← Chapters

ချင်မူ၏ မိစ္ဆာနတ်ဆိုးအသွင်

Vol. 49 Ch. 660

ချင်မူ၏ မိစ္ဆာနတ်ဆိုးအသွင်

Vol. 49 Ch. 660

ချိမင်နတ်ဘုရားသားတော် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားများဆီသို့ ကြည့်လိုက်သည့်အခါ စိတ်ပျက်အားလျော့နေသော မျက်နှာများကိုသာ မြင်လိုက်ရသည်။ သူတို့၏ ကြောက်လန့်မှု၊ တုန်လှုပ်မှုတို့က ထင်ရှားသိသာနေသဖြင့်  နတ်ဘုရားသားတော်မှာ သူတို့စိတ်ကို ဖတ်နိုင်သော ကောင်းကင်နတ်သိုင်း ကျင့်ကြံထားသကဲ့သို့ပင် ခံစားလိုက်ရသည်။

ရွှမ်ခုံးကမ္ဘာ၏ နတ်ဘုရားများသည် ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲကြတော့ပေ။ ဤသည်မှာ ချိမင်ခေတ်အတွင်း စိတ်ကူး၍ပင် မကြည့်နိုင်သောအရာ ဖြစ်၏။

ချိမင်ခေတ်၏ နတ်ဘုရားတို့က ရဲရင့်ကြသည်။ တိုက်ခိုက်ရေးကျွမ်းကျင်ကြသည်။ သေရမည်ကိုလည်း မကြောက်ကြ။ အသက်ရှင်ကျန်ခဲ့သူများကို ရွှမ်ခုံးကမ္ဘာဆီ ပို့ဆောင်ခဲ့စဉ်အခါက တာဝန်ရှိသော နတ်ဘုရားတစ်သောင်းအနက် တစ်ထောင်သာ ကျန်ခဲ့၏။ သို့သော် အပြတ်အသတ် မရှုံးခဲ့ကြပေ။ လူတစ်ယောက်မှ လူတစ်ရာသာ ကျန်ခဲ့သည့်အချိန်တွင်လည်း ပြိုလဲကြမည်မဟုတ်။ လူတစ်ယောက်သာ ကျန်ခဲ့လျှင်ပင် ထွက်မပြေးဘဲ ဆက်လက် တိုက်ခိုက်နေဦးမည် ဖြစ်သည်။

သို့သော် ရွှမ်ခုံးကမ္ဘာတွင် နှစ်ငါးသောင်းတိုင် နေထိုင်ပြီးနောက် အားလုံး သွေးအေးကုန်ကြသည်။ ထိုကဲ့သို့ ခိုင်မာသော စိတ်ဓာတ်မျိုး မရှိတော့ပေ။

ချိမင်နတ်ဘုရားသားတော် ခေါင်းမော့လိုက်သည်။ ကောင်းကင်ထက်ရှိ နေသုံးလုံးနှင့် လသုံးလုံးအနက် နှစ်လုံးတွင် အလယ်တည့်တည့်၌ အပေါက်ကြီးများ ရှိနေ၏။ အောက်ငုံ့ကြည့်လျှင် ချိဧကရာဇ်၏ မျက်လုံးစွမ်းအားဖြင့် ဆက်လက်ပစ်ချမည်ကို စိတ်လှုပ်ရှားစွာ စောင့်နေသော ကလေးကြီးကို မြင်ရသည်။ ကလေးကြီးက ဤကိစ္စကို ပျော်စရာကိစ္စဟု သဘောထားနေကြောင်း သိသာပေသည်။

‘ဘာလို့ ဒီလိုဖြစ်ရတာလဲ’

ချိမင်နတ်ဘုရားသားတော် ငိုင်ကျသွားသည်။ စကားအပြောအဆိုတို့လည်း အဆင်ပြေခဲ့သည်၊ အခြေအနေအကုန်လုံးလည်း သူ ထင်ထားခဲ့သလို သွားနေခဲ့သည်။ မည်သည့်အချိန်က ဤသို့ စဖြစ်ခဲ့သနည်း။ ချင်မူ့ကို ချိဧကရာဇ်၏ အသိစိတ်အလျဉ်ချောက်နက်ထဲ ပို့လိုက်သည့် အချိန်၌ စတင်ခဲ့ခြင်းလား။

သို့သော် ချင်မူ့ကို အထွတ်အမြတ်တောင်ပေါ်သို့ ဆင့်ခေါ်ရန် သူ မရည်ရွယ်ခဲ့ပေ။ ပါမောက္ခချုပ်ချင်က သူ့သဘောနှင့်သူ ပြေးချလာခဲ့၍ သူ့ကို ခန်းမထဲသို့ မခေါ်ချင်၊ ခေါ်ချင်ဖြင့် ဖိတ်ခေါ်ခဲ့ရခြင်းလည်း ဖြစ်သည်။

သူ မောင်းထုတ်လျှင်တောင်မှ ခိုးဝင်လာမည့်သူ မဟုတ်ပါ၏လော။

ချိမင်နတ်ဘုရားသားတော်၏ အတွေးများ ကယောက်ကယက် ဖြစ်နေသည်။ ‘ငါ မှားသွားတာလား.... သူ့ကို မဖိတ်ခေါ်ခဲ့သင့်တာလား.... ငါသာ အဲဒီလိုမလုပ်ခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး.... နေဦး၊ မဟုတ်သေးဘူး.. ဒီလိုဖြစ်လာဦးမှာပဲ....’

ရုတ်တရက် နတ်ဘုရားများက နတ်ဘုရားမြို့တော်ဆီ ပျံသန်းသွားပြီး အော်ဟစ်နေကြသည်။ “နတ်ဘုရားသားတော်၊ ပါမောက္ခချုပ်ချင်က ကလေးကြီးပုံစံ ပြောင်းပြီး သတ်ဖြတ်နေတာဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ မင်းသမီးကို ဖမ်းကြစို့... သူ့ကို အသုံးချပြီး ခြိမ်းခြောက်ရမယ်”

“မလုပ်နဲ့ ငါတို့ ချိမင်နတ်ဘုရားနိုင်ငံတော်အနေနဲ့ အဲဒီလောက် အောက်တန်းမကျသင့်ဘူး...”

သူ့အသံက တဖြည်းဖြည်း တိုးသွားသည်။ ဤကလေးကြီးသည် ချင်မူ ဖြစ်၏။ သူ ခန္ဓာကိုယ်ကြီးထွားလာပြီး ငယ်သထက် ငယ်သွားသည်ကို သူ့မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရသည်။ ချင်မူက လူငယ်အဖြစ်မှ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသော ကလေးကြီးတစ်ယောက်အသွင် ပြောင်းသွားခဲ့သည်။

ကလေးကြီးချင်မူက သိပ်သန်မာလွန်း၍ ချိမင်နတ်ဘုရားသားတော်တွင် သူ့ကို ရင်ဆိုင်နိုင်သည့် နည်းလမ်းမရှိပေ။ အခြေအနေတို့ ဤအတိုင်း ဆက်သွားလျှင် ရွှမ်ခုံးကမ္ဘာ ဖျက်စီးခံရလိမ့်မည်။ ချိမင်ခေတ်၏ နောက်ဆုံးလက်ကျန် မျိုးဆက်တို့ မျိုးပြုတ်သွားလိမ့်မည်။

လင်ယွိရှို့ကို ဓားစာခံအဖြစ် အသုံးချပြီး သူမအသက်ဖြင့် ခြိမ်းခြောက်ခြင်းက အလွန်ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်လောက်သည်။

အောက်တန်းကျသော်လည်း မျိုးနွယ်စု၏ သေရေးရှင်ရေးနှင့် ပတ်သက်နေရာ မည်သို့ပင်ဖြစ်စေ လုပ်ရလိမ့်မည်။

အဆုံးသတ်တွင် နတ်ဘုရားများသည် လင်ယွိရှို့၏ စံအိမ်သို့ ဝင်သွားပြီး တစ်ယောက်က မပြောမဆိုဖြင့် သူမအား လှမ်းဆွဲ၏။ သူက သူမကို ချုပ်နှောင်ပြီးနောက် ကောင်းကင်ထက်သို့ ပျံတက်ကာ ကလေးကြီးဆီသို့ လှမ်းအော်လိုက်သည်။ “ပါမောက္ခချုပ်ချင်၊ မင်း မရပ်ရင် ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ မင်းသမီးကို သတ်လိုက်မယ်”

ကလေးကြီးက တုပ်တုပ်မလှုပ်သည့်အပြင် အလွန်စိတ်လှုပ်ရှားနေပုံရသည်။ သူက လက်ဝါးနှစ်ဖက်ကို ပွတ်သပ်ရင်း နတ်ဘုရား လင်ယွိရှို့အား သတ်လိုက်မည်ကို စောင့်နေ၏။

နတ်ဘုရား ဒေါပွသွားသည်။ သူ လင်ယွိရှို့ကို သတ်တော့မည့်အချိန် လင်ယွိရှို့၏ မျက်ခုံးနှစ်ဖက်ကြားမှ ပုဆိန်ရောင်တစ်ရောင် ပျံထွက်လာသည်။ တခဏအတွင်း ထိုနတ်ဘုရား နှစ်ခြမ်းကွဲသွား၏။

လင်ယွိရှို့ မှာ အံ့ဩသင့်လွန်း၍ မှင်သက်နေသည်။ ရွှမ်ခုံးကမ္ဘာ၏ ကျန်နတ်ဘုရားများ သူမဆီ အလျင်အမြန် ပျံသန်းလာသည့်အခါ ပုဆိန်ရောင်များ သူမ၏မျက်ခုံးနှစ်ဖက်ကြားမှ ထွက်လာသည်ကို မြင်လိုက်ရသည်။ မမြင်ရသော ဘီလူးကြီးတစ်ကောင် ပုဆိန်ကို ဘယ်ညာ လွှဲခုတ်နေသကဲ့သို့ အရောင်များက လင်းလက်ကခုန်နေ၏။ နတ်ဘုရားသွေးများ တဖွဲဖွဲ ရွာကျလာပြီး ခြေပြတ်လက်ပြတ် ခေါင်းပြတ်များ တဘုတ်ဘုတ် ပြုတ်ကျကုန်သည်။

လင်ယွိရှို့ မှင်သက်သွားပြီးနောက် အော်လိုက်မိ၏။ “ဒါတွေက တန်ခိုးရှင်သစ်ခုတ်သမား ငါ့နဖူးကို ခုတ်ခဲ့တဲ့ ပုဆိန်တွေပဲ... သူ ဆယ့်နှစ်ကြိမ်ကျော် ခုတ်ပေးခဲ့တာ”

ကျန်နတ်ဘုရားများမှာ ဤမြင်ကွင်းကို မြင်လျှင် ရှေ့မတက်ရဲတော့ပေ။

လင်ယွိရှို့က ကလေးကြီးကို ကြည့်၍ ချီတုံချတုံ ဖြစ်နေသည်။ သူမ ကလေးကြီးဆီ သွားတော့မည်အချိန် ပထမလူသားဧကရာဇ်က ပက်လက်အနေအထားဖြင့် လဲလျက်သား ပျံတက်လာသည်။ သူက ပါးစပ်မဖွင့်ဘဲ ဗလုံးဗထွေး ပြောသည်။ “မင်းသမီးရှို့ မသွားနဲ့၊ မူအာက အခု ဘယ်သူကိုမှ မမှတ်မိဘူး... ငါ့ကိုတောင် သေလုမျောပါး ဖြစ်တဲ့အထိ ရိုက်ခဲ့သေးတယ်... ဝေးဝေးသွားကြစို့”

လင်ယွိရှို့ တအံ့တဩ ထခုန်မိပြီး ပထမလူသားဧကရာဇ်အား အလျင်အမြန် ကြည့်လိုက်သည်။ သူ့အရိုးအားလုံး ကျိုးနေသည့်အပြင် မေးစေ့လည်း ကြေနေကြောင်း မြင်လိုက်ရ၏။

“နွားကျောင်းသား ဒီလိုဖြစ်အောင် လုပ်နေတာလား” သူမ မယုံနိုင်ပေ။

“အကုန်လုံးတော့ မဟုတ်ဘူး... ချိမင်နတ်ဘုရားသားတော်နဲ့ ငါ တိုက်ခိုက်ခဲ့သေးတယ်.... သူ့ကြောင့် မေးစေ့နဲ့ နံရိုးတွေ ကြေသွားတာ... ကျန်တဲ့ဒဏ်ရာတွေကတော့ ဒီမူအာရဲ့ လက်ဝါးတစ်ချက်ကြောင့် ရထားတာပဲ”

ပထမလူသားဧကရာဇ် မလှုပ်ရဲပေ။ နည်းနည်းလှုပ်လိုက်လျှင် ကျိုးနေသည့် အရိုးများ လွဲသွားသည့်အတွက် အသည်းအူကျွမ်းပြန်မတတ် နာကျင်ရသည်။ ထို့ကြောင့် မှော်စွမ်းအင်ဖြင့်သာ သူ့ကိုယ်သူ ပင့်မထားရခြင်းဖြစ်၏။ “ငါတို့ကြားမှာ အထင်လွဲတာတွေ ရှိခဲ့ပေမယ့် ငါက သူနဲ့ မျိုးဆက်တစ်ရာကွာတဲ့ ဘိုးဘေးတစ်ယောက် ဖြစ်နေတုန်းပါပဲ.... ဒါပေမဲ့ သူက ငါ့ကို ဒီလိုဖြစ်အောင် ရိုက်ခဲ့တယ်... အခု သူ့အခြေအနေက ပုံမှန်မဟုတ်ဘူး မသွားနဲ့.... မိစ္ဆာနတ်ဆိုးတစ်ကောင် ပူးကပ်ထားတဲ့ပုံရတယ်.... မင်းသမီးသွားရင် သေတဲ့အထိ အရိုက်ခံရပြီး စားခံရလိမ့်မယ်... ဒီရွှမ်ခုံးကမ္ဘာတော့ သိပ်ကြာကြာခံမယ်မထင်ဘူး”

လင်ယွိရှို့ ဆွံ့အသွားပြီး သူနှင့်အတူ ကပျာကယာ ထွက်သွားသည်။

ဤအခိုက်အတန့်တွင် ကလေးကြီးက ကောင်းကင်ထက်ရှိ လများ၊ နေများကို စိတ်မဝင်စားတော့ပေ။ သူက ခန္ဓာကိုယ်ကို လှုပ်ခါကာ အဆုံးမဲ့ယိုတုမိစ္ဆာနတ်ဆိုးချီများ ဖြန့်ကျက်လိုက်၏။ ကောင်းကင်ထက်ရှိ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးချီနှင့် ထိတွေ့ခံလိုက်ရသည်နှင့် ပြုတ်ကျကုန်ကြသည်။ သူတို့မှာ မိစ္ဆာနတ်ဆိုးချီကို မည်သို့မျှ မတိုက်ခိုက်နိုင်ပေ။

ချိမင်နတ်ဘုရားသားတော်မှာ အံ့ဩပြီး ဒေါသထွက်နေသည်။ သူ ကလေးကြီးကို အားကုန်တိုက်ခိုက်သော်လည်း နောက်တခဏ၌ ဧရာမလက်ဝါးကြီးဖြင့် ဆွဲဆုပ်ခံလိုက်ရ၏။ သူ ရုန်းထွက်ရန် ကြိုးစားသည့်အခါ မရုန်းထွက်နိုင်ပေ။

ကလေးကြီးက ချွန်မြနေသော သွားများ ပြည့်နေသည့် ပါးစပ်ကြီးကို ဖွင့်ကာ သူ့ကို အထဲပို့နေသည်။

သူ ကိုက်စားတော့မည့်အချိန်မှာပင် ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက အလင်းတန်းအသွင် ပြောင်း၍ ချင်မူ့ကိုယ်ထဲ ဝင်သွားသည်။ “အခု”

ချင်မူက မူလဝိညာဉ်သုံးသွယ် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို အားသွန်ခွန်စိုက် ထုတ်လွှတ်လိုက်သည်။ တခဏအတွင်း သူ၏အသိစိတ်အလျဉ်မှာ ကောင်းကင်နယ်စားမင်း၏ အကူအညီအောက်တွင် ပြင်းထန်ကြမ်းတမ်းလာတော့သည်။ သူ၏အသိစိတ်အလျဉ်ဆီမှ အမျှင်တစ်မျှင်သည် အတားအဆီးအစီအရင်အပြင်သို့ ထွက်သွားပြီး ချင်ဖုန်းကျင့် ရုပ်ခန္ဓာကို မထိန်းချုပ်နိုင်တော့သလို ခံစားလာရသည်။ သူ့ကိုယ်ထဲရှိ မိစ္ဆာနတ်ဆိးချီနှင့် မိစ္ဆာသဘာဝတို့က တတိယမျက်လုံးထဲသို့ လျင်မြန်စွာ စီးဆင်းသွားနေ၏။

“ဘယ်သူ ငါ့ကို ရန်စတာလဲ”

သူက ချိမင်နတ်ဘုရားသားတော်ကို စားရန် စိတ်မဝင်စားတော့ပေ။ မျက်ခုံးနှစ်ဖက်ကြားရှိ ရွှေရောင်မိုးမခသစ်ရွက်ကို ကပျာကယာ ခွာလိုက်၏။ ချင်ဖုန်းကျင့်သည် ရွှေရောင်မိုးမခသစ်ရွက်ကို အသုံးပြု၍ ချင်မူ့အား ကောင်းကင်နယ်စားမင်းနှင့် ချိဧကရာဇ်တို့နှင့်အတူ ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်၏။ ယခုတွင် မျက်ခုံးနှစ်ဖက်ကြား၌ မူမမှန်သော အပြောင်းအလဲကို ခံစားလိုက်ရ၍ စစ်ဆေးရန် မိုးမခသစ်ရွက်ကို အလျင်အမြန် ခွာလိုက်လေသည်။

သို့သော် မိုးမခသစ်ရွက်ကို ခွာပြီးနောက် ချိဧကရာဇ်က ဗြဟ္မဗုဒ္ဓ၏ အသိစိတ်အလျဉ်ကို ရင်ဆိုင်လိုက်၍ အတားအဆီးအစီအရင် အားနည်းသွားမည်ဟု သူ မထင်ထားခဲ့ပေ။ ဤသို့ဖြင့် ချင်မူ၏ ထာဝရအသိစိတ်အလျဉ်က အစီအရင်ကို ဖြတ်ကျော်ကာ သူ၏ရုပ်ခန္ဓာအား ထိန်းချုပ်နိုင်သွား၏။

ကလေးကြီးမှာ ခန္ဓာကိုယ်ပြန်ကျုံ့လာသည့်အခါ ပျာယာခတ်သွားသည်။ သူ၏မိစ္ဆာသဘာဝနှင့် မိစ္ဆာနတ်ဆိုးချီတို့က ချင်စာလုံးမြေပြင်ပေါ်တွင် ရပ်နေသော ချင်မူ့ကိုယ်ထဲသို့ တရဟော စီးဆင်းဝင်ရောက်နေသည်။

စွမ်းအား ကုန်ခမ်းလာသည်နှင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်သည် ပိုမိုကျုံ့သွား၏။ သို့သော် ချိမင်နတ်ဘုရားသားတော်ထက် အဆများစွာ ကြီးမားနေသေးသည်။

***

ထိုအချိန် ချင်စာလုံးကမ္ဘာထဲမှ ချင်မူမှာ သူ့ဆီသို့ ဝင်ရောက်လာနေသည့် ပြင်းထန်သော စွမ်းအားကြောင့် သိုင်းအဆင့် မျဉ်းတစ်ဖြောင့်တည်း မြင့်တက်လာသည်ကို ခံစားနေရ၏။ စွမ်းအားက သူ ထင်ထားသည်ထက် ပိုမိုအားကောင်းသည့်အပြင် သူ၏ခန္ဓာကိုယ်ကို ပြိုင်ဘက်ကင်းကောင် သန်မာလာစေသည်။ ကောင်းကင်ထက်သို့ ပျံတက်၍ မြေပြင်ကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် နင်းနိုင်သည့်အလားပင်။

“ကြီးမားလိုက်တဲ့ စွမ်းအင်.... ဗိုက်ဆာလိုက်တာ”

ကြက်သီးထဖွယ် အသံတစ်သံက ချင်မူ့နှုတ်မှ ထွက်လာပြီး သူ့အရပ်က ရှည်သထက် ရှည်လာသည်။ သိပ်သည်းထူပိန်းနေသည့် ယိုတုမိစ္ဆာချီသည် သူ၏ခန္ဓာကိုယ်ကို ရစ်သိုင်းနေပြီး ယိုတု၏ မိစ္ဆာသဘာဝလည်း သူ့ခန္ဓာကိုယ်ထဲသို့ တရှိန်ထိုး ဝင်လာနေ၏။ မိစ္ဆာသဘာဝက သူ့စိတ်နှင့် အတွေးများကို ပြောင်းလဲပစ်လိုက်သည်။ အတွေးတို့က လောဘကြီးပြီး ရက်စက်ကြမ်းကြုတ်လာ၏။

“တစ်ခုခု စားချင်တယ်....”

ချင်မူက နှုတ်ခမ်းပါးနား သပ်လိုက်သည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားမှ လိပ်ပြာတောင်ပံသဖွယ် အမှတ်အသားများ ထွက်လာပြီး မိစ္ဆာအငွေ့အသက်များ ချင်မူစာလုံးမြေပြင်တစ်လျှောက် ပြည့်နှက်နေတော့သည်။

ချိဧကရာဇ် အံ့အားသင့်သွားပြီး အလျင်အမြန် အော်လိုက်သည်။ “တာအိုနောင်တော် ကောင်းကင်နယ်စားမင်း၊ သူ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူး”

ရုတ်တရက် ကောင်းကင်ထက်ရှိ အကွဲကြောင်းမှ ကလေးတစ်ယောက်သည် မိစ္ဆာနတ်ဆိုးချီ၊ မိစ္ဆာသဘာဝတို့နှင့်အတူ ပြုတ်ကျလာ၏။ သူ့မှာ လည်နေပြီး သူ့ကိုယ်ထဲရှိ မိစ္ဆာနတ်ဆိုးချီများ တဝေါဝေါ စိမ့်ထွက်နေသည်။ သူ၏အရွယ်အစားမှာလည်း ကျုံ့သထက် ကျုံ့လာနေသည်။

“အစ်ကိုကြီးကို အရင်စားမယ်” ချင်မူ့မျက်လုံးများက အရောင်လက်နေပြီး သူသည် ပါးစပ်ဟကာ ချင်ဖုန်းကျင့် သူ့ပါးစပ်ထဲ ကျလာမည်ကို စောင့်နေ၏။

“ကောင်းကင်နယ်စားမင်း”

ချိဧကရာဇ်၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ “သူ ချင်ဖုန်းကျင့်ကို စားတော့မယ်.... မိစ္ဆာနတ်ဆိုးလုံးလုံး ဖြစ်တော့မယ်”

ချင်မူ၏ကိုယ်ထဲတွင် ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက တောက်ပသော အလင်းရောင်အသွင် ဖွဲ့ကာ ချင်မူ၏ခန္ဓာကိုယ်တစ်လျှောက် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် စီးဆင်းနေသည်။ “ကောင်းကင်နတ်အသွင် စည်းငါးမျိုး၊ ကောင်းကင်ပြာမိစ္ဆာထိန်းစည်း”

ချင်မူ့ကိုယ်ထဲမှ အလင်းရောင်များ ဖြာထွက်လာပြီး မိစ္ဆာနတ်ဆိုးချီနှင့် မိစ္ဆာသဘာဝတို့ကို တွန်းထုတ်လိုက်၏။

“‌ကောင်းကင်နယ်စားမင်း၊ ခင်ဗျား ကျုပ်ကို နှောင့်ယှက်တယ်”

ချင်မူ အမျက်တစ်ချောင်းချောင်း ထွက်နေသည်။ သို့သော် မိစ္ဆာနတ်ဆိုးချီနှင့် မိစ္ဆာသဘာဝတို့ ထွက်သွားသည်နှင့် ပုံမှန်ပြန်ဖြစ်သွားပြီး အသိစိတ်ပြန်ဝင်သွား၏။ သူ မကြောက်လန့်မိဘဲ မနေတော့‌ပေ။ “ကြောက်စရာကောင်းလိုက်တဲ့ မိစ္ဆာသဘာဝ... ကျွန်တော် လုံးဝကို မတောင့်ခံနိုင်ဘဲ မိစ္ဆာနတ်ဆိုးတစ်ကောင် ချက်ချင်း ဖြစ်သွားတယ်... ကံကောင်းလို့ ကောင်းကင်နယ်စားမင်း လှုပ်ရှားလိုက်လို့သာ‌ပေါ့”

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက အလင်းရောင်နှင့်အတူ သူ့ကိုယ်ထဲမှ ထွက်လာသည်။ ကောင်းကင်နယ်စားမင်း မော့ကြည့်လိုက်သည့်အခါ ချင်မူ၏ကိုယ်ထဲမှ မိစ္ဆာသဘာဝနှင့် မိစ္ဆာချီတို့သည် ချင်ဖုန်းကျင့်၏ကိုယ်ထဲ ပြန်ဝင်သွား၍ ကလေးကြီး ပြန်ကြီးလာနေသည်ကို မြင်လိုက်ရ၏။

ကောင်းကင်နယ်စားမင်း၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက ချင်မူကို ကပျာကယာ ဆွဲပြီး ကောင်းကင်သို့ ပျံတက်ကာ အော်လိုက်၏။ “ချိဧကရာဇ်၊ မိစ္ဆာနတ်ဆိုးလေး စွမ်းအားပြန်ရတော့မယ်... အခုအချိန်က အခွင့်ကောင်းပဲ... မြန်မြန် ထွက်ကြစို့”

ချိဧကရာဇ်က သူတို့နောက်မှ အလျင်အမြန် လိုက်လာပြီး အကွဲကြောင်းဆီသို့ ဦးတည်နေသည်။ သူ၏အမြန်နှုန်းက အတိုင်းထက်အလွန် မြန်၍ အလင်းတန်းတစ်တန်းသဖွယ် တရိပ်ရိပ် ဖြတ်သွားသည်။ သူ ပြန်ထွက်နိုင်တော့မည့်အချိန်မှာပဲ ရုတ်တရက် လက်ဝါးဖောင်းဖောင်းကြီးတစ်ဖက်က သူ့ကို ဆွဲချလိုက်၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်နယ်စားမင်း၏ အလင်းတန်းလည်း လှမ်းဆွဲခံလိုက်ရသည်။ နှစ်ယောက်သား အောက်ပြန်ကျနေသဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။

“မိတ်ဆွေလေးချင် မြန်မြန်ထွက်”

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက အားကုန်ထုတ်ကာ ချင်မူ့ကို တွန်းထုတ်ပေးလိုက်သည်။ ချင်မူမှာ တစ်ကမ္ဘာလုံး ချာချာလည်နေသလို ခံစားရပြီး လည်နေခြင်း ရပ်သွားသည့်အခါ မြစ်တစ်စင်းဘေး၌ ရပ်နေသော သူ့ကိုယ်သူ မြင်လိုက်ရသည်။ သူက လောလောဆယ်တွင် ချိမင်နတ်ဘုရားသားတော်ကို လည်ပင်းမှ ဖမ်းဆုပ်ထား၏။

“အပြင်ရောက်သွားပြီလား”

ချင်မူ အံ့ဩဝမ်းသာသွားသည်။ သူက ရွှေရောင်မိုးမခသစ်ရွက်ကို တတိယမျက်လုံးအပေါ် ကမန်းကတန်း အုပ်လိုက်၏။

“ညီလေး... အကျင့်ပုပ်တဲ့ ညီလေး”

သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ကလေးကြီးသည် ဒေါသတကြီး ဆူဆောင့်နေ၏။ သူက အတားအဆီးအစီအရင်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသည့်အလား ခုန်နေသည်။ သို့သော် ရွှေရောင်မိုးမခသစ်ရွက်က မြေအောက်ဘုံအရှင်သခင်၏ အတားအဆီးအစီအရင်နှင့် ဗြဟ္မဗုဒ္ဓ၏ ဖိနှိပ်မှုကို ပေါင်းစည်းထားချေပြီ။ သူ မည်မျှ သန်မာအားကောင်းစေကာမူ မချိုးဖျက်နိုင်ပေ။

“အကျင့်ပုပ်တဲ့ ညီလေး ငါ မင်းကို စားပစ်မယ်”

တခဏကြာသော် ကလေးကြီးက ခြေပစ်လက်ပစ် ထိုင်ချပြီး တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များ ပြည့်နေသော ချိဧကရာဇ်ကို လှမ်းဆွဲသည်။ ထို့နောက် ခြေတစ်ချောင်းဖြုတ်ကာ မြေကြီးပေါ် ပစ်ချရင်း ကြိမ်းဝါးနေ၏။ “အကျင့်ပုပ်တဲ့ ညီလေးကို ဖမ်းမိတာနဲ့ စားပစ်မယ်” ပြောရင်းဆိုရင်း လက်တစ်ဖက် ဖြုတ်လိုက်သည်။

ချိဧကရာဇ်မှာ တစစီ ဖြုတ်ခံနေရသည်။ အနားရှိ တောင်တစ်လုံးအနောက်တွင် ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွားက ခေါင်းပြူထွက်ကြည့်သည်။ သူက ကရုဏာသက်စွာဖြင့် တိုးတိုးပြောလိုက်၏။ “ချိဧကရာဇ်၊ တောင့်ခံထား.... မလှုပ်ရှားနဲ့ ... သူ ပျင်းသွားတာနဲ့ လွှတ်ပေးလိမ့်မယ်နော်... တောင့်ခံထား”

ချိဧကရာဇ်မှာ ရုပ်ခန္ဓာမရှိသော အသိစိတ်အလျဉ်သာ ဖြစ်သည်။ ခြေဖြစ်ဖြစ်၊ လက်ဖြစ်ဖြစ် ပြန်ပေါက်နိုင်၏။ သို့သော် ခံစားချက်ကြီးကတော့ ဆိုးရွားချေသည်။

သူ၏အသိစိတ်အလျဉ်ထဲတွင် သူသည် ချိမင်ခေတ်၏ ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်နေဆဲ မဟုတ်ပါ၏လော။ ကောင်းကင်ဧကရာဇ်တစ်ပါးက ယခုလိုအရှက်ကွဲမှုမျိုးကို မည်သို့‌ကျော်ဖြတ်နိုင်မည်နည်း။

‘သူ ဒေါသပြေဖို့ ငါ့ကို အကြာကြီး ကစားတော့မယ်လို့ ခံစားနေရတယ်....’

....

မြစ်ဘေးတွင် ချိမင်နတ်ဘုရားသားတော်မှာ ချင်မူ့လက်ထဲတွင်သာ ရှိသေးသည်။ သူ ရုတ်တရက် သွေးအန်လိုက်သည့်အခါ ချင်မူ စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး ကပျာကယာ လည်ပင်းကို လွှတ်ပေးလိုက်၏။ ချိမင်နတ်ဘုရားသားတော် အံ့အားသင့်သွားသော်လည်း သူ့ဒဏ်ရာများမှာ ပြင်းထန်လွန်းသည်။ ခြေထောက်များ လိမ်ကျိုးနေ၍ သူ့မှာ မြေကြီးပေါ်၌ ဒူးထောက်လျက် သွေးဆက်တိုက် အန်နေရလေသည်။

ကလေးကြီးချင်ဖုန်းကျင့်က သူ့ကို အပီအပြင် ထိုးနှက်ခဲ့သည်။ ကံကောင်းစွာနှင့် သူ၏ရုပ်ခန္ဓာဖန်ဆင်းပညာက အလွန်အားကောင်းသဖြင့် သေတော့ မသေနိုင်ပေ။

သူ့အရှေ့တွင် ချင်မူက ပတ်ဝန်းကျင်ကို ကြောင်ကြောင်ငေးငေး ကြည့်နေသည်။

ကောင်းကင်ယံရှိ နေတစ်စင်းနှင့် လတစ်စင်းက မုန့်လက်ကောက်ကွင်းများသဖွယ် ဖြစ်နေ၏။ မလှမ်းကမ်းရှိ နတ်ဘုရားမြို့၏ အိမ်အများစုလည်း ပြိုကျပျက်စီးနေသည်။ အထွတ်အမြတ်တောင်မှာလည်း တစ်ခြမ်းပဲ့နေသလို ခန်းမဆိုလျှင် အစအနပင် မတွေ့ရတော့ပေ။ သူ အကြည့်လွှဲလိုက်သည့်အခါ မြေပြင်ထက်၌ ပြန့်ကြဲနေသော နတ်ဘုရားအလောင်းများအား မြင်ရသည်။ ပတ်ဝန်းကျင်တွင်လည်း ယိုတုမိစ္ဆာနတ်ဆိုးချီများ မလွင့်ပျယ်သေးဘဲ ရစ်ဝဲနေသေး၏။

လေထဲတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် နတ်ဘုရားထောင်ပေါင်းများစွာသည် သူ့ကို တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။ ချိမင်နတ်ဘုရားသားတော်ပင် သူ့ရှေ့၌ ဒူးထောက်နေရရာ သူတို့ မည်ကဲ့သို့ မချောက်ချားမိဘဲ နေမည်နည်း။

“ငါ့ကို သတ်ချင်ရင် သတ်၊ အသားလှီးချင်ရင် လှီး....”

ချိမင်နတ်ဘုရားသားတော်မှာ အသက်ကို မျှင်း၍ ရှူရင်း နာကျင်မှုများကို ချုပ်တည်းကာ ခေါင်းမော့လိုက်သည်။ သူက စိတ်ပျက်အားငယ်စွာ ဟက်ခနဲ ရယ်ပြီးနောက် တောင်းပန်တော့သည်။ “မင်း စိတ်တိုင်းကျသာ လုပ်... ငါတို့ချိမင်ခေတ် မပျောက်ကွယ်သွားအောင် လူအနည်းငယ်တော့ ချန်ခဲ့ပေးပါ”

ချင်မူ‌ ခေါင်းကုတ်၍ မေးကြည့်လိုက်သည်။ “အရှင်မင်းကြီး နတ်ဘုရားသားတော်... ဟိုလေ... ဒါတွေအကုန်လုံးက နားလည်မှုလွဲတာဆိုရင် ကျွန်တော့်ကို ယုံမလားဟင်... ကျွန်တော် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လိုက်လို့ပါ”

ချိမင်နတ်ဘုရားသားတော် ဆွံ့အမှင်သက်သွားတော့၏။

၎

င

၎

၎

All Chapters