သွားရင် ချိဧကရာဇ်ရဲ့ ဦးနှောက်လည်း မှေးမှိန်သွားတယ်... ဒီအချိန်မှာ ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က မင်းရဲ့ ဦးနှောက်ထဲ ရောက်နေပြီ”

ချင်မူ့စိတ်ထဲတွင် အမှန်တကယ် များစွာသော မြင်ကွင်းများ၊ အသံများ ရှိနေ၏။ သို့သော် ချိဧကရာဇ်၏ အသိစိတ်အလျဉ် မပါပေ။ သူက ပြုံးကာ ပြောလိုက်၏။ “ကျွန်တော့်ဦးနှောက်ထဲမှာ ထူးဆန်းတဲ့ မြင်ကွင်းတွေ၊ အသံတွေ ရှိနေပေမယ့် ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်ကို ဘယ်လိုပြန်ပေးရမလဲဗျ... ဦးနှောက်ကနေ အသိစိတ်အလျဉ်တစ်ခု ထုတ်လို့ရတဲ့ ကောင်းကင်နတ်သိုင်း ကျွန်‌တော် မြင်လည်း မမြင်ဖူးသလို၊ ကြားလည်း မကြားဖူးပါဘူး.... နတ်ဘုရားသားတော် ကျေးဇူးပြုပြီး လမ်းပြပေးပါ”

ချိမင်နတ်ဘုရားသားတော်၏ တင်းမာနေသော မျက်နှာက အပြုံးတစ်ခုကို ဖြစ်ညစ်ပြုံးပြသည်။ “သိပ်ရိုးရှင်းပါတယ်... ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က ဘယ်တော့မှ ငြိမ်းသေမှာမဟုတ်ဘူး... သူ့အသိစိတ်အလျဉ်က သိပ်သန်မာအားကောင်းလွန်းတော့ လက်ခံလိုက်တဲ့လူ ပျက်စီးသွားရင်တောင်မှ အသိစိတ်အလျဉ်က ပျက်စီးမှာမဟုတ်ဘူး.... ဒါကြောင့် အရိုးရှင်းဆုံးနည်းလမ်းက လက်ခံလိုက်တဲ့လူရဲ့ ခေါင်းကို ဖြတ်ပြီး ဦးနှောက်ကို ဖြည်းဖြည်းချင်း ဖျက်စီးတာပဲ... အဲဒီတိုင်းဆို ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ် ထွက်လာလိမ့်မယ်”

သူက အလေးအနက် ဆက်ပြောသည်။ “ထွက်လာတဲ့ အသိစိတ်အလျဉ်ကို ယူပြီး ချိဧကရာဇ်ရဲ့ ဦးနှောက်ထဲ ပြန်ထည့်လိုက်မယ်... ပါမောက္ခချုပ် ဘယ်လိုနည်းလမ်းနဲ့ မြေမြှုပ်ခံချင်လဲ တွေးထားပြီးပြီလား... တော်ဝင်သွေးတွေ၊ အထက်တန်းလွှာတွေ အသုဘချသလို ငါ မင်းရဲ့ အသုဘကို ခမ်းခမ်းနားနား ကျင်းပပေးနိုင်ပါတယ်... အကောင်းဆုံး ကောင်းကင်သတ္ထုနဲ့လည်း မင်းအတွက် ခေါင်းတစ်ခေါင်း သွန်းလုပ်ပေးနိုင်တယ်... ခေါင်းက အစစ်နဲ့မခြား အသက်ဝင်စေရမယ်လို့ ငါ ကတိပေးတယ်”

ချင်မူ၏မျက်နှာ ဖြူလျော့သွားသည်။ သူက တစ်လှမ်းချင်း နောက်ဆုတ်သွားပြီး ဖြစ်ညစ်ပြုံးလျက် ပြောလိုက်သည်။ “နတ်ဘုရားသားတော် နောက်နေတာပါ ဟုတ်တယ်မလား... ကျွန်‌တော့်ဦးနှောက်မှာ ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ် ရှိနေမယ် မထင်ပါဘူး... ရှိနေရင် ကျွန်တော်က ချိဧကရာဇ် ဖြစ်လာမှာပေါ့... နတ်ဘုရားသားတော်၊ စိတ်မလောပါနဲ့... သေချာတွေးကြည့်ပါ...”

ချိမင်နတ်ဘုရားသားတော်၏ ခရမ်းရောင်ဝတ်ရုံက ဖြည်းဖြည်းချင်း မြောက်တက်လာပြီး သူက တင်းမာခက်ထန်စွာ ပြော၏။ “ဒါက ငါ တွေးမိတဲ့ အကောင်းဆုံးနည်းလမ်းပဲ... ပါမောက္ခချုပ်ချင် မင်း ထွက်ပြေးနိုင်တယ်... ကြိုက်သလောက် ပြေးလို့ရတယ်... ဒါပေမဲ့ ဒီရွှမ်ခုံးကမ္ဘာကနေ လွတ်မယ်ထင်လား.... ဒီတိုင်း ငြိမ်ငြိမ်လေး ရပ်ပြီး ငါ ခေါင်းဖြတ်တာ ခံလိုက်ပါလား.. ဒါမှ ငါလည်း တကယ်ရှိရှိ၊ မရှိရှိ စစ်ဆေးလို့ရမှာပေါ့”

ချင်မူ ချာခနဲ လှည့်ပြီး တောင်အောက်သို့ ရွှီးခနဲ ပြေးဆင်းသွားတော့သည်။

ချိမင်နတ်ဘုရားသားတော်၏ အမူအရာ အေးစက်တင်းမာသွားသည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး သူက သက်ပြင်းချလိုက်၏။ “ဒီလိုထူးချွန်တဲ့ လူတစ်ယောက် ဘာကြောင့် အခုလို ငတုံးတစ်ယောက်လို ဆုံးဖြတ်လိုက်တာပါလိမ့်... မသေခင် အားလုံး ရူးကြောင်ကြောင် လုပ်တတ်တယ် ထင်တယ်”

သူ၏တတိယမျက်လုံး၌ ကောင်းကင်အလင်းတန်း စုဝေးလာပြီး ပစ်လွှတ်လိုက်သည်။ ဤအလင်းတန်း ထွက်လာသည့်အချိန်တွင် ပထမလူသားဧကရာဇ်က ခုန်ထကာ ကျောက်စိမ်းလင်းရောင်ဓားဖြင့် ချိမင်နတ်ဘုရားသားတော်၏ တတိယမျက်လုံးဆီသို့ ထိုးစိုက်လိုက်၏။

ချိမင်နတ်ဘုရားသားတော် အသည်းခိုက်မတတ် နာကျင်သွားပြီး မျက်ခုံးနှစ်ဖက်ကြားမှ သွေးများကျလာသည်။ ရုတ်တရက် သူ့လည်ပင်းမှ ခေါင်းနှစ်ခေါင်း ထွက်လာပြီး ချိုင်းအောက်၌လည်း လက်လေးဖက် ပေါ်လာ၏။ သူက ခေါင်းသုံးလုံးလက်ခြောက်ဖက်အသွင်ဖြင့် ပထမလူသားဧကရာဇ်ဆီသို့ ပြေးဝင်သွားသည်။

ပထမလူသားဧကရာဇ်က မရှောင်ပေ။ တတိယမျက်လုံးကို ထိုးစိုက်ပြီးသည်နှင့် တမုဟုတ်ချင်း ဓားကို လွှတ်ကာ လက်နှစ်ဖက်ကို ကြက်ခြေခတ် ထားလိုက်၏။ ကောင်းကင်မြေပြင်မုဒြာ စွမ်းအား တရှိန်ထိုး ထွက်ပေါ်လာပြီး ချိမင်နတ်ဘုရားသားတော်၏ သိုင်းကွက်ကို ပြောင်းပြန်လှန်လိုက်သည်။ သိုင်းကွက်သည် ချိမင်နတ်ဘုရားသားတော်အပေါ် ပြန်လည်ကျရောက်သွား၏။

ကောင်းကင်ဘုံကို မှောက်ခုံလှန်သည့် လက်ကွက်သုံးကွက်၊ ပထမလက်ကွက်။

ပြိုကျလာသော ကောင်းကင်၊ ပျောက်ကွယ်သွားသော မြေပြင်။

မုဒြာသိုင်း၏ စွမ်းအားအပြည့်သည် ချိမင်နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်ကို ထိမှန်သွား၏။

သူတို့နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် တစ်ပြိုင်တည်းနီးပါး ဝင်တိုက်မိလိုက်ကြ၍ ပထမလူသားဧကရာဇ်၏ ခန္ဓာကိုယ်မှ အရိုးကျိုးသံများ ထွက်လာသည်။ နံရိုးများက ကျောနောက်ကို‌ ဖောက်ထွက်သွားသည်။ သူ့မျက်နှာမှာလည်း ဝင်တိုက်မှုကြောင့် ရွဲ့စောင်းသွား၏။ မေးစေ့လည်း ကွဲသွားပြီး တောင်အောက် ပြေးဆင်းနေသော ချင်မူ့ထက် လျင်မြန်စွာ လွင့်ထွက်သွားသည်။ သူ့မှာ ချင်မူ့အရှေ့ရှိ မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်လာ၍ ကျင်းကြီးဖြစ်သွားသည်။

‌ဘေးရှိ နန်းဆောင်များလည်း ကျင်းထဲ ပြိုကျကုန်ကြသည်။

အထွတ်အမြတ်တောင်ထိပ်ပေါ်တွင် ချိမင်နတ်ဘုရားသားတော်၏ ခန္ဓာကိုယ်သည် ထူးဆန်းစွာ လိမ်ဖယ်နေ၏။ သူ့ခါးက ခါးလယ်၌ ခေါက်သွားသော စက္ကူစသဖွယ် ကွေးသွားပြီး ခေါင်းသုံးချောင်းအနက် အလယ်ခေါင်းမှာ ဂျွတ်ခနဲ နောက်လန်သွား၏။

ဘုန်း

သူ့ခန္ဓာကိုယ်က အထွတ်အမြတ်ခန်းမအား ဝင်ဆောင့်လိုက်၍ ကမ္ဘာမြေတုန်ဟုန်းသွားစေသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ နံရံမှာ ပေါက်ကွဲသွားပြီး ကျောက်တုံးကျောက်ခဲများ အဘက်ဘက်သို့ ပျံ့လွင့်ကုန်၏။ ချိမင်နတ်ဘုရားသားတော်မှာ နံရံဖြတ်ကာ ဆက်လက်လွင့်ထွက်သွား၏။

ချင်မူ့ခြေထောက်အောက်ရှိ မြေကြီးများမှာ ကျင်းကြီးထဲသို့ ပြိုကျနေသည်။ လူငယ်လေးက ဟိုဟိုသည်သည် ခုန်၍ ပြိုကျနေသော ကျောက်လှေကားထစ်များအပေါ် နင်းကာ ကျင်းအောက်သို့ လျင်မြန်စွာ ဆင်းသွား၏။

ပထမလူသားဧကရာဇ်မှာ ခြေကားရား၊ လက်ကားရား လဲနေချေသည်။ ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူ့မျက်နှာကြွက်သားများ တဆတ်ဆတ် လှုပ်နေ၏။ “သူ့အစွမ်းအစတွေက ငါ့ထက်သာတယ်... သူ့သိုင်းအဆင့်က ငါ့ထက်မြင့်တယ်... ခေါင်းသုံးလုံးလည်း ရှိသေးတယ်.... ငါ သူ့ခေါင်းတစ်လုံးကိုပဲ ဖျက်စီးနိုင်ခဲ့တာ... မင်း မြန်မြန် သွားတော့”

“ဘယ်သွားရမှာလဲ”

ချင်မူက ခေါင်းယမ်းလိုက်၏။ “ချိမင်ခေတ်ရဲ့ ကျင့်စဉ်က ရုပ်ခန္ဓာဖန်ဆင်းပညာကို အထူးပြုတယ်... ခေါင်းနှစ်လုံးနဲ့ လက်လေးဖက် ပေါက်နိုင်ရင် သူတို့ရဲ့ ကျိုးနေတဲ့ အရိုးတွေကလည်း အားစိုက်ထုတ်စရာမလိုဘဲ ပြန်ထွက်လာနိုင်တယ်... သူတို့ကျင့်စဉ်ကို ကျင့်လိုက်ရင် ခင်ဗျားနံရိုးတွေလည်း ပြန်ထွက်လာလိမ့်မယ်... ကြည့်၊ ဒါက ဖန်ဆင်းကောင်းကင်စက်ကွင်းကို လေ့လာထားတဲ့ အကျိုးကျေးဇူးပဲ... ဆူပုပ်နေပြန်ပြီ.... ခင်‌ဗျား ဘာမှမပြောပေမယ့် ကျွန်တော် မုဒြာသိုင်းမကျင့်လို့ မကြည်နေတာ မဟုတ်လား”

ပထမလူသားဧကရာဇ် ဒေါသထွက်လာသော်လည်း မလှုပ်နိုင်ပေ။ “ဒီလို‌သေရေးရှင်ရေး အခြေအနေမှာတောင် ပေါက်ကရတွေ လျှောက်ပြောနိုင်သေးတယ်... ပြေး၊ မြန်မြန် ပြေးတော့”

ချင်မူက ပြုံးလျက် ပြောလိုက်၏။ “ရွှမ်ခုံးကမ္ဘာကမှ မထွက်သွားနိုင်တာ ဘယ်ပြေးရမှာလဲ”

သူ့မှာ ပထမလူသားဧကရာဇ်ကို အမှန်တကယ် မ,မနိုင်၍ လက်လျှော့လိုက်ရသည်။ သူက နတ်ဘုရားစီရင်ရာဓားမ ဘူးလေးကို ထုတ်၍ ကျစ်ကျစ်ပါအောင် ဆုပ်ကာ အထွတ်အမြတ်တောင်ထိပ်ဆီသို့ မော့ကြည့်နေသည်။

ရွှစ်

အလင်းတန်းတစ်တန်းနှင့်အတူ ချိမင်နတ်ဘုရားသားတော်က ခန်းမအရှေ့သို့ ပြန်ရောက်လာ၏။ သူ၏အလယ်‌ခေါင်းမှာ နောက်လှန်ပြီး သွေးအန်နေဆဲ ဖြစ်သည်။ ၎င်းမှ ကြေမွနေသောအရိုးစများကိုလည်း ထွေးထုတ်လိုက်၏။ အရိုးစတို့က ကျိုးသွားသည့် လည်ပင်ချောင်းရိုးမှ အစများ ဖြစ်လိမ့်မည်။

အရိုးစများကို ထွေးထုတ်ပြီးနောက် အလယ်လည်ပင်းသည် တဖြည်းဖြည်း ပြန်ထောင်လာပြီး ခေါင်းလည်း ပြန်မတ်လာ၏။ သူ့လည်ပင်းပေါ်ရှိ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားချေပြီ။

ချင်မူ ကောင်းကင်ဖန်ဆင်းစက်ကွင်းကို စိတ်ဝင်စားခဲ့သည့် အကြောင်းရင်းမှာ ပြိုင်ဘက်ကင်းသော ဖန်ဆင်းစွမ်းအားကြောင့်အပြင် ရုပ်ခန္ဓာဖန်ဆင်းပညာအတွက် အားသာချက်ကိုလည်း တွေ့ခဲ့၍ ဖြစ်သည်။

ချိမင်နတ်ဘုရားသားတော်က အရိုးစုများကို ဒဏ်ရာများမှ ညှစ်ထုတ်နေသည်။ ပထမလူသားဧကရာဇ်က သူ့ကို အငိုက်ဖမ်း တိုက်ခိုက်နိုင်ခဲ့သည့်အတွက် သူ့ဒဏ်ရာများလည်း လွန်စွာပြင်းထန်၏။ သိုင်းအဆင့် ကွာခြား၍သာမဟုတ်လျှင် ပထမလူသားဧကရာဇ်ကြောင့် အသက်ဆုံးရှုံးရနိုင်သည်။

သူ၏မူလဝိညာဉ်နှင့်၊ ကောင်းကင်ရတနာများအပေါ်ရှိ ဒဏ်ရာများက ပြင်းထန်နေသော်လည်း ပထမလူသားဧကရာဇ်ကိုတော့ သူ နိုင်ခဲ့၏။

“မင့်လက်ထဲက နတ်ဘုရားစီရင်ရာဓားမက ငါ့လို ကျောက်စိမ်းမြို့တော်အဆင့် နတ်ဘုရားတစ်ပါးအတွက် ကြောက်စရာမဟုတ်ဘူး”

ချင်မူ အလျင်အမြန် လှည့်လိုက်သော်လည်း မည်မျှမြန်မြန် လှည့်ပါစေ သူ့မှာ နတ်ဘုရားသားတော်ကို ကျောပေးလျက်သာ ရှိနေ၏။

နတ်ဘုရားစီရင်ရာဓားမကို ချိမင်နတ်ဘုရားသားတော်ဆီ ချိန်မရပေ။

ချင်မူ့နဖူးမှ ချွေးများကျလာသည်။ နတ်ဘုရားစီရင်ရာဓားမက သူ အားအကိုးဆုံးဖြစ်ပါသော်လည်း ယခုတွင် သုံးစားမရတော့ပေ။

ချိမင်နတ်ဘုရားသားတော်က နတ်ဘုရားစီရင်ရာဓားမကို ရင်ဆိုင်ရန် အရိုးရှင်းဆုံးနည်းလမ်းကို အသုံးပြုနေသည်။

ဤအချိန်တွင် ရွှမ်ခုံးကမ္ဘာ၏ နတ်ဘုရားများစွာ ပျံသန်းလာကြသည်။ ဤမြင်ကွင်းကို မြင်လျှင် အားလုံး တွန့်ဆုတ်သွားကြပြီး ရှေ့တိုးမလာရဲတော့ပေ။

ရုတ်တရက် ချင်မူက နတ်ဘုရားစီရင်ရာဓားမကို ပစ်ချလိုက်သည်။ သူက မျက်ခုံးနှစ်ဖက်ကြားသို့ ဖိပြီး‌ အော်ဟစ်လိုက်၏။ “ချင်ဖုန်းကျင့် ထွက်လာခဲ့”

မျက်ခုံးနှစ်ဖက်ကြားမှ မည်သို့မျှ မတုံ့ပြန်ပေ။ လက်ချောင်းဖြင့် ဖိလိုက်၍ မျက်လုံးသာ နာသွား၏။

ချင်မူ‌ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ချိတ်ဖွင့်”

မျက်ခုံးနှစ်ဖက်ကြားမှ မတုံ့ပြန်သေးပေ။

“ဟေ့ကောင် ချင်ဖုန်းကျင့်”

မတုံ့ပြန်သေး။

ချင်မူ မျက်တောင်ပုတ်ခတ်ပြီး အော်ဟစ်လိုက်၏။ “မင်းကို မလိုတုန်းကတော့ ထွက်လာပြီး ပြဿနာရှာတယ်... အခု လိုအပ်တဲ့အချိန်ကျ ငါ့ကို ဂရုမစိုက်တော့ဘူး... သုံးစားမရတဲ့ကောင်”

သူ၏တတိယမျက်လုံးထဲတွင်

ချင်စာလုံးမြေပြင်၌ မျက်လုံးသုံးလုံး ကလေးကြီးချင်ဖုန်းကျင့်မှာ လည်ပင်းမှ ခေါင်းတစ်လုံးပေါက်လာသဖြင့် အံ့အားသင့်နေ၏။ ဤခေါင်းက ချင်မူ ငယ်ငယ်တုန်းက ရုပ်နှင့် လုံးဝမတူသော ခေါင်းတစ်ခေါင်းပင်။

ခေါင်းသည် ချိဧကရာဇ်၏ ခေါင်းဖြစ်၏။

ကလေးကြီးက မတ်တပ်ထရပ်လိုက်၍ သူ့တင်ပါးအောက်၌ ပိနေသော ဝတ်ရုံအဖြူနှင့်အဘိုးအိုမှာ အသက်ရှူချောင်သွားသည်။ သူက လွတ်သွားသည်နှင့် ကပျာကယာ ထွက်ပြေးသွားလေသည်။

ချင်ဖုန်းကျင့်က လက်သီးဖောင်းဖောင်းကြီးကို မြှောက်ပြီး လည်ပင်းမှ ထွက်လာသည့် ခေါင်းကို ဆက်တိုက် ထုနေသည်။

ဘန်း ဘန်း ဘန်း ဘန်း

တရစပ် ထုပြီးနောက် ထူးခြားသောအသွင်ရှိသော သက်လတ်ပိုင်းဧကရာဇ်တစ်ဦး သူ့ခန္ဓာကိုယ်ထဲမှ ရိုက်ထုတ်ခံလိုက်၏။ ဧကရာဇ်ခမျာ တစ်မျက်နှာလုံး ဖူးယောင်နေပြီး မြေကြီးပေါ်တွင် တုံးလုံးပက်လက် ဖြစ်နေသည်။ သူ့မှာ ဒေါသလည်းထွက်၊ အံ့လည်း အံဩနေပုံရသည်။ သူက ပြန်တိုက်ခိုက်ရန် ငေါက်ခနဲ ပြန်ထလိုက်သော်လည်း အခြေအနေကို မြင်လျှင် ကျောက်ရုပ်သဖွယ် မှင်သက်သွား၏။ ထို့နောက် အလန့်တကြား ထခုန်တော့သည်။

“ကောင်းကင်နယ်စားမင်း၊ ဗြဟ္မနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ အစီအရင်တောင် ရှိနေပါလားဟ... ဒါ ဘယ်နေရာတုန်း ... ငါ ဘာလို ဒီနေရာရောက်‌နေတာလဲ”

၎

င

၎

၎

All Chapters