← Chapters

အခန်း (၄၇၈)

Vol. 35 Ch. 478

အခန်း (၄၇၈)

Vol. 35 Ch. 478

ထိုလူများက မေးခွန်းအမျိုးမျိုး အော်မေးနေသည်။ တချို့လူများက ကျောက်စိမ်းပေလွှာနှင့်စာအုပ်များကို ထိုးပေးနေသည်။

ထို့ကြောင့် သူမက လမ်းပျောက်သွားသည်။

ကံကောင်းစွာဖြင့် ပိုင်လီရှင်းလင်ထွက်လာပြီး သူမကို ကူညီပေးလိုက်သည်။

“မင်းတို့မှာ မေးခွန်းရှိရင် ငါက ၁၅မိနစ်အချိန်ပေးပြီး ဖြေပေးမယ်”

ပိုင်လီရှင်းလင်ပြောလိုက်သောအခါ မူဝမ်၏ဘေးတွင် လူရှင်းသွားသည်။

မူဝမ်က ပိုင်လီရှင်းလင်ကို ကျေးဇူးတင်စွာ လှည့်ကြည့်သည်။ ပိုင်လီရှင်းလင်ကလည်း သူမကို ကြည့်နေပြီး ညင်သာစွာ ခေါင်းညိတ်ပြသည်။

မူဝမ်က အစ်ကိုဟန်ကို ပြေးဖက်ချင်နေသည်။

သူမက ရှေ့သို့ကြည့်လိုက်သောအခါတွင် အပြုံးတစ်ခုနှင့်အတူ သူမအားကြည့်နေသော အစ်ကိုဟန်ကို မြင်လိုက်ရသည်။

ဟန်မူယဲ့က မူဝမ်၏လက်ကို ဆွဲယူပြီး ထွက်သွားသည်။

သိပ်မဝေးသောနေရာရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ဒါဇင်ချီသောအာခီမီပညာရှင်များက မတ်တပ်ရပ်ပြီး ဟန်မူယဲ့နှင့်မူဝမ်ကို ရိုသေစွာဦးညွှတ်လိုက်သည်။

“အာခီမီဌာနမှာ အဲ့ဒီအကြီးအကဲနှစ်ယောက်ကို မမြင်ဘူးသလိုပဲ”

လူတစ်ယောက်က တီးတိုးပြောသည်။

“ဟားဟား၊ လောကမှာ အာခီမီအကြီးအကဲတွေ အများကြီးရှိတယ်။ သူတို့အားလုံးက အာခီမီဌာနမှာ ရှိနေတာမဟုတ်ဘူးလေ။ ဒီနေ့ အကြီးအကဲပြောသွားတဲ့ အာခီမီအယူအဆတွေက ငါ့ကို တကယ် ဉာဏ်အလင်းပွင့်သွားစေတယ်”

လူတစ်ယောက်က ခံစားချက်များနှင့်အတူ သက်ပြင်းချသည်။

“သူက အစစ်အမှန် အာခီမီကျွမ်းကျင်သူပဲ။ စကားလုံးအနည်းငယ်နဲ့ အဓိကအချက်ကို ပြောနိုင်တယ်”

ရှန်းထန်၏မျက်လုံးများက တောက်ပသွားပြီး တီးတိုးပြောသည်။

ကျန်လူများက ခေါင်းညိတ်လိုက်သည်။

စာကြည့်တိုက်၏အပြင်ဘက်တွင် မေးခွန်းဖြေပေးနေသော ပိုင်လီရှင်းလင်က ဟန်မူယဲ့နှင့်မူဝမ်တို့ကို လှည့်ကြည့်သည်။

ဟန်မူယဲ့က တစ်ခုခုကို အာရုံခံမိပုံပေါ်သော်လည်း လှည့်မကြည့်ခဲ့ပေ။

သူတို့က ရင်ပြင်မှထွက်လာပြီး မြင်းလှည်းပေါ်သို့ ရောက်သောအခါတွင် မူဝမ်က ရုတ်တရက် သတ္တိရှိလာပြီး ဟန်မူယဲ့ကို ဖက်လိုက်သည်။

ဟန်မူယဲ့က ဝိညာဉ်စွမ်းအားများကို အသုံးပြု၍ သူ့လက်များကို ထိန်းချုပ်လိုက်ပြီး မူဝမ်၏ခါးကို ဖက်သည်။

“ဘာဖြစ်လို့လဲ”

မူဝမ်က ခေါင်းခါလိုက်ပြီး ဟန်မူယဲ့၏ရင်ဘတ်ထဲတွင် ခေါင်းမြှုပ်ထားသည်။

“အစ်ကိုဟန်၊ ကျွန်မက စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေအားလုံးကိုဖတ်ပြီး ဆေးလုံးတွေအားလုံးကို သန့်စင်လိုက်မယ်ဆိုရင် အရမ်းသန်မာသွားမယ်မဟုတ်လား ....”

အချိန်အတော်ကြာသွားသောအခါတွင် မူဝမ်က ဟန်မူယဲ့ကို မော့ကြည့်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး မူဝမ်ကို နီးကပ်စွာပွေ့ဖက်သည်။ သူက တီးတိုးပြောသည်။

“ညီမမူက သန်မာပြီးသားပါ”

သူ့စကားကို ကြားလိုက်ရသောအခါတွင် နှစ်သိမ့်နေခြင်းဖြစ်ကြောင်း သိထားသော်လည်း မူဝမ်က ကျယ်လောင်စွာရယ်လိုက်သည်။

သူတို့နှစ်ယောက်က တီးတိုးစကားပြောနေပြီး ပိုမိုရင်းနှီးလာသည်။

ရုတ်တရက်ဆိုသလိုပင် မူဝမ်၏ခန္ဓာကိုယ်က တောင့်တင်းသွားသည်။

သူမက အစ်ကိုဟန်နှင့် အလွန်နီးကပ်နေကြောင်း သတိထားမိသွားသည်။ အလွန်နီးကပ်နေသောကြောင့် သူမက အနည်းငယ်ရှေ့တိုးလိုက်လျှင် အစ်ကိုဟန်၏နှုတ်ခမ်းများနှင့် ထိတွေ့နိုင်လိမ့်မည်။

သူမက ပို၍ ရဲတင်းလျှင် အစ်ကိုဟန်၏လည်ပင်းကိုဖက်ပြီး ထို့နောက် ....

ဟန်မူယဲ့၏ နောင်တရနေသောအကြည့်အောက်တွင် မူဝမ်က နောက်ဆုတ်လိုက်ပြီး အဝတ်များကို သပ်ရပ်အောင်ပြုပြင်သည်။ ထို့နောက် သူမက လက်ဖြန့်ပြပြီး ပြောသည်။

“အစ်ကိုဟန်၊ ကြည့်လိုက်ပါအုံး။ စာကြည့်တိုက်ရှေ့မှာ ဒီစာလိပ်ကို ဘယ်သူက ထည့်ပေးသွားတာလဲ မသိဘူး”

မူဝမ်က စကားလမ်းကြောင်းလွှဲနေကြောင်း သိထားသော်လည်း ဟန်မူယဲ့က ပူးပေါင်းပေးလိုက်သည်။

ယခုအချိန်တွင် သူကလည်း မလုပ်နိုင်သေးပေ။

ဟန်မူယဲ့က စာလိပ်ကို ဖြန့်ကြည့်လိုက်ပြီး ခေါင်းညိတ်လျက် ပြောသည်။

“ဒါက ဆေးလုံးသန့်စင်တဲ့နေရာမှာ အောင်မြင်မှုတိုးလာအောင် မေးထားတာပဲ”

“သူက အတော်လေး ဖန်တီးနိုင်စွမ်းရှိတယ်။ ဧရာမမီးပြင်းဖိုကြီးတစ်ခု တည်ဆောက်ပြီး လူတစ်ရာက တစ်ချိန်တည်းမှာ ဆေးလုံးသန့်စင်ဖို့ ဖြစ်နိုင်လားဆိုပြီး မေးထားတယ်”

ဟန်မူယဲ့က နက်ရှိုင်းသောအကြည့်များနှင့် စာလိပ်ကို ကြည့်နေသည်။

ရှေးခေတ်နတ်ဘုရားသားရဲ၏ သွေးမျိုးဆက်မှတ်ဉာဏ်များထဲတွင် ဆေးလုံးတစ်ရာကို တစ်ပြိုင်နက်သန့်စင်နိုင်သော ကျွမ်းကျင်သူများရှိသည်။

သို့သော် ထိုအရာသည် အားကောင်းသောသွေးမျိုးဆက်နှင့် ပြိုင်ဘက်ကင်းသစ်သားဓာတ်လိုက်ဖက်ညီမှုကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

သာမန်အာခီမီပညာရှင်များ မည်သို့ပူးပေါင်းနိုင်မည်နည်း။

ဟန်မူယဲ့က ထိုသို့တွေးကြည့်လိုက်ပြီး အသာအယာ မျက်မှောင်ကြုတ်သည်။

“ဒါက ဖြစ်နိုင်ချေရှိတယ်”

ဟန်မူယဲ့က စာလိပ်၏နောက်ဆုံးအပိုင်းကို ကြည့်သည်။

“ကျောက်စိမ်းအာခီမီဈေးရဲ့ စစ်မင်အာခီမီစံအိမ်က လီစစ်မင်တဲ့။ စိတ်ဝင်စားစရာပဲ”

သာမန်နည်းလမ်းများဖြင့် အတူတကွ ဆေးလုံးသန့်စင်ရန် မဖြစ်နိုင်ပေ။ သို့သော် သူတို့က အာခီမီတိုးတက်ပြီး ကောင်းကင်တာအိုနှင့် လိုက်ဖက်ညီသောနေရာတွင် ရှိနေလျှင် တစ်မျိုးဖြစ်သွားလိမ့်မည်။

အာခီမီပညာရှင်များတွင် ဆေးစွမ်းအားတည်ငြိမ်အောင် အစွမ်းကုန်ထုတ်သုံးနိုင်ရန်အတွက် ဝင်္ကပါတစ်ခုရှိနေလျှင် မည်သို့ဖြစ်သွားမည်နည်း။

အောင်မြင်နိုင်ချေရှိသည်။

ဟန်မူယဲ့က စာလိပ်ကို ဘေးတွင်ချထားလိုက်ပြီး လီစစ်မင်၏နာမည်ကို မှတ်ထားလိုက်သည်။

အာခီမီစံအိမ်သို့ ပြန်ရောက်လာသောအခါတွင် ညလယ်သို့ ရောက်နေခဲ့သည်။

ရှောက်တထျန်းနှင့် စွေ့စွေ့တို့၏ဆိုင်သည် ပိတ်သွားခဲ့သည်။

“သခင်လေး၊ ဒီနေ့ ဆေးလုံးဝယ်ဖို့အတွက် လူတချို့ရောက်လာသေးတယ်။ သူတို့က မနက်ဖြန်ကျရင် ပြန်လာမယ်လို့ ပြောသွားတယ်”

ဟန်မူယဲ့နှင့်မူဝမ်တို့ ပြန်လာသောအခါတွင် ရှောက်တထျန်းက လျင်မြန်စွာရှေ့တက်လာပြီး ပြောလိုက်သည်။

စွေ့စွေ့က ပန်းရောင်ကတ်တစ်ကတ်ကို ထုတ်ပေးသည်။

“သခင်မလေး၊ ဒါက နတ်မိမယ်တစ်ယောက် ချန်သွားတာပါ”

‘နတ်မိမယ်တဲ့လား’

မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“အဟမ်း၊ ညီမမူ ကြည့်လိုက်ပါအုံး”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းသည်။

မူဝမ်က ပြုံးလိုက်ပြီး ကတ်ပြားကို ယူသည်။

“မင်းသမီးယွင်ကျင်းတဲ့လား။ အစ်ကိုဟန်၊ ရှင့်ကို ရှာနေတာထင်တယ်”

မူဝမ်က မျက်ခုံးပင့်လိုက်ပြီး နာမည်ကတ်ကို သိမ်းသည်။

“အဲ့ဒီနတ်မိမယ်က မနက်ဖြန်ကျရင် ပြန်လာခဲ့ပါအုံးမယ်လို့ ပြောသွားပါတယ်”

စွေ့စွေ့က ဟန်မူယဲ့နှင့်မူဝမ်ကို ကြည့်နေပြီး ပြောလိုက်သည်။

“အမ်၊ သခင်လေးနဲ့ သခင်မလေးတို့ ဘာမှပြောစရာမရှိတော့ရင် ကျွန်တော်တို့က ဆိုင်ထဲမှာရှိတဲ့ပစ္စည်းတွေကို သိမ်းလိုက်ပါအုံးမယ်”

ရှောက်တထျန်းက စွေ့စွေ့ကို ဆိုင်ထဲသို့ ပြန်ခေါ်သွားသည်။

“ရှင်က ကျွန်မကို ဘာဖြစ်လို့ဆွဲခေါ်လာတာလဲ။ အပြစ်ရှိတယ်လို့ ခံစားနေရတာလား။ ကျွန်မနောက်ကွယ်မှာ ဘယ်ကောင်မကို ပေါက်စီတွေ အလကားပေးခဲ့တာလဲ”

“ရှင်တို့ယောင်္ကျားတွေက ကောင်းကိုမကောင်းဘူး။ တခြားမိန်းမတွေအတွက် မကောင်းတဲ့အကြံအစည်တွေနဲ့ ပြည့်နေတယ်”

တံခါးပိတ်သွားသောအခါတွင် ဟန်မူယဲ့က မူဝမ်ကို ကြည့်လိုက်သည်။

မူဝမ်က တခစ်ခစ်ရယ်လိုက်ပြီး ဟန်မူယဲ့၏လက်ကို ကိုင်လိုက်သည်။

“သွားကြစို့”

သူမက ဟန်မူယဲ့၏ပခုံးပေါ်တွင် ခေါင်းမှီထားသည်။

‘ငါ့ရဲ့အစ်ကိုဟန်ကို လုချင်နေတဲ့အမျိုးသမီးတွေရှိနေတာ ပုံမှန်ပဲမဟုတ်ဘူးလား’

သို့သော် မူဝမ်၏အမြင်တွင် သူမအတွက် ရန်သူများမရှိပေ။

သူမ၏ အကြီးမားဆုံးရန်သူသည် သူမကိုယ်တိုင်ပင် ဖြစ်သည်။

‘ငါက လုံလောက်အောင် မထူးချွန်ဘူး။ ငါက အစ်ကိုဟန်ကို လိုက်မမီနိုင်ဘူး’

‘တကယ်လို့ ငါက စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေအားလုံးကိုနားလည်ပြီး အာခီမီလမ်းစဉ်မှာ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရင် အဆုံးထိ အစ်ကိုဟန်ကိုအဖော်ပြုပေးဖို့ အရည်အချင်းရှိလာမှာလား’

....

မူဝမ်က အခန်းထဲသို့ ဝင်သွားသောအခါတွင် ဟန်မူယဲ့က ခြံဝိုင်းထဲသို့ထွက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။

အပင်များသည် စိမ်းလန်းနေပြီး သဘာဝစွမ်းအင်များဖြင့် ပြည့်နေသည်။

လုယွီကျိုးဆီမှယူလာသော ပန်းပင်များသည် သာမန်မဟုတ်ပေ။ ကျောက်စိမ်းရှားစောင်းပင်များသည် အပွင့်ပွင့်တော့မည်။

ဟန်မူယဲ့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပျောက်ကွယ်သွားသည်။

သူက အင်မော်တယ်လရေကန်တွင် ပြန်ပေါ်လာသည်။

သူ့မျက်လုံးထဲတွင် ရွှေနီရောင်မီးတောက်အချို့ ရှိနေပြီး ရေထဲသို့ တိတ်ဆိတ်စွာ ဆင်းသွားသည်။

သူ့နောက်တွင် နတ်ဘုရားသားရဲပါ့ရှား၏ပုံရိပ် ပေါ်လာသည်။ နတ်ဘုရားသားရဲက ခြေလေးဖက်ကိုဖြန့်၍ ရေကန်အောက်ခြေသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။

ရေစွမ်းအင်သည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ဝိညာဉ်သွေးကြောများကို အားဖြည့်ပေးနေသည်။

ဟန်မူယဲ့က ရေအောက်ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးမှိတ်ထားသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အံ့ဖွယ်ကိုးပါးတောင်တွင် ဓားစံအိမ်က ရွှေအလင်းများ တောက်ပလာပြန်သည်။

သို့သော် ဓားစံအိမ်ထဲမှ ထွက်လာသောလူ မရှိပေ။

ယနေ့တွင် ယန်မင်ရွှမ်၊ ကျန်းမင်နှင့် တခြားလူများက ဓားစံအိမ်တွင် မရှိခဲ့ပေ။

လျှိုဟုန်က တောင်ခြေတွင်ရှိသော အပျော်အိမ်တွင် မိန်းကလေးအသစ်တစ်ယောက် ရောက်လာသည်ဟု ပြောပြီး တောင်အောက်သို့ ဆင်သွားခဲ့သည်။

အံ့ဖွယ်ကိုးပါးတောင်ထိပ်တွင် ထို့ပါ့ချန်က ခန်းဆောင်၏ရှေ့တွင် ရပ်နေပြီး ရွှေအလင်းများနှင့်ပြည့်နေသော ဓားစံအိမ်ကို လှမ်းကြည့်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အလွန်အားကောင်းသည်။ သူတို့က ကောင်းကင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်နှင့် ဓားစံအိမ်ကိုအသုံးချ၍ အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်ထားသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လူအများစုသည် ဟန်မူယဲ့ပြန်ရောက်လာကြောင်း မသိသော်လည်း ထိပ်တန်းပုဂ္ဂိုလ်များက သတင်းအချို့ ရထားသည်။

“ယှဉ်ပြိုင်ခြင်းခေတ်ကြီးထဲမှာ အစွမ်းကုန်ကြိုးစားပြီးမလေ့ကျင့်ရင် မျိုးဆက်သစ်တွေနဲ့ ယှဉ်နိုင်မှာမဟုတ်ဘူး”

ထို့ပါ့ချန်က ရွှေရောင်တောက်နေသော ဓားစံအိမ်ကိုကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

ခေါင်းဆောင်တောက်ရင်က သီးသန့်ကျင့်ကြံနေသည်။ သူက ဓားတာအိုနှင့်ပတ်သတ်၍ အဆင့်တက်သွားခဲ့သည်။

သူ ထို့ပါ့ချန်က တိုးတက်မလာခဲ့လျှင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

ထို့ပါ့ချန်၏နောက်တွင် ရွှေရောင်ကျားဖြူပုံရိပ် ပေါ်လာပြီး ပျောက်ကွယ်သွားသည်။

အဆုံးမရှိသောအာကာသထဲတွင် လွင့်မျောနေသောနတ်ဘုရားသားရဲက ရုတ်တရက် ရပ်တန့်သွားသည်။

နတ်ဘုရားသားရဲကို ဝိုင်းရံထားသော အာကာသ သားရဲများက ထိတ်လန့်စွာ ထွက်ပြေးကြသည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။

နတ်ဘုရားသားရဲပါ့ရှားက မျက်လုံးဖွင့်သည်။ ဓားအလင်းများ ပြန့်ကျဲသွားပြီး သားရဲများကို သတ်ဖြတ်လိုက်သည်။

သားရဲများ၏သွေးချီနှင့် မိစ္ဆာချီသည် သူ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနေသောကြောင့် ပျော်ရွှင်စွာ ဟိန်းဟောက်လိုက်သည်။

ပါ့ရှား၏ကျောပေါ်တွင် ပုံရိပ်အချို့က တုန်ခါလျက် ရွှေရောင်တောက်နေသော ဓားစံအိမ်၏ရှေ့တွင် ရှိနေသည်။

“ဝီ”

ဓားစံအိမ်သည် တံခါးပွင့်လာပြီး အစိမ်းရောင်ဝတ်စုံနှင့်ဟန်မူယဲ့က ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။

သူက အတော်လေး ပုံရိပ်ယောင်ဆန်နေသည်။

ထွက်လာသောဟန်မူယဲ့သည် ဝိညာဉ်ကိုယ်ပွားတစ်ခုဖြစ်ပြီး ဝိညာဉ်ကိုယ်ခွဲအဆင့် မူလဝိညာဉ်မဟုတ်ပေ။

သူ့ဝိညာဉ်သည် အားကောင်းသော်လည်း သူက ကမ္ဘာမြေအဆင့်တွင် ရှိနေပြီး ရွှေအမြုတေကို မစုစည်းရသေးပေ။ ထို့ကြောင့် မူလဝိညာဉ်ကို မထုတ်ဖော်နိုင်ပေ။

“ဓားစံအိမ်အကြီးအကဲကို နှုတ်ဆက်ပါတယ်”

ကျောက်လှေကား၏ရှေ့တွင် လူများက လျင်မြန်စွာဒူးထောက်ပြီး ဦးညွှတ်လိုက်သည်။

ဟန်မူယဲ့က သူတို့ကို ကြည့်သည်။

ကမ္ဘာမြေ ရွှေအမြုတေအဆင့်ကျင့်ကြံသူ သုံးယောက်၊ ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်းအဆင့်ကျင့်ကြံသူ နှစ်ယောက်၊ အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူ ငါးယောက် ဖြစ်သည်။

“ပြော၊ ဘာလဲ”

ဟန်မူယဲ့၏အသံက တည်ငြိမ်နေသည်။

သူ့အသံကို ကြားလိုက်ရသောအခါတွင် ကမ္ဘာမြေ ရွှေအမြုတေအဆင့်ကျင့်ကြံသူသုံးယောက်က ပျော်ရွှင်သွားသည်။

ရှေ့ဆုံးတွင်ရပ်နေသော အနက်ရောင်မုတ်ဆိတ်နှင့်အကြီးအကဲက လက်နှစ်ဖက်နှင့် ရွှေဓားတစ်လက်ကို ကိုင်ထားပြီး ဟန်မူယဲ့ကို ဦးညွှတ်သည်။

“အကြီးအကဲ၊ ဓားစံအိမ်ရဲ့စည်းမျဉ်းတွေအရ အကူအညီတောင်းမယ်ဆိုရင် ဓားတစ်လက်ကို ပေးရပါတယ်”

“ဒီမှော်ရတနာဓားကို လက်ခံပေးပါအကြီးအကဲ။ ကျွန်တော်တို့ရဲ့ ဓားပျံလေးလက်ဂိုဏ်းကို ဒီကပ်ဘေးကနေလွတ်မြောက်အောင် ကူညီပေးပါ”

‘ဓားစံအိမ်ရဲ့ စည်းမျဉ်းတွေဆိုပါ့လား’

ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားဘဲ ဓားကို လှမ်းယူသည်။

“ဝီ”

ချီစွမ်းအင်အလင်းနှင့် ဓားချီများ လှုပ်ရှားသွားပြီး အနက်ရောင်မုတ်ဆိတ်နှင့်အကြီးအကဲ၏မျက်နှာက ဖြူဖျော့သွားသည်။ သူနှင့် ဓား၏ဆက်သွယ်မှုသည် ဖြတ်တောက်ခံလိုက်ရသည်။

သို့သော် သူက ကြောက်ရွံ့မသွားဘဲ ပျော်ရွှင်နေသည်။

ဟန်မူယဲ့၏စိတ်ထဲတွင် ပုံရိပ်များ ပေါ်လာသည်။

“ငါသိပြီ”

All Chapters