← Chapters

အခန်း (၄၈၃)

Vol. 35 Ch. 483

အခန်း (၄၈၃)

Vol. 35 Ch. 483

အဆုံးမရှိသောအာကာသထဲတွင် သန်မာသောရန်သူများနှင့် ရုတ်တရက်ကြုံတွေ့နိုင်သည်။

သူက အနည်းဆုံး ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင်ရှိသော သားရဲတစ်ကောင်နှင့် တွေ့ခဲ့သေးသည်။ သူက နတ်ဘုရားသားရဲ၏စွမ်းအားကို ထုတ်သုံး၍ ထိုသားရဲကို ဒဏ်ရာရသွားစေသည်။ အဆုံးတွင် ထိုသားရဲက ထွက်ပြေးသွားခဲ့သည်။

ထို့ကြောင့် ဟန်မူယဲ့သည် ခွန်အားရှိနေရုံဖြင့် မလုံလောက်ဘဲ ခွန်အားကို ထိန်းချုပ်နိုင်ရန်အတွက် လိုအပ်ကြောင်း နားလည်ခဲ့သည်။

သူက စိတ်အခြေအနေကို ကျင့်ကြံပြီး နတ်ဘုရားသားရဲ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ရန်အတွက် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ပြန်လာခဲ့သည်။

သူက နတ်ဘုရားသားရဲပါ့ရှား၏စွမ်းအားကို ထိန်းချုပ်နိုင်လျှင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် သန္ဓေပြောင်းသားရဲများသည် ပါ့ရှား၏လက်သည်းတစ်ချောင်းကိုပင် ခုခံနိုင်မည်မဟုတ်ပေ။

“ကျောက်စိမ်းသက်တံကမ္ဘာက ငါ့ရဲ့ဂိုဏ်တူညီမနဲ့ ဘာဆိုင်လို့လဲ”

ဟန်မူယဲ့၏မျက်လုံးများ တောက်ပလာပြီး ခန္ဓာကိုယ်ထဲမှ ဓားဆန္ဒအငွေ့အသက် ပေါ်ထွက်လာသည်။

‘ထင်ထားတဲ့အတိုင်းပဲ’

ချင်စုယန်သည် မျက်ခမ်းစပ်များ တွန့်သွားခဲ့သည်။

ဆရာသခင်မူယဲ့က ဓားတာအိုကျွမ်းကျင်သူတစ်ဦးဖြစ်လိမ့်မည်ဟု အာခီမီဌာနတွင် ဆရာသခင်ပိုင်လီက ပြောခဲ့သည်။

ယခုပုံစံအရ ထိုစကားသည် မှန်ကန်ပုံပေါ်သည်။

“လွန်ခဲ့တဲ့နှစ်တစ်သောင်းမှာ ကျောက်စိမ်းသက်တံကမ္ဘာသူတော်စင်ရဲ့ တိုက်ရိုက်တပည့်တစ်ယောက်က အကူအညီတောင်းဖို့အတွက် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထွက်လာခဲ့တယ်။ ဒါပေမဲ့ သူမက တခြားကမ္ဘာကျွမ်းကျင်သူတွေရဲ့ ဝိုင်းရံတိုက်ခိုက်မှုကြောင့် သေသွားခဲ့တယ်။ သူမက အကူအညီတောင်းဖို့အတွက် စာပို့နိုင်ခဲ့ပေမဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ သေဆုံးသွားတယ်”

“သူမရဲ့အကြွင်းအကျန်ဝိညာဉ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ ပြန်လည်ဝင်စားလာတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒါကို အတည်မပြုနိုင်ခဲ့ဘူး”

‘သူတော်စင်ရဲ့တပည့်လား’

ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

‘ဒါက တိုက်ဆိုင်လွန်းနေတာမဟုတ်လား’

“ဟီးဟီး၊ ဆရာသခင်ပိုင်လီက ဆရာတူအစ်မရဲ့သွေးမျိုးဆက်ကို နတ်မိမယ်မူဆီမှာ အာရုံခံမိခဲ့လို့ နီးကပ်လာခဲ့တာပဲ”

“မင်းနားလည်မှုလွဲသွားမှာစိုးရိမ်လို့ သူမက ငါ့ကို ရှင်းပြပေးဖို့အတွက် တောင်းဆိုခဲ့တယ်”

ချင်စုယန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်သို့ရောက်နိုင်သော ကျွမ်းကျင်သူတိုင်းသည် မရေမတွက်နိုင်လောက်သောအကြံအစည်များနှင့် ကြုံတွေ့ခဲ့ရသည်။

မူဝမ်က ဟန်မူယဲ့နှင့် နီးစပ်သည်။ အကယ်၍ သူမကို ပြင်ပဘုံကျင့်ကြံသူများက ခေါ်ထားမည်ဆိုလျှင် ဟန်မူယဲ့အတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာလိမ့်မည်။

“ကျွန်တော်က ဆရာသခင်ပိုင်လီနဲ့ လူကိုယ်တိုင်တွေ့ချင်တယ်”

ဟန်မူယဲ့က စဉ်းစားလိုက်ပြီး တီးတိုးပြောသည်။

ချင်စုယန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ငါစီစဉ်လိုက်ပါ့မယ်”

ထိုသို့ဖြင့် သူက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“မင်းက တိမ်တိုက်ဆေးလုံးအဖြစ်သန့်စင်နိုင်မဲ့ ချီလမ်းကြောင်းဝိညာဉ်သွေးကြောအားဖြည့်ဆေးလုံးရဲ့ နည်းလမ်းကို ဖြန့်ဝေလိုက်တာလား”

အာခီမီတာအိုအမွေအနှစ်တွင် နည်းလမ်းတစ်ခုကို လူအများအသုံးပြုနိုင်အောင် ဖြန့်ဝေခဲ့လျှင် တာအိုဘိုးဘေးဖြစ်လာလိမ့်မည်။

အာခီမီနည်းစနစ်အများအပြားကို ဖန်တီးသူ၏နာမည်အား အစွဲပြု၍ အမည်ပေးထားသည်။

ဟန်မူယဲ့က နှလုံးခုန်မှားသွားပြီး ချင်စုယန်ကို ကြည့်သည်။

“အငြိုးအတေးမဲ့နယ်မြေမှာ စစ်ပွဲအခြေအနေက မကောင်းဘူးလား”

ချင်စုယန်က ခေါင်းညိတ်သည်။

ဟန်မူယဲ့က အငြိုးအတေးမဲ့နယ်မြေ၏စစ်ပွဲအကြောင်းကို သိနေသောကြောင့် သူက အံ့အားသင့်မသွားပေ။

ဟန်မူယဲ့၏ဆိုင်ဖွင့်ပွဲတွင် အမတ်ချုပ်ကြီးဝမ်ကိုယ်တိုင် ရောက်လာခဲ့သည်။ ဟန်မူယဲ့မသိနိုင်သောလျှို့ဝှက်ချက်များ မရှိလောက်ပေ။

“စစ်သားအသစ်တစ်သန်းက ဆုံးရှုံးမှုကြီးမားခဲ့တယ်”

“အငြိုးအတေးမဲ့နယ်မြေက အမွှေးနံ့သာပူဇော်ပြီး တာအိုကို ရရှိနိုင်တဲ့အတွက် လျင်လျင်မြန်မြန် ကျင့်ကြံနိုင်တယ်။ သိုင်းမှူးမတ်က အကွက်ချပြီး ထိပ်တန်းကျွမ်းကျင်သူတွေကို သတ်ဖြတ်ခဲ့ပေမဲ့ သူက အောင်ပွဲမရခဲ့ဘူး”

ချင်စုယန်၏မျက်နှာသည် မှုန်မှိုင်းလာပြီး သတ်ဖြတ်လိုစိတ်အချို့ ပေါ်ထွက်လာသည်။

ချင်စုယန်သည်လည်း အာကာသထဲတွင် လွှမ်းမိုးခဲ့သော ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

“အာခီမီညီလာခံမှာ ငါတို့က အငြိုးအတေးမဲ့နယ်မြေရဲ့ရှေ့တန်းကိုသွားပြီး ပူးပေါင်းဖို့စီစဉ်ထားတယ်”

“လုပ်ဆောင်ချက်ကောင်းတဲ့ အာခီမီပညာရှင်တွေကို ကျောက်စိမ်းသက်တံကမ္ဘာဆီပို့ပြီး နှစ်တစ်ရာကျင့်ကြံခိုင်းမယ်”

“ကျောက်စိမ်းသက်တံကမ္ဘာရဲ့ အာခီမီအမွေအနှစ်က ငါတို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် အဆတစ်ရာပိုကောင်းတယ်”

အငြိုးအတေးမဲ့နယ်မြေတွင် ပူးပေါင်းနိုင်ရန်အတွက် စစ်တပ်က အာခီမီညီလာခံကို ပြုလုပ်ခဲ့သည်ဟု ချင်စုယန်က ပြောနေသည်။

သူက အာခီမီညီလာခံတွင်ပါဝင်မည့် အာခီမီပညာရှင်များအားလုံးကို တိမ်တိုက်ဆေးလုံးနည်းစနစ်အား တတ်မြောက်စေချင်သောကြောင့် ချီလမ်းကြောင်းဝိညာဉ်သွေးကြောအားဖြည့်ဆေး၏ တိမ်တိုက်ဆေးလုံးနည်းလမ်းကို ဖြန့်ဝေရန်အတွက် မေးခဲ့သည်။

တိမ်တိုက်ဆေးလုံးနည်းစနစ်သည် မိုးကြိုးကပ်ဘေးကို မလှုံ့ဆော်ပေ။

ထို့ကြောင့် ဝိညာဉ်ဆေးပင်များစုစည်းပြီး ပြင်ပဘုံတွင် ဆေးလုံးသန့်စင်နိုင်သည်။

တိမ်တိုက်ပုံစံဆေးလုံးသည်လည်း ဒဏ်ရာရထားသော စစ်သားများအတွက် အလွန်သင့်တော်သည်။

“မင်းက ဒီနည်းစနစ်ကို လက်ဆင့်ကမ်းပေးမယ်ဆိုရင် အာခီမီဌာနက မင်းကို ဂုဏ်သရေရှိရာထူးတစ်ခု ပေးမယ်။ မင်းက အာခီမီဌာနရဲ့ စာကြည့်တိုက်ကို စိတ်ကြိုက်ဝင်ထွက်နိုင်ပြီး တိမ်တိုက်အာခီမီနည်းစနစ်ကိုလည်း မင်းက နာမည်ပေးနိုင်တယ်”

အာခီမီဌာနသည် ဂုဏ်သတင်းကြီးမားပြီး သူက စာကြည့်တိုက်ကို စိတ်ကြိုက်ဝင်ထွက်နိုင်မည်။ ထိုအရာသည် ဆွဲဆောင်မှုကြီးတစ်ခုဖြစ်သည်။

ထို့အပြင် သူက တိမ်တိုက်ဆေးလုံးနည်းစနစ်ကို အမည်ပေးနိုင်ပြီး ထိုနာမည်သည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသွားလိမ့်မည်။

ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံသည်။ ရရှိလာမည့် လူသားဆန္ဒစွမ်းအားများသည် အလွန်ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။

ချင်စုယန်က အပြုံးတစ်ခုနှင့်အတူ ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ငြင်းဆိုရန် မဖြစ်နိုင်ပေ။

ဟန်မူယဲ့က အမှန်တကယ်ပင် မငြင်းခဲ့ပေ။

“ကျွန်တော်က ချီလမ်းကြောင်းဝိညာဉ်သွေးကြောအားဖြည့်ဆေးရဲ့ ဆေးညွှန်းအသစ်နဲ့ တိမ်တိုက်ဆေးလုံးနည်းစနစ်ကို ကျောက်စိမ်းပေလွှာထဲမှာ ထည့်သွင်းပေးမယ်”

ဟန်မူယဲ့က ချင်စုယန်ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ဒါပေမဲ့ အာခီမီနည်းစနစ်အတွက် ကျွန်တော့်နာမည်ကို မသုံးပါနဲ့”

“အာခီမီကံကြမ္မာစံအိမ်ရဲ့ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်လို့ပဲ ခေါ်ကြရအောင်”

ဟန်မူယဲ့က နာမည်တုကို အသုံးပြုထားသောကြောင့် နာမည်ကြီးလာရန် မလိုအပ်ပေ။

မူဝမ်က ငယ်ရွယ်ပြီး ကျင့်ကြံဆင့်နိမ့်ပါးနေသေးသည်။ သူမ ကျော်ကြားလာလျှင် ကောင်းမွန်မည်မဟုတ်ပေ။

သူက တိမ်တိုက်ဆေးလုံးနည်းစနစ်ကို အာခီမီကံကြမ္မာစံအိမ်အတိုင်း နာမည်ပေးလိုက်မည်။

ထိုနာမည်သည် မူဝမ်နှင့် သူ၏ဆက်ဆံရေးကိုလည်း ဂုဏ်ပြုရာရောက်သည်။

ထိုအရာသည် အချစ်အမှတ်အသားတစ်ခု ဖြစ်သည်။

ချင်စုယန်၏မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူက ခေါင်းညိတ်သည်။

ဆေးဆိုင်၏နာမည်အတိုင်း အမည်ပေးထားသော အာခီမီနည်းစနစ်အချို့ ရှိနေသေးသည်။

လူအများသည် နာမည်ဂုဏ်သတင်းထက် အကျိုးကျေးဇူးကိုစဉ်းစားကြသည်။

ဟန်မူယဲ့က ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူပြီး နတ်အာရုံဖြင့် ရေးသားလိုက်သည်။ နောက်ဆုံးတွင် ကျောက်စိမ်းပေလွှာသည် ဖျောက်ဖျက်၍မရနိုင်သော အမွေအနှစ်တစ်ခု ဖြစ်လာသည်။

ချင်စုယန်က ကျောက်စိမ်းပေလွှာကို လက်နှစ်ဖက်ဖြင့်ယူလိုက်ပြီး အသာအယာဦးညွှတ်သည်။

“သင်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်သခင်မူ”

မရေမတွက်နိုင်လောက်သော အာခီမီကျွမ်းကျင်သူများသည် တစ်ကိုယ်ကောင်းမဆန်ဘဲ အမွေအနှစ်များချန်ခဲ့သောကြောင့် အာခီမီလမ်းစဉ်သည် တိုးတက်လာခဲ့သည်။

ဟန်မူယဲ့ကလည်း ယနေ့တွင် တူညီသောအရာကို လုပ်ဆောင်ခဲ့သည်။ ချင်စုယန်က သူ့ကို သခင်မူဟု ခေါ်ခဲ့သည်။

ထိုကျောက်စိမ်းပြားကို အခုတစ်သောင်းအဖြစ် ပွားယူနိုင်ပြီး အာခီမီဌာန၏ လက်အောက်ခံများဆီသို့ ပို့ပေးနိုင်သည်။ ထို့နောက် အာခီမီပညာရှင်များအားလုံး လေ့ကျင့်ကြလိမ့်မည်။

လောကတွင်ရှိသော အာခီမီပညာရှင်များက ဟန်မူယဲ့၏နည်းစနစ်ကို အသုံးပြုသောအခါတွင် သူ့ကို ဆရာဟု ခေါ်ကြလိမ့်မည်။

ဟန်မူယဲ့ကိုယ်တိုင်ရေးသားထားသော ကျောက်စိမ်းပေလွှာကို စာကြည့်တိုက်၏ စုဆောင်းမှုထဲတွင် သိမ်းဆည်းထားမည်ဖြစ်သည်။

ဟန်မူယဲ့က ချင်မိသားစုခြံဝိုင်းတွင် ကြာမြင့်စွာမနေခဲ့ပေ။

သူက မူဝမ်အားဖိတ်ခေါ်သွားသည့် ပိုင်လီရှင်းလင်၏အကြောင်းပြချက်ကို သိလိုက်ရသောအခါတွင် အနည်းငယ်စိတ်အေးသွားသည်။

နောက်တစ်ကြိမ်တွင် အာခီမီသူတော်စင်တစ်ဝက်အဆင့်သို့ရောက်နေသော အာခီမီဌာန၏ ခေါင်းဆောင်များထဲမှတစ်ယောက်ဖြစ်သူ ပိုင်လီရှင်းလင်နှင့် ကိုယ်တိုင်ဆုံတွေ့ခဲ့လျှင် အကြံဆိုးများမရှိအောင် သေချာစစ်ဆေးကြည့်ရမည်။

ဟန်မူယဲ့က ချင်မိသားစုမှ ထွက်လာသောအခါတွင် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

မြို့အထက်ပိုင်းတွင် မြင့်မားသောစံအိမ်များ နေရာအနှံ့တွင်ရှိသည်။

အဆုံးမရှိသော သဘာဝစွမ်းအင်နှင့် လူသားဆန္ဒစွမ်းအားများသည် ကောင်းကင်အလွှာတစ်ခုအဖြစ် စုစည်းနေသည်။

ထိုအလွှာပေါ်တွင် တောင်နှင့်မြစ်များကို မြင်နေရပြီး လောက၏ကျယ်ဝန်းမှုကို ဖော်ပြနေသည်။

ခြံဝိုင်းတစ်ခုထဲတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ လူသားလောက၏အထွတ်အထိပ်ဖြစ်သော တော်ဝင်နန်းတော်တည်ရှိသည်။

တော်ဝင်မိသားစုအများအပြားသည် ထိုနေရာတွင် နေထိုင်ကြသည်။

အလယ်ပိုင်းကုန်းမြေ၏လူသားများအတွက် တော်ဝင်မိသားစုကို မလိုအပ်လျှင်ပင် လူသားလောက၏ ခွန်အားပြယုဂ်ဖြစ်သောကြောင့် တော်ဝင်နန်းတော်က နန်းမြို့တော်၏အလယ်တွင် ရှိနေဆဲဖြစ်သည်။

‘နန်းတော်ရဲ့ဘေးမှာ အမတ်ချုပ်ကြီးဝမ် နေတာမဟုတ်လား’

ဟန်မူယဲ့က အကြည့်ကိုရုတ်သိမ်းလိုက်ပြီး လျင်မြန်စွာရှေ့ဆက်လျှောက်သွားသည်။

သူက အမတ်ချုပ်ကြီးဝမ်ဆီသို့သွားလည်ရန် ရည်ရွယ်ချက်မရှိပေ။

မြို့အထက်ပိုင်းတွင် လမ်းသွားလမ်လာများ သိပ်မရှိပေ။ ရှိနေခဲ့လျှင်ပင် သူတို့က ဟန်မူယဲ့ကဲ့သို့ လျင်မြန်စွာသွားနေကြသည်။

မြို့အထက်ပိုင်းတွင် ပေါ့ပါးစွာနေနိုင်သောလူများ မရှိပေ။

မြင်းလှည်းများသည် ခမ်းနားမှုမရှိလျှင်ပင် အစောင့်အကြပ်များ ရှိနေသည်။

လှည်းအများစုကို သန္ဓေပြောင်းသားရဲများနှင့် မောင်းနှင်ပြီး လှည်းပေါ်တွင် မိသားစုအမှတ်အသားများ ရှိနေသည်။

ထိုလှည်းများသည် အလွန်ထူးခြားသည်။ လှည်းအများစုသည် ဝင်္ကပါကိုအသက်သွင်း၍ အပြင်လောကနှင့် အဆက်ဖြတ်ထားသည်။

သို့သော် ဟန်မူယဲ့က နန်းမြို့တော်၏မိသားစုကြီးများကို သိပ်မသိပေ။ သူက သူတို့နှင့်မိတ်ဆွေဖွဲ့ရန်လည်း စိတ်မဝင်စားပေ။

“လှည်းကိုရပ်လိုက်”

ဟန်မူယဲ့၏ဘေးတွင် အစိမ်းရောင်သစ်သားလှည်းတစ်စင်း ရပ်လာသည်။

ဟန်မူယဲ့က လှည့်ကြည့်လိုက်သည်။ လိုက်ကာစကို ပင့်တင်လိုက်ပြီး လူတစ်ယောက်က သူ့ကို အေးစက်စွာကြည့်နေသည်။

“လှည်းပေါ်ကိုတက်”

ယွင်သွမ့်က အေးစက်စွာပြောသည်။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး လှည်းပေါ်သို့ တက်လိုက်သည်။

လှည်း၏အတွင်းပိုင်းသည် ရိုးရှင်းပြီး မွှေးပျံ့သောရနံ့အချို့ ရှိနေသည်။

ယွင်သွမ့်က အစိမ်းရောင်ပိုးသားဝတ်စုံနှင့် ကျောက်စိမ်းသရဖူကို ဝတ်ဆင်ထားပြီး တစ်ဖက်တွင် ထိုင်နေသည်။ အလယ်တွင် စားပွဲလေးတစ်လုံးရှိနေပြီး စာလိပ်နှင့်စုတ်တံများကို တင်ထားသည်။

မြင်းလှည်းသည် ရွေ့လျားသွားသော်လည်း အထဲတွင် တည်ငြိမ်နေသည်။

ယွင်သွမ့်က မီးတောက်နေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ငါ့ကိုပြောစမ်းပါ။ အဲ့ဒီညတုန်းက နင်နဲ့ ငါ့အစ်မကြားမှာ ဘာတွေဖြစ်သွားခဲ့တာလဲ”

ယွင်သွမ့်က လက်သီးဆုပ်ထားပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

သူမ၏မျက်နှာပေါ်တွင် ဒေါသများရှိနေပြီး ဟန်မူယဲ့က လိမ်ညာခဲ့လျှင် လက်သီးနှင့်ထိုးရန် အသင့်ဖြစ်နေပုံရသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ငါက တစ်ညစာဖတ်ခဲ့ရုံပါပဲ”

“တကယ်လား”

ယွင်သွမ့်၏အကြည့်က ပြောင်းလဲမသွားပေ။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ငါ့အစ်မက ကျင်းချွမ်မြို့မှာ နံပတ်တစ်အလှလေးပဲ။ နန်းမြို့တော်မှာတောင် သူမနဲ့ယှဉ်နိုင်တဲ့လူ မရှိဘူး။ သူမက နင့်ရဲ့ဂိုဏ်းတူညီမနဲ့ မယှဉ်နိုင်ဘူးလား”

ယွင်သွမ့်က အေးစက်နေသောမျက်နှာထားဖြင့် တီးတိုးပြောသည်။

သူမက ဟန်မူယဲ့၏ ဂိုဏ်းတူညီမကို တွေ့ခဲ့သည်။

သူမသည် လှပသန့်စင်ပြီး ကျက်သရေရှိသော်လည်း သူမ၏ အစ်မဖြစ်သူ ယွင်ကျင်းနှင့် မယှဉ်နိုင်ပေ။

မင်းသမီးယွင်ကျင်းသည် အလှလေးတစ်ယောက်ဖြစ်ပြီး မင်းသားချီ၏ တရားဝင်သမီးလည်းဖြစ်သည်။ သူမက သာမန်အမျိုးသမီးကျင့်ကြံသူတစ်ဦးနှင့် အဘယ်ကြောင့်မယှဉ်နိုင်ရမည်နည်း။

All Chapters