← Chapters

အခန်း (၄၇၉)

Vol. 35 Ch. 479

အခန်း (၄၇၉)

Vol. 35 Ch. 479

ဓားစံအိမ်သည် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးခု၏ အမွေအနှစ်သုံးခုထဲမှ တစ်ခုဖြစ်သည်။

ဓားစံအိမ်၏ လက်ရွေးစင်တပည့်များသည် ဓားစံအိမ်၏အမွေအနှစ်ကို လက်ခံပြီး အာကာသထဲတွင် လျှောက်သွားနိုင်သည်။

ဓားစံအိမ်၏ရည်ရွယ်ချက်သည် လောကတွင်ရှိသော ဓားများအားလုံးကို သိမ်းဆည်းရန်ဖြစ်သည်။ ဓားစံအိမ်၏အကူအညီကို တောင်းခံလိုလျှင် ဓားများကို ဆက်သရမည်။

“ဓားပျံလေးလက်ဂိုဏ်းက အာကာသ သားရဲတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်။ မိစ္ဆာတွေလည်း ပါနေတယ်”

ဟန်မူယဲ့က ဓားကိုသိမ်းလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ကောင်းပြီ”

လက်ခံလိုက်သောဓားကို သစ်သားစင်ပေါ်တွင် တင်လိုက်သောအခါ ဓားစံအိမ်က တုန်ခါသွားသည်။

ဓားစံအိမ်တွင် ရွှေအလင်းများ လှုပ်ရှားနေပြီး စံအိမ်တစ်ခုလုံးက ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ ဖြစ်နေသည်။

ဓမ္မရတနာကို သိမ်းဆည်းလိုက်သောကြောင့် ဓားစံအိမ်က ပိုမိုသန်မာလာလိမ့်မည်။

ဓားစံအိမ်မှ အမွေဆက်ခံသူတပည့်များ၏ခွန်အားသည် ကိုင်ဆောင်ထားသောဓားနှင့် တိုက်ရိုက်ပတ်သတ်နေလိမ့်မည်။

ထိုသို့ဆိုလျှင် သူက ဓားစံအိမ်၏ အမွေဆက်ခံသူများထဲတွင် အားအနည်းဆုံးလူဖြစ်လိမ့်မည်ဟု ဟန်မူယဲ့က ခံစားမိသည်။

အံ့ဖွယ်ကိုးပါးတောင်၏ ဓားစံအိမ်တွင် ဓားတစ်သိန်းခန့်သာရှိပြီး ဝိညာဉ်လက်နက်များ သိပ်မရှိပေ။

အနာဂတ်တွင် သန်မာသောဓားများကို ရှာဖွေ၍ ဓားစံအိမ်တွင် သိမ်းဆည်းထားရမည်။

ဟန်မူယဲ့က ဓားစံအိမ်ပေါ်တွင် ရပ်နေပြီး မျက်လုံးကို မှေးကျဉ်းလိုက်သည်။

အောက်တွင်ရှိသော နတ်ဘုရားသားရဲပါ့ရှားက ပါးစပ်ဖွင့်ပြီး ဟိန်းဟောက်သည်။ သူ့ခန္ဓာကိုယ်က လှုပ်ရှားလာပြီး လေဟာနယ်ကို အက်ကွဲသွားစေသည်။ အနက်ရောင်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

ပါ့ရှားက ခြေထောက်မြှောက်ပြီး အက်ကွဲကြောင်းထဲသို့ ဝင်သွားသည်။

ပါ့ရှားက မိုင်တစ်သန်းအကွာတွင် ပြန်ပေါ်လာသည်။

သူက ခြေတစ်လှမ်းဖြင့် မိုင်တစ်သန်းကို ကျော်ဖြတ်ခဲ့သည်။

ဓားစံအိမ်၏အပြင်ဘက်တွင်ရပ်နေသော ဓားပျံလေးလက်ဂိုဏ်းမှလူများသည် မျက်လုံးများပြူးလျက် ထိတ်လန့်စွာကြည့်နေမိသည်။

“ဘန်း”

“ဘန်း”

ပါ့ရှားက အာကာသထဲတွင် အုပ်စုဖွဲ့နေသော သန္ဓေပြောင်းသားရဲများကို ဝင်တိုက်လိုက်သည်။

မိစ္ဆာအလင်းနှင့်အတူ သွေးနှင့်ချီများ ရောယှက်နေသည်။

အစပိုင်းတွင် တိတ်ဆိတ်နေသော်လည်း နောက်ပိုင်းတွင် မရေမတွက်နိုင်လောက်သော သန္ဓေပြောင်းသားရဲများက ထွက်ပြေးသွားကြသည်။

နတ်ဘုရားသားရဲ၏စွမ်းအားသည် သူတို့ ခုခံနိုင်သောအရာ မဟုတ်ပေ။

ဟန်မူယဲ့၏မျက်နှာထားက ပြောင်းလဲမသွားဘဲ ဓားစံအိမ်ထဲတွင် ရှိနေသည်။ သူက လှုပ်ရှားလိုက်ပြီး ပါ့ရှား၏ခေါင်းပေါ်တွင် ပြန်ပေါ်လာသည်။

သူ့လက်ထဲတွင် အရောင်ဖျော့ဖျော့တောက်ပနေသော အနက်ရောင်ကျားစေ့တစ်စေ့ ရှိသည်။

“ဝီ”

ကျားစေ့သည် ပျံသန်းထွက်သွားပြီး ကောင်းကင်တွင်ပြည့်နေသော အလင်းတစ်ခုဖြစ်သွားသည်။

အနက်ရောင်နှင့် အဖြူရောင်လင်းသည် မိုင်တစ်သိန်းပတ်ဝန်းကျင်ကို လွှမ်းခြံလိုက်သည်။

ဓားချီနှင့် ချီစွမ်းအင်အလင်းများသည် ချည်မျှင်အဖြစ်ပြောင်းပြီး အာကာသထဲတွင် သွယ်ယှက်နေကြသည်။

ကောင်းကင်စက်ဝန်းဝင်္ကပါ ....

ချီစွမ်းအင်နှင့် ဓားချီကို ပေါင်းစပ်လိုက်ပြီး မဟာတာအိုကို ဖြစ်ပေါ်လာစေသည်။

အာကာသ၏ မိုင်တစ်သိန်းပတ်ဝန်းကျင်တွင် မဟာတာအို ပေါ်လာခဲ့သည်။

မိုင်တစ်သိန်းအတွင်း၌ရှိသော သန္ဓေပြောင်းသားရဲနှင့် မိစ္ဆာသားရဲများသည် လွန်မြောက်နိုင်ရန် အခွင့်အရေးမရှိတော့ပေ။

အဆုံးမရှိသော အနက်ရောင်နှင့် အဖြူရောင်အလင်းများသည် ကောင်းကင်တွင် ပြည့်နှက်နေသည်။

ကောင်းကင်သည် အဖြူရောင်နှင့် အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။

“မဟာကျင့်ကြံသူကြီးတစ်ယောက် လှုပ်ရှားလာပြီ”

“ငါတို့ စုဝေကမ္ဘာက လုံခြုံသွားပြီ”

....

အင်မော်တယ်လရေကန်၏အောက်ခြေတွင် ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အနက်ရောင်နှင့် အဖြူရောင်အလင်းများ သွယ်ယှက်နေသည်။

စုဝေကမ္ဘာ၏အပြင်ဘက်တွင်ရှိသော ကောင်းကင်စက်ဝန်းဓားဝင်္ကပါကြောင့် မိုင်တစ်သိန်းအတွင်း၌ရှိသော သန္ဓေပြောင်းသားရဲများသည် ဖြည်းဖြည်းချင်း သေဆုံးသွားလိမ့်မည်။

ထိုသားရဲများ၏စွမ်းအင်ကို ထုတ်ယူပြီး ပါ့ရှား၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိမ့်မည်။ နောက်ဆုံးတွင် ဟန်မူယဲ့၏ ခွန်အားတစ်စိတ်တစ်ပိုင်း ဖြစ်လာသည်။

သို့သော် မိုင်တစ်သိန်းအတွင်း၌ရှိသော သန္ဓေပြောင်းသားရဲများကို သတ်ဖြတ်ရန်အတွက် အချိန်ယူရဦးမည်။

သူ့ဝိညာဉ်စွမ်းအားသည် ယခုအချိန်တွင် ပြန်ရောက်လာသည်။ သူက ပါ့ရှား၏ခန္ဓာကိုယ်ထဲမှထွက်ပြီး အခြေအနေကို ထိန်းချုပ်ပေးခဲ့သည့်အတွက် လုံလောက်သွားပြီဖြစ်သည်။

ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေး၏ အမွေအနှစ်သည် အလွန်အားကောင်းသည်။ နတ်ဘုရားသားရဲ၏စွမ်းအားနှင့် ဓားစံအိမ်မှ ဓားချီစွမ်းအားကို အသုံးပြု၍ သူက မိုင်တစ်သိန်းပတ်ဝန်းကျင်ကို ချက်ချင်းဖိနှိပ်နိုင်ခဲ့သည်။

အစပိုင်းတွင် ဟန်မူယဲ့က မိုင်တစ်သောင်းကိုသာ ဖိနှိပ်နိုင်မည်ဟု ထင်ထားခဲ့သည်။

သို့သော် ထိုအရာသည် မဟာကျင့်ကြံသူကြီးတစ်ဦး၏ အမွေအနှစ်ဖြစ်နေသည်။

ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေး၏ အမွေအနှစ်သည် အလွန်အားကောင်းသောကြောင့် ဟန်မူယဲ့က ဓားစံအိမ်၏နောက်ခံအဖြစ် ထိုခွန်အားမျိုးကို မျှော်လင့်မိသည်။

‘အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ အထက်ဘုံသုံးခုက ဘယ်လိုမျိုးလဲ’

သတ်ဖြတ်မှုပြီးသွားသောအခါတွင် နတ်ဘုရားသားရဲ၏ ကြမ်းတမ်းသောစွမ်းအားများကို ထုတ်လွှတ်နိုင်ခဲ့သောကြောင့် ဟန်မူယဲ့က သက်တောင့်သက်သာရှိသွားသည်။

ထိုအရာသည် နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို သန့်စင်ခြင်း၏ ဆိုးကျိုးဖြစ်သည်။ လွှမ်းမိုးနိုင်စွမ်းကောင်းသော စွမ်းအားသည် ဖိနှိပ်ရန်ခက်ခဲပြီး ဆက်တိုက်ထုတ်လွှတ်ရန် လိုအပ်သည်။

သို့သော် ရရှိလာသည့် ခွန်အားနှင့်ယှဉ်လိုက်လျှင် ထိုအရာသည် မပြောပလောက်ပေ။

နတ်ဘုရားသားရဲပုံရိပ်သည် ပျောက်ကွယ်သွားပြီး ဟန်မူယဲ့က ရေပေါ်သို့ ဖြည်းဖြည်းချင်း ပြန်တက်လာသည်။

သူက ရေမျက်နှာပြင်ပေါ်သို့ ရောက်လာသောအခါတွင် သိပ်မဝေးသောနေရာသို့ လှမ်းကြည့်မိသည်။

ရေကန်စပ်တွင် လူတစ်ယောက်က ငါးကြီးအချို့ကိုသယ်၍ ကုန်းပေါ်သို့ ဖြည်းဖြည်းချင်း သွားနေသည်။

ရှောက်တထျန်းဖြစ်သည်။

‘သူက ညဉ့်နက်နေတာတောင် ငါးဖမ်းဖို့ အင်မော်တယ်လရေကန်ကို ရောက်လာတာလား’

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

အင်မော်တယ်လရေကန်တွင် မိစ္ဆာသားရဲမရှိသောကြောင့် အန္တရာယ်မရှိပေ။

မည်သို့ပင်ဖြစ်စေ ရှောက်တထျန်းသည်လည်း တောင်ပိုင်းကုန်းမြေ၏ ကျားကလန်မှဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းနှင့် သွေးမျိုးဆက်စွမ်းအားကြောင့် အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူကို တိုက်ခိုက်နိုင်သည်။

ဟန်မူယဲ့က အခန်းသို့ပြန်လာပြီး အဝတ်လဲ၍ အိပ်ယာပေါ်တွင် လှဲလိုက်သည်။ သူ့သွေးချီနှင့် ချီစွမ်းအင်က အတူတကွ ပေါင်းစပ်သွားသည်။

လူသားလောကသည် နှလုံးသားကို သန့်စင်ပေးပြီး အာကာသထဲတွင် ခွန်အားကို ကျင့်ကြံသည်။

သူ့ကျင့်ကြံခြင်းသည် ရွှေအမြုတေကို စုစည်းနိုင်တော့မည်ဖြစ်သည်။ သူက နောက်တစ်ကြိမ်ကျင့်ကြံလိုက်လျှင် အဆင့်တက်သွားလိမ့်မည်။

အဆင့်တက်ရန် အချိန်ကျလာပြီဖြစ်သည်။

နောက်တစ်နေ့မနက်တွင် အခန်းထဲမှ ထွက်လာသောအခါ မူဝမ်က မျက်နှာသစ်ရန် ပြင်ဆင်ပေးခဲ့သည်။

သူက ဆိုင်ထဲသို့ ဝင်သွားသောအခါ တက်ကြွနေသော ရှောက်တထျန်းနှင့်စွေ့စွေ့တို့က ပေါက်စီများကို ရောင်းချနေပြီဖြစ်သည်။

မူဝမ်က ပေါက်စီအချို့ ယူလာခဲ့သည်။

ယနေ့တွင် ဇူအော်ယုလုံက တာဝန်ကျသည်။

သူက မနက်ပိုင်းတွင် ဆေးလုံးလာဝယ်သောဧည့်သည်အချို့ကို လက်ခံပေးခဲ့သည်။

သတ္တမအဆင့်ဆေးလုံးနှင့် အဌမအဆင့်ဆေးလုံးများသည် အဖိုးတန်သော်လည်း ဟန်မူယဲ့ထွက်ရောင်းရန် မလိုအပ်ပေ။

ဆေးလုံးလာဝယ်သော ဧည့်သည်များသည် ဆေးလုံးများထက် နံရံတွင်ချိတ်ဆွဲထားသောပန်းချီကားများကို ပိုကြည့်လေ့ရှိသည်။

ပန်းချီကားကို ရောင်းချပေးရန်အတွက် တောင်းဆိုလာသောလူများလည်း ရှိသည်။

ဟန်မူယဲ့နှင့်မူဝမ်က လူအိုကြီးများ၏လက်ရာကို ရောင်းချ၍ ပိုက်ဆံရှာရန် စနောက်ခဲ့သော်လည်း သူတို့က အမှန်တကယ် ရောင်းချမည်မဟုတ်ပေ။

ညနေပိုင်းတွင် ဆိုင်ရှေ့၌ မြင်းလှည်းတစ်စီးရပ်တန့်လိုက်သည်။

ဇူအော်လင်းက ဧည့်သည်များကိုကြိုဆိုပြီး ဟန်မူယဲ့ကိုခေါ်ရန်အတွက် ဇူအော်ယုလုံကို ပြောလိုက်သည်။

“ဆရာ၊ မတွေ့ရတာ အတော်ကြာသွားပြီ”

ဟန်မူယဲ့၏ရှေ့တွင်ရပ်နေသော မင်းသမီးယွင်ကျင်းက အမျိုးသားအဝတ်အစားများကို ဝတ်ထားသော်လည်း အကြည့်လွှဲရန်ခက်ခဲသောအလှမျိုးကို ပိုင်ဆိုင်ထားသေးသည်။

ရှုရှီဒေသ၏ နံပတ်တစ်အလှလေး၊ ပိုးသားအင်မော်တယ်သင်္ဘောပေါ်တွင် ပိုင်ဝူဟန်နှင့်အတူ အမွှာအလှမယ်နှစ်ယောက်ဟု လူသိများသော မင်းသမီးယွင်ကျင်းဖြစ်သည်။ နှစ်အနည်းငယ်ကုန်ဆုံးသွားပြီး သူမ၏အလှသည် ပိုမိုရင့်ကျက်လာသည်။

ဟန်မူယဲ့က အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။

ယွင်ကျင်းက တောက်ပနေသောမျက်လုံးများနှင့် ဆိုင်းဘုတ်ကို ကြည့်သည်။

“အာခီမီကံကြမ္မာစံအိမ်၊ လှလိုက်တဲ့လက်ရေး၊ လှလိုက်တဲ့နာမည် ....”

“ဘာလဲ။ ကျင်းချွမ်မြစ်ရဲ့မိတ်ဆွေဟောင်းကို ဆိုင်ထဲမဖိတ်တော့ဘူးလား”

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ယွင်ကျင်းကို ဆိုင်ထဲသို့ ခေါ်သွားသည်။

ဇူအော်ယုလုံက လက်ဖက်ရည်ငှဲ့ပေးတော့မည့်အချိန်တွင် ဇူအော်လင်းက သူကို ပြန်ဆွဲထားလိုက်သည်။

“မင်းက ဝင်မပါချင်စမ်းပါနဲ့”

ဇူအော်လင်းက ဇူအော်ယုလုံကို ဆွဲခေါ်သွားပြီး တီးတိုးပြောသည်။

“သခင်လေးက အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ပဲ။ သူ့ဘေးမှာ အမျိုးသမီးတစ်ယောက်ရှိနေရင် မင်းက ခပ်ဝေးဝေးမှာ နေသင့်တယ်”

ဇူအော်ယုလုံက ပါးစပ်အဟောင်းသားဖြစ်နေသော်လည်း မငြင်းခဲ့ပေ။

ယွင်ကျင်းက ဆိုင်ထဲသို့ဝင်လာပြီး ပန်းချီကားများကို မြင်လိုက်ရသောအခါတွင် မျက်လုံးများ ပိုမိုတောက်ပသွားသည်။

“မနေ့တုန်းက ကောင်းကောင်းမကြည့်လိုက်ရဘူး။ ဒါက ပစ္စည်းကောင်းတွေပဲ”

“ဒီမှာရှိနေတဲ့ပန်းချီကားတစ်ချပ်က ဆိုင်တစ်ဆိုင်ကို ဆယ်နှစ် နှစ်တစ်ရာလောက်အထိ ထောက်ပံ့ပေးနိုင်လိမ့်မယ်”

မင်းသမီးယွင်ကျင်းက ဟန်မူယဲ့ဆွဲထားသော မင်ရည်စပျစ်သီးများကို ကြည့်လိုက်သည်။ သူမက ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“ဓားတာအို၊ အာခီမီတာအို၊ ကွန်ဖြူးရှပ်တာအို၊ ဆရာက တကယ့်ကို အံ့အားသင့်စရာကောင်းတာပဲ ....”

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မင်းသမီးက အလယ်ပိုင်းကုန်းမြေမှာ နာမည်ကြီးပြီး မင်းသမီးရဲ့အလှက နန်းမြို့တော်မှာ ပြိုင်ဘက်ကင်းတယ်။ အဲဒါကလည်း အံ့အားသင့်စရာကောင်းတာပဲ မဟုတ်ဘူးလား”

ယွင်ကျင်း၏မျက်လုံးထဲတွင် ရှုပ်ထွေးသောခံစားချက်များ ရှိနေသည်။ သို့သော် အဆုံးတွင် သူမက ဖိနှိပ်လိုက်သည်။

ဟန်မူယဲ့က သူမကိုကြည့်လိုက်ပြီး ပြောသည်။

“မနေ့က အကူအညီတောင်းစရာရှိတယ်လို့ ပြောခဲ့သလားလို့”

ယွင်ကျင်းက တခစ်ခစ်ရယ်လိုက်ပြီး တီးတိုးပြောသည်။

“ယွင်ကျင်းက ဆရာရဲ့ကျောက်စိမ်းရှားစောင်းပင်ကိုငှားပြီး ပန်းရှုစားပွဲ ကျင်းပချင်ပါတယ်။ ဆရာက ကူညီပေးနိုင်မလားရှင့်”

‘ကျောက်စိမ်းရှားစောင်းပန်းလား’

‘ပန်းရှုစားပွဲလား’

ဟန်မူယဲ့က မျက်ခုံးပင့်သည်။

“ဒါက လုယွီကျိုးရဲ့အကြံလား”

‘ငါ့ဆီကနေ ကျောက်စိမ်းရှားစောင်းပင်ကို သူ့ဘာသာလာမယူနိုင်တော့ ဒီလိုနည်းလမ်းကို သုံးလိုက်တာလား’

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ယွင်ကျင်းက လက်တစ်ဖက်ဖြင့် ပါးစပ်အုပ်၍ ရယ်သည်။

“လက်ထောက်ကျောင်းအုပ်လုက ဒီနည်းလမ်းကိုသုံးရင် ဆရာ့ဆီကနေ ဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်”

သူမ၏မျက်နှာထားက လေးနက်လာပြီး တီးတိုးပြောသည်။

“ကျွန်မက ယွင်သွမ့်အတွက် လမ်းဖောက်ပေးချင်လို့ပါ”

“တော်ဝင်ကျောင်းတော်က ဆရာသခင်တွေရဲ့ထောက်ပံ့မှုကို ရထားရင် သူမက အိမ်ရှေ့စံအလောင်းအလျာ ဖြစ်လာနိုင်တယ်”

အိမ်ရှေ့စံ၊ ယွင်သွမ့် ....

ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

‘ကောင်းကင်အံ့ဖွယ်တိုင်းပြည်မှာ အမျိုးသမီးဆက်ခံသူတွေ ရှိလို့လား’

“ယွင်သွမ်က မိန်းကလေးတစ်ယောက်ဖြစ်နေတာကြောင့် အိမ်ရှေ့မင်းသားဖြစ်မလာနိုင်ဘူးလို့ ဆရာတွေးနေတာလား”

ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ယွင်ကျင်းက ညင်သာစွာပြောသည်။

“အဲဒါက ကျွန်မတို့ တော်ဝင်မိသားစုမှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ပါဘူး။ အရင်တုန်းကလည်း ဒီလိုဖြစ်ရပ်တွေ ရှိခဲ့ပါတယ်”

“လွန်ခဲ့နှစ်သုံးသောင်းမှာ ကျွန်မတို့တော်ဝင်မိသားစုက ဧကရီခြောက်ပါးကို မွေးထုတ်ပေးခဲ့တယ်”

‘အဲဒီတော့ ဧကရီတွေ ရှိနေတာပေါ့’

ဟန်မူယဲ့က တွေးကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

အလယ်ပိုင်းကုန်းမြေတွင် တော်ဝင်မိသားစု၏လွှမ်းမိုးနိုင်စွမ်းသည် အလွန်နည်းပါးသည်။ ကွန်ဖြူးရှပ်တာအိုက လောကကို ဖိနှိပ်ထားသ၍ ကျင့်ကြံသူများသည် ဧကရာဇ်၏နာမည်ကိုပင် သိမည်မဟုတ်ပေ။

“ဒါက ကျွန်မရဲ့ အမှားပါပဲ။ ယွင်သွမ့်ကို နန်းတော်ဆီ ခေါ်သွားတဲ့အချိန်မှာ ဆရာ့အကြောင်းကို ပြောပြမိခဲ့တယ်”

ယွင်ကျင်းက နောင်တအချို့နှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။

“ဧကရာဇ်နဲ့ တော်ဝင်မိသားစုတွေရဲ့အမြင်မှာ သမင်ဖြူတောင်တန်းကျောင်းတော်က တော်ဝင်ကျောင်းတော်၊ အမတ်ချုပ်ကြီးဝမ်နဲ့ ယှဉ်ပြိုင်ပြီး ကွန်ဖြူးရှပ်တာအိုရဲ့ကံကြမ္မာကို ခွဲယူချင်တယ်လို့ ထင်နေကြတယ်”

All Chapters