← Chapters

အပြင်ရောက်သွားသော မိစ္ဆာနတ်ဆိုးဘုရင်

Vol. 49 Ch. 658

အပြင်ရောက်သွားသော မိစ္ဆာနတ်ဆိုးဘုရင်

Vol. 49 Ch. 658

သက်လတ်ပိုင်းဧကရာဇ် အခြေအနေကို အကဲခတ်နေသည့်အချိန် ကလေးကြီးက သူ့ကို လှမ်းဆွဲသည်။ သူ့မှာ ရုန်းသော်လည်း ရုန်းမရ၍ သရော်တော်တော် ပြောလိုက်သည်။ “ငါက အသိစိတ်အလျဉ်လေးပဲ မင်း ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ”

ဗြိ

ကလေးကြီးက သူ့ခန္ဓာကိုယ်ကို နှစ်ခြမ်းဆွဲဖြဲပြီး ကိုက်စားလိုက်သည်။

“အရသာကလည်း ဖွယ်ဖွယ်ကြီး... လူသားအရသာလည်း မဟုတ်၊ သရဲအရသာလည်း မဟုတ်... ဘာကြီးတုန်းကွ”

ချိဧကရာဇ်၏ ခေါင်းက ကလေးကြီး၏လည်ပင်းမှ တဖြည်းဖြည်း ထွက်လာပြန်သည်။ ကလေးကြီး ဒေါသထွက်သွားပြီး တဘုန်းဘုန်း ထုသည်။ ချိဧကရာဇ်မှာ သူ့ကိုယ်ထဲမှ ရိုက်ထုတ်ခံလိုက်ရပြန်၏။

ချိဧကရာဇ် ကုန်းရုန်းပြန်ထပြီး အော်ဟစ်လိုက်သည်။ “ငါက အသိစိတ်အလျဉ်ပါလို့ မင်းကို ပြောသားပဲ... ချိဧကရာဇ်အစစ် မဟုတ်ဘူး.... မင်း ငါ့ကို စားလို့မရ...”

ဖြန်း

ကလေးကြီးက သူ့ကို ယင်ကောင်သဖွယ် ရိုက်ချလိုက်၍ တောင်များ လှုပ်ခါသွားသည်။ ကလေးကြီး လက်ပြန်မြောက်လိုက်သည့်အခါ ချိဧကရာဇ်မှာ ဧရာမလက်ဝါးရာကြီး၏အလယ်၌ ကားရားကြီး ဖြစ်နေ၏။ အဝေးရှိ ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားမှာ သူ့ကို သတိပေးချင်သော်လည်း ကလေးကြီး သူ့ဘက် မြားဦး လှည့်လာမည်စိုး၍ အသံကျယ်ကျယ် မပြောရဲပေ။ “ချိဧကရာဇ်... သူနဲ့ ရန်ဖြစ်မနေနဲ့... ကစားလို့ဝရင် ရပ်သွားလိမ့်မယ်”

ချိဧကရာဇ်က သူ့သတိပေးသံကို မကြား။ ပြန်ကုန်းထကာ ဒေါသတကြီး အော်ဟစ်၏။ “ငါ ဘယ်သူလဲ မင်း သိလား... မင်း — “

ဖြန်း

ချိဧကရာဇ်မှာ ရိုက်ချခံလိုက်ရပြီး လက်ဝါးရာကြီးက ပိုနစ်သွားသည်။ သူက ကုန်းရုန်းထ၍ ပြောသည်။ “ငါ —“

ဖြန်း ဖြန်း ဖြန်း

ကလေးကြီးက ထပ်ခါတလဲလဲ ရိုက်နေသည်။ ကောင်းကင်နယ်စားမင်းပင် ကြောက်လွန်း၍ ရင်တဒိန်းဒိန်း ခုန်နေ၏။ အတန်ကြာသော် ချစ်စရာကောင်းသော ကလေးကြီးက ချိဧကရာဇ်ကို စိတ်မဝင်စားတော့ပေ။

ကောင်းကင်နယ်စားမင်းမှာ ကလေးကြီး သတိမထားမိအောင် ဂရုတစိုက် သွားပြီး ချိဧကရာဇ်ကို ဆွဲထုတ်ပေးလိုက်သည်။ သူက ခပ်တိုးတိုး ကပ်ပြောလိုက်၏။ “ဒီမြေပေါ်မှာ သူ့ကို မတိုက်ခိုက်နဲ့... ခင်ဗျားပဲ အရိုက်ခံရလိမ့်မယ်... ကျုပ်တစ်ယောက်တည်းဆို မြေအောက်ဘုံအရှင်သခင်ရဲ့ အတားအဆီးအစီအရင်နဲ့ ဗြဟ္မဗုဒ္ဓရဲ့ ဖိနှိပ်မှုကနေ ရုန်းမထွက်နိုင်ပေမယ့် ခင်ဗျားနဲ့ဆို ကျုပ် ယုံကြည်ချက် ရှိလာပြီ... အတူတူ လှုပ်ရှားကြစို့... အသံမထွက်နဲ့... ဒီနတ်ဆိုးပေါက်လေး သိသွားမယ်”

ချိဧကရာဇ်က ပြောသည်။ “ကျုပ်က ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်လေးပါ... အစွမ်းအစ သိပ်မရှိတာကြောင့် မြေအောက်ဘုံအရှင်သခင်ရဲ့ အတားအဆီးအစီအရင်နဲ့ ဗြဟ္မဗုဒ္ဓရဲ့ ဖိနှိပ်မှုကနေ ရုန်းမထွက်နိုင်မှာ စိုးမိပါတယ်”

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက ပြောလိုက်၏။ “မြေအောက်ဘုံအရှင်သခင်ရဲ့ အတားအဆီးအစီအရင် တစ်ခုတည်းသာဆို ကျုပ်ကို မချုပ်ထားနိုင်ဘူး... ပြဿနာက ဒီဗြဟ္မဗုဒ္ဓ... ဒီဗုဒ္ဓအိုကြီးက ကျုပ်ကို အမြဲတလေးတစား ဆက်ဆံပြီး တာအိုနောင်တော်လို့ ခေါ်တတ်ပေမယ့် အခု ကျုပ် ဘယ်လောက်ခေါ်ခေါ် အဖက်မလုပ်ဘူး... ကြည့်ရတာ အိပ်မက်တွေထဲ လျှောက်သွားနေတာ ဖြစ်လောက်တယ်.... ဒီဗုဒ္ဓက အိပ်မက်ကနေ ဖွဲ့တည်လာတဲ့ အသိစိတ်အလျဉ်တစ်ခုပဲ... ခင်ဗျား သူ့ကို တိုက်ခိုက်ရင် ကျုပ် မြေအောက်ဘုံအရှင်သခင်ရဲ့ အတားအဆီးအစီအရင်ကို ဖြေရှင်းနိုင်လိမ့်မယ်... အပေါက်အကြီးကြီး ဖောက်ဖို့ မလိုပါဘူး... နည်းနည်းလေးလောက် ဟ,သွားရင်ကို ကျုပ်တို့ ထွက်ပြေးဖို့ လုံလောက်တယ်”

ချိဧကရာဇ်၏ မျက်လုံးများ အရောင်လက်သွားပြီး သူက ဦးညွှတ်လိုက်သည်။ “တာအိုနောင်တော်ကို အားကိုး —“

“ရှူး.... အဲဒီနတ်ဆိုးလေး မသိစေနဲ့”

သူတို့နှစ်ယောက်လုံး ကလေးကြီးချင်ဖုန်းကျင့်ဆီ လှမ်းကြည့်လိုက်ကြသည်။ ချစ်စဖွယ်အသွင်အပြင်ဖြင့် ဆင်တစ်ကောင်လို သန်မာလှသော ကလေးကြီးသည် ချင်မြေပြင်ထက်၌ လေးဖက်ထောက်သွားနေပြီး ဤအစီအရင်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေ၏။ သို့သော် သူမည်မျှ ကြိုးစားစေကာမူ တောင်တန်းများက ပြောင်းလဲလာတတ်ပြီး သူ့ကို ဟန့်တားတတ်သည်။

“အခု” ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက အော်ဟစ်လိုက်၏။

ချိဧကရာဇ်က ကောင်းကင်ယံရှိ ဗုဒ္ဓဆီသို့ တမုဟုတ်ချင်း ပျံတက်သွားသည်။ ထို့နောက် ခန္ဓာကိုယ်ကို လှုပ်ခါကာ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင် ပြောင်းလဲလိုက်သည်။ ချင်စာလုံးအစီအရင်ထက်ရှိ ဗုဒ္ဓသည် တမုဟုတ်ချင်း အရောင်အဝါများ တောက်ပကွန့်မြူးလာပြီး ဗုဒ္ဓတရားသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ တခဏကြာသော် သက္ကတစာလုံးများက ဗုဒ္ဓ၏ပတ်ပတ်လည်ကို ဝန်းရံကာ ချိဧကရာဇ်ဆီသို့ ဖိနှိပ်သည်။

“တာအိုနောင်တော်ဗြဟ္မ၊ ကိုယ်တော်ရဲ့ နေဝသည နာသညာယတနစျာန်က ကျုပ်ရဲ့ မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို မယှဉ်နိုင်ပါဘူး”

အသိစိတ်အလျဉ်နှစ်ခု ဝင်တိုက်သွားသည်။ ကောင်းကင်နယ်စားမင်းက ဖိအားလျော့ကျသွားသည်ကို ခံစားလိုက်ရသည်နှင့် မြေအောက်ဘုံအရှင်သခင်၏ အတားအဆီးအစီအရင်ကို စတင်ချိုးဖျက်တော့သည်။ ကောင်းကင်နယ်စားမင်းသည် အဆုံးမဲ့သောစွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်၍ ခြေတစ်ဖက်မြှောက်ကာ ဆောင့်နင်းလိုက်၏။ ချင်မြေပြင်မှာ ရုတ်တရက် အလုပ်မတော့ပေ။ ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက ဤအခြေအနေကို အခွင့်အကောင်းယူကာ လက်နှစ်ဖက်လုံး မြှောက်ပြီး ကောင်းကင်ကို တွန်းဖယ်လိုက်သည်။ မျက်လုံးပွင့်သွားသကဲ့သို့ ကောင်းကင်ယံတွင် ဒေါင်လိုက်အကွဲကြောင်းတစ်ကြောင်း ပေါ်လာ၏။

“ချိဧကရာဇ်၊ ဗြဟ္မနဲ့ တိုက်ခိုက်မနေနဲ့တော့ ... ထွက်ပြေးကြစို့” ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက လှမ်းအော်လိုက်သည်။

ချိဧကရာဇ်မှာ အံ့ဩဝမ်းသာသွား၏။ တခဏအတွင်း ဧကရာဇ်နှင့် ကောင်းကင်နယ်စားမင်းသည် ကောင်းကင်ယံသို့ ပျံတက်သွားချေပြီ။ သူတို့က အလင်းတန်းများအသွင်ဖြင့် ထိုအကွဲကြောင်းဆီသို့ ဦးတည်နေ၏။ ထိုအခိုက်အတန့်တွင် ကလေးကြီးချင်ဖုန်းကျင့်၏ မျက်လုံးသုံးလုံးက အရောင်လက်သွားပြီး သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ထွန်းလာသည်။

ချိဧကရာဇ်နှင့် ကောင်းကင်နတ်စားမင်း အပြင်သို့ ထွက်နိုင်တော့မည့်အချိန် လက်ဝါးဖောင်းဖောင်းကြီးနှစ်ဖက်က အလင်းတန်းနှစ်တန်းကို လှမ်းဆွဲပြီး မြေပြင်ပေါ်သို့ ရိုက်ချလိုက်၏။

ချိဧကရာဇ်နှင့် ကောင်းကင်နယ်စားမင်းမှာ ရိုက်ချခံလိုက်၍ မူးဝေသွားပြီးနောက်တွင် ကောင်းကင်ယံသို့ အလျင်အမြန် မော့ကြည့်လိုက်ကြသည်။ သူတို့ ဆဲလိုက်မိကြ၏။ ကလေးကြီးက ကောင်းကင်ရှိ အကွဲကြောင်းဆီ ရောက်သွားပြီဖြစ်ပြီး သူ၏ကိုယ်အပေါ်ပိုင်းပင် အတားအဆီးအစီအရင်၏အပြင်သို့ ရောက်နေချေပြီ။ သူ၏ပုပုတိုတိုခြေထောက်များက ယက်ကန်ယက်ကန်ဖြင့် ရုန်းထွက်နေသည်။

ရုတ်တရက် ကလေးကြီး၏ ညာခြေထောက်က အကွဲကြောင်း ကျယ်လာအောင် တွန်းထုတ်လိုက်သည်။ ထို့နောက် သူက အတင်းအကြပ် တိုးထွက်သွားတော့သည်။

ကောင်းကင်ယံရှိ အကွဲကြောင်းက တဖြည်းဖြည်း ပြန်ပိတ်လာ၏။ ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်၍ အကွဲကြောင်းမပိတ်ခင် ထွက်နိုင်အောင် ကမန်းကတန်း ပျံတက်လိုက်ကြသည်။

အကွဲကြောင်းသည် တစတစ ကျဉ်းလာပြီး ပိတ်သွားတော့မည့်အချိန် အပြင်မှ လာနေသော ကလေးအသံတစ်သံ ကြားလိုက်ရ၏။ “ငါ့ညီလေးကို ဖမ်းလိုက်”

ရုတ်တရက် လူငယ်တစ်ယောက် အကွဲကြောင်းထဲမှ ခြေကားရားလက်ကားရားဖြင့် ပြုတ်ကျလာသည်။

ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်က သူ့ကို အဖက်မလုပ်ပေ။ သူတို့ အကွဲကြောင်းအပြင် ထွက်နိုင်တော့မည့်အချိန် ရွှေရောင်မိုးမခသစ်ရွက်ကြီးတစ်ရွက်က အပြင်မှ ကျဆင်းလာပြီး ကောင်းကင်တစ်ပြင်လုံးအား ဖုံးလွှမ်းသွား၏။

ဗုဒ္ဓသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဗုဒ္ဓရောင်ခြည်တန်းများ ဖြာထွက်လာသည်။ မြေအောက်ဘုံအရှင်သခင်၏ အတားအဆီးအစီအရင်နှင့် ဗြဟ္မဗုဒ္ဓ၏ ဖိနှိပ်မှုသည် တစ်သားတည်း ပေါင်းစည်းသွားကာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ခိုင်မာလာ၏။ ကောင်းကင်အား နောက်တစ်ကြိမ် စုတ်ဖြဲမရတော့ပေ။

ချိဧကရာဇ်က ဗုဒ္ဓဆီသို့ အသည်းအသန် ပြေးကာ အော်လိုက်သည်။ “တာအို‌နောင်တော်၊ ကျုပ် ဗုဒ္ဓအိုကြီးကို ရင်ဆိုင်လိုက်တယ်... နောင်တော်က အစီအရင်ကို ချိုးဖျက်လိုက်”

ကောင်းကင်နယ်စားမင်းက ခေါင်းယမ်း၏။ သူ့ကြည့်ရသည်မှာ ချုံးချုံးကျကာ ပြိုလဲနေပုံရသည်။ “မရဘူး... မဖြစ်နိုင်တော့ဘူး... ဒီမိုးမခသစ်ရွက် သူ့မျက်လုံးကို ဖုံးလိုက်တာနဲ့ အစီအရင်နဲ့ ဖိနှိပ်မှုက တစ်သားတည်း ဖြစ်သွားတယ်... မိုးမခသစ်ရွက်ကို ဖယ်လိုက်ရင် အခွင့်အရေးရှိသေးပေမယ့်... ဖုံးထားရင် ဘယ်လိုမှ ထွက်လို့မရတော့ဘူး”

ချိဧကရာဇ် စိတ်ပျက်လက်မှိုင်ကျသွားသည်။ နှစ်ယောက်သား မြေပြင်ပေါ် ဆင်း၍ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သက်ပြင်းချကြသည်။

“စောစောက ကောင်းကင်ကနေ လူတစ်ယောက် ပြုတ်ကျလာသလားလို့” ချိဧကရာဇ်က ရုတ်တရက် ထပြောသည်။

ကောင်းကင်နယ်စားမင်းမှာ ချင်ဖုန်းကျင့် ‘ငါ့ညီလေးကို ဖမ်းလိုက်’ ဟု အော်သွားခဲ့သည်ကို ပြန်သတိရလိုက်ပြီး ခံစားချက်မကောင်းတော့ပေ။ “အဲဒီလူက မဟုတ်မှ —“

“ဆရာကြီး၊ ဒါက ဘယ်နေရာလဲဗျ” ဒေါင်ကောင်းကောင်း၊ ခပ်တောင့်တောင့် လူငယ်တစ်ယောက်က ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် သူတို့ဆီ ချဉ်းကပ်လာသည်။

လူငယ်တွင် နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိပြီး အလွန်ချောမော၏။ နဖူးပေါ်၌မူ ဒေါင်လိုက်မျက်လုံးတစ်လုံး ရှိနေသည်။

“မကောင်းတော့ဘူး”

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားမှာ လူငယ်ကို အကဲခတ်ရင်း သက်ပြင်းမချမိဘဲ မနေတော့ပေ။ “မူလကိုယ်ကို အတားအဆီးအစီအရင်ထဲ ပစ်ချပြီး ဟိုနတ်ဆိုးလေး ချင်ဖုန်းကျင့် လွတ်သွားပြီ... မကောင်းတော့ဘူး... မကောင်းတော့ဘူး”

ချင်မူသည် ရည်မွန်ပြီး ယဉ်ကျေး၏။ သူက ရိုရိုကျိုးကျိုး နှုတ်ဆက်လိုက်သည်။ “ဆရာကြီးတို့ကို ဘယ်လိုခေါ်ရမလဲ သိခွင့်ရမလားခင်ဗျာ... ဒီနေရာက ဘယ်နေရာလဲ ပြောပြလို့လည်း ရမလားဗျ”

“ဒီနေရာက မင်းရဲ့အစ်ကိုကြီး ချုပ်ခံထားရတဲ့နေရာပဲ... မြေအောက်ဘုံအရှင်သခင် သူ့ချိုအပိုင်းအစနဲ့ ဖန်တီးထားတဲ့ ကျောက်စိမ်းလည်ဆွဲပေါ့... မင့်တတိယမျက်လုံးထဲမှာ ရှိနေတာ.... ဟိုကိုကြည့်၊ ကောင်းကင်ထက်က အဲဒီဗုဒ္ဓက ကြောင်တောင်တောင် ဗုဒ္ဓအရူး... မင်းအရှေ့က သက်လတ်ပိုင်းအရွယ် ဧကရာဇ်ကတော့ ချိမင်ခေတ်ရဲ့ ပထမဆုံး ကောင်းကင်ဧကရာဇ်၊ ချိဧကရာဇ်တဲ့... ငါကတော့....”

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက သက်ပြင်းချကာ ပြောသည်။ “ငါက ယိုတုသားတော်ကို စပ်စုချင်လို့ ဒီနေရာကို ရောက်လာတာ... ဒါပေမဲ့ မတော်တဆ ပိတ်မိသွားပြီး မထွက်နိုင်တော့တာပဲ... မင်း ငါ့ကို မြင်ဖူးပါတယ်... ငါ့ရဲ့မျက်လုံးတွေကို နှစ်ရက်နဲ့နှစ်ညတောင် စိုက်ကြည့်ခဲ့ဖူး —“

“ဆရာကြီးက ကောင်းကင်နယ်စားမင်းပေါ့” ချင်မူ တအံ့တဩ ထ‌အော်မိသည်။

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက ခေါင်းညိတ်ပြ၏။ “သိရင် ပြီးတာပဲ... ဒီသတင်းတော့ မပျံ့စေနဲ့နော်... ငါ့သိက္ခာတွေ မြောင်းထဲ ရောက်သွားလိမ့်မယ်... ဒါပေမဲ့ မင်းလည်း ဒီမှာ ပိတ်မိနေမှတော့ ပြောနိုင်မယ့်အချိန်လည်း မရှိတော့ပါဘူး”

ချင်မူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။ ကောင်းကင်နယ်စားမင်း၊ ချိဧကရာဇ်၊ ဗြဟ္မဗုဒ္ဓနှင့် မြေအောက်ဘုံအရှင်သခင်၏ ချို.... ဤကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုများ မည်သည့်အချိန်တုန်းက သူ၏တတိယမျက်လုံးထဲ၌ ပေါ်လာခဲ့သနည်း။

“အစ်ကိုကြီးတဲ့လား... ကျွန်တော့်မှာ အစ်ကိုကြီး ရှိသေးတာလား”

သူ ရုတ်တရက် သဘောပေါက်လိုက်၍ အလျင်အမြန် မေးလိုက်မိသည်။ “ချိမင်နတ်ဘုရားသားတော်က ကျွန်တော့်ကို သတ်တော့မလို့ပဲ... ကျွန်တော့်ကို ဒီထဲ ပစ်ချလိုက်တာ ကျွန်တော့်အစ်ကိုကြီးလား... ကျွန်တော့်မှာ အစ်ကိုကြီးရှိမှန်း ဘာလို့မသိတာလဲ... ကျွန်တော့်ကိုယ်ထဲ ပုန်းနေတာက ကျွန်တော်နောက်တစ်ယောက် မဟုတ်ဘူးလား”

ချိဧကရာဇ်မှာ ဤကိစ္စနှင့်ပတ်သက်ပြီး နားကန်းတစ်လုံးမျှ မသိ၍ မဖြေတတ်ပေ။ ကောင်းကင်နယ်စားမင်းက နားလည်ပုံရပြီး ပြောသည်။ “မင်းရဲ့အစ်ကိုကြီးက ချင်ဖုန်းကျင့်.... မင်းလည်း ချင်ဖုန်းကျင့်ပဲ... ငါ ရှင်းပြမယ်... သူက မိစ္ဆာနတ်ဆိုးဘုရင်တစ်ယောက်အနေနဲ့ မွေးလာတာ... သတ်ဖို့ပဲ သိတယ်... ဒါပေမဲ့ မင်းကတော့ သူ့နောက်မှ မွေးလာတယ် ... မြေအောက်ဘုံအရှင်သခင် သူ့ကို ချိတ်ပိတ်လိုက်မှ မင်းရဲ့အသိစိတ်အလျဉ်က မွေးလာတာပဲ... သူက လူဆိုးကို ကိုယ်စား —“

“အဲဒါဆို ကျွန်တော်က လူကောင်းကို ကိုယ်စားပြုတာပေါ့နော်” ချင်မူက အားတက်သရော မေးလိုက်၏။

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားမှာ သူ၏စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်လျှင် အမှန်အတိုင်း မပြောထွက်တော့ပေ။ စမ်းတဝါးဝါးသာ ပြောလိုက်၏။ “ကလေးတစ်ယောက်မှာ ကောင်းတာ၊ ဆိုးတာရယ်လို့ မရှိပါဘူး... ဘယ်လိုပျိုးထောင်ခံရလဲ၊ ဘယ်လိုသင်ကြားခံရသလဲ ဆိုတာတွေကို ကြည့်ရဦးမယ်... ကလေးတစ်ယောက်က ကောင်းမွန်တဲ့မိသားစုတစ်စုမှာ မွေးလာခဲ့ရင် အကောင်းက အဆိုးထက် ပိုများမယ်... လူဆိုးတွေနဲ့ ကြီးပြင်းလာရရင်တော့ အဆိုးက အကောင်းထက် ပိုများမယ်...”

ချင်မူ စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ သူက ပြုံးရယ်ကာ ပြောလိုက်သည်။ “ဒါဆို ကျွန်တော်က ဖြောင့်မတ်ပြီး ကြင်နာတတ်တဲ့လူ သေချာတယ်.... ကျွန်တော့်ပတ်ဝန်းကျင်က သိပ်ကောင်းတာဗျ... ရွာက ဘိုဘိုးဘွားဘွားတို့အားလုံး ထင်ရှားကျော်ကြားတဲ့ လူကောင်းတွေချည်းပဲ”

ကောင်းကင်နယ်စားမင်း၏ မျက်လုံးနှစ်လုံးမှ အဖြူရောင်အလင်းတန်းနှစ်တန်း ထွက်လာပြီး ဆယ်ကိုက်ကျော်ရောက်သွား၏။ တခဏကြာသော် သူ ပြန်သက်သာသွားပြီး ပြောလိုက်သည်။ “မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို အပြစ်တင်လို့မရဘူး.... ချင်ဖုန်းကျင့်က ဉာဏ်များလွန်းတယ်... သူက ငါတို့အတားအဆီးအစီအရင်ကို ချိုးဖျက်နိုင်အောင် တမင်တကာ လွှတ်ပေးထားပြီး မင်းကို ဒီထဲ ပစ်ချလိုက်တာပဲ... မင်းက ငါတို့နဲ့အတူ ပိတ်မိနေပြီဆိုတော့ မင်းခန္ဓာကိုယ်ကိုမင်း ပြန်မယူနိုင်တော့ဘူး... အဲဒီကောင် အခုချိန် အပြင်မှာ သောင်းကျန်းနေလောက်ပြီ... ချိဧကရာဇ်၊ မင်းတို့ရွှမ်ခုံးကမ္ဘာမှာ ကာကွယ်နိုင်တဲ့စွမ်းအား ရှိရဲ့လား”

ချိဧကရာဇ်က စဉ်းစားပြီး ခေါင်းယမ်းလိုက်၏။ “ကျုပ်ရုပ်ခန္ဓာက ရွှမ်ခုံးကမ္ဘာအဖြစ် ပြောင်းလဲသွားပြီ... မူလဝိညာဉ်ကလည်း ပြိုကွဲသွားပြီ... ကျုပ် ဒီစကြဝဠာလေးထဲ ဝင်လာတုန်းကလည်း ဒဏ်ရာအပြင်းအထန် ရထားသေးတယ်”

ချင်မူက ရုတ်တရက် တွေးမိလိုက်၍ စပ်စုကြည့်သည်။ “အရှင်မင်းကြီးက ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်လား... ဘယ်လိုလုပ် ဒီထဲ ရောက်လာတာလဲ... ချိဧကရာဇ်ရဲ့ ဦးနှောက်ထဲမှာ မဟုတ်ဘူးလား.. ဘယ်လိုလုပ် ဒီမှာ ပိတ်မိသွားတာလဲ... အရှင်မင်းကြီးသာ ရုတ်တရက် ပျောက်မသွားရင် ချိမင်နတ်ဘုရားသားတော် ကျွန်တော်တို့ကို သတ်ချင်မှာမဟုတ်ဘူး”

ချိဧကရာဇ်၏ မျက်နှာသုံးခု နီရဲသွားသည်။ “ဒါက....စကားနဲ့ ရှင်းပြဖို့ ခက်တယ်”

ချင်မူ့အကြည့် လှုပ်ခတ်လှုပ်ခတ် ဖြစ်သွားပြီး သူက ပြောလိုက်သည်။ “ကျွန်တော်တို့အားလုံး ဒီမှာ ပိတ်မိနေတော့ အချိန်အများကြီး ရှိပါတယ်... အရှင်မင်းကြီး ချိဧကရာဇ် ကျွန်တော့်ကို ဖြည်းဖြည်းချင်း ပြောပြပေါ့”

ချိဧကရာဇ်မှာ တွန့်ဆုတ်နေသည်။ သူ မပြောချင်ပေ။

ကောင်းကင်နယ်စားမင်းက အပြုံးတစ်ခုဖြင့် ပြောသည်။ “ငါ သူ့အစား ပြောပေးမယ်... ဒီစကြဝဠာလေးထဲ ရောက်လာတော့ သူ့ဝိညာဉ်က ပြိုကွဲသွားခဲ့ပြီ... ဒါပေမဲ့ သူ ဒီလိုမသေချင်ခဲ့ဘူး... ဒါကြောင့် သူ့ခန္ဓာကို ရွှမ်ခုံးကမ္ဘာ ဖြစ်စေလိုက်ပြီး အသိစိတ်အလျဉ်ကိုတော့ ဘယ်တော့မှ မသေနိုင်တဲ့ အသိစိတ်အလျဉ်အဖြစ် ထိန်းသိမ်းထားခဲ့တယ်.... တစ်ယောက်ယောက် သူ့ရဲ့ အသိစိတ်အလျဉ်ကို‌ တောင့်ခံနိုင်ရင် အဲဒီလူ အသက်တော့ ရှင်လိမ့်မယ်... ဒါပေမဲ့ သူ အသက်ရှင်နေမှာမဟုတ်ဘူး... သူ,နောက်တစ်ယောက် ပြန်ရှင်လာမှာ”

ချင်မူ အကြောင်းစုံနားလည်သွားသည်။ သူက သရော်တော်တော် ပြောလိုက်၏။ “ဆိုလိုတာက ချိဧကရာဇ်ရဲ့ အသိစိတ်အလျဉ်က ပူးကပ်လိုက်တဲ့ လူရဲ့ အသိစိတ်အလျဉ်ကို ဖယ်ရှားလိုက်မှာပေါ့... အဲဒီလူမှာ အရှင်မင်းကြီးရဲ့ဝိညာဉ် မရှိပေမယ့် အသိစိတ်အလျဉ် ရှိနေတာကြောင့်မလို့ သူတွေးသမျှ၊ လုပ်သမျှ အကုန်လုံးက အရှင်မင်းကြီးရဲ့ အတွေး၊ အလုပ်တွေ ဖြစ်နေမယ်... သူက သူပဲဆိုပေမယ့် သူ မဟုတ်တော့ဘူး... ဒါက ပူးကပ်တာမျိုးပဲ... ချိဧကရာဇ်က ကျွန်တော့်ကို သဘောကျပြီး ကျွန်တော် သူ့ရဲ့အသိစိတ်အလျဉ်ကို လက်ခံနိုင်မှန်း ခံစားခဲ့ရတယ်... ကျွန်တော့်ရဲ့ အသိစိတ်အလျဉ်ကို ဖျက်စီးနိုင်မယ် တွေးခဲ့ပေမယ့် သူ မထင်ထား —“

ချိဧကရာဇ်က သက်ပြင်းချသည်။ “အဲဒီ မျက်လုံးသုံးလုံး ကလေးကြီးနဲ့ တွေ့ရမယ် မထင်ထားဘူး... ငါ သူ့ကို လွှမ်းမိုးဖို့ ကြိုးစားခဲ့ပေမယ့် သူ့အသိစိတ်အလျဉ်က ကြောက်စရာကောင်းလောက်အောင် သန်မာနေတယ်.... စိတ်ကူးကြည့်လို့‌တောင် မရဘူး... ပြိုင်ဘက်ကင်းလောက်အောင် ရက်စက်ကြမ်းကြုတ်တဲ့ အတွေးတွေလည်း ပြည့်နေတယ်.... ငါ သူ့အသိစိတ်အလျဉ်ကို ဘယ်လိုမှကို ဖယ်ရှားလို့မရဘူး... ငါပဲ ရိုက်ထုတ်ခံလိုက်ရတယ်... အဲဒီလိုနဲ့ ဒီမှာ ပိတ်မိသွားတာပဲ”

“နည်းတောင်နည်းသေး” ချင်မူ သရော်လိုက်သည်။

ချိဧကရာဇ် ‌ဒေါသပုန်ထသွား၍ ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက ဝင်ပြောလိုက်သည်။ “ရန်ဖြစ်မနေနဲ့.,. အခု အကြီးဆုံးပြဿနာက ရွှမ်ခုံးကမ္ဘာ ဖျက်စီးခံရဖို့ ဘယ်လောက်ကြာမလဲ ဆိုတာပဲ”

ချိဧကရာဇ် တခဏ တိတ်ဆိတ်သွားပြီး မေးလိုက်သည်။ “ချင်ဖုန်းကျင့်က ဘယ်လောက် သန်မာလဲ”

***

ရွှမ်ခုံးကမ္ဘာ၏ အထွတ်အမြတ်တောင်ပေါ်တွင် ဧရာမလက်သီးကြီးတစ်လုံးက ချိမင်နတ်ဘုရားသားတော်အား ရက်ရက်စက်စက် ထိုးချလိုက်၏။ အထွတ်အမြတ်တောင်တစ်လုံးစလုံး ပြင်းပြင်းထန်ထန် လှုပ်ခါရင်း အောက်သို့ ကျွံဝင်သွားသည်။

‘မူအာက သန်မာလိုက်တာ....’ မြေကြီးပေါ် လဲနေသော ပထမလူသားဧကရာဇ်မှာ ကျေနပ်အားရနေသောအမူအရာ ရှိနေသည်။ သူ ကြောက်မက်ဖွယ်ရာ ကြီးမားလှသော ကလေးကြီးကို ကြည့်နေစဉ် ရုတ်တရက် လက်ဝါးကြီးတစ်ဖက်က သူ့ကို ရိုက်ထုတ်လိုက်၏။

ပထမလူသားဧကရာဇ်မှာ ဂျင်လို လည်သွားပြီး လွင့်ထွက်သွားသည်။ သူ တစ်ယောက်တည်း အူကြောင်ကြောင် တွေးနေမိသည်။ ‘မူအာ ငါ့ကို ဘာလို့ တိုက်ခိုက်တာပါလိမ့်... ဒုတိယဘိုးဘေးကြီးရဲ့ အလောင်းကို ဖျက်စီးပစ်လို့ အခဲမကြေသေးတာများလား’

“ဒီနေရာကို ယိုတုငယ်အဖြစ် ပြောင်းပစ်မယ်”

ကလေးကြီးက အထွတ်အမြတ်ခန်းမကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သည်အထိ ထိုးနှက်နေသည်။ တောင်ထိပ်မှာလည်း တစ်ခြမ်းပဲ့နေချေပြီ။ “အမေ့ကို သွားခေါ်ပြီး ငါနဲ့အတူ ဒီမှာနေခိုင်းရမယ်... ဒါပေမဲ့ အမေက ငါ့ကို လူသားမစားခိုင်းဘူး....”

ချိမင်နတ်ဘုရားသားတော်က မာန်သွင်းဟိန်းဟောက်ပြီး ကလေးကြီးကို သတ်ရန် ပျံတက်လာသည်။

ဘုန်း

လက်သီးတစ်လုံးက သူ့ကို ဆီးကြိုလိုက်၏။ ချိမင်နတ်ဘုရားသားတော်ခမျာ လွင့်ထွက်သွားတော့သည်။

ကလေးကြီး၏မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ သူက လက်သီးနှစ်ဖက်ကို ဆုပ်ရင်း ပြုံးလိုက်၏။ “ငါ သိပြီ... အရင်ဆုံး အကုန်လုံး စားလိုက်လို့ ရတာပဲ... အဲဒါဆို အမေ မသိတော့ဘူး”

၎

င

၎

၎

All Chapters