← Chapters

ကူချွတ်ပေးမည်

Vol. 125 Ch. 1738

ကူချွတ်ပေးမည်

Vol. 125 Ch. 1738

အသံပို့လွှတ်မှုက ကျန်းရီထံမှ ဖြစ်သည်။ နောက်ဆုံးတွင် သူ လျစ်လျူမရှုနိုင်ခဲ့ပါ။ မဟုတ်လျှင် အရှင်မချင်လင်းအပေါ် အပြစ်ရှိသလို ခံစားရ‌နေပေလိမ့်မည်။ ဤနှစ်ပိုင်းအတွင်းတွင် သူသည် ယခင်ကကဲ့သို့ အလျစ်စလို မပြုမူခဲ့ပေ။ သို့သော် သူက သံယောဇဉ်ကြီးသူတစ်ယောက် ဖြစ်နေဆဲပင်။ လီရှန်းအာက ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို သေတွင်းဆီ ဦးဆောင်ခေါ်သွားနေသည်ကို ကြည့်ရင်း သူ သူမတို့ကို လျစ်လျူမရှုနိုင်တော့ပါ။

အမှန်တွင် ကျန်းရီထံ၌ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ကူညီရန် နည်းလမ်းမရှိခြင်း မဟုတ်ပေ။ သို့သော် သူ ထိုနည်းလမ်းကို မလုပ်လို၊ မလုပ်ဝံ့ခြင်းဖြစ်သည်။ ယခုတွင်မူ အခြားရွေးချယ်စရာ မရှိတော့ပေ။

ကောင်းကင်ကြောင်ကတိုးမျိုးနွယ် မရှိတော့လျှင် ကျန်းရီအတွက် ကျင့်ကြံရန်နေရာ ရှိတော့မည် မဟုတ်ချေ။ သူက အကြိမ်တိုင်း ကံကောင်းနေမည် မဟုတ်ပါ။ အခြားမျိုးနွယ်တစ်ခု၏ ခေါင်းဆောင်ကို သူ၏ဝိညာဉ်ကျွန် ဖြစ်သွားအောင် အလွယ်တကူ လုပ်နိုင်ပါမည်လော။

လီရှန်းအာသည် ကျန်းရီ၏ အသံပို့လွှတ်မှုကို ကြားလိုက်သောအခါ ရပ်တန့်လိုက်၏။ သူမက ကျန်းရီ၏ အမိန့်များကို မလွန်ဆန်နိုင်။ ချက်ချင်းပင် စစ်တပ်ကို ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားနှစ်ယောက်က နားမလည်နိုင်ဟန်ဖြင့် လှမ်းကြည့်၏။ သူမတို့၏ စိတ်ဓာတ်က တက်ကြွနေပြီဖြစ်သည်။ သူမတို့ ထိုအခွင့်အရေးကို အသုံးချကာ တိုက်ခိုက်သင့်သည်။ သို့ဖြစ်ရာ အဘယ်ကြောင့် ရပ်တန့်ခိုင်းရသနည်း။

လီရှန်းအာက ရှင်းမပြပေ။ သူမ ဝေ့ဝဲကြည့်ကာ အမိန့်ပေးလိုက်သည်။

“ကျွန်မရဲ့ အမိန့်ကို ထုတ်ပြန်လိုက်... ကိုယ့်နေရာမှာ ကိုယ်နေပြီး ထပ်အမိန့်ပေးတာကို စောင့်နေကြပါ။ ပြီးတော့ တပ်သားအားလုံးကို ဒီမှာ စုဝေးထားပါ။ ကျွန်မတို့ အတူတူ တိုက်ခိုက်ကြမယ်”

“နားလည်ပါပြီ”

ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ စစ်တပ်သည် များစွာ မတွေးတောပေ။ တပ်သားအားလုံးကို စုစည်းပြီးမှ အတူတကွ တိုက်ခိုက်ခြင်းမှာ ပိုကောင်းပေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမား နှစ်ယောက်သည် လီရှန်းအာ၏ အမိန့်ကို တပ်တစ်ခုလုံးတွင် ဖြန့်ရန် လူစေလွှတ်လိုက်သည်။ လီရှန်းအာကမူ နန်းတော်ဆီသို့ တစ်ယောက်တည်း ပြန်သွားပြီး ကျန်းရီ၏ စံအိမ်ထဲ ဝင်သွားလိုက်ပေသည်။

“သခင်...”

လီရှန်းအာ အံကြိတ်ကာ ဦးညွှတ်လိုက်သည်။

“သခင်... သခင် ထွက်သွားသင့်ပါတယ်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို အရေးမစိုက်ပါနဲ့တော့။ စွမ်နီမျိုးနွယ်က အုပ်ချုပ်သူအဆင့် သိုင်းသမားဆယ်‌ယောက် ရောက်လာပါပြီ။ သူတို့ရဲ့ မျိုးနွယ်ဘုရင် လိုက်မလာပေမဲ့ အခုရောက်လာတဲ့သူတွေကလည်း အရမ်းအင်အားကြီးကြပါတယ်။ သခင်က အရှင်မချင်လင်းရဲ့ မိတ်ဆွေပါ။ ကျွန်မတို့ သခင့်ကို ထိခိုက်မခံဝံ့ပါဘူး”

ကျန်းရီ ပြန်မပြောပေ။ ထိုအစား အေးစက်စက်သာ မေးလိုက်သည်။

“ဒီတစ်ခေါက် အုပ်ချုပ်သူအဆင့် သိုင်းသမားတွေက ဘယ်လောက်သန်မာကြလဲ။ ပြီးတော့ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားတွေ ပါလာလား”

“မပါပါဘူး”

လီရှန်းအာက သေချာစွာ ဖြေသည်။

“စွမ်နီမျိုးနွယ်ရဲ့ မျိုးနွယ်ဘုရင်ကပဲ ဧကရာဇ်တစ်ပိုင်းအဆင့်ပါ။ သူကလည်း မကြာသေးခင်ကမှ အဆင့်တက်နိုင်ခဲ့တာပါ။ ဒီတစ်ခေါက် သူ လိုက်မလာတာ ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က သူကိုယ်တိုင် တိုက်ရလောက်အောင် မတန်ဘူးလို့ တွေးလို့နေပါလိမ့်မယ်”

“အဲ့ဒါကောင်းတယ်”

ကျန်းရီ ခေါင်းညိတ်လိုက်သည်။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများ မပါလျှင် သူ့အတွက် ပြဿနာမရှိပေ။ သို့သော် စွမ်နီမျိုးနွယ်ဘုရင်ကိုယ်တိုင် ရောက်လာမည်ဆိုလျှင်ပင် သူ မကြောက်ပါ။ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ခါစ သိုင်းသမားများက သူ့ကို သတ်နိုင်လိမ့်မည် မဟုတ်ပါ။

“မဟုတ်သေးဘူး...”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ထပ်မေးလိုက်၏။

“စွမ်နီမျိုးနွယ်ဝင်တွေရဲ့ စိတ်ဝိညာဉ်က သန်မာတယ်လို့ မင်း ပြောခဲ့တယ်မဟုတ်လား။ သူတို့မျိုးနွယ်က သိုင်းသမားတွေ အကုန်လုံးက စွမ်းအားကြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေကို သုံးတတ်ကြလား”

“မသုံးတတ်ပါဘူး”

လီရှန်းအာ ခေါင်းခါသည်။

“သခင်က ကျွန်မတို့ မိစ္ဆာမျိုးနွယ်အကြောင်းကို သိပ်မသိတဲ့ပုံပဲ။ မိစ္ဆာမျိုးနွယ်တိုင်းမှာ ကိုယ်ပိုင်မိစ္ဆာစွမ်းရည်တွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲ့မိစ္ဆာစွမ်းရည်တွေကို မိစ္ဆာတိုင်း အလိုလို သုံးနိုင်တာ‌တော့ မဟုတ်ပါဘူး။ ကျင့်ကြံခြင်းအဆင့် မြင့်လာမှ သုံးနိုင်တာပါ။ မိစ္ဆာတွေလည်း သန်မာချင်ရင် လူသားတွေလိုပဲ ကျင့်ကြံရပါတယ်...”

“စွမ်နီမျိုးနွယ်ဝင်တွေရဲ့ စိတ်ဝိညာဉ်က သန်မာပါတယ်။ ဒါပေမဲ့ သူတို့အကုန်လုံးက စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေမှာ တော်နေတာတော့ မဟုတ်ပါဘူး။ သူတို့မျိုးနွယ်ရဲ့ မိစ္ဆာစွမ်းရည်က လျှပ်စီးထုတ်လွှတ်နိုင်တဲ့ တတိယမျက်လုံးပါ။ အဲ့လျှပ်စီးတန်းနဲ့သာ ထိသွားရင် ကျွန်မတို့မျိုးနွယ်ဝင်တွေ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားပါလိမ့်မယ်”

“လျှပ်စီးလား”

ကျန်းရီ မှင်တက်သွားသည်။ စွမ်နီမျိုးနွယ်တွင် တတိယမျက်လုံးရှိသည်လော။ သူသည် လျှပ်စီးကို မကြောက်ပါ။ သူ၏ရုပ်ခန္ဓာက သန်မာနေပြီဖြစ်ပြီး သူ့တွင် တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခုလည်း ရှိသည်။ အလွန်စွမ်းအားကြီးသော စိတ်ဝိညာဉ်တိုက်ခိုက်မှု မဟုတ်လျှင် သူ ကြောက်မည် မဟုတ်ပေ။

ရွှီး...

ကျန်းရီသည် အလောင်းကြီးကို ထုတ်လိုက်ပြီး တာအိုကောင်းကင်ဝိညာဉ်ရတနာချပ်ဝတ်ကိုလည်း ဝတ်လိုက်၏။ ထို့နောက် မေးလိုက်သည်။

“လီရှန်းအာ... ငါ ဒီအလောင်းကြီးနဲ့ ဒီစစ်ချပ်ဝတ်ကို ထုတ်သုံးရင် မိစ္ဆာတွေက ငါကလူသားဆိုတာကို ချက်ချင်းသိသွားမှာလား”

“မသိလောက်ပါဘူး”

လီရှန်းအာက ခေါင်းခါ၍ ပြောသည်။

“သခင်.. ဒီအလောင်းကြီးက မဟာနတ်ဘုရားမျိုးနွယ်က မဟုတ်လား။ ဒီစစ်ချပ်ဝတ်ကလည်း အရမ်းစွမ်းအားကြီးတယ်။ အနိမ့်ဆုံး ရှေးဦးဝိညာဉ်ရတနာအဆင့်တော့ ရှိမယ်ထင်တယ်။ အတိတ်တုန်းက မိစ္ဆာမျိုးနွယ်ကလည်း ဘုံအမြင့်မှာ နေခဲ့တာပါ။ အင်အားကြီးတဲ့ မိစ္ဆာမျိုးနွယ်တွေမှာ ရှေးဦးဝိညာဉ်ရတနာတွေ ရှိပါတယ်။ အလောင်းကြီးရယ် အဲ့ရှေးဦးဝိညာဉ်ရတနာလောက်ရယ်နဲ့တော့ သခင့်ကို ဘယ်သူကမှ သံသယဝင်မှာ မဟုတ်ပါဘူး။ ပြဿနာက... သခင် ကောင်းကင်စွမ်းအားကို ထုတ်သုံးလိုက်တာနဲ့ သခင့်ရဲ့အရှိန်အဝါ ထွက်လာပါလိမ့်မယ်။ စွမ်နီမျိုးနွယ်ဝင်တွေရဲ့ စိတ်ဝိညာဉ်က သန်မာပါတယ်... သူတို့က သခင့်ရဲ့ အရှိန်အဝါကို အလွယ်တကူ အာရုံခံနိုင်မှာပါ။ အဲ့ကျရင် ထျန်းဖုန့်ဧကရာဇ်က သခင့်ကို ကိုယ်တိုင်လိုက်ဖမ်းပါလိမ့်မယ်”

လီရှန်းအာသည် ရတနာများအကြောင်းကို များစွာမသိဖြင့် ကျန်းရီ၏ ချပ်ဝတ်က ရှေးဦးဝိညာဉ်ရတနာဟု ထင်နေပေသည်။ ၎င်းက တာအိုကောင်းကင်ဝိညာဉ်ရတနာ ဖြစ်ကြောင်းကို သူမ မသိပေ။

“ငါ ကောင်းကင်စွမ်းအားကို မသုံးဘူးဆိုရင်ရော”

ကျန်းရီက အံကြိတ်၍ မေးလိုက်၏။ သူ့မျက်နှာကလည်း နီရဲလာသည်။

“ငါ့အတွက် စီစဉ်ပေးပါ။ ငါ့ရဲ့ ကောင်းကင်စွမ်းအားကို... မိစ္ဆာစွမ်းအားအဖြစ် ပြောင်းချင်တယ်”

“စီစဉ်ပေးရမှာလား”

လီရှန်းအာ နားရှုပ်သွားပြီး မျက်တောင်ပုတ်ခတ်လိုက်၏။ ပြီးမှ ကျန်းရီ၏ ဆိုလိုရင်းကို နားလည်သွားကာ မျက်နှာနီမြန်းသွားသည်။ သူမ ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“အဲ့ဒါက လွယ်ပါတယ်။ ကျွန်မ ချက်ချင်းပဲ စီစဉ်လိုက်ပါမယ်။ သခင် တူနှစ်ကိုယ်ကျင့်ကြံနိုင်ဖို့ အလှဆုံးသစ္စာရှိလက်အောက်ငယ်သား ဒါဇင်နည်းနည်းလောက် စုစည်းလိုက်ပါမယ်”

“ဒါဇင်နည်းနည်းလောက် ဟုတ်လား”

ကျန်းရီ၏ နဖူးပေါ်တွင် အရေးအကြောင်းတစ်ခု ပေါ်လာ၏။ သူ ခပ်သွက်သွက် လက်ခါကာ ပြောလိုက်သည်။

“တစ်ယောက်ဆိုရပါပြီ။ ကောင်းကင်စွမ်းအားကို မိစ္ဆာစွမ်းအားအဖြစ် အမြန်ဆုံး ပြောင်းရမှာ။ အချိန်သိပ်မကျန်‌တော့ဘူး။ စွမ်နီမျိုးနွယ်က မင်းရဲ့ ကောင်းကင်ကြောင်ကတိုးတောင်ကို တိုက်ခိုက်တော့မှာ မဟုတ်လား”

“ဟုတ်ပါတယ်...”

လီရှန်းအာသည် စွမ်နီရွှမ်က သူမတို့ကို အချိန်နေ့တစ်ဝက်သာ ပေးထားကြောင်း အမှတ်ရသွား၏။ စွမ်နီမျိုးနွယ်၏စစ်တပ်က စတင်လှုပ်ရှားသည်နှင့် ကောင်းကင်ကြောင်ကတိုးတောင်တွင် သွေးချောင်းစီးသွားပေလိမ့်မည်။

လီရှန်းအာသည် အံကြိတ်၍ ဆက်ပြောလိုက်သည်။

“သခင်... ခဏလောက်စောင့်ပါ။ ကျွန်မ သွားစီစဉ်လိုက်ပါမယ်”

ကျန်းရီသည် လီရှန်းအာ၏ နောက်ကျောပြင်ကို ကြည့်ရင်း ရှက်ရွံ့စွာဖြင့် နှာခေါင်းကုတ်လိုက်၏။ ဤတစ်ခေါက်တွင် သူ အမှန်ပင် အရသာပြင်းပြင်းကို ခံစားရတော့မည့်ပုံပင်။ ထို့ပြင် ထိုကိစ္စသည် စိတ်ပါ၍ မဟုတ်ပေ။ ဖိအားပေးခံရ၍ဖြစ်သည်။

သို့သော် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က အပြည့်အဝပုံစံပြောင်းထားခြင်းဖြစ်ပြီး ထာဝရ လူသားပုံစံအတိုင်း ရှိနေတော့မည်ဖြစ်ကြောင်း တွေးမိသောအခါ ကျန်းရီ အတန်ငယ် စိတ်သက်သာရာရသွားသည်။ သူက မြေခွေးဝိညာဉ်တစ်ကောင်၏ စိတ်ညှို့မှုကို ခံလိုက်ရသည်ဟုသာ တွေးရပေမည်။

“အရှင်မချင်လင်း... အရှင်မရဲ့ လက်အောက်ငယ်သားတွေကို ကယ်ဖို့အတွက် ကျွန်တော် မိစ္ဆာနဲ့ ဆက်ဆံရတော့မယ်”

ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်သည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်နှင့် တူနှစ်ကိုယ်ကျင့်ကြံလိုက်လျှင် သူ၏ကောင်းကင်စွမ်းအားက မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ ထိုအခါ သူ ကောင်းကင်မိစ္ဆာဘုံထဲတွင် သွားလိုရာသို့ သွားနိုင်မည်ဖြစ်သည်။ မိစ္ဆာမျိုးနွယ်အရှင်တစ်ပါးနှင့် တွေ့ဆုံလျှင်ပင် သူကလူသားဖြစ်ကြောင်း ပေါ်သွားမည်ကို စိုးရိမ်စရာလိုတော့မည် မဟုတ်ပေ။

‘အများကြီးမတွေးနဲ့။ ဒီအတိုင်း သာမန်မိန်းကလေးတစ်ယောက်နဲ့ ဆက်ဆံတယ်လို့ပဲ တွေးလိုက်။ မဟုတ်ဘူး... သူတို့က မိန်းကလေး မဟုတ်ဘူး။ ဟာ... ငါ လျှောက်တွေးမိပြန်ပြီ’

ကျန်းရီ၏ အတွေးစများက ရောက်တတ်ရာရာ လွင့်မျောနေ၏။ သူ စံအိမ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ငါးမိနစ်အတွင်းမှာပင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ကျန်းရီသည် ပထမဆုံး အတွေ့အကြုံကို ကြုံတွေ့ရတော့မည့် လူပျိုလေးတစ်ယောက်အလား အသက်ရှူမြန်လာ၏။ လီရှန်းအာက မည်သို့သော အမျိုးသမီးတစ်ယောက်ကို ခေါ်လာမည်နည်းဟု တွေးကာ သူ လှည့်ကြည့်လိုက်သည်။

တံခါးပွင့်လာပြီး လူတစ်ယောက် ဝင်လာ၏။ စံအိမ်၏ အကာအရံများလည်း ရုတ်ခြည်း နိုးသွားသည်။ ဝင်လာသူသည် ဘေးရှိ အိပ်ခန်းထဲသို့ တန်းတန်းမတ်မတ် လျှောက်သွား၏။ ကျန်းရီသည် အိုးတိုးအမ်းတမ်းနှင့် ကြောင်ရပ်နေမိသည်။ သူ့မျက်နှာကလည်း ပူထူနေပေသည်။

“သခင်... အခု ဝင်လာလို့ရပါပြီ”

နူးညံ့သော အသံလေးတစ်သံ ထွက်ပေါ်လာ၏။ ကျန်းရီ၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ သူ အိပ်ခန်းထဲသို့ လှမ်းကြည့်လိုက်ရာ ကုတင်ပေါ်တွင် လီရှန်းအာတစ်ယောက်တည်း ထိုင်နေကြောင်းကို တွေ့လိုက်ရသည်။ သူမက ပန်းရောင်ဝတ်စုံကို လဲဝတ်ထားပေသည်။

ကျန်းရီ ချီတုံချတုံနှင့် အိပ်ခန်းထဲ လျှောက်ဝင်သွားလိုက်သည်။ ထို့နောက် လီရှန်းအာကိုကြည့်ကာ မေးလိုက်သည်။

“မင်း ငါ့အတွက် စီစဉ်မပေးဘူးလား။ သူ ဘယ်မှာလဲ”

လီရှန်းအာ၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးက နီမြန်းသွား၏။ သူမသည် မျက်လုံးရွဲကြီးများနှင့် ကျန်းရီကို ကြည့်လိုက်သည်။

“သခင်... မျိုးနွယ်ထဲက မိန်းမပျိုတွေထဲမှာ ကျွန်မက အသန်မာဆုံးပါပဲ၊ ကျွန်မနဲ့ဆို တူနှစ်ကိုယ်ကျင့်ကြံခြင်းရဲ့ အာနိသင်ကလည်း အကောင်းဆုံး ဖြစ်မှာပါ။ ရှန်းအာ သခင့်ကို ပြုစုပေးပါမယ်။ သခင်... ရှန်းအာရဲ့ ခန္ဓာကိုယ်က သန့်စင်ပါတယ်။ ဘယ်သူမှ မထိရသေးပါဘူး’

“အာ...”

ကျန်းရီ တစ်ကိုယ်လုံး တုန်ယင်သွား၏။ သူ မည်သို့ပြောလိုက်ရမည်ကို မသိတော့ပေ။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ထဲတွင် လီရှန်းအာက အလှဆုံး မိန်းမပျိုပင်။ သူမနှင့် ဆက်ဆံရမည်ဆိုလျှင် မဆိုးပါချေ။

လီရှန်းအာသည် ခေတ္တမျှ စောင့်ဆိုင်းနေ၏။ ကျန်းရီက မလှုပ်ကြောင်းကို တွေ့သောအခါ သူမ ထရပ်လိုက်သည်။ သူမ၏ ကျောက်စိမ်းကဲ့သို့သော လက်ကလေးက သူမခါးမှ ခါးစည်းကို ညင်သာစွာ ဖြေလိုက်သည်။ ပန်းရောင်ဝတ်စုံက အောက်ဘက်သို့ လျှောကျသွား၏။ ထိုဝတ်စုံအောက်တွင် အတွင်းဝတ် မပါပါ။ သူမ မျက်နှာလေး နီရဲသွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။

“သခင်... ရှန်းအာ သခင့်ရဲ့ အဝတ်တွေကို ကူချွတ်ပေးပါမယ်”

***

All Chapters