← Chapters

အာကာပြင်ကို စုတ်ဖြဲခြင်း

Vol. 125 Ch. 1376

အာကာပြင်ကို စုတ်ဖြဲခြင်း

Vol. 125 Ch. 1376

‘စမယ်...’

ကျန်းရီသည် သူ၏အတွေးအတိုင်း ပထမ ပုံသဏ္ဌာန်ကို စတင်ဖန်တီးလိုက်၏။ တစ်ခဏအတွင်းမှာပင် သူ အောင်မြင်သွားသည်။ သူ့တစ်ကိုယ်လုံး တောင့်တင်းလာသည်။ ဒုတိယ ပုံသဏ္ဌာန်ကို မဖန်တီးနိုင်လျှင် သူ၏ခန့်မှန်းချက်က မှားသွားပေလိမ့်မည်။ သူ့လက်လည်း ပေါက်ကွဲထွက်သွားပေမည်။

ကျန်းရီ ဒုတိယ ပုံသဏ္ဌာန်ကို ဖြည်းဖြည်းချင်း ဖန်တီးလိုက်သည်။ သူသည် ၎င်းကို ပထမတစ်ခုနှင့် တန်း၍ မပေါင်းစည်းလိုက်ပေ။ ထိုအစား ဒုတိယတစ်ခုကို အခြားအစွန်းတွင် ဖန်းတီ၍ ပထမတစ်ခုဆီသို့ ဖြည်းဖြည်းချင်း ပို့လိုက်သည်။ ပုံသဏ္ဌာန်နှစ်ခု ထိတွေ့သွားသောအခါ ကျန်းရီ၏တစ်ကိုယ်လုံး တုန်ယင်သွားလေသည်။

‘အောင်မြင်ပြီ...’

ဆန်းကြယ်သော ပုံသဏ္ဌာန်နှစ်ခုက အလွယ်တကူ ပေါင်းစည်းသွားသည်။ ကျန်းရီသည် ယင်းကို သုံးကြိမ် အတည်ပြုပြီးနောက် မျက်လုံးဖွင့်ကာ နဖူးမှ ဇောချွေးများကို သုတ်လိုက်သည်။

“ဟုတ်ပြီ...”

ကျန်းရီ အားရကျေနပ်စွာ ရေရွတ်၍ အခန်းထဲတွင် ဟိုဘက်၊ သည်ဘက် လမ်းလျှောက်နေလိုက်၏။ သူ စိတ်တည်ငြိမ်သွားမှ မျက်လုံးပြန်မှိတ်ကာ ဆန်းကြယ်သော ပုံသဏ္ဌာန်များကို ဆက်ဖန်တီးလိုက်သည်။

တတိယ၊ စတုတ္ထ၊ ပဉ္စမ...

ကျန်းရီ ပို၍ ကျွမ်းကျင်လာ၏။ သူ၏ဖန်တီးနှုန်းက မြန်၍ မြန်၍ လာသည်။ အဋ္ဌမမြောက် ပုံသဏ္ဌာန်ကို ဖန်တီးပြီးနောက်တွင် အရှေ့မှ ပုံသဏ္ဌာန်အားလုံးက လင်းလက်လာပြီး သူ၏ သွေးကြောမှတ်မှနေ၍ ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု ထွက်လာ၏။ ပေါက်ကွဲမှုကြီး ထပ်မံ ဖြစ်လာသည်။ သူ့လက်တစ်ဘက်လုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ သူလည်း လွင့်ထွက်သွားသည်။ သူ့တစ်ကိုယ်လုံးပေါ်တွင် အသားစများ၊ သွေးများ လွှမ်းနေပေပြီ။

“အား...”

သွေးပျက်ဖွယ် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီသည် နာကျင်လွန်းလှသဖြင့် သတိလစ်မလိုပင် ဖြစ်သွားသည်။ ကြမ်းပြင်ပေါ်တွင် အကြိမ်အနည်းငယ် လူးလွန့်နေပြီးနောက် အံကြိတ်ကာ နတ်ဘုရားသစ်ရွက်ကို ထုတ်လိုက်သည်။ ဤတစ်ကြိမ်တွင် ပြန်ကောင်းနှုန်းက အစောမှထက် များစွာပို၍ နှေးသည်။ သို့သော် မကြာခင်မှာပင် လက်အသစ်တစ်ဘက် ပြန်ပေါက်လာပေသည်။

နာရီဝက်ကြာပြီးနောက် ကျန်းရီသည် သူ၏လက်အသစ်ကို ကြည့်လိုက်၏။ သူ ငိုလိုသော်လည်း မျက်ရည်မထွက်ပါ။ သူ၏ ခန့်မှန်းချက်များက မှန်ခဲ့သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ထပ်မံပေါက်ကွဲရပါသနည်း။

မကြာခဏ ပေါက်ကွဲမှုများ ဖြစ်နေလျှင် ကျန်းရီ မည်သို့ ဆက်လက်ကျင့်ကြံဝံ့ပါမည်နည်း။ သူ့ဦးခေါင်းရှိ ထျန်းလင်းသွေးကြောမှတ်ထဲတွင် ဆန်းကြယ်သော ပုံသဏ္ဌာန် ထောင်ကျော် ဖန်တီးပြီးမှ ပုံသဏ္ဌာန်များက ပေါက်ကွဲထွက်သွားလျှင် မည်သို့လုပ်မည်နည်း။ သူ့ဦးခေါင်းက သေချာပေါက် ပေါက်ထွက်သွားပေလိမ့်မည်။

‘ငါ ဘာမှားသွားတာလဲ’

ကျန်းရီသည် ကြောက်ရွံ့စွာနှင့် မျက်တောင်ပုတ်ခတ်လျက် တွေးတောနေ၏။ အတော်ကြာပြီးနောက် သူ ကောင်းကင်စိတ်အာရုံကို သုံးကာ အလောင်းကြီး၏ သွေးကြောမှတ်များကို အာရုံခံလိုက်သည်။ သူ၏ခန့်မှန်းချက်က မှန်ခဲ့ပါ၏။ နိယာမအရဆိုလျှင် စည်းစနစ် အစီအစဉ်က မှန်သင့်သည်။

ကျန်းရီ မည်သည့်နေရာတွင် မှားသွားခြင်းနည်း။

ကျန်းရီတစ်ယောက် ထပ်ခါ ထပ်ခါ စူးစမ်း၊ သုံးသပ်၊ အဖြေရှာနေသည်။ သို့သော် ပြဿနာ၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပေ။ အချိန်က လျင်မြန်စွာ ရွေ့လျားသွားပြီး ငါးရက်ကုန်ဆုံးသွားသည်။ ကျန်းရီသည် အချိန်ကို မသိတော့ပါ။ ကျင့်ကြံခြင်းတွင်သာ အပြည့်အဝ အာရုံနစ်မျောနေပေသည်။

“မှားတယ်၊ မှားတယ်၊ မှန်တယ်၊ မှန်တယ်”

ရှစ်ရက်မြောက်နေ့တွင် ကျန်းရီသည် မျက်လုံးများဖွင့်၍ ရူးသွပ်စွာ အော်လိုက်၏။ ထိုအခိုက်တွင် တစ်ယောက်ယောက်သာ သူ့ကို တွေ့သွားပါက အရူးတစ်ယောက်ဟု ထင်သွားပေလိမ့်မည်။ အခိုက်အတန့်တစ်ခုတွင် သူ မှားခဲ့ပြီး နောက်အခိုက်အတန့်တွင် သူ မှန်ခဲ့သည်။

ကျန်းရီသည် များစွာ အ‌ရေးစိုက်မနေဘဲ ထရပ်လိုက်၏။ သူ့ မျက်ဝန်းများထဲတွင် ဝမ်းသာမှုများ ပြည့်နှက်နေသည်။ ရက်အတော်ကြာအောင် အထပ်ထပ် သုံးသပ်ပြီးနောက်တွင် ပြဿနာကို သူ ရှာတွေ့သွားပေပြီ။ သူ၏ မူလကောက်ချက်ချမှုတွင် မည်သည်မှ မှားမနေပါ။ စည်းစနစ် အစီအစဉ်ကလည်း မမှားပါ။ ပြဿနာမှာ အလောင်းကြီး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် မတူခြင်းပင်။ တစ်နည်းဆိုရသော် အလောင်းကြီး၏ သွေးကြောမှတ်များက သူ၏သွေးကြောမှတ်များထက် ဆယ်ဆပို၍ ကြီးသည်။ ထို့ကြောင့် ၎င်း၏သွေးကြောမှတ်များထဲမှ ဆန်းကြယ်သော ပုံသဏ္ဌာန်များက သူ့သွေးကြောမှတ်များထဲမှ ပုံသဏ္ဌာန်များထက် ဆယ်ဆပို၍ များမည်ဖြစ်သည်။

‘ကြိုးစတွေကို တစ်ချောင်းတည်းဖြစ်အောင် ကျစ်၊ ရှည်တဲ့ကြိုးက တို၊ ထူတဲ့ကြိုးက ပါး။ သွေးကြောမှတ် ဖွဲ့စည်ပုံအတိုင်း အစီအရင်ငယ်တစ်ခုဆင်။ အဲ့စွမ်းအားက အလောင်းကြီးရဲ့ စွမ်းအားထက် အားနည်းမယ်ဆိုပေမဲ့ အစီအရင်ငယ် တစ်ရာ့ရှစ်ခု ဖြစ်နေတုန်းပဲ။ သေချာဆင်ရင် အဲ့ဒါက မဟာနတ်ဘုရားမျိုးနွယ်ရဲ့ အစီအရင်ထက် အများကြီး ပိုအားနည်းမှာ မဟုတ်ဘူး။ အလွန်ဆုံးမှ စွမ်းအားသုံးနိုင်တဲ့အချိန်က ဆယ်ဆပိုတိုနေတာလောက်ပဲ ရှိမှာ’

မဟာနတ်ဘုရားမျိုးနွယ်၏ ခန္ဓာကိုယ်မှာ မွေးရာပါဖြစ်သည်။ ကျန်းရီအနေဖြင့် ထိုခန္ဓာကိုယ်ကို မရနိုင်ပါ။ သူ အစီအရင်အပေါ်သာ အားကိုးရမည်။ သွေးကြောမှတ်များက မဟာနတ်ဘုရားမျိုးနွယ်၏ စွမ်းအား၏ အရင်းအမြစ်ဖြစ်ကြောင်း သူ သေချာသည်။ ဤတစ်ခေါက် သူ၏ သုံးသပ်ချက်သာ မမှားလျှင် သူ့ပထမသွေးကြောမှတ်ထဲတွင် ဆန်းကြယ်သော ပုံသဏ္ဌာန်များကို အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်လိုက်လောက်သည်။

ကျန်းရီသည် တစ်နာရီကြာ အနားယူပြီးနောက် စိတ်ရောကိုယ်ပါ အားပြန်ပြည့်လာ၏။ ထို့နောက် သူ ချက်ချင်းပင် ဆန်းကြယ်သော ပုံသဏ္ဌာန်များကို စည်းစနစ်တကျ အစီအစဉ်အလိုက် စတင်ဖန်တီးလိုက်သည်။

တစ်ခု၊ နှစ်ခု၊ ဆယ်ခု၊ အခုငါးဆယ်...

သွေးကြောမှတ်ထဲတွင် ဆန်းကြယ်သော ပုံသဏ္ဌာန်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီလည်း ပို၍ ပို၍ စိတ်လှုပ်ရှားလာသည်။ ပုံသဏ္ဌာန် အစီအရင်ငယ်တစ်ခု ဖန်တီးရန်မှာ ခက်ခဲရှုပ်ထွေးသည်။ သို့သော် ပုံသဏ္ဌာန်တစ်ခုစီကို ဖန်တီးရန်မှာ သူ့အတွက် လွယ်ကူနေပြီဖြစ်သည်။ သူ ဆယ်စက္ကန့်လျှင် ပုံသဏ္ဌာန်တစ်ခု ဖန်တီးနိုင်နေပေပြီ။ သူ၏သွေးကြောမှတ်အရွယ်အစားကြောင့် ပုံသဏ္ဌာန် တစ်ထောင်သာ ဖန်တီးရမည်ဖြစ်သည်။ နာရီအနည်းငယ်အတွင်းမှာပင် သူ ပြီးလုနီးပါးဖြစ်သွားသည်။

‘နောက်ဆုံးတစ်ခုပဲ...’

ကျန်းရီ စိတ်လှုပ်ရှားနေသည်။ သူ၏ သုံးသပ်ချက်အရဆိုလျှင် ဤပုံသဏ္ဌာန်က နောက်ဆုံးတစ်ခုပင်။ သူ ရှုံးနိမ့်သွားလျှင် သူ့လက်တစ်ဘက်က ထပ်မံ ပေါက်ကွဲသွားပေလိမ့်မည်။ ထိုသို့ဖြစ်လာပါက သူ မဟာနတ်ဘုရားအတတ်ကို ဆက်ကျင့်ကြံတော့မည် မဟုတ်ပေ။

ရွှီး...

နောက်ဆုံး ပုံသဏ္ဌာန်က အခြားပုံသဏ္ဌာန်များနှင့် ပေါင်းစည်းသွားသောအခါ သွေးကြောမှတ်ထဲရှိ ပုံသဏ္ဌာန်အားလုံး လင်းလက်လာ၏။ ကျန်းရီ အလွန်ကြောက်ရွံ့နေသည်။ နောက်ထပ်ပေါက်ကွဲမှုတစ်ခု ဖြစ်လာတော့မည်ဟု သူ ထင်နေမိသည်။

သို့သော်...

ဤတစ်ခေါက်တွင် ပေါက်ကွဲမှု ဖြစ်မလာပါ။ ထိုအစား ဆန်းကြယ်သော ပုံသဏ္ဌန်အားလုံး လင်းလက်နေပြီး ၎င်းပုံသဏ္ဌာန်များမှနေ၍ ထွက်နေသော အလွန်အားကောင်းသည့် စွမ်းအားတစ်မျိုးက သွေးကြောမှတ်အပြင်သို့ ထွက်ကာ ကျန်းရီ၏ ဘက်ဘက်လက်ဝါးပြင်ရှိ သွေးကြောအားလုံးထဲသို့ စီးဝင်သွားသည်။ ထိုအခိုက်တွင် သူ့လက်ဝါးထဲ၌ အဆုံးမဲ့စွမ်းအား ရှိလာသလို သူ ခံစားလိုက်ရသည်။ အာကာပြင်ကိုပင် လက်သီးတစ်ချက်တည်းနှင့် ဖျက်ဆီးပစ်နိုင်လောက်သည်။

ဝှီ...ဝှီ...

ကျန်းရီသည် ရင်ထဲမှ ဆန္ဒကို မမျိုသိပ်ထားနိုင်သဖြင့် လေကို ထိုးလိုက်၏။ ထိုအခါ စူးရှသော အသံများ ထွက်ပေါ်လာသည်။ ထို့နောက် လေထုက ပြင်းထန်စွာ တုန်ခါလာပြီး အက်ကြောင်းများ ထွက်ပေါ်လာသည်။ ယင်းမှာ ကွဲအက်နေသော ကြေးမုံတစ်ချပ်အလားပင်။

ရှူး...ရှူး...

ကျန်းရီသည် လေအေးများကို အကြိမ်အနည်းငယ် ရှူသွင်းလိုက်၏။ သူ၏ လက်သီးချက်က အာကာပြင်ကို စုတ်ဖြဲနိုင်ပေသည်။ ကောင်းကင်မိစ္ဆာဘုံ၏ အာကာပြင်က ကမ္ဘာဦးကောင်းကင်ဘုံ၏ အာကာပြင်လောက် ခိုင်မာသည်။ သို့ဖြစ်ရာ သူ့လက်သီးချက်က မည်မျှ အားကောင်းပါသနည်း။

“ကောင်းတယ်...ဟားဟားဟား...”

ကျန်းရီသည် ကျယ်လောင်စွာ အော်လိုက်ပြီး အရူးတစ်ယောက်အလား ရယ်မောလိုက်သည်။ သူကြိုးစားထားသမျှ အရာထင်လာပေပြီ။ သွေးကြောမှတ်တစ်မှတ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်လိုက်လျှင် နှစ်မှတ်၊ ငါးမှတ်၊ ဆယ်မှတ်ကို ဆက်ကျင့်ကြံရန်မှာ မခက်တော့ပေ။ သွေးကြောမှတ် တစ်ရာ့ရှစ်မှတ်စလုံးကို ကျင့်ကြံပြီးသွားလျှင် သူ၏ခန္ဓာကိုယ်က လက်ရှိထက် အဆတစ်ရာလောက် ပိုသန်မာလာပေလိမ့်မည်။

“အစောက လက်သီးချက်က ငါ မိုးမြေစွမ်းအားကိုသုံးပြီး ထိုးတဲ့လက်သီးချက်ထက် ဆယ်ဆပိုအားကောင်းတယ်။ အဲ့လက်သီးချက်နဲ့တင် သာနတ် အုပ်ချုပ်သူအဆင့် သိုင်သမားတွေကို သတ်နိုင်လောက်တယ်။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားရဲ့ တိုက်ခိုက်မှုကိုတောင် ငါ့လက်သီးချက်က ကာနိုင်လောက်တယ်”

ကျန်းရီ ထိုအကြောင်းများကို အလွန်သေချာနေသည်။ ထို့ကြောင့် သူက လမ်းကြောင်းမှန်အပေါ် ရောက်နေပြီဟု ခံစားနေရပေသည်။ လက်သီးတစ်ချက် ထိုးပြီးသောအခါ ဆန်းကြယ်သော ပုံသဏ္ဌာန်အားလုံး မှေးမှိန်လာ၏။ သူ ၎င်းပုံသဏ္ဌာန်များထဲသို့ မိုးမြေစွမ်းအား ထည့်သွင်းလိုက်သည်။ ပုံသဏ္ဌာန်အားလုံး ပြန်၍ တောက်ပလာပြီး သူ့ဘယ်ဘက်လက်ထဲတွင် စွမ်းအားများ ပြန်ပြည့်သွားလေသည်။

‘ကျင့်ကြံရမယ်၊ ကျင့်ကြံရမယ်’

ကျန်းရီ အလွန်စိတ်လှုပ်ရှားနေသည်။ သူ့စိတ်ထဲရှိ စိုးရိမ်မှုများ၊ ကြောက်ရွံ့မှုများနှင့် မချင့်မရဲဖြစ်မှုများအားလုံး ပျောက်ကွယ်သွားပေပြီ။ ယခုတွင် သူ သွေးကြောမှတ်အားလုံးကိုသာ ကျင့်ကြံလိုနေသည်။ သွေးကြောမှတ်အားလုံးကို ကျင့်ကြံပြီးလျှင် သူ၏ရုပ်ခန္ဓာက မည်မျှသန်မာလာမည်ကို သူ သိလိုနေပေသည်။

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ဒုတိယမြောက် ပုံသဏ္ဌာန် အစီအရင်ငယ်ကို လေ့လာလိုက်သည်။ သွေးကြောမှတ်တစ်မှတ်ချင်းစီ၏ ပုံသဏ္ဌာန် အစီအရင်ငယ်များက ကွဲပြားသည်။ သူ ထိုအစီအရင်၏ စည်းစနစ် အစီအစဉ်ကို ငါးရက်ကြာအောင် ‌လေ့လာပြီးမှ သိရှိသွားသည်။ အစီအရင်ငယ်တစ်ခုကို သိမြင်နားလည်ရန် ငါးရက်လောက် အချိန်ပေးရသည်။ အစီအရင်ငယ်တစ်ရာကျော်ကို ဆင်နိုင်ရန် အချိန် တစ်နှစ်ခွဲလောက် ပေးရပေလိမ့်မည်။ ထိုတစ်နှစ်ခွဲမှာ အထက်ဘုံအချိန်ဖြစ်သည်။

သို့သော် သူ အောင်မြင်မည်ဆိုလျှင် အချိန်ပေးရသည်မှာ တန်ပေသည်။

ရွှီး...

သို့သော် နောက်ထပ်နှစ်ရက်ကြာပြီးနောက်တွင် စံအိမ်၏ အကာအရံများက လင်းလက်လာ၏။ လီရှန်းအာသာ ကျန်းရီကို နှောင့်ယှက်ဝံ့ပေသည်။ ထို့ပြင် ကျန်းရီသည် ကိစ္စကြီးတစ်ခုခု ဖြစ်လာပါက သူ့ကို အကြောင်းကြားရန် မှာထားပေသည်။

သို့ဖြစ်ရာ ယခု ကိစ္စကြီးတစ်ခုခု ဖြစ်လာခြင်းဖြစ်ပေမည်။

***

All Chapters