← Chapters

ဓားရိပ်လွှမ်းသည့်ကြာပန်းရေကန်နှင့် နတ်ဘုရားသုတ်သင်ဓားသိုင်း

Vol. 79 Ch. 1108

ဓားရိပ်လွှမ်းသည့်ကြာပန်းရေကန်နှင့် နတ်ဘုရားသုတ်သင်ဓားသိုင်း

Vol. 79 Ch. 1108

အခန်း (၁၁၀၈) ဓားရိပ်လွှမ်းသည့်ကြာပန်းရေကန်နှင့် နတ်ဘုရားသုတ်သင်ဓားသိုင်း

တိချင်းလျန် ကွယ်လွန်သွားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း သူမနေထိုင်ရာနေရာဟောင်းဖြစ်သည့် တန့်ရှတောင်ထွတ်သို့သွားရာလမ်းတစ်ဝက်တွင်ရှိသော ‘ကြာကန်’ မှာတော့ အဖြူရောင်ကြာပန်းများ ပွင့်လန်းနေဆဲပင်။

ထို အဖြူရောင်ကြာပန်းများက မြင်ရသူတိုင်း၏စိတ်ကို ကြည်လင်လန်းဆန်းစေသည်။

ဤနေရာရှိ အရအားလုံးက ပျက်ဆီးယိုယွင်းခြင်းမရှိသေးဘဲ နေထိုင်သည့်လူအရေအတွက်လည်းနည်းပါးသဖြင့် ရှုခင်းများက ပိုမိုသန့်စင်ပြီး ထူးခြားသော ဆွဲဆောင်မှု ရှိသည်။

ရန်ကျောက်ကဲ ကြာကန်အစွန်းတွင်မတ်တတ်ရပ်လိုက်သည်နှင့် ရေကန်အောက်ခြေမှ သိပ်သည်းသော ဓားတန်ခိုးစွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ထိုအရာက အလွန်သိပ်သည်းပြီး ပြင်ပသို့ ဖြန့်ကျက်ထုတ်လွှတ်ထားခြင်းမရှိသည့်တိုင် အလွန်တရာ အံ့သြဖွယ်ကောင်းလှသည်။

သေသေချာချာကြည့်ပြန်တော့ ကြာပန်းကန်အောက်ခြေတွင် မည်သည့်လက်နက်မှ ရှိမနေပေ။

ရန်ကျောက်ကဲ စိတ်ရှုတ်ထွေးသွားစဉ် လုန်ရွှယ်ကျီးက ရုတ်တရက် သူ၏ဓားကို ဆွဲထုတ်လိုက်သည်။

အမတခုံရုံးမှ ရန်သူများနှင့် တိုက်ခိုက်စဉ်က လုန်ရွှယ်ကျီး အသုံးပြုသည့်ဓားမှာ ပေါ့ပေါ့ပါးပါး သာမန်သံမဏိဓားတစ်လက် ဖြစ်ကြောင်း ရန်ကျောက်ကဲ တွေ့မြင်ဖူး၏။

ထိုသံမဏိဓားက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်းမဟုတ်သလို ဝိညာဉ်လက်နက်ရတနာပစ္စည်းမျိုးလည်း မဟုတ်ပေ။ သေမျိုးလူသားကမ္ဘာတွင် အသုံးပြုသည့် သာမန်သံမဏိဓားရှည်တစ်လက်သာ ဖြစ်သည်။

အခြားသူများနှင့်တိုက်ခိုက်သည့်အခါ လုန်ရွှယ်ကျီးက သာမန်သံမဏိဓားကိုပင် ထုတ်ယူအသုံးပြုတတ်လေရာ ရန်သူများက သူ့ကို အလွန်မာနကြီးသည်ဟု မှတ်ယူကြသည်။

သို့သော် ဤသို့သာမန်ဓားတစ်လက်ကိုအသုံးပြုသည်မှာ လုန်ရွှယ်ကျီး ဓားသိုင်းကျင့်ကြံသည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ရန်ကျောက်ကဲကတော့ နားလည်ခဲ့သည်။

လုန်ရွှယ်ကျီးတွင် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများရှိသော်လည်း ထိုပစ္စည်းများကိုထုတ်ယူတိုက်ခိုက်ရလောက်သည့် ရန်သူအနည်းငယ်သာလျှင် ရှိသည်။

လုန်ရွှယ်ကျီး၏မိခင် ၊ ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ အစစ်အမှန်နတ်ဘုရားအဆင့်တွင် ကိုင်ဆောင်ခဲ့သော အမတမှော်ဝင်ဓားကို လုန်ရွှယ်ကျီးကို ပေးအပ်ထားမည်ဟု ရန်ကျောက်ကဲ တွေးထင်ထားသည်။

လုန်ရွှယ်ကျီးမဟုတ်လျှင်လည်း ကောင်းရွှယ်ပေါ်ကို ပေးအပ်ထားခြင်း ဖြစ်နိုင်သည်။

ယခု ‘လုန်ရွှယ်ကျီး’ ထုတ်ယူလိုက်သည့်ဓားကတော့ သာမန်ကြေးနီဓားတစ်လက်မဟုတ်ဘဲ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ဓားတစ်လက်ဖြစ်ကြောင်း  တွေ့လိုက်ရသည်။

ဓား၏အရည်အသွေးက တိမ်လွှာအလင်းဓား ၊ ခရမ်းရောင်ပင်လယ်ဓားတို့နှင့် ကောင်းစွာယှဉ်ပြိုင်နိုင်ပြီး မိစ္ဆာဓားတောင်းတျဲထက် အားနည်းခြင်း မရှိပေ။

ထိုဓားက မိစ္ဆာဓားတောင်းတျဲလောက် လျှို့ဝှက်ဆန်းကျယ်ပြီး မိစ္ဆာမဆန်သော်လည်း ပိုမိုထက်ရှသည်။

လုန်ရွှယ်ကျီးက ရန်ကျောက်ကဲအား ရှင်းပြသည်။

“တန်းရှတောင်ထွတ်ရဲ့  ဓားသွားရေကန်က ဆရာဒေါ်လေးအသက်ရှိစဉ်ကတည်းက ရှိနေခဲ့တာ ၊ သူသေဆုံးသွားပြီးတဲ့နောက်မှာလည်း အားလုံးက ဆက်လက်ထိန်းသိမ်းထားခဲ့ကြတယ်”

ရန်ကျောက်ကဲက အဖြူရောင်ကြာပန်းများပွင့်လန်းနေသော ရေကန်ကိုကြည့်ရင်း ရေရွတ်လိုက်သည်။

“ဓားသွားရေကန်...”

လုန်ရွှယ်ကျီးက...

“ဆရာဒေါ်လေး ဓားတာအိုမှာ အောင်မြင်မှုရသွားတဲ့နေ့က ငါတို့အဆက်အနွယ်တွေသာမကဘူး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးက ဓားသိုင်းကျင့်ကြံသူတွေအားလုံး သူတို့ရဲ့ဓားတွေကိုဆွဲထုတ်ပြီး အောင်ပွဲခံ ဂုဏ်ပြုခဲ့ကြတယ်”

ထိုစကားကိုပြောစဉ် အစဉ်အမြဲ အေးစက်ဟန်ရှိသော လုန်ရွှယ်ကျီးမျက်နှာထက်တွင် ရှားရှားပါးပါး အောင်းမေ့တမ်းတသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

“အဲဒီတုန်းက မရေမတွက်နိုင်တဲ့ဓားရှည်တွေ ‘တန်းရှတောင်ထွတ်’ က ကြာကန်ထဲကို ဆင်းသက်လာပြီး တညီတညွတ်တည်း ဦးညွှတ်အရိုအသေပြုကြတယ်”

“အဲဒီအချိန်ကစပြီး တန်းရှတောင်ထွတ်ကိုလာချင်တဲ့သူတိုင်း ဓားတွေကိုရေကန်ထဲပစ်ချပြီးမှ တက်ရောက်ခွင့်ရကြတယ်”

ထိုအခါမှ ကြာပန်းရေကန်အတွင်းမှ ဓားချီစွမ်းအားများ ထွက်ပေါ်နေရခြင်းအကြောင်းရင်းကို ရန်ကျောက်ကဲ နားလည်သွားသည်။

အတိတ်တစ်ချိန်က ကြာကန်ထဲသို့ရောက်ရှိလာသည့် ဓားပေါင်းမျးစွာမှ ဓားချီစွမ်းအားများ သိပ်သည်းစုစည်းနေခြင်း ဖြစ်သည်။

တန့်ရှတောင်ထွတ်က ဝိညာဉ်စွမ်းအားကောင်းမွန်လှသဖြင့် နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင် ဓားချီစွမ်းအားများက ပျောက်ကွယ်မသွားဘဲ ယနေ့ထိတိုင် တည်ရှိနေခဲ့သည်။

လုန်ရွှယ်ကျီးက သူ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ဓားကို ကြာပန်းကန်ထဲသို့ ပစ်ချရင်း...

“ရေကန်ထဲမှာထားခဲ့တဲ့ဓားကိုပြန်ယူချင်တယ်ဆိုရင် ဆရာဒေါ်လေးရဲ့ စမ်းသပ်ချက်ကိုအောင်မြင်မှ ရလိမ့်မယ်”

“ပြီးတော့... ချင်းဖိန်တောင်က စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူတွေအားလုံး ပြင်ပလောကကို ခရီးမထွက်ခင် တန့်ရှတောင်ကိုလာပြီး ဆရာဒေါ်လေးရဲ့ ခွင့်ပြုချက်တောင်းရတယ် ၊ သူတို့ဓားတွေကို ဒီကြာပန်းကန်ကနေထုတ်ယူသွားနိုင်မှသာ တရားဝင်ထွက်ခွာခွင့်ရှိတယ်”

“ဆရာဒေါ်လေးရဲ့ စမ်းသပ်ချက်ကို မအောင်မြင်ရင် ဓားကိုရေကန်ထဲမှာပဲထားခဲ့ရတယ် ၊ ထပ်ပြီးကျင့်ကြံပြီး ပိုတော်လာတဲ့အချိန်ကျမှ ထပ်ပြီးအစစ်ဆေးခံပြီး ခရီးထွက်ခွင့်ရတယ်”

လုန်ရွှယ်ကျီးက သိမ်မွေ့စွာဖြင့်...

“အဲဒါကြောင့်... အရင်တုန်းက ဆရာဒေါ်လေးကို ‘ဓားအကြီးအကဲ’ ၊ ‘ဓားသိုင်းတိုင်းတာသူ’ လို့ ခေါ်ကြတာပေါ့ ၊ အဓိပ္ပါယ်ကတော့ မိုးအောက်မြေပြင်က ဓားသိုင်းသမားအားလုံးရဲ့ အရည်အချင်းအားလုံးကို သူက တိုင်းတာနိုင်တယ်လေ”

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ဒီလိုစည်းကမ်းတစ်ခုရှိတယ်ဆိုတော့... အရင်တုန်းက စန့်ချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူတွေထဲမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးမွေးထုတ်ပေးနိုင်ခဲ့တာ မအံ့သြတော့ပါဘူး ၊ သူတို့တစ်ယောက်ချင်းစီတိုင်းကလည်း အထွတ်ထိပ်ရောက်အောင် ကျင့်ကြံနိုင်ခဲ့ကြတယ်...”

လုန်ရွှယ်ကျီးက...

“ရွှေစင်ထက်ယံအရှင်သခင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိုရောက်လာတော့မှ ဒီစည်းမျဉ်းရပ်ဆိုင်းလိုက်တာလေ...”

သူက ဆက်ပြောသည်။

“ရွှေစင်ထက်ယံအရှင်သခင်နဲ့ ဆရာဒေါ်လေး ကွယ်လွန်သွားပြီးတဲ့နောက်... လူတချို့က အရင်ရိုးရာဓလေ့ကို ပြန်အသက်သွင့်ဖို့ အမေ့ကို စည်းရုံးခဲ့ကြတယ် ၊ ဒါပေမဲ့ အမေက ဆရာဒေါ်လေးကို သတိရအောင်းမေ့တဲ့အတွက် သဘောမတူလိုက်ဘူး ၊ ဒါကြောင့် ဓားတိုင်းတာခြင်းရိုးရာဓလေ့က ဆရာဒေါ်လေးနဲ့စတင်ပြီး ဆရာဒေါ်လေးနဲ့ပဲ အဆုံးသတ်သွားခဲ့တယ်”

“ကျန်ရှိနေတဲ့ တစ်ခုတည်းသောစည်းမျဉ်းကတော့ တန့်ရှတောင်ထွတ်ကိုတက်တဲ့သူတိုင်း သူတို့ရဲ့ဓားတွေကို ကြာကန်ထဲပစ်ချဖို့ပါပဲ ၊ တောင်ပေါ်မှဆင်းလာမှ ပြန်ယူရမှာပါ”

ထိုစကားကြားတော့ ရန်ကျောက်ကဲခေါင်းညိတ်လိုက်ပြီး မိစ္ဆာဓားတောင်းတျဲထည့်ထားသည့် ‘ကမ္ဘာမြေဖျက်ဆီး ကောင်းကင်ဝါးမျို’ ဓားသေတ္တာကို ထုတ်ယူလိုက်သည်။

သူက ဓားကိုထုတ်ယူခြင်းမရှိဘဲ ဓားသေတ္တာနှင့်အတူ ကြာကန်ထဲသို့ ပစ်ချလိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် တိမ်လွှာအလင်းဓား ၊ ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်နှင့် သူ သူ သိုင်းဆရာသခင်အဆင့် တက်ရောက်စဉ် အသုံးပြုခဲ့သော အစိမ်းရောင်ချောက်နက်ဓားတို့ကိုထုတ်ယူကာ အားလုံးကို ကြာကန်ထဲ ပစ်ချလိုက်သည်။

ဒါကိုမြင်တော့ လုန်ရွှယ်ကျီးက မနေနိုင်ဘဲ ပြုံးလိုက်ရင်း...

“မင်းကတော့ ရတနာပစ္စည်းတွေကြွယ်ဝတဲ့နေရာမှာ ဂုဏ်သတင်းနဲ့ လိုက်ဖက်လွန်းပါတယ်”

ရန်ကျောက်ကဲက...

“ဒါက ဘာမှမပြောပလောက်ပါဘူးဗျာ... ဆရာဦးလေး’လုန်’...”

ယခင်တစ်ချိန်က အဘွားဖြစ်သူအား ဦးညွှတ်ကြသည့် များပြားလှစွာသောဓားများ ကိန်းဝပ်နေသော ကြာကန်ကိုကြည့်ရင်း ရန်ကျောက်ကဲက သူပစ်ချလိုက်သော ဓား (၄)လက်အရေအတွက်နှင့်ပတ်သက်ပြီး အလေးအနက် ခံစားခဲ့သည်။

သေလွန်သူများထွက်ခွာသွားပြီဖြစ်သော်လည်း သြဇာလွှမ်းမိုးမှုကတော့ ထင်ကျန်ရစ်နေသေးသည်။

ရန်ကျောက်ကဲနှင့် လုန်ရွှယ်ကျီး ‘ဓားသွားရေကန်’ ကို ဖြတ်ကျော်ပြီးနောက် တန်းရှတောင်ထွတ်ဆီသို့ ရောက်ရှိလာခဲ့သည်။

တောင်ထွတ်ထက်တွင် ရိုးရှင်းသည့် ခြံဝန်းတစ်ခု ရှိနေသည်။

လုန်ရွှယ်ကျီးက ရန်ကျောက်ကဲထံ ခေါင်းတစ်ချက်ညိတ်ပြရင်း...

“မင်းတစ်ယောက်တည်း ဝင်သွားလိုက်ပါ”

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက သူ့အား နတ်ဘုရားသုတ်သင်ဓားသိုင်းကိုလေ့လာရန် အခွင့်အရေးပေးခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်သည်။

သူ၏အဘွားဖြစ်သူ တိချင်းလျန်က ‘လင်ပေါင်ဓားသိုင်း (၄)မျိုး’ လုံးကို ကျင့်ကြံခဲ့သော်လည်း သူမ အကျွမ်းကျင်ဆုံးမှာ ‘နတ်ဘုရားသုတ်သင်ဓားသိုင်း’ ဖြစ်သည်။

လင်ပေါင်ဓားသိုင်း (၄)မျိုးတွင် နတ်ဘုရားအဆုံးသတ်ဓားသိုင်းက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိပြီး နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကတော့ သက်ရှိပုံစံအားလုံးကို သုတ်သင်ပစ်နိုင်စွမ်း ရှိသည်။ နတ်ဘုရားထောင်ချောက်ဓားသိုင်းကတော့ အချိန်နှင့်နေရာကို ဖြတ်တောက်ပစ်နိုင်စွမ်းရှိပြီး နတ်ဘုရားသုတ်သင်ဓားသိုင်းကတော့ သိုင်းပညာရပ်များအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။

ထိုဓားသိုင်းအားလုံးတွင် အစွမ်းထက်ဆုံးနှင့် အကျော်ကြားဆုံးမှာ နတ်ဘုရားသုတ်သင်ဓားသိုင်း ဖြစ်သည်။ ထို့ကြောင့် လင်ပေါင်ဓားသိုင်း (၄)မျိုး ကို ‘နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုး’ ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဤနေရာက သူ့အဘွားနေထိုင်ခဲ့သော အိမ်တော်အဟောင်းဖြစ်သည်။

မည်သည့်အကြောင်းအရာများမှ မကျန်တော့သော်ငြား ဤနေရာတွင်ရှိနေသော ဓားဝိညာဉ်က နတ်ဘုရားသုတ်သင်ဓားသိုင်း၏ နက်နဲသောသဘောတရားများကို ဆုပ်ကိုင်နိုင်ရန် ကြိုးစားနေသူအတွက် များစွာ အကျိုးရှိစေသည်။

ယခင်က နတ်ဘုရားထောင်ချောက်ဓားသိုင်း လက်ဆောင်ပေးအပ်ခဲ့ပြီး ယခုလည်း နတ်ဘုရားသုတ်သင်ဓားသိုင်းကို လေ့လာခွင့်ပေးသည့်အတွက် ရန်ကျောက်ကဲ အထူးကျေးဇူးတင်ရှိသွားမိသည်။

သူက လုန်ရွှယ်ကျီးကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုရင်း...

“ဆရာဦးလေး’လုန်’ နဲ့ အကြီးအကဲများအားလုံးကို ကျေးဇူးတင်ပါတယ်...”

သူ၏ဖခင်ဖြစ်သူ ‘ရန်တိ’ က နတ်ဘုရားသုတ်သင်ဓားသိုင်းနှင့် ကောင်းကင်ဖွင့်ကျမ်းစာ အပြည့်အဝပေါင်းစည်းထားသည့် သိုင်းပညာအသစ်တစ်ရပ်နှင့်အတူ မွေးဖွားလာခြင်း ဖြစ်သည်။

ယခု ‘ရန်တိ’ က ထိုသိုင်းပညာကို ‘ဖန်ဆင်းခြင်းဓားသိုင်း’ ဟု အမည်ပေးခဲ့သည်။

နတ်ဘုရားသုတ်သင်ဓားသိုင်းဝိညာဉ်နှင့် ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဓားဝိညာဉ်များ ပေါင်းစပ်ပြီးနောက် ၎င်းသိုင်းပညာများ၏ သီးခြားဝိသေသလက္ခဏာများမရှိတော့ဘဲ ‘ဖန်ဆင်းခြင်းဓားသိုင်း’ ၏ ထက်ရှသော ဓားဝိညာဉ်သာလျှင် ကျန်ရစ်ခဲ့သည်။

ရန်ကျောက်ကဲက စန်းချင်း (၃)ပါး ပညာရပ်များကို တပြိုင်တည်းကျင့်ကြံခဲ့သော်လည်း သိုင်းပညာ၏ မူလအစိတ်အပိုင်းများကို ခွဲထုတ်ခြင်း ၊ ပြောင်းပြန်လှန်ခြင်းများပြုလုပ်ရန် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် မဖြစ်နိုင်သေးပေ။

ယနေ့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် နတ်ဘုရားသုတ်သင်ဓားသိုင်း၏ ဓားဝိညာဉ်ကို ရရှိမည်ဖြစ်ရာ အခွင့်အရေးကို ဆုပ်ကိုင်ထားရပေမည်။

ခြံဝင်းအတွင်း ဝင်ရောက်လုက်သည်နှင့် ပုံမှန်သန့်ရှင်းရေးပြုလုပ်ထားကြောင်း တွေ့ရှိရသည့်တိုင် ဤနေရာကို နေမြဲတိုင်း ဆက်လက်ထိန်းသိမ်းထားကြောင်းလည်း တွေ့ရသည်။

ရန်ကျောက်ကဲက မျက်လုံးများကို မှေးမှိတ်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ အာရုံခံကြည့်လိုက်သည်။

သူ့မျက်လုံးများကို မှေးမှိတ်လိုက်သည်နှင့် စိတ်အာရုံအမှောင်ထုထဲတွင် ပုံရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

အဖြူရောင်ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်၏ပုံရိပ်ဖြစ်ပြီး သူမ၏ခါးတွင်ဓားရှည်တစ်လက်ချိတ်ဆွဲထားကာ လက်ထဲတွင် သေရည်အိုးငယ်တစ်လုံးကို ကိုင်ဆောင်လျှက် အေးဆေးပေါ့ပါးစွာ ခြံဝင်းထဲတွင် လမ်းလျှောက်နေသည်။

သူမက လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး လေထဲတွင် ဓားသိုင်းကစားသည့်ပမာ ပေါ့ပေါ့ပါးပါးပင် ရေးဆွဲလိုက်သည်။

ဓားအစွန်းက နေရာတိုင်းတွင်ရှိနေပြီး ကမ္ဘာလောကတစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်းရှိသော ကြီးမားသည့် ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

All Chapters