← Chapters

အခန်း (၄၈၁)

Vol. 35 Ch. 481

အခန်း (၄၈၁)

Vol. 35 Ch. 481

ထိုမိန်းကလေးသည် အတွေးများကို မဖုံးကွယ်ထားပေ။ သူမ၏စိတ်ထဲတွင် ဖြစ်နေသောအရာကို မျက်နှာပေါ်တွင် မြင်နိုင်သည်။

သူမက စာကြည့်တိုက်တွင် တစ်ခုခုကြုံတွေ့ခဲ့လိမ့်မည်။

‘အဲဒါက သွေးမျိုးဆက်ဆေးလုံးကြောင့်လား’

‘ငါက ဒီကိစ္စနဲ့ပတ်သတ်ပြီး နည်းနည်းလောက် အာရုံစိုက်ထားရမယ်ထင်တယ်’

ဟန်မူယဲ့က ခြံဝိုင်းထဲတွင်ရပ်နေပြီး ချီစွမ်းအင်များကို ထုတ်ဖော်နေသည်။

မျှော်လင့်ထားသည့်အတိုင်း လူသားလောက၏ အရှုပ်အထွေးများသည် နှလုံးသားကိုသန့်စင်ရန် အကောင်းဆုံးဖြစ်သည်။

လူသားလောက၏ ခါးသီးမှု၊ ချိုမြိန်မှုများသည် လူတစ်ယောက်၏စိတ်အခြေအနေကို တိုးတက်လာစေသည်။

နောက်ရက်အနည်းငယ်တွင် မူဝမ်က ဆေးလုံးများ သန့်စင်နေသည်။ ဟန်မူယဲ့က အပြင်မထွက်ဘဲ ဆိုင်ထဲတွင် ရှိနေသည်။

ဇူအော်ယုလုံနှင့် ဇူအော်ယုထင်က တစ်လှည့်စီ ဆိုင်ကိုစောင့်ကြပ်နေသည်။ သူတို့က အရာအားလုံး လုပ်ဆောင်သွားသည်။

ဆေးဆိုင်၏ နေ့စဉ်ဝင်ငွေသည် ဝိညာဉ်ကျောက်တုံးတစ်သောင်းကျော်သည်။

ပဥ္စမအဆင့်ဆေးလုံးနှင့် အဌမအဆင့်ဆေးလုံးများကို မှာယူချင်သောလူရှိလျှင် ဟန်မူယဲ့နှင့်ဆွေးနွေးပြီး ဒါဇင်ချီသောဝိညာဉ်ကျောက်တုံးများကို လက်ခံရလိမ့်မည်။

ဆေးဆိုင်သည် စီးပွားဖြစ်နေပုံရသည်။

ဇူအော်လင်းက ဧည့်သည်များကိုကြိုဆိုပြီး လိုအပ်သောပစ္စည်းများကို ဝယ်ယူရန် တာဝန်ယူထားသည်။

သူက မြို့တံခါးဝတွင် တန်းစီနေရန် မလိုတော့ပေ။

နေ့စဉ်နေတိုင်း ကလေးများနှင့် ဆေးဆိုင်သို့လာသောအခါတွင် အိပ်မက်တစ်ခုကဲ့သို့ ခံစားရသည်။

ဇူအော်ယုလုံ၏ စာပေလေ့လာခြင်းသည် ပိုမိုနက်ရှိုင်းလာသည်။ သူက တော်ဝင်ကျောင်းတော်မှ ဆရာများ၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ သူက တရားဝင်ကျောင်းသားတစ်ယောက် ဖြစ်လာနိုင်သည်။

ဇူအော်ယုထင်က ကံကောင်းခြင်းအာခီမီစံအိမ်၏ တရားဝင်တပည့်တစ်ယောက်ဖြစ်ပြီး အဆင့်ကိုးဆေးလုံးအချို့ကို သန့်စင်နိုင်ပြီဖြစ်သည်။

ဇူအော်လင်းတို့မိသားစုဘဝသည် အပြည့်အဝ ပြောင်းလဲသွားခဲ့သည်။

နေ့ပိုင်းတွင် ရှောက်တထျန်းက စွေ့စွေ့နှင့်အတူ မုန့်များရောင်းသည်။ ဆေးဆိုင်ဘက်တွင် လူများလာသောအခါတွင် သူက ပြဿနာမဖြစ်စေရန်အတွက် စောင့်ကြပ်ပေးလိမ့်မည်။ သူက ညဘက်တွင် ငါးဖမ်းရန်အတွက် အင်မော်တယ်လရေကန်သို့သွားပြီး ငါးများကို တိတ်ဆိတ်စွာရောင်းချလိမ့်မည်။

ဟန်မူယဲ့က စိတ်ဝင်စားဖွယ်ကောင်းသောအရာတစ်ခုကို မြင်ခဲ့ရသည်။ ရှောက်တထျန်းက ကာကွယ်ရေးဌာန၏ ပေါင်မင်ချန်၊ ကံကောင်းခြင်းအာခီမီစံအိမ်၏ တာအိုတန်ခိုးရှင်ချန်ယွင်တို့နှင့် မိတ်ဆွေဖြစ်လာသည်။ သူတို့က နှစ်ကြိမ်ခန့် အတူတူသောက်ခဲ့ကြသည်။

စွေ့စွေ့က ထိုကိစ္စနှင့်ပတ်သတ်၍ ပျော်ရွှင်မိသလို ဒေါသလည်း ထွက်နေသည်။

ရှောက်တထျန်းက နန်းမြို့တော်တွင် မိတ်ဆွေများရှိလာသောကြောင့် ဝမ်းသာမိကြောင်း စွေ့စွေ့က မူဝမ်ကို ပြောပြနေသည်။

ရှောက်တထျနး်က မိတ်ဆွေများနှင့် ပျော်ရွှင်နိုင်လိမ့်မည်ဟု စွေ့စွေ့ကလည်း မျှော်လင့်နေသည်။

သို့သော် ထိုလူသည် မည်သည့်နေရာသို့သွားမည်ဟု မပြောဘဲ ထွက်သွားပြီး အရက်သောက်၍ ပြန်လာသည်။ ထို့ကြောင့် စွေ့စွေ့က ဒေါသထွက်နေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အိပ်ယာပေါ်မတက်ခိုင်းဘဲ နေလိုက်အုံးမယ်”

စွေ့စွေ့က ဒေါသတကြီး ရေရွတ်သည်။

မူဝမ်က ခြံဝိုင်းထဲမှတစ်ဆင့် ဆေးဆိုင်ကို လှမ်းကြည့်သည်။

‘တကယ်လို့ အစ်ကိုဟန်က ငါ့အိပ်ယာပေါ်ကို တက်ချင်တယ်ဆိုရင် ငါက ....”

....

တိတ်ဆိတ်နေသောအခန်းထဲတွင် မီးပြင်းဖိုသည် ညင်သာစွာလည်ပတ်နေသည်။

မီးတောက်က ဖြည်းဖြည်းချင်း ငြိမ်းသက်သွားပြီး မူဝမ်၏မျက်နှာက နီရဲနေသည်။ သူမ၏ရှေ့တွင်ရှိနေသော မီးတောက်ကြောင့် သို့မဟုတ် သူမ၏နောက်တွင်ရှိနေသော ဟန်မူယဲ့ကြောင့် ဖြစ်နိုင်သည်။

သို့သော် ဤတူနှစ်ကိုယ်ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ ခံစားချက်ကို သူမတစ်ယောက်တည်းသာ သိသည်။

“ညီမမူ၊ ဆေးလုံးတွေက ဘယ်လိုလဲ”

ဟန်မူယဲ့၏အသံကို သူမ၏နားရွက်နားတွင် ကြားလိုက်ရသည်။

အလွန်နီးကပ်နေပြီး ဟန်မူယဲ့၏ဝင်သက်ထွက်သက်သည် သူမ၏လည်ပင်းကို ထိတွေ့သွားသောကြောင့် သူမက တစ်ကိုယ်လုံး ပူလောင်လာသည်။

သူမက နောက်လှည့်ပြီး အစ်ကိုဟန်ကို ကြည့်သည်။

သူတို့နှစ်ယောက်၏မျက်နှာသည် သုံးလက်မခန့်သာ ကွာဝေးသည်။

ဟန်မူယဲ့၏မျက်လုံးထဲတွင် မထိန်းချုပ်နိုင်သောခံစားချက်များ ပေါ်လာပြီး ညင်သာစွာခေါင်းငုံ့သည်။

မူဝမ်၏မျက်လုံးထဲတွင် ပျော်ရွှင်မှု၊ ရှက်ရွံ့မှုနှင့် ဂုဏ်ယူမှုများ ပေါ်လာသည်။

သူတို့၏နှုတ်ခမ်းများ ထိတွေ့သွားပြီး အသက်ရှူသံများ ရောယှက်သွားသည်။

သေးငယ်သောလူသားလောကသည် လှပသည်။

ဆေးလုံးများကို သန့်စင်ရန်အတွက် တစ်ရက်အချိန်ယူခဲ့ရသည်။

ဆိုင်ထဲတွင် ဧည့်သည်များကိုလက်ခံပေးနေသော ဇူအော်ယုထင်က မသက်မသာဖြစ်လာသည်။ ယခင်က သူဌေးသည် ဆေးလုံးသန့်စင်ရာတွင် အလွန်လျင်မြန်သည်။

‘ဒီဆေးလုံးအမှာစာက သန့်စင်ဖို့ခက်ခဲနေတာလား’

ဆိုင်ထဲတွင်စောင့်နေသော အစိမ်းပုပ်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူကြီး၏မျက်နှာထားသည် ပြောင်းလဲမသွားပေ။ သူက နံရံတွင်ချိတ်ဆွဲထားသော ပန်းချီကားများကိုပင် ကြည့်ရှုနေသေးသည်။

သို့သော် နေ့လယ်သို့ ရောက်လာသောအခါတွင် သူက ဂနာမငြိမ်ဖြစ်လာသည်။

ဇူအော်ယုထင်က လက်ဖက်ရည်အိုး ခုနစ်အိုးရှစ်အိုးခန့် ဖြည့်ပေးခဲ့ရသည်။

ကံကောင်းစွာဖြင့် နေမဝင်ခင် ဟန်မူယဲ့က ကျောက်စိမ်းပုလင်းနှင့်အတူ ထွက်လာခဲ့သည်။

“သခင်ကူကို စိတ်မပျက်စေရပါဘူး”

ဟန်မူယဲ့က ကျောက်စိမ်းပုလင်းကိုပေးလိုက်ပြီး ခပ်ဟဟရယ်သည်။

သခင်ကူက ကျောက်စိမ်းပုလင်းကိုယူလိုက်ပြီး ပျော်ရွှင်စွာကြည့်သည်။

“တကယ့်ကို တိမ်တိုက်ပုံစံပဲ။ ဆေးစွမ်းအားက ညင်သာတယ်။ ဘိုးဘေးက သေချာပေါက် ....”

သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံးကို သုံးစွဲရန်လိုအပ်သောလူများသည် များသောအားဖြင့် ခန္ဓာကိုယ်ယိုယွင်းနေသော ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။

ထိုကျင့်ကြံသူမျိုးအတွက် တိမ်တိုက်ပုံစံရှိသောဆေးလုံးသည် အသင့်တော်ဆုံးဖြစ်သည်။

သခင်ကူထွက်သွားသောအခါတွင် ဟန်မူယဲ့က လက်ကိုဝှေ့ယမ်း၍ ဇူအော်ယုထင်ကို ဆိုင်ပိတ်ရန်ညွှန်ကြားပြီး ဇူအော်လင်းနှင့်အတူ အိမ်ပြန်ခိုင်းလိုက်သည်။

ဆိုင်ပိတ်သွားသောအခါတွင် ဟန်မူယဲ့က နောက်ဖေးခြံဝိုင်းထဲသို့ ပြန်လာပြီး တံခါးပိတ်ထားသော မူဝမ်၏အခန်းကိုကြည့်၍ ခပ်ဟဟရယ်သည်။

ယနေ့တွင် သူက သွေးကျောက်စိမ်းအင်မော်တယ်ဝိညာဉ်ဆေးလုံးအတွက် ဆေးနှစ်စုံစာ သန့်စင်ခဲ့သည်။

ဆေးလုံးလေးလုံး ရရှိခဲ့သည်။

သူက သန်းဆယ်ချီသော ဝိညာဉ်ကျောက်တုံးများကို အသားတင်ရရှိလိုက်သည်ဟု ဆိုလိုသည်။

ဆေးနှစ်စုံစာ သန့်စင်ရန်အတွက် နေ့တစ်ဝက်သာ လိုအပ်သည်။ ဟန်မူယဲ့နှင့်မူဝမ်က အခန်းထဲတွင် အချိန်အများအပြားကုန်ဆုံးခဲ့သောကြောင့် နောက်ကျသွားခြင်းဖြစ်သည်။

လူသားဆန်သောအချစ်မျိုးသည် တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်နေရုံဖြင့် ထောင်ချီသောအလှအပများကို ရှုစားနေခြင်းထက် ပိုကောင်းသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ကိုယ်ပိုင်အခန်းထဲသို့ ဝင်သွားသည်။

နောက်တစ်ဆင့်တက်ရန် မဝေးတော့ပေ။

....

နောက်တစ်နေ့မနက်တွင် မူဝမ်က ပိုမိုပျော်ရွှင်နေပုံရသည်။

သူမက မကြာခဏ ပြုံးနေသည်။

‘သူက ငါနဲ့ရင်းနှီးသွားလို့ ဒီလိုဖြစ်နေတာလား’

“အစ်မပိုင်လီ”

ဇူအော်ယုလုံ၏အသံကို ကြားနိုင်သည်။

ဟန်မူယဲ့က လှမ်းကြည့်လိုက်သောအခါတွင် တော်ဝင်ကျောင်းတော်၏ ပိုင်လီထုံယွင်ကို မြင်လိုက်ရသည်။

သူမက ဆရာသခင်ဟွမ်တင်းရှု၏ လက်ရေးစာနာမည်ပြားကို လက်ဆောင်ပေးခဲ့သည်။

“သခင်မလေးပိုင်လီ”

ဟန်မူယဲ့က မတ်တပ်ရပ်သည်။

ပိုင်လီထုံယွင်က သူ့ကို ညင်သာစွာဦးညွှတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုကြည့်၍ မေးသည်။

“သခင်မူ၊ နတ်မိမယ်မူ ရှိပါသလား”

ဟန်မူယဲ့က အနည်းငယ်အံ့အားသင့်သွားသည်။

‘ငါ့ကိုလာရှာတာ မဟုတ်ဘူးပေါ့’

သူ့မျက်နှာထားကို မြင်လိုက်ရသောအခါတွင် ပိုင်လီထုံယွင်က ပြုံးလိုက်ပြီး ပြောသည်။

“ကျွန်မရဲ့အဘွားက နတ်မိမယ်မူဝမ်ကို ဖိတ်ခိုင်းလိုက်တယ်။ သခင်မူက စိတ်မရှိဘူးမဟုတ်လား”

‘ပိုင်လီထုံယွင်ရဲ့ အဘွားလား’

‘အာခီမီဌာနကို တာဝန်ယူထားတဲ့ အာခီမီသူတော်စင်တစ်ဝက်အဆင့် ပိုင်လီရှင်းလင်လား’

‘အဲဒီလိုလူမျိုးက မူဝမ်ကို အလည်ခေါ်နေတယ်’

ဟန်မူယဲ့က သိချင်နေသော်လည်း ပြုံးလိုက်သည်။

သူက တိတ်ဆိတ်သောအခန်းထဲသို့ သွားလိုက်ပြီး ဆေးလုံးသန့်စင်ပြီးသွားသော မူဝမ်ကို ခေါ်လိုက်သည်။

ပိုင်လီထုံယွင်က ရှေ့တိုးလာပြီး မူဝမ်ကို တီးတိုးပြောသည်။ မူဝမ်က ခေါင်းညိတ်လိုက်ပြီး ပိုင်လီရှင်းလင်က ဖိတ်ခေါ်လိုက်ကြောင်း ဟန်မူယဲ့ကို ပြောသည်။

ဟန်မူယဲ့က တားမည်မဟုတ်ပေ။

အမျိုးသမီးနှစ်ယောက် ထွက်သွားသောအခါတွင် ဟန်မူယဲ့၏မျက်နှာထားက ထူးဆန်းသွားသည်။

‘ဒေါ်လေးမူဝမ်တဲ့လား။ ပိုင်လီထုံယွင်က မူဝမ်ကို ဒေါ်လေးလို့ ခေါ်လိုက်တာလား’

‘ဘာတွေဖြစ်နေတာလဲ’

ဟန်မူယဲ့က တိတ်ဆိတ်နေပြီး ဇူအော်ယုလုံကို ကြည့်လိုက်သည်။

“ဇူအော်ယုလုံ၊ ဆိုင်ကို ကြည့်ထားလိုက်အုံး။ ငါအပြင်သွားလိုက်အုံးမယ်”

ဇူအော်ယုလုံက လျင်မြန်စွာခေါင်းညိတ်သည်။

ဟန်မူယဲ့က ဇူအော်လင်းကို မခေါ်ဘဲ လမ်းမကြီးပေါ်သို့ တက်သွားသည်။

နန်းမြို့တော်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သော်လည်း သူက လမ်းမကြီးပေါ်တွင် လမ်းမလျှောက်ဘူးပေ။

သူက မူဝမ်နှင့် တော်ဝင်ဥယျာဉ်လမ်းတွင် ခဏတာလမ်းလျှောက်ခြင်းမျိုးသာ ရှိသည်။

သူက လမ်းမကြီးပေါ်တွင် ပျံသန်းနေသကဲ့သို့ ပြေးလွှားနေသည်။ တော်ဝင်ဥယျာဉ်လမ်းသည် ကျယ်ဝန်းပြီး လမ်းဘေးနှစ်ဖက်တွင် လမ်းသွားလမ်းလာများက ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်သည်။ လမ်းလယ်တွင် ပြေးလွှားနေသောမြင်းလှည်းများ ရှိသည်။ အကယ်၍ လူတစ်ယောက်က လျင်မြန်စွာသွားလာချင်လျှင် မြင်းလှည်းလမ်းကြောင်းတွင် ပြေးလွှားနိုင်သည်။

တစ်နာရီအကြာတွင် ဟန်မူယဲ့က မြို့အထက်ပိုင်းသို့ ရောက်လာသည်။

သူက ရှေးဆန်ပြီး ခမ်းနားသောဂိတ်ပေါက်ဝတွင် ရပ်လိုက်သည်။

ဂိတ်တံခါးတွင် ချင်ဟူသောစာလုံးတစ်လုံး ရှိနေသည်။

ဤနေရာသည် ကွန်ဖြူးရှပ်တာအို၏ သူတော်စင်တစ်ဝက်အဆင့်၊ အာခီမီဆရာသခင် ချင်စုယန်၏ ခြံဝိုင်းဖြစ်သည်။

ချင်မိသားစုနေထိုင်ရာလည်း ဖြစ်သည်။

ဟန်မူယဲ့က တံခါးဝတွင် တုံ့ဆိုင်းနေသည်။

‘ငါရောက်နေတဲ့အကြောင်း အငွေ့အသက်တွေကို ထုတ်ပြရမလား ဒါမှမဟုတ် စာရေးပြီး ပို့ရမလား’

ထို့အပြင် ချင်စုယန်က အိမ်တွင်ရှိနေသလား သူမသိပေ။

“သခင်မူ”

ရုတ်တရက်ဆိုသလိုပဲ ဂိတ်တံခါးမှ အသံတစ်သံထွက်လာသည်။

ဟန်မူယဲ့က မော့ကြည့်လိုက်သောအခါတွင် ချင်မိသားစု၏ ငါးယောက်မြောက်သခင်မလေး ချင်စစ်ယွီဖြစ်ကြောင်း မြင်လိုက်ရသည်။

“သခင်မူက ဦးလေးသုံးဆေးလုံးသန့်စင်တာကို ကြည့်ဖို့အတွက် ရောက်လာတာလား”

ချင်စစ်ယွီက ရှေ့တက်လာပြီး တီးတိုးပြောသည်။

‘ဆေးလုံးသန့်စင်တာလား’

‘ချင်ဝူယွမ်က ဆေးလုံးသန့်စင်မလို့လား’

ဟန်မူယဲ့က စကားမပြောဘဲ ခေါင်းညိတ်ပြသည်။

“သခင်မူ၊ ကျွန်မနဲ့အတူ လိုက်လာခဲ့ပါ။ ဦးလေးသုံးက အာခီမီအခန်းထဲမှာ ရှိနေပါတယ်။ မီးပြင်းဖိုကို ဖွင့်တော့မှာထင်တယ်”

ချင်စစ်ယွီက သူ့ကို ခြံဝိုင်းထဲသို့ လျင်မြန်စွာခေါ်သွားသည်။

သူက ခြံဝိုင်းထဲသို့ ဝင်သွားသောအခါတွင် ဆေးလုံးနှင့် ဆေးပင်များ၏ရနံ့ကို ရလိုက်သည်။

လမ်းတစ်လျှောက်တွင်စိုက်ပျိုးထားသော သစ်ပင်များသည် သက်တမ်းကြာမြင့်နေသော ဝိညာဉ်ဆေးပင်များဖြစ်သည်။

ဝိညာဉ်သစ်ပင်အများအပြားက အသွင်ပြောင်းနိုင်သောအဆင့်သို့ရောက်နေကြောင်း ဟန်မူယဲ့က သတိထားမိလိုက်သည်။

နန်းမြို့တော်၏ အာခီမီပညာရှင်များကပဲ အသွင်ပြောင်းနိုင်သောသစ်ပင်မိစ္ဆာများကို အလှကြည့်ရန်အတွက် ထားနိုင်လိမ့်မည်ဟု သူတွေးမိသည်။

“ဒီဘိုးဘေးတွေအားလုံးက အဘိုးနဲ့အတူ ကျင့်ကြံခဲ့တယ်။ သူတို့က အသွင်မပြောင်းချင်လို့ ခြံဝိုင်းထဲမှာပဲ နေကြတယ်”

ဟန်မူယဲ့၏အကြည့်ကို မြင်လိုက်ရသောအခါတွင် ချင်စစ်ယွီက လျင်မြန်စွာရှင်းပြသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

လုယွီကျိုး၏ ထင်းရှုပင်၊ မြက်ပင်များနှင့် ဆင်တူလိမ့်မည်။ ခန်းဆောင်အချို့ကို ဖြတ်ကျော်ပြီးသောအခါတွင် သူတို့က ချင်မိသားစု၏ အာခီမီအခန်းသို့ ရောက်လာသည်။

ချင်မိသားစုသည် အာခီမီမိသားစုဖြစ်ပြီး အာခီမီအခန်းများကို ဆက်သွယ်ထားသည်။

အာခီမီအခန်း၏အပြင်ဘက်တွင် အာခီမီပညာရှင်တစ်ရာခန့် မတ်တပ်ရပ်နေသည်။

ရှေ့ဆုံးတွင်ရှိသောလူအများစုသည် ဆံပင်များဖြူနေပြီး အငွေ့အသက်များ သိပ်သည်းသည်။

နောက်ပိုင်းတွင် အာခီမီဆရာတံဆိပ်ပြားရှိသော လူငယ်များရှိနေသည်။

ဖွင့်ထားသော အာခီမီအခန်းထဲတွင် မီးပြင်းဖို၏အောက်၌ မီးတောက်များပေါ်ထွက်နေသည်။

ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ချင်ဝူယွမ်ကိုမနှောင့်ယှက်ရန် ချင်စစ်ယွီကို ပြောလိုက်သည်။ သူက နောက်တွင်ရပ်ပြီး ကြည့်နေသည်။

ချင်စစ်ယွီကိုသိနေသောလူများက စပ်စုလိုစိတ်များဖြင့် ကြည့်နေသည်။

All Chapters