ရှုပ်ထွေးလာသော အခြေအနေ
Vol. 125 Ch. 1744
ကျန်းရီသည် လီရှန်းအာနှင့် အကြီးအကဲနှစ်ယောက်တို့နှင့် ပျံသန်းသွား၏။ သူတို့ ကောင်းကင်ကြောင်ကတိုးတောင်သို့ ပြန်ရောက်သောအခါ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင် တစ်သန်းမှာ ဆူပွက်နေသော ရေကဲ့သို့ ဆူညံ့ပွက်နေပေသည်။
ထောက်လှမ်းရေးများက သတင်းပြန်ပို့ထားပြီးဖြစ်သည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်အားလုံး အံ့အားသင့်နေကြသည်။ သူတို့ထဲမှ အချို့သည် ဝမ်းသာမျက်ရည်များပင် ကျနေကြသည်။ မည်သူမှ မသေလိုပါပေ။ ကပ်ဘေးဒုက္ခကို ကျော်ဖြတ်ပြီးနောက် သူတို့ ပျော်ရွှင်နေကြပေသည်။
“မင်းသမီးက ကြီးမြတ်ပါတယ်၊ အကြီးအကဲတွေက ကြီးမြတ်ပါတယ်၊ ဒီ... အရှင်က ကြီးမြတ်ပါတယ်”
ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ စစ်သူကြီးတစ်ယောက်က အရှေ့မှ ဦးဆောင်၍ အော်လိုက်၏။ သို့သော် ကျန်းရီကို မည်သို့ ခေါ်ရမည်မှန်းတော့ မသိပေ။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဝင်များသည် ထိုစစ်သူကြီးအော်သည့်အတိုင်း လိုက်အော်လိုက်ကြသည်။
လီရှန်းအာက အားလုံးကို တိတ်ရန် လက်ဟန်ပြလိုက်၏။ ထို့နောက် ကျန်းရီကို ညွှန်ပြကာ ပြောလိုက်သည်။
“သူက အရှင်ကျိုးပါ။ အခုကစပြီး အရှင်ကျိုးက ကျွန်မတို့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ရဲ့ မဟာအကြီးအကဲပဲ။ ပြီးတော့ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ရဲ့ စောင့်ရှောက်သူလည်း ဖြစ်တယ်”
“အရှင်ကျိုးက ကြီးမြတ်ပါတယ်၊ မဟာအကြီးအကဲက ကြီးမြတ်ပါတယ်”
ထိုစစ်သူကြီးက ထပ်မံအော်လိုက်သည်။ မကြာခင်တွင် ထိုနေရာ၌ မြေပြင်ကိုပင် တုန်ခါစေသော အော်သံများ ပေါ်ထွက်လာပေသည်။
“မင်းသမီးက ကြီးမြတ်ပါတယ်၊ အရှင်ကျိုးက ကြီးမြတ်ပါတယ်၊ အကြီးအကဲတွေက ကြီးမြတ်ပါတယ်”
ကျန်းရီသည် ဝမ်းသာအားရ ဖြစ်နေကြသော မျက်နှာများကို ကြည့်၍ ခေါင်းညိတ်လိုက်၏။ ဤတစ်ကြိမ်တွင် သူ မှန်သောအရာကို လုပ်နိုင်ခဲ့ပေပြီ။ နောက်ဆုံးအခိုက်အတန့်တွင် သူ နေရန် ဆုံးဖြတ်ခဲ့၍ တော်ပေသေးသည်။ မဟုတ်လျှင် အချိန်တစ်ခုအထိ လိပ်ပြာမလုံ ဖြစ်နေရပေလိမ့်မည်။ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်က အရှင်မချင်လင်း၏ သစ္စာရှိ လက်အောက်ခံများ မဟုတ်ပါလား။
“ပြန်သွားကြစို့၊ ငါ ပင်ပန်းနေပြီ”
ကျန်းရီသည် လီရှန်းအာကို ကြည့်လိုက်၏။ လီရှန်းအာသည် အကြီးအကဲနှစ်ယောက်အား လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်စေလိုက်ပြီး ကျန်းရီကိုခေါ်၍ နန်းတော်ဆီ ပြန်သွားသည်။ ကျန်းရီက သူ၏စံအိမ်ဆီသို့သာ တန်းသွားလိုက်ပြီး အခန်းလေးတစ်ခန်းထဲ ဝင်လိုက်သည်။ လီရှန်းအာသည် ထိုအခန်းက ရေချိုးခန်းဖြစ်ကြောင်း တွေ့လိုက်သောအခါ အစေခံမလေးများကို ကျန်းရီ ရေချိုးနိုင်ရန်အတွက် ရေပူနှင့် ပန်းပွင့်ချပ်များ ပြင်ဆင်ပေးရန် ခိုင်းစေလိုက်သည်။
ကျန်းရီ၏ ခန္ဓာကိုယ်တွင် သွေးများ ပေကျံနေသည်။ စွမ်နီမျိုးနွယ်ဝင်များ၏ သွေးများက အလွန်နံပေသည်။ ထို့ကြောင့် သူ ရေချိုးကာ အပန်းဖြေလိုနေသည်။ မိစ္ဆာတစ်သန်းကို သတ်ပြီးနောက် သူ့စိတ်က ညစ်ထိုင်းနေသည်။ သူ၏ နှလုံးသားကို တည်ငြိမ်လာအောင် ပြန်လုပ်ရပေမည်။
အစေခံမလေးများက ရေပူနှင့် ပန်းပွင့်ချပ်များကို ပြင်ဆင်ပေးပြီးနောက် ထွက်သွားကြ၏။ လီရှန်းအာက ကျန်းရီ၏ ဝတ်စုံကို ကိုယ်တိုင် ချွတ်ပေးလိုက်သည်။ ကျန်းရီသည် သစ်သားရေချိုးကန်ထဲ ဝင်ကာ မျက်လုံးမှိတ်လျက် အနားယူလိုက်လေသည်။
လီရှန်းအာသည်လည်း သူမ၏ ဝတ်ရုံကို ချွတ်ကာ ပြီးပြည့်စုံသော ခန္ဓာကိုယ်လေးကို ဖော်ပြလိုက်၏။ ထို့နောက် သစ်သားရေချိုးကန်ထဲ ဝင်၍ ကျန်းရီ၏ တစ်ကိုယ်လုံးကို ပွတ်သပ်ဆေးကြောပေးရင်း နူးညံ့သော လေးသံလေးနှင့် မေးလိုက်၏။
“သခင်... အိပ်ရာပေါ်မှာ ခဏလောက် သက်တောင့်သက်သာနေလိုက်ပါလား”
ကျန်းရီသည် မည်သို့မှ ပြန်မပြောဘဲ မျက်လုံးမှိတ်၍ ဆက်အနားယူနေ၏။ လီရှန်းအား ဒေါသထွက်မသွားပါ။ သူမသည် ဘေးတွင် ကျုံ့ကျုံ့လေးထိုင်၍ ကျန်းရီကို နှိပ်ပေးနေသည်။ ဖြူဝင်းသော ရင်နှစ်မွှာက ရေပြင်တွင် အတန်ငယ် ဂယက်ထစေနေသည်။ ရင်နှစ်မွှာ၏ အောက်ပိုင်းက ရေထဲတွင် နစ်မြုပ်နေပုံမှာ ရာဂစိတ်ကို အလွန်ကြွစေနိုင်ပေသည်။
တစ်နာရီနီးပါး စောင့်ပြီးနောက် လီရှန်းအာ မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
“သခင်... စွမ်နီရွှမ်ကို သတ်လိုက်ရင် ပြဿနာအကြီးကြီး မတက်နိုင်ဘူးလား”
ကျန်းရီသည် လီရှန်းအာက ဤတစ်ချိန်လုံး သိလိုစိတ်ကို ချိုးနှိမ်ထားခဲ့ခြင်းဖြစ်ကြောင်း သိသည်။ သူ မျက်လုံးဖွင့်ကာ ပြန်ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့။ စွမ်နီမျိုးနွယ်က အချိန်တစ်ခုလောက်အထိ ထပ်ပြီး လာတိုက်ရဲမှာ မဟုတ်ပါဘူး။ သူတို့လာမတိုက်ခင်မှာပဲ ကြမ်းကြုတ်နဂါးမျိုးနွယ်နဲ့ မင်းတို့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိခဲ့တဲ့ မျိုးနွယ်တွေက ဒီကို တမန်တော်တွေ စေလွှတ်လိုက်လိမ့်မယ်”
“ဟင်...”
လီရှန်းအာ အတန်ငယ် ခေါင်းရှုပ်သွား၏။ ခေတ္တမျှ တွေးတောပြီးနောက် သူမ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“သခင်... ဒီတစ်ခေါက်တိုက်ပွဲကြောင့် စွမ်နီမျိုးနွယ်က သခင့်ကို ကြောက်သွားလိမ့်မယ်လို့ ဆိုလိုတာလား။ ပြီးတော့ အဲ့မျိုးနွယ်ကြီးတွေက သတင်းစုံစမ်းဖို့ လူတွေ စေလွှတ်ကြမှာလား”
“မင်းက အဲ့လောက်လဲ မတုံးဘူးပဲ”
ကျန်းရီ ခါးကြောဆန့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“ငါ့အကြောင်းကို သေချာ မသိသေးဘဲနဲ့ စွမ်နီမျိုးနွယ်က မဆင်မခြင် ထပ်လုပ်ရဲမှာ မဟုတ်ဘူး။ အခု မင်းတို့ရဲ့ အရှေ့ဒေသက ရှုပ်ထွေးနေတယ်၊ နောက်ကွယ်မှာ ရှိနေတဲ့သူက ထျန်းဖုန့်ဧကရာဇ်ပဲ မဟုတ်ဘူး။ သူသာ အရူးမဟုတ်ရင် အလျင်စလို လုပ်မှာ မဟုတ်ဘူး။ မဟုတ်ရင် သူ ပျက်သုဉ်းရလိမ့်မယ်...”
“ဒီအတောအတွင်း ငါ ဆက်ကျင့်ကြံမယ်။ ငါ့အကြောင်း မပေါက်ကြားသွားစေဖို့ အမိန့်ပေးထားလိုက်ပါ။ ဘယ်သူမှ ငါ့အကြောင်းကို မပြောရဘူး။ တကယ်လို့ ငါ့အကြောင်းကို လာမေးတဲ့ တမန်တော်တွေရှိရင် မင်းပဲ သူတို့ကို ကိုင်တွယ်လိုက်ပါ။ ငါ ထွက်လာမှာ မဟုတ်ဘူး။ ငါက ပိုဆန်းကြယ်နေလေလေ၊ သူတို့ဘက်က မဆင်မခြင် မလုပ်ရဲလေပဲ”
“အို့...”
လီရှန်းအာ ခေါင်းညိတ်၍ အိုးတိုးအမ်းတမ်း မေးလိုက်သည်။
“သခင်... သူတို့က သခင် ဘယ်ကလာခဲ့တာလဲဆိုတာကို အတင်းမေးနေရင် ကျွန်မ ဘယ်လိုပြန်ဖြေလိုက်ရမလဲ။ ကျွန်မအဖြေက သဘာဝမကျရင် သူတို့ သခင့်ကို သံသယဝင်သွားနိုင်တယ်’
“အဲ့ဒါက လွယ်ပါတယ်”
ကျန်းရီ မျက်တောင်ပုတ်ခတ်ကာ ပြောလိုက်၏။
“မင်းတို့ အရှေ့ဒေသထဲမှာ အန္တရာယ်ရှိတဲ့နေရာတွေ ရှိလား။ ဘယ်သူမှ မဝင်ရဲတဲ့ နေရာမျိုးပေါ့။ ငါက အဲ့နေရာက လာခဲ့တာလို့ ပြောလိုက်ပေါ့”
“ရှိပါတယ်”
လီရှန်းအာ၏ လှပသော မျက်ဝန်းလေးများ လင်းလက်သွား၏။ သူမ ဝမ်းသာအားရ ပြောလိုက်သည်။
“အရှေ့ဒေသထဲမှာ နတ်ဆိုးချောက်နက်ရှိပါတယ်။ အဲ့ချောက်နက်က အရမ်းကြောက်စရာကောင်းတယ်။ အရှင်လေးပါးတောင် အဲ့ထဲ မဝင်ရဲခဲ့ဘူး။ အထဲမှာ ဘာရှိတယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး”
“ဒါပဲပေါ့...”
ကျန်းရီ ရယ်လိုက်၏။
“အရမ်း ရှင်းရှင်းလင်းလင်းကြီး မပြောနဲ့။ သဲလွန်စလေးတွေပဲပေးလိုက်... ဘယ်နေရာဆိုတာ သူတို့ဘာသာ စဉ်းစားပါစေ။ ပိုပဟေဠိဆန်လေလေ၊ ပိုကောင်းလေလေပဲ။ ငါ့ကို အချိန်တစ်ခုလောက်ပေးပါ၊ ပြီးရင် စွမ်နီဘုရင် ရောက်လာရင်တောင် ငါ သူ့ကို သတ်နိုင်ပြီ”
“အာ...”
လီရှန်းအာ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ သူမ ကျန်းရီကို မြတ်နိုးစွာ ကြည့်လိုက်ပြီး ကျန်းရီ၏လက်မောင်းကို လက်နှစ်ဘက်ဖြင့် ဖက်၍ သူမ၏ ရင်နှစ်မွှာကို လက်မောင်းတွင် ဖိကပ်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာ ပြောလိုက်လေသည်။
“သခင်... သခင်က အရမ်းစွမ်းအားကြီးတာပဲ။ သခင်က ကျွန်မတို့ကို ကယ်တင်ဖို့ အရှင်မ စေလွှတ်လိုက်တဲ့သူပဲ”
ကျန်းရီ၏ လက်မောင်း ထုံနေခဲ့၏။ သူ့စိတ်ထဲတွင်လည်း မကောင်းသော အငွေ့အသက်များနှင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ယခုတွင် ရာဂမီးတောက်လောင်လာသည်။ သူ ခပ်သဲ့သဲ့ပြုံးလိုက်ပြီး လီရှန်းအာ၏ ခေါင်းကို ဖွဖွပုတ်လိုက်သည်။ လီရှန်းအာသည် အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်သွားပြီး ရှက်သွေးဖြာကာ ရေထဲ ငုပ်သွားလိုက်လေသည်။
“အားပါလွန်းတယ်၊ အရမ်းအားပါလွန်းတယ်”
ကျန်းရီ တစ်ကိုယ်လုံး တုန်ယင်သွားပြီး တီးတိုးရေရွတ်လိုက်၏။ မိစ္ဆာမျိုးနွယ်မှ မိန်းမများက လူသားမျိုးနွယ်မှ မိန်းမများနှင့် အမှန်ပင် ကွာခြားသည်။ သာမန်ယောက်ျားများဆိုလျှင် သူမကြောင့် ခြောက်ကပ်သွားပေလိမ့်မည်။
ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ လူများက မြေခွေးဝိညာဉ်များက လူသားများကို ထိခိုက်စေသည်ဟု ဆိုခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။ မြေခွေးဝိညာဉ်များက ထိခိုက်အောင် မလုပ်လိုလျှင်ပင် လူသားများက တောင့်ခံနိုင်မည် မဟုတ်ပါ။
***
အလောင်းတစ်သန်းကို ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၏ နယ်မြေထဲမှ ပစ်ထုတ်ပစ်လိုက်သည်။ လွတ်မြောက်သွားခဲ့သော အုပ်ချုပ်သူအဆင့် အကြီးအကဲသုံးယောက်လည်း စွမ်နီမျိုးနွယ်သို့ ပြန်ရောက်သွားသည်။ ထိုသတင်းက အရှေ့ဒေသတစ်ခွင်လုံးတွင် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွား၏။ မရေမတွက်နိုင်သော မျိုးနွယ်များ တုန်လှုပ်သွားကြသည်။
စွမ်နီဘုရင်သည် အမျက်ချောင်းချောင်းထွက်သွားပြီး ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ရှင်းပစ်ရန် ကျိန်ဆိုလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ထျန်းဖုန့်ဧကရာဇ်ထံတွင် လက်အောက်ခံထားသော မျိုးနွယ်များသို့ လူများစေလွှတ်လိုက်သည်။ သူ မျိုးနွယ်ခေါင်းဆောင်အားလုံးကို စုဝေး၍ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ကို ရှင်းပစ်ရန် ပြင်ဆင်လိုပေသည်။
သို့သော်...
နေ့တစ်ဝက်ကြာ ဆွေးနွေးပြီးသည်အထိ စွမ်နီမျိုးနွယ်က မလှုပ်ရှားသေးပေ။ မျိုးနွယ်ကြီးများစွာကမူ ကောင်းကင်ကြောင်ကတိုးမျိုးနွယ်ဆီသို့ တမန်တော်များ စေလွှတ်လိုက်ကြသည်။ ကြမ်းကြုတ်နဂါးမျိုးနွယ်က ဒုတိယအကြီးအကဲကို စေလွှတ်လိုက်သည်။ သူတို့မျိုးနွယ်က အင်အားနည်းသွားပြီဖြစ်သော်လည်း အကြီးအကဲတစ်ယောက်ကို စေလွှတ်ဝံ့ပေသေးသည်။ ထို့ကြောင့် သူတို့က ဤကိစ္စကို အလေးအနက်ထားကြောင်း သိနိုင်ပေသည်။
တစ်ရက်အတွင်းမှာပင် တမန်တော်တစ်ရာကျော် ရောက်ရှိလာသည်။ အချို့မှာ ထျန်းဖုန့်ဧကရာဇ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် မျိုးနွယ်များမှ ဖြစ်ပြီး အချို့မှာ မဟုတ်ပေ။ ထိုလူများက သတင်းစုံစမ်းရန် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။
လီရှန်းအာသည် အကြီးအကဲနှစ်ယောက်နှင့်အတူ တမန်တော်များကို ကြိုဆို၏။ သို့သော် ကျန်းရီက ထွက်မလာပေ။ လီရှန်းအာကလည်း ကျန်းရီ၏အကြောင်းများကို ပြောမပြပေ။ ထို့ကြောင့် တမန်တော်များအတွက် ပို၍ပဟေဠိဆန်လာလေသည်။
အရှင်မချင်လင်း ထွက်သွားပြီးနောက်တွင် အရှေ့ဒေသက စိတ်ဝမ်းကွဲခဲ့သည်။ အရှင်သုံးပါးသည် ကောင်းကင်ဧကရာဇ်သွေးသစ္စာ ဆိုထား၍ အရှေ့ဒေသကို ပေါ်ပေါ်ထင်ထင် မတိုက်ခိုက်ဝံ့ကြသော်လည်း အခြေအနေများကို အရိပ်ထဲမှနေ၍ ထိန်းချုပ်နေကြသည်။ ထို့ပြင် အရှင်သုံးပါးသည် တစ်ပါးနှင့်တစ်ပါးလည်း စောင့်ကြည့်ကာ အင်အားမျှခြေ ယူထားကြသည်။ သို့ကြောင့်လည်း အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိသော မျိုးနွယ်များက အတန်ငယ် အသက်ရှူချောင်နေခြင်းပင်။ မဟုတ်လျှင် သူတို့ ယခင်ကတည်းက ရှင်းထုတ်ခံရလောက်ပြီးပေပြီ။
ဤတစ်ကြိမ်တွင် ကြမ်းကြုတ်နဂါးမျိုးနွယ်က ပစ်မှတ်ထားခြင်း ခံခဲ့ရသည်။ သူတို့က မျိုးပြုတ်မသွားသော်လည်း အင်အားလျော့နည်းသွားခဲ့သည်။ အရှေ့ဒေသ၏ အခြေအနေမှာ ပြောင်းလဲတော့ပေမည်။ အရှေ့ဒေသက သုံးပိုင်းကွဲထွက်သွားတော့မည်ဖြစ်သည်။ အရှင်တစ်ပါးပါးက အရှေ့ဒေသတစ်ခုလုံးကို စုစည်းချင်း စုစည်းနိုင်လောက်ပေသည်။
ထိုကဲ့သို့ အရေးကြီးနေသာ အခိုက်အတန့်တွင် ကျန်းရီ ထွက်ပေါ်လာခဲ့သည်။ သူက စွမ်နီမျိုးနွယ်၏ အင်အားတစ်သန်းစစ်တပ်ကို တစ်ကိုယ်တော် ရှင်းပစ်ခဲ့ပြီး စွမ်နီမျိုးနွယ်၏ မင်းသားနှင့် အုပ်ချုပ်သူအဆင့် အကြီးအကဲ ခုနစ်ယောက်ကို သတ်ပစ်ခဲ့သည်။
အရေးအကြီးဆုံးအရာမှာ ကျန်းရီက အလွန်ဆန်းကြယ်နေခြင်းပင်။ သူ့တွင် မသေနိုင်သော ခန္ဓာကိုယ်ရှိသည်ဆိုသော ကောလာဟလများလည်း ပျံ့နှံ့နေသည်။ အုပ်ချုပ်သူအဆင့် အကြီးအကဲဆယ်ယောက်သည်ပင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ထိုကဲ့သို့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က အရှေ့ဒေသတွင် မဆိုထားနှင့် ကောင်းကင်မိစ္ဆာဘုံတစ်ခွင်လုံးတွင်ပင် ကျော်ကြားသင့်ပေသည်။ သို့သော် မည်သူကမှ ကျန်းရီအကြောင်းကို မသိကြချေ။ အချို့သည် ကျန်းရီက အရှင်တစ်ပါးပါးက လျှို့ဝှက်စေလွှတ်လိုက်သော လက်အောက်ငယ်သားတစ်ယောက် ဖြစ်ရမည်ဟု သံသယရှိလာကြ၏။ သို့သော် မည်သည့်အရှင်နည်း။ အင်အားစုများသည် တစ်ဘက်နှင့်တစ်ဘက် မသင်္ကာဖြစ်လာကြသည်။ ထို့ကြောင့် သူတို့ အလျင်စလို မလုပ်ဆောင်ရဲကြတော့ပေ။ ကျန်းရီ၏အကြောင်းကို စုံစမ်းပြီးမှသာ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရပေမည်။
ကြမ်းကြုတ်နဂါးမျိုးနွယ်က အင်အားလျော့နည်းသွားခဲ့သဖြင့် အရှင်မချင်လင်းအပေါ် သစ္စာစောင့်သိသော မျိုးနွယ်များတွင် ခေါင်းဆောင်ပျောက်သွားသည်။ သူတို့အားလုံး စိတ်ဓာတ်ကျနေကြသည်။
ဤအချိန်တွင် ကောင်းကင်ကြောင်ကတိုးမျိုးနွယ်၌ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ပေါ်လာသည်လော။ ထိုမျိုးနွယ်များသည် မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို မြင်လိုက်ကြရ၏။ ကြမ်းကြုတ်နဂါးမျိုးနွယ်နှင့် အခြားမျိုးနွယ်များသည် ထိုမျှော်လင့်ချက်ရောင်ခြည်က ယာယီလော သို့မဟုတ် ၎င်းစွမ်းအားကြီး သိုင်းသမားက အင်အားစုသုံးစုကိုပင် ယှဉ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်ထားသူတစ်ယောက်လော ဆိုသည်ကို သိလိုနေကြပေသည်။
အရှေ့ဒေသတစ်ခုလုံး ရုတ်ခြည်း လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ပို၍ ရှုပ်ထွေးလာလေသည်။
***