← Chapters

အခန်း (၄၈၀)

Vol. 35 Ch. 480

အခန်း (၄၈၀)

Vol. 35 Ch. 480

‘စိတ်ဝင်စားစရာကောင်းသားပဲ’

ဟန်မူယဲ့က တွေးမိသည်။

ဝမ်မော့ရှန်နှင့် နန်းမြို့တော်သည် အလယ်ပိုင်းကုန်းမြေကို ဖိနှိပ်ထားသောကြောင့် တော်ဝင်မိသားစုသည် နှစ်သောင်းချီကြာသည်အထိ ပြောင်းလဲမှုမရှိခဲ့ပေ။

သို့သော် တော်ဝင်မိသားစု၏အမြင်တွင် ဝမ်မော့ရှန်ရှိနေသ၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏စွမ်းအားကို ရရှိနိုင်မည်မဟုတ်ပေ။

ဝမ်မော့ရှန်၏ဖိနှိပ်မှုသာမရှိလျှင် တော်ဝင်မိသားစုသည် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် အစားထိုးခံရမည်ဖြစ်ကြောင်း သူတို့ မသိကြပေ။

နန်းတော်ထဲတွင် ယွင်ကျင်းက သမင်ဖြူတော်တန်းကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သော ဟန်မူ၏ ကွန်ဖြူးရှပ်တာအိုစွမ်းအားကို ပြသခဲ့သည်။ ယွင်သွမ့်ကလည်း သူ့ကို လေးစားနေသောကြောင့် တော်ဝင်မိသားစုက မတူညီသောအတွေးများ ရှိလာသည်။

သူတို့က သမင်ဖြူတော်တန်းကျောင်းတော်၏ခွန်အားကို ငှားယူပြီး ဝမ်မော့ရှန်ကို တိုက်ခိုက်ချင်သည်။

အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ထိုဖြစ်ရပ်ကို သူတို့ မြင်ချင်သည်။

ဝမ်မော့ရှန်မရှိလျှင် တခြားကမ္ဘာများက ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ လာရောက်တိုက်ခိုက်မည့်အကြောင်းကို သူတို့ မသိကြပေ။

ထိုလူများသည် ကိစ္စများ၏လေးနက်မှုကို နားလည်သဘောပေါက်ခြင်းမရှိပေ။ ထို့ကြောင့် သူတို့တွင် တခြားအတွေးများ ရှိလာသည်။

ထိုအရာသည် ကပ်ဘေးတစ်ခုသာ ဖြစ်လိမ့်မည်။

“ဒါက မင်းသမီးယွင်ကျင်းလား။ မင်းသမီးက တကယ်လှတာပဲ”

မူဝမ်က ဆေးရနံ့အချို့နှင့်အတူ အနောက်ဘက်ခြံဝိုင်းထဲမှ ထွက်လာသည်။ သူမက ယွင်ကျင်းကိုကြည့်လိုက်ပြီး ပြုံးသည်။

“ယွင်ကျင်းက နတ်မိမယ်မူကို နှုတ်ဆက်ပါတယ်ရှင်”

ယွင်ကျင်းက မူဝမ်ကို ဦးညွှတ်လိုက်သည်။

“ကျွန်မက နတ်မိမယ်မဟုတ်ပါဘူး”

မူဝမ်က ရှေ့တက်လာပြီး ယွင်ကျင်း၏လက်ကောက်ဝတ်ကို အသာအယာကိုင်သည်။

“ကျွန်မကို အစ်မမူလို့ပဲ ခေါ်ပါ”

ယွင်ကျင်းက ကြောင်အသွားသည်။

ဟန်မူယဲ့က ခေါင်းခါသည်။

‘သူမက ပြဿနာရှာနေတာလား’

အဆုံးတွင် ကျောက်စိမ်းရှားစောင်းပန်းကို ယွင်ကျင်းက ယူသွားခဲ့သည်။

မူဝမ်၏စကားအရ အိမ်တွင်းရေးကိစ္စများတွင် သူမ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ကျောက်စိမ်းရှားစောင်းပန်းအိုးကို မပေးနိုင်စရာအကြောင်းမရှိပေ။

ယွင်ကျင်းထွက်မသွားခင် မူဝမ်က ပန်းရှုစားပွဲ၌ ကျောက်စိမ်းရှားစောင်းပန်းပွင့်ကို လာကြည့်ရန်အတွက် သဘောတူခဲ့သည်။

“အစ်ကိုဟန်၊ ယောင်္ကျားတွေအားလုံးက အင်မော်တယ်သင်္ဘောလိုနေရာမျိုးကို သွားရတာကြိုက်တယ်မဟုတ်လား”

ယွင်ကျင်း၏မြင်းလှည်း ထွက်သွားသောအခါတွင် မူဝမ်က ဟန်မူယဲ့ကို လှည့်ကြည့်သည်။

ဟန်မူယဲ့က စကားပြောတော့မည့်အချိန်တွင် မူဝမ်က လက်ဆန့်ထုတ်၍ သူ့ပါးစပ်ကို ပိတ်သည်။

“အစ်ကိုဟန်တွေးနေတာကို ကျွန်မ မသိဘူးထင်နေတာလား”

မူဝမ်က ရှေ့တိုးလိုက်ပြီး ညင်သာစွာပြောသည်။

“ကျွန်မက အစ်ကိုဟန်ကို ယုံပါတယ်”

မူဝမ်က နောက်ဖေးခြံဝိုင်းထဲသို့ ဝင်သွားသောအချိန်အထိ သူနှင့်ပတ်သတ်၍ မည်သည့်အရာကို ယုံကြည်နေကြောင်း ဟန်မူယဲ့က နားမလည်ခဲ့ပေ။

သူက တစ်ဖက်သို့ လှည့်ကြည့်လိုက်သောအခါတွင် တွန့်ဆုတ်စွာလျှောက်လာသော ရှောက်တထျန်းကို မြင်လိုက်ရသည်။

“သခင်လေး၊ ကျွန်တော်က စစ်တပ်ထဲကိုဝင်သွားရင် .... ဝိညာဉ်ကျောက်တုံးတွေ ပိုရနိုင်မှာလား”

ရှောက်တထျန်းက ဆိုင်ထဲတွင်အလုပ်ရှုပ်နေသော စွေ့စွေ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

‘စစ်တပ်ထဲကို ဝင်မှာလား’

ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

“မင်းက ဝိညာဉ်ကျောက်တုံးတွေ လိုနေလို့လား”

ရှောက်တထျန်းက ခေါင်းညိတ်လိုက်ပြီး ခေါင်းခါသည်။

“သခင်လေး၊ ကျွန်တော်က နန်းမြို့တော်မှာ အသားကျနေပြီလေ။ တချို့အရာတွေကို အခု သိလာပြီ”

ရှောက်တထျန်း၏မျက်နှာထားက ရှုပ်ထွေးနေသည်။

သူက ခေါင်းကုတ်လိုက်ပြီး တီးတိုးပြောသည်။

“ဆိုင်ခန်းငှားခက တစ်လကို ဝိညာဉ်ကျောက်တုံးသုံးဆယ်မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့စီးပွားရေးက ဘယ်လောက်ပဲကောင်းကောင်း ဆိုင်ခန်းငှားခရအောင် လုပ်နိုင်မှာမဟုတ်ဘူး”

လကြည့်မြို့၏ တော်ဝင်ဥယျာဉ်လမ်းပေါ်တွင်ရှိသော ဆိုင်ခန်းငှားခသည် တစ်လလျှင် ဝိညာဉ်ကျောက်တုံးသုံးဆယ် မဖြစ်နိုင်ပေ။

ရှောက်တထျန်းက ပေါင်မင်ချန်နှင့် စကားပြောနေသောအချိန်တွင် ဆိုင်ခန်းငှားရမ်းခသည် အနည်းဆုံး တစ်လလျှင် ဝိညာဉ်ကျောက်တုံးသုံးရာရှိလိမ့်မည်ဟု ပြောခဲ့သည်။

တောင်ပိုင်းကုန်းမြေသွားရည်စာဆိုင်သည် ထိုဝိညာဉ်ကျောက်တုံးများကို မရှာနိုင်ပေ။

“ပြီးတော့ စွေ့စွေ့နဲ့ ကျွန်တော်က ကလေးလိုချင်တယ်”

ရှောက်တထျန်းက အနည်းငယ်တုံ့ဆိုင်းနေပြီး ပြောလိုက်သည်။

“အရင်တစ်ခေါက်တုန်းက စွေ့စွေ့က သေတော့မလို ဖြစ်သွားခဲ့တယ်”

“ကျွန်တော်က မေးကြည့်ပြီးပြီ။ စွေ့စွေ့နဲ့ကျွန်တော် ကလေးယူမယ်ဆိုရင် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ကုန်လိမ့်မယ်တဲ့”

ဟန်မူယဲ့က ရှောက်တထျန်းကို ကြည့်သည်။

သူက ထိုကိစ္စကြောင့် ညဘက်တွင် အင်မော်တယ်လရေကန်၌ ငါးဖမ်းနေခြင်းဖြစ်လိမ့်မည်။

သူက ဝိညာဉ်ကျောက်တုံးများပိုရရန်အတွက် စစ်တပ်ထဲသို့လည်း ဝင်ရောက်ချင်သည်။

ကံမကောင်းစွာဖြင့် သူရှာနိုင်သောဝိညာဉ်ကျောက်တုံးများသည် စွေ့စွေ့မီးဖွားရန်အတွက် လုံလောက်မှုရှိမည်မဟုတ်ကြောင်း သူမသိပေ။

“မင်းနဲ့စွေ့စွေ့က စီးပွားရေးကိုပဲ ကောင်းကောင်းလုပ်ပါ။ ငါနဲ့ညီမမူက မင်းတို့ကို ကူညီပေးပါ့မယ်”

ဟန်မူယဲ့က ရှောက်တထျန်းကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ပြင်ပဘုံမှာတိုက်ခိုက်ဖို့ မင်းထင်ထားသလောက် မလွယ်ဘူး”

ပြင်ပဘုံတွင် လူဦးရေသန်းချီသောစစ်တပ်နှင့် တိုက်ခိုက်မည်ဆိုလျှင် လုံခြုံစွာပြန်လာနိုင်ရန် ခက်ခဲလိမ့်မည်။

ပြင်ပဘုံစစ်ပွဲသည် အဆင်ပြေနေလျှင် မှူးမတ်ဝူက စစ်သည်များကို စုဆောင်းမည်မဟုတ်ပေ။

ဟန်မူယဲ့က အာခီမီကံကြမ္မာစံအိမ်သို့ ဝင်သွားသောအခါတွင် ရှောက်တထျန်း၏နှုတ်ခမ်းထောင့်များ တွန့်သွားသည်။ သို့သော် သူက စကားမပြောခဲ့ပေ။

ဟန်မူယဲ့က ခြံဝိုင်းထဲသို့သွားလိုက်ပြီး ဆေးညွှန်းများရေးသားနေသော မူဝမ်ကို မြင်လိုက်ရသည်။

မူဝမ်က စာကြည့်တိုက်ထဲတွင်မြင်ခဲ့သော ဆေးညွှန်းများကို မှတ်သားထားပြီး ဟန်မူယဲ့နှင့်အတူ လေ့လာခဲ့သည်။

မူဝမ်က ဟန်မူယဲ့ကို စာကြည့်တိုက်သို့ မဝင်ရောက်သည့်အကြောင်းနှင့်ပတ်သတ်၍ မေးခဲ့သည်။ ဟန်မူယဲ့က ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် အာခီမီနှင့်ပတ်သတ်၍ အချိန်သိပ်မပေးချင်သောကြောင့် ဖြစ်သည်ဟု ပြောခဲ့သည်။

ထိုအရာသည် အမှန်ပင်ဖြစ်သည်။

ဟန်မူယဲ့က အစမှအဆုံးအထိ အာခီမီကို အထောက်အပံ့ပညာရပ်တစ်ခုအဖြစ် မှတ်ယူထားခဲ့သည်။

ဟန်မူယဲ့က ရှောက်တထျန်း၏စကားများကို ပြန်ပြောလိုက်သည်။ မူဝမ်က စာရေးသားခြင်းကို ရပ်လိုက်ပြီး တိတ်ဆိတ်သွားသည်။

“လူသားလောကမှာ အတားအဆီးတွေ အများကြီးရှိနေတာပဲ”

မူဝမ်က သက်ပြင်းချလိုက်ပြီး ညင်သာစွာပြောသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး သူမ၏ပခုံးကို ပုတ်ပေးသည်။

“အဲဒါကြောင့်ပဲ လူသားလောကက အဖိုးတန်နေတာမဟုတ်လား”

“လူသားလောကမှာ အရာအားလုံးက ယာယီပဲ။ ထာဝရတည်မြဲနေတဲ့အရာမျိုး မရှိဘူး”

“ငါတို့လိုကျင့်ကြံသူတွေက လူသားလောကကို မျှော်လင့်နေလို့မရဘူး။ ဒါပေမဲ့ လူသားလောကနဲ့ ဖြတ်တောက်လိုက်လို့လည်း မရဘူး”

“မဟာတာအိုက နှလုံးသားရှိပါတယ်”

မူဝမ်က ဟန်မူယဲ့၏စကားအချို့ကို နားလည်သည်။ အပြည့်အဝတော့ မဟုတ်ပေ။

မူဝမ်က မတ်တပ်ရပ်လိုက်ပြီး ကူးရေးထားသောဆေးညွှန်းကို ပေးသည်။

“အစ်ကိုဟန်၊ ကျွန်မက စာကြည့်တိုက်ကိုသွားပြီး သွေးမျိုးဆက်ပေါင်းစပ်ခြင်း၊ ချိပ်ပိတ်ခြင်းနဲ့ပတ်သတ်တဲ့ ဆေးညွှန်းတွေကို ရှာကြည့်လိုက်အုံးမယ်”

မူဝမ်၏ကျောက်စိမ်းပြားသည် အာခီမီဆရာသခင်တစ်ယောက်၏အဆင့်အတန်းနှင့် တူညီသည်ဟု ပိုင်လီရှင်းလင်က ပြောခဲ့သည်။ သူမက စာကြည့်တိုက်ကို တစ်လလျှင် ဆယ်ကြိမ်သွားနိုင်သည်။

ထိုအခွင့်အရေးသည် လုံလောက်မှုရှိသည်။

မူဝမ်က ဟန်မူယဲ့နှင့်အတူ မသွားတော့ဘဲ အာခီမီဌာနသို့သွားရန်အတွက် ဇူအော်လင်းကို ပြောခဲ့သည်။

သူတို့က စာကြည့်တိုက်သို့ ရောက်လာသောအခါ ကျောက်လှေကားရှေ့တွင် စုဝေးနေသောကျင့်ကြံသူများထဲမှတစ်ယောက်က အသံပြုလိုက်သည်။

သူက မူဝမ်ကို မှတ်မိနေသည်။

မူဝမ်က သူတို့ကို လျစ်လျူရှုထားပြီး စာကြည့်တိုက်ထဲသို့ ဝင်သွားသည်။ ထို့နောက် လမ်းညွှန်အတိုင်း စာအုပ်စင်ကို ရှာဖွေသည်။

စာအုပ်စင်ပေါ်တွင် စာအုပ်များသိပ်မရှိဘဲ အများစုသည် အိုဟောင်းနေသည်။

မူဝမ်က စာအုပ်တစ်အုပ်ကိုဆွဲယူပြီး သေချာဖတ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်မိသည်။

သူမက စာအုပ်အချို့ကို ထပ်ယူလိုက်ပြီး မျက်နှာထားမည်းမှောင်သွားသည်။

“တခြားမျိုးနွယ်တွေနဲ့ပေါင်းဖက်လိုက်ရင် လူသားတွေအတွက် ကလေးရဖို့ တကယ်ပဲခက်ခဲတာလား”

မူဝမ်က လက်ထဲတွင်ရှိသောစာအုပ်ကို ညင်သာစွာပိတ်လိုက်သည်။

“သက်ရှိတွေအားလုံးများ ကိုယ်ပိုင်နည်းလမ်းရှိတယ်။ မိစ္ဆာမျိုးနွယ်က လူသားအသွင်ကိုယူချင်ရင် ကပ်ဘေးကျော်ဖြတ်ရတယ်။ လူသားတွေက ကောင်းကင်အဆင့်ကို ဝင်ရောက်ချင်ရင် ကပ်ဘေးကျော်ဖြတ်ရတယ်။ ပဥ္စမအဆင့်ဆေးလုံးကို သန့်စင်မယ်ဆိုရင်တောင် မိုးကြိုးကပ်ဘေး ဖြစ်ပေါ်လာလိမ့်မယ်”

“လောကမှာရှိတဲ့ အရာရာတိုင်းက ကိုယ်ပိုင်အကန့်အသတ်ကိုကျော်ဖြတ်ပြီး အဆင့်သစ်ကို ရောက်သွားမယ်ဆိုရင် ကပ်ဘေးဖြစ်ပေါ်လာလိမ့်မယ်”

မူဝမ်၏ဘေးတွင် အသံတစ်သံထွက်လာသည်။

“ဆရာသခင်ပိုင်လီ”

မူဝမ်က လှည့်ကြည့်လိုက်ပြီး ညင်သာစွာဦးညွှတ်သည်။

ပိုင်လီရှင်းလင်က ခေါင်းညိတ်လိုက်သည်။ သူမက မူဝမ်ကိုကြည့်ပြီး ညင်သာစွာပြောသည်။

“နင်က ကိုယ်တိုင်သုံးဖို့အတွက် သွေးမျိုးဆက်ဆေးလုံးကို ရှာနေတာလား”

ထိုစကားများကြောင့် မူဝမ်က ရှက်သွားသည်။ သူမ ခေါင်းမခါနိုင်ခင် ဆရာသခင်ပိုင်လီ၏အသံကို ထပ်ကြားလိုက်ရသည်။

“မနေ့တုန်းက နင်နဲ့အတူလာတဲ့ လူငယ်လေးမှာ မိစ္ဆာသွေးမျိုးဆက်အချို့ ရှိနေတယ်”

အာခီမီဆရာသခင်၏အကြည့်သည် အလွန်စူးရှသည်။

မူဝမ်၏မျက်နှာထားက ရုတ်တရက်ပြောင်းလဲသွားပြီး တီးတိုးပြောသည်။

“အကြီးအကဲ၊ သူနဲ့ကျွန်မက ကလေးယူမယ်ဆိုရင် ကျွန်မတို့လည်း ....”

သူမ၏အစ်ကိုဟန်သည် နတ်ဘုရားသားရဲခန္ဓာကိုယ်ကို သန့်စင်နေကြောင်း ပြောပြခဲ့သည်။

‘အစ်ကိုဟန်ကလည်း နတ်ဘုရားသားရဲရဲ့သွေးမျိုးဆက်ကို ဆက်ခံထားရတာလား။ ငါတို့ ကလေးယူချင်ရင် သွေးမျိုးဆက်စွမ်းအားအမွေအနှစ်ကြောင့် ခက်ခဲနေမှာလား’

သူမက တွေးမိသည်။

‘ရှောက်တထျန်းက သာမန်မိစ္ဆာပဲ။ ဒါပေမဲ့ စွေ့စွေ့က သေလုမျောပါးဖြစ်သွားခဲ့တယ်’

‘အစ်ကိုဟန်က သွေးမျိုးဆက်ကို လက်ဆင့်ကမ်းပေးနိုင်တယ်ဆိုရင် ....”

သူမက မတွေးရဲတော့ပေ။

သူမ၏ကျင့်ကြံခြင်းနှင့် အစ်ကိုဟန်၏ကျင့်ကြံခြင်းသည် အလွန်ကွာခြားကြောင်း သူမ နားလည်ထားသည်။

“ငတုံးမလေး၊ ငါတို့အမျိုးသမီးတွေက သူတို့အတွက် ကလေးမွေးပေးဖို့ ဖြစ်လာတာမဟုတ်ဘူး”

မူဝမ်၏မျက်နှာထားကို ကြည့်လိုက်ပြီး ပိုင်လီရှင်းလင်က ညင်သာစွာသက်ပြင်းချ၍ မူဝမ်၏ပခုံးကို ပုတ်ပေးသည်။

“ဒါပေမဲ့ ငါတကယ်ချစ်တဲ့လူတစ်ယောက်ကို တွေ့လာမယ်ဆိုရင် သူ့အတွက် ဘာမဆိုလုပ်ပေးချင်မှာပဲ”

ပိုင်လီရှင်းလင်က သူမ၏အကြောင်းကို ပြန်ပြောနေသကဲ့သို့ သက်ပြင်းချသည်။

မူဝမ်က ခေါင်းညိတ်သည်။

သူမကလည်း အစ်ကိုဟန်အတွက် အရာအားလုံးကို လုပ်ပေးချင်သည်။

“အကြီးအကဲ၊ တခြားနည်းလမ်း မရှိတော့ဘူးလား”

လောကတွင် မဟာကျင့်ကြံသူများ၏မျိုးဆက်များ များပြားစွာရှိနေသည်။ လူသားနှင့် မိစ္ဆာတို့၏ပေါင်းဖက်မှုများလည်း ရှိသည်။

“သာမန်လူဆိုရင်တော့ နက်နက်ရှိုင်းရှိုင်းကျင့်ကြံပြီးရင် မဖြစ်နိုင်တာမရှိဘူး”

ပိုင်လီရှင်းလင်က မူဝမ်ကို ကြည့်သည်။

“ဆေးလုံးသုံးမယ်ဆိုရင် နည်းနည်းတော့ အသုံးဝင်လိမ့်မယ်”

ပိုင်လီရှင်းလင်က ခဏရပ်တန့်လိုက်ပြီး တောက်ပနေသောမျက်လုံးများဖြင့် ပြောသည်။

“ဒါပေမဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အာခီမီတာအိုက အရမ်းအဆင့်မမြင့်ဘူး။ ငါလာခဲ့တဲ့ကမ္ဘာမှာ သွေးမျိုးဆက်အကြောင်းကို လေ့လာနေတဲ့ မဟာကျင့်ကြံသူကြီးတွေ ရှိတယ်”

“သူတို့ရဲ့အကူအညီကို ရမယ်ဆိုရင် မတူညီတဲ့သွေးမျိုးဆက်တွေကို ပေါင်းစပ်နိုင်မဲ့ဆေးလုံးမျိုး သန့်စင်နိုင်လိမ့်မယ်”

“ကောင်မလေး၊ ငါနဲ့လိုက်လာဖို့ စိတ်ဝင်စားလား”

ပိုင်လီရှင်းလင်က ထိန်းချုပ်၍မရသော မျှော်လင့်ချက်များနှင့် မူဝမ်ကို ကြည့်သည်။

မူဝမ်က အံ့အားသင့်သွားပြီး ခေါင်းငုံ့ထားသည်။

....

မူဝမ်က နေဝင်ချိန်တွင် အာခီမီကံကြမ္မာစံအိမ်သို့ ပြန်ရောက်လာသည်။

ဟန်မူယဲ့က သူမနှင့်အတူ အင်မော်တယ်လရေကန်သို့ သွားကြည့်ခဲ့သည်။ သို့သော် သူမက အနည်းငယ် စိတ်ပျံ့နေပုံရသည်။

ဟန်မူယဲ့က မေးကြည့်လိုက်သောအခါ စာကြည့်တိုက်ထဲတွင် စာအုပ်အများအပြားဖတ်ခဲ့သောကြောင့်ဟု မူဝမ်က ပြန်ပြောသည်။ ထို့အပြင် လူတိုင်းက ဟန်မူယဲ့ကဲ့သို့ နားလည်နိုင်စွမ်းကောင်းဟု ထပ်ပြောသည်။

ထို့ကြောင့် ဟန်မူယဲ့က ပြောစရာစကား ကင်းမဲ့သွားသည်။

အိမ်သို့ပြန်လာပြီး အခန်းထဲသို့ဝင်သွားသောမူဝမ်ကို ကြည့်၍ ဟန်မူယဲ့၏မျက်လုံးများ တောက်ပသွားသည်။

All Chapters