← Chapters

အခန်း (၄၈၄)

Vol. 35 Ch. 484

အခန်း (၄၈၄)

Vol. 35 Ch. 484

ယွင်သွမ့်၏မျက်နှာပေါ်တွင် မယုံကြည့်မှုများ၊ မကျေနပ်ချက်များနှင့် ပြည့်နေသည်။

ဟန်မူယဲ့၏ တည်ငြိမ်နေသောမျက်နှာထားက လေးနက်လာသည်။

သူ့ခန္ဓာကိုယ်ထဲတွင် နက်ရှိုင်းလှသောစွမ်းအားတစ်ခု လှုပ်ရှားနေပုံရသည်။

ထိုစွမ်းအားကို အသက်သွင်းလိုက်လျှင် အရာအားလုံးကို လောင်ကျွမ်းသွားလိမ့်မည်။

မြင်းလှည်း၏အပြင်ဘက်တွင် ချောင်းဟန့်သံထွက်ပေါ်လာသည်။

လှည်းထဲတွင် ယွင်သွမ့်၏ကျောက်စိမ်းသရဖူက အရောင်လက်သွားသည်။

ဟန်မူယဲ့က အလွန်သန်မာသောကြောင့် အကာအကွယ်ရတနာကပင် အသက်ဝင်လာလိမ့်မည်ဟု ယွင်သွမ့်က ထင်မထားခဲ့ပေ။

ဟန်မူယဲ့က အလွန်ကြမ်းတမ်းလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ သူ့အကြည့်ကြောင့် သူမက ရင်တုန်သွားသည်။

‘ငါက အမှားပြောမိလို့လား’

ယွင်သွမ့်က အနည်းငယ်နောက်တွန့်သွားသော်လည်း ခေါင်းမာစွာဖြင့် ဟန်မူယဲ့ကို ကြည့်နေသည်။

ဟန်မူယဲ့က လှုပ်ရှားနေသောစွမ်းအားကို ဖိနှိပ်လိုက်ပြီး ယွင်သွမ့်ကို ကြည့်သည်။

“ဂိုဏ်းတူညီမနဲ့ငါက တစ်ယောက်ကိုတစ်ယောက် နားလည်တယ်။ ငါတို့က တူညီတဲ့ဂိုဏ်းကပဲ”

“သူမက အပြစ်ကင်းပြီး နှလုံးသားထဲမှာ အာခီမီလမ်းစဉ်ပဲ ရှိတယ်”

“ဂိုဏ်းတူညီမက ငါ့အတွက် အများကြီးလုပ်ပေးခဲ့တယ်”

“ငါ့အတွက် အချစ်က ပုံပန်းသွင်ပြင်အပေါ်မှာ မှီခိုနေတာမဟုတ်ဘူး”

“ဂိုဏ်တူညီမနဲ့ငါက ချစ်နေတယ်”

ဟန်မူယဲ့က ယွင်သွမ့်တင်မကဘဲ သူ့ကိုယ်သူလည်း ပြန်ပြောနေပုံရသည်။

ယွင်သွမ့်၏မျက်နှာထားက ဆက်တိုက်ပြောင်းလဲနေပြီး ဟန်မူယဲ့ကို ကြည့်သည်။

“မင်းသမီးယွင်ကျင်းက လှပပြီး အသိဉာဏ်ကြွယ်ဝတယ်။ ဒါပေမဲ့ အဲ့ဒါကြောင့်ပဲ ငါက သူမကို ချစ်သွားမှာမဟုတ်ဘူး”

“သူမကလည်း ငါ့ကို နှလုံးသားထဲမှာ ထည့်ထားစရာမလိုဘူး”

“ငါတို့က လူသားလောကမှာ ဆုံတွေ့ခဲ့ရတဲ့ ခရီးသွားတွေပဲ။ ကံကြမ္မာက စတင်ပြီး အဆုံးသတ်သွားခဲ့ပြီ။ အချစ်က နှလုံးသားကနေ ဖြစ်လာတဲ့အရာပဲ”

ဟန်မူယဲ့၏အငွေ့အသက်က ဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။

မျက်နှာချင်းဆိုင်တွင်ရှိနေသောယွင်သွမ့်က ဖြည်းဖြည်းချင်း နောက်သို့မှီလိုက်သည်။

“နင်က စိတ်မပါဘူးဆိုရင် ဘာဖြစ်လို့ အများကြီးချန်ထား ....”

သူမက တီးတိုးပြောလိုက်သော်လည်း အဆုံးထိမပြောဘဲ ခေါင်းခါသည်။

လှည်းထဲတွင် တိတ်ဆိတ်သွားသည်။

ယွင်သွမ့်က တောက်ပနေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“နင်ပြောတာ မှန်တယ်။ တွေ့ဆုံမှုတွေက ကံကြမ္မာကြောင့်ပဲ”

သူမက စားပွဲပေါ်တွင်ရှိသော စုတ်တံနှင့်စာရွက်ကို ဟန်မူယဲ့ရှေ့သို့ တွန်းပို့လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“ငါတို့ ကံပါလာမှတော့ ဧကရာဇ်အတွက် ကဗျာနည်းနည်းလောက် ရေးပေးပါ”

‘ဧကရာဇ်အတွက်ကဗျာလား’

ဟန်မူယဲ့က မျက်မှောင်ကြုတ်သည်။

အလယ်ပိုင်းကုန်းမြေတွင် ကွန်ဖြူးရှပ်တာအိုသည် ကောင်းကင်တာအိုကို ဖိနှိပ်ထားသည်။ ကဗျာနှင့်စာစုများသည် ကောင်းကင်တာအိုနှင့် လိုက်ဖက်ညီနိုင်သည်။

သူက ကျင်းချွမ်မြို့၏အပြင်ဘက်တွင် ကဗျာတစ်ပုဒ်ဖြင့် ဓားကျင့်ကြံသူသုံးသောင်းကို သတ်ဖြတ်ခဲ့သည်။

သူက မြောက်ပိုင်းကုန်းမြေတွင် ကဗျာတစ်ဝက်ဖြင့် မဟာကျင့်ကြံသူကြီးတစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။

သူက ယခုအချိန်တွင် ကဗျာရေးလိုက်မည်ဆိုလျှင် သဘာဝစွမ်းအင်များ ချက်ချင်းစုဝေးလာပြီး မဟာတာအိုက အာရုံခံမိလိမ့်မည်။ ကောင်းကင်အံ့ဖွယ်တိုင်းပြည်ကို ပြောင်းပြန်လန်သွားသည်အထိ ဖြစ်စေလိမ့်မည်။

ဟန်မူယဲ့က ယွင်သွမ့်ကိုကြည့်လိုက်ပြီး ခေါင်းခါသည်။

ထိုမိန်းကလေးသည် မသိနားမလည်ဘဲ ကြောက်ရွံ့မှုကင်းမဲ့နေဆဲဖြစ်သည်။

“ငါ့ကို ဒီတစ်ခါပဲ ကူညီပေးပါ”

ယွင်သွမ့်က စားပွဲပေါ်တွင် လက်ထောက်လိုက်ပြီး ဟန်မူယဲ့ဆီသို့ ကပ်လာသည်။

“နင်က ငါ့အစ်မအတွက် ကဗျာတွေအများကြီး ရေးပေးခဲ့တယ်။ ‘အရုဏ်တက်ချိန်မှာ စိုစွတ်နေတဲ့ပန်းကို ကြည့်လိုက်ပါ’ ဆိုတာမျိုးတွေ ရေးပေးခဲ့တာလေ”

ဟန်မူယဲ့က နီးကပ်လာသော ယွင်သွမ့်၏မျက်လုံးထဲရှိ တက်ကြွမှုများကို မြင်နိုင်သည်။

သူက မွှေးရနံ့ကို ရလိုက်သည်။

ဟန်မူယဲ့က လှုပ်ရှားမသွားပေ။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ နင်က ဧကရာဇ်အတွက် ကဗျာရေးပေးရင် ငါက ....”

ယွင်သွမ့်က ဟန်မူယဲ့၏ပါးပြင်ကို ထိတွေ့လုနီးပါး အနားကပ်လာခဲ့ပြီး တီးတိုးပြောသည်။

“ငါက နင့်အတွက် မိန်းကလေးအဝတ်အစားတွေ ဝတ်ပြမယ်လေ”

ဟန်မူယဲ့က ယွင်သွမ့်ကို ကြည့်သည်။

ထိုမိန်းကလေးသည် မင်းသမီးယွင်ကျင်း၏ ညီမအရင်းဖြစ်သည်။ သူမက ငယ်ရွယ်သော်လည်း ယွင်ကျင်းနှင့် ယှဉ်နိုင်သည်။

သူမက အမျိုးသမီးအဝတ်အစားကို ဝတ်လိုက်မည်ဆိုလျှင် မင်းသမီးယွင်ကျင်းကို ကျော်တက်သွားနိုင်သည်။

သို့သော် သူမက ထီးနန်းကို အမွေဆက်ခံမည့်လူဖြစ်သောကြောင့် ဘဝတစ်လျှောက်လုံးတွင် အမျိုးသမီးအဝတ်များကို အကြိမ်ရေအနည်းငယ်ထက်ပို၍ မဝတ်နိုင်လောက်ပေ။

သူမက ဧကရီဖြစ်လာလျှင်ပင် တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ရလိမ့်မည်။ အမျိုးသမီးအဝတ်များဝတ်ရန်အတွက် မဖြစ်နိုင်တော့ပေ။

“မင်းက ဘာဖြစ်လို့ ဧကရာဇ်ကဗျာကို လိုချင်တာလဲ”

ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး ယွင်သွမ့်ကို မူလနေရာသို့ရောက်သွားအောင် တွန်းထုတ်သည်။

“နင်က ငါ့ရဲ့လက်ရှိအခြေအနေကို သိတယ်မဟုတ်လား”

ယွင်သွမ့်၏မျက်နှာထားက ရှုပ်ထွေးနေသည်။ သူမက ကျောမီလိုက်ပြီး ညင်သာစွာပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ငါက အိမ်ရှေ့စံမဖြစ်ချင်ဘူး။ အမွေဆက်ခံသူလည်း မဖြစ်ချင်ဘူး”

ယွင်သွမ့်က ဒူးပိုက်ပြီး ခေါင်းငုံ့ထားသည်။

“ဒါပေမဲ့ ငါ့အဖေနဲ့ ငါ့အစ်မအတွက် ထီးနန်းကို ယှဉ်ပြိုင်ဖို့လိုတယ်”

“မဟုတ်ရင် ငါ့အစ်မက အရှေ့ပင်လယ်ရဲ့ ရေနဂါးကလန်နဲ့ လက်ထပ်ရလိမ့်မယ်”

ယွင်သွမ့်က ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။

“ငါ့အစ်မကို ဝေးကွာတဲ့အရှေ့ပင်လယ်မှာ လက်မထပ်စေချင်ဘူး”

နန်းမြို့တော်တွင် မင်းသားချီသည် ထီးနန်းဆက်ခံရလိမ့်မည်ဟု ကောလဟာလများထွက်နေသော်လည်း မသေချာသေးပေ။

တော်ဝင်နန်းတော်တွင် ယွင်သွမ့်နှင့်ယှဉ်ပြိုင်နိုင်သော လူအချို့ရှိသေးသည်။

တချို့က ငယ်ရွယ်စဉ်ကတည်းက ကျော်ကြားလာပြီး တည်ငြိမ်မှုရှိသည်။ တချို့က ထူးခြားသောကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားပြီး နယ်မြေတစ်ခုကို ဖိနှိပ်နိုင်သည်။

တော်ဝင်မိသားစုက သမင်ဖြူတောင်တန်းကျောင်းတော်၏ခွန်အားကို အသုံးချပြီး ဝမ်မော့ရှန်၏ ကွန်ဖြူးရှပ်တာအိုအခြေခံကို မတည်မငြိမ်ဖြစ်စေချင်သောကြောင့် မင်းသားအတုဖြစ်သောယွင်သွမ့်ကို အမွေဆက်ခံသူအဖြစ်သတ်မှတ်ခဲ့သည်။

ယနေ့တွင် တော်ဝင်မိသားစု၏ အကြီးအကဲများနှင့်ဆုံတွေ့ရန်အတွက် ယွင်သွမ့်ကို ဖိတ်ခေါ်ခဲ့သည်။

တခြားတော်ဝင်မျိုးနွယ်များလည်း ရှိနေလိမ့်မည်။

ထိုစုဝေးပွဲတွင် နာမည်ရအောင်လုပ်နိုင်လျှင် ထီးနန်းအတွက်တိုက်ခိုက်ရာတွင် အကူအညီဖြစ်လိမ့်မည်။

အကယ်၍ သူမ ဖိနှိပ်ခံရလျှင် အခွင့်အရေး လျော့နည်းသွားလိမ့်မည်။

ယွင်သွမ့်က မျှော်လင့်နေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

သူမက မသိတတ်ခြင်း မဟုတ်ပေ။ သူမ၏ အစ်မဖြစ်သူနှင့် ဟန်မူယဲ့ကြားတွင် တစ်ခုခုရှိနေလိမ့်မည်ဟု သူမက သိထားသောကြောင့် ဟန်မူယဲ့နှင့်ပတ်သတ်၍ နီးစပ်သည်ဟု ခံစားရသည်။

သို့သော် ထိုရင်းနှီးမှုသည် ဟန်မူယဲ့ကိုခြိမ်းခြောက်ရန်အတွက် သူမ၏ ဝှက်ဖဲမဟုတ်ပေ။

ဟန်မူယဲ့က သူမကို ကူညီရန်ဆန္ဒရှိမည်ဟု သေချာပေါက် မပြောနိုင်ပေ။

ဟန်မူယဲ့လိုမဟာကျင့်ကြံသူများကို စိတ်လှုပ်ရှားအောင်လုပ်နိုင်သောအရာများ လောကတွင် သိပ်မရှိပေ။

သူမ၏ အစ်မဖြစ်သူက ဟန်မူယဲ့၏ကဗျာများကို အလွန်နှစ်သက်သည်။ လွန်ခဲ့သောနှစ်များတွင် သူမက ထိုကဗျာများကို နေ့တိုင်းရွတ်ခဲ့သည်။

ဆရာသခင်ဟန်မူ၏ စာပေနှင့်ပတ်သတ်သော ကျော်ကြားမှုအများစုသည် တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောကြောင့် ဖြစ်လာခဲ့သည်။

ဟန်မူယဲ့က စဉ်းစားလိုက်ပြီး လှည်းအပြင်ဘက်သို့ ကြည့်သည်။

မြင်းလှည်းသည် အလွန်လျင်မြန်သည်။ သူတို့က လကြည့်မြို့နှင့်သိမ်မဝေးသော မြို့အလယ်ပိုင်းသို့ ရောက်လာသည်။

သူက စုတ်တံကို ယူလိုက်သည်။

“ငါရေးပြီးသွားရင် မှတ်ထားလိုက်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ယွင်သွမ့်က ပျော်ရွှင်သွားပြီး လျင်မြန်စွာခေါင်းညိတ်သည်။

ဟန်မူယဲ့၏စုတ်တံသည် နဂါးတစ်ကောင်ကဲ့သို့ လှုပ်ရှားသွားသည်။

“လေပြင်းတွေ တိုက်ခတ်လာတဲ့အခါမှာ တိမ်တိုက်တွေ ရွေ့လျားလိမ့်မယ်။ ငါက လောကကို ပေါင်းစည်းပြီး မွေးရပ်မြေကို ပြန်လာခဲ့တယ်။ တိုင်းပြည်ကိုစောင့်ရှောက်ဖို့ ရဲစွမ်းသတ္တိရှိတဲ့စစ်သည်တွေကို ငါဘယ်လိုရှာဖွေရမလဲ”

ယွင်သွမ့်က တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးပြူးသွားသည်။

ကဗျာထဲတွင်ရှိသော လောကကို အုပ်စိုးထားသည့်ဧကရာဇ်သည် သူရဲကောင်းဆန်သည်။

စာရွက်ထဲမှ ရွှေရောင်သမာဓိစွမ်းအားများ ပေါ်ထွက်လာပြီး လှည်းအပြင်ဘက်သို့ ထွက်၍ ကောင်းကင်အထိ တက်သွားချင်ပုံပေါ်သည်။

ဟန်မူယဲ့၏ကိုယ်ထဲမှ ခရမ်းရောင်ငွေ့အသက်များ ပေါ်ထွက်လာပြီး အလင်းလွှာတစ်ခုအဖြစ်ပြောင်း၍ သမာဓိစွမ်းအားများကို တားဆီးလိုက်သည်။

“တော်ဝင်မိသားစုက ဝမ်မော့ရှန်ကိုတုန်လှုပ်သွားစေဖို့ ရည်ရွယ်ထားတယ်ဆိုရင် ပတ်ဝန်းကျင်ကို ဖိနှိပ်ဖို့အတွက် ကျွမ်းကျင်သူနဲ့ ကြမ်းတမ်းတဲ့စစ်သည်တွေကို သေချာပေါက်စုဆောင်းရမယ်”

“ဒီကဗျာကို ရွတ်ဆိုလို့ပဲရတယ်။ ဖြေရှင်းပြလို့ မရဘူး။ နားလည်ချင်တဲ့လူက နားလည်သွားလိမ့်မယ်”

ဟန်မူယဲ့ စုတ်တံကိုချလိုက်ပြီး ယွင်သွမ့်ကို ကြည့်သည်။

“မင်း မှတ်ထားပြီးပြီလား”

ယွင်သွမ့်က လျင်မြန်စွာခေါင်းညိတ်သည်။

ဟန်မူယဲ့က စာရွက်ကိုခေါက်လိုက်ပြီး အိတ်ကပ်ထဲသို့ ထည့်သည်။

ထိုကဗျာတွင် ဧကရာဇ်တစ်ပါး၏အရှိန်အဝါ ရှိနေပြီး ကောင်းကင်တာအိုစွမ်းအားလည်း ရှိနေသည်။ အတော်လေးအားကောင်းသော စာပေရတနာတစ်ခုဖြစ်သည်။

လောကတွင်ရှိသော စာပေရတနာအများစုသည် ထိုသို့ဖြစ်လာသည်။

ဟန်မူယဲ့က စာရွက်ကိုသိမ်းလိုက်ပြီး လှည်းထဲမှထွက်ရန် ပြင်လိုက်သည်။

ယွင်သွမ့်က မျက်လုံးလှိမ့်လိုက်ပြီး ဟန်မူယဲ့၏အင်္ကျီလက်စကို ဆွဲထားသည်။

“ဆရာဟန်က ကျွန်မအတွက် ကဗျာရေးပေးရင် ကျွန်မက မိန်းကလေးအဝတ်အစား ဝတ်ပြမယ်လို့ ပြောထားတယ်လေ”

ယွင်သွမ့်၏မျက်လုံးများက တောက်ပနေပြီး ရှေ့တိုးလာသည်။

“ထွက်မသွားပါနဲ့အုံး။ ကျွန်မက ဆရာဟန်ကြည့်လို့ရအောင် အဝတ်လဲပေးပါ့မယ်”

သူမက အဝတ်ကို ဆွဲချသည်။

ကော်လံပွင့်သွားပြီး ဖြူဖွေးသောလည်ပင်းကို မြင်နိုင်သည်။

သူမက ခေါင်းမော့ကြည့်လိုက်သောအခါတွင် ဟန်မူယဲ့၏အကြည့်ကို မြင်ရသည်။ သူ့မျက်လုံးထဲတွင် အပြုံးတစ်ခုရှိနေသည်။ သူမက ရှက်သွားပြီး ကော်လံကို ပြန်ဖုံးသည်။ သို့သော် ဟန်မူယဲ့၏အင်္ကျီလက်စကို လွှတ်မပေးခဲ့ပေ။

“ကျွန်မက ဒီနေ့ အမျိုးသမီးအဝတ်အစားတွေယူလာဖို့ မေ့သွားတယ်။ နောက်တစ်ခါကျရင် ဝတ်ပြမယ် ....”

“ကျွန်မအတွက် နောက်ထပ်ကဗျာတစ်ပုဒ် ရေးပေးလေ။ ဝတ်စုံနှစ်စုံ ဝတ်ပြမယ်”

“နောက်ထပ်ကဗျာတစ်ပုဒ် ရေးပေးမလား။ အင်မော်တယ်သင်္ဘောပေါ်က အမျိုးသမီးတွေဝတ်တဲ့ မလုံ့တလုံအဝတ်မျိုး ဝတ်ပြမယ်”

“နောက်ထပ်ကဗျာတစ်ပုဒ်ရေးပေးရင် ကျွန်မက ....”

....

ဟန်မူယဲ့က လကြည့်မြို့တွင် ဆင်းလာခဲ့သည်။ မြင်းလှည်းပေါ်တွင် ပုလဲလုံးများထိတွေ့သွားသကဲ့သို့ သာယာသောရယ်သံကို ကြားနိုင်သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါသည်။ သို့သော် သူ့အပြုံးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

အရှေ့တောင်ပိုင်းမှ ဒေသရှစ်ခု၏ တာအိုဂိုဏ်းများပုန်ကန်ခြင်းနှင့် တော်ဝင်မိသားစု၏ ဖုံးကွယ်မထားသော သစ္စာဖောက်ခြင်းအထိ ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ဝမ်မော့ရှန်၏ဖိနှိပ်မှုကို တွန်းလှန်နေပုံရသည်။

သို့သော် သူတော်စင်တစ်ပါး၏အဆင့်အတန်းကို လွယ်ကူစွာမဖျက်ဆီးနိုင်ကြောင်း ဟန်မူယဲ့က သိထားသည်။

ဤလောကတွင် သူတော်စင်များကသာ သူတော်စင်တစ်ယောက်ကို နာကျင်စေနိုင်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဖြစ်ပျက်နေသောအကြောင်းအရာများကို ဝမ်မော့ရှန်က သိနေလိမ့်မည်။

‘သူက ထွက်မသွားနိုင်တာလား ဒါမှမဟုတ် တခြားအစီအစဉ်တွေ ရှိနေတာလား’

ဟန်မူယဲ့က အာခီမီကံကြမ္မာစံအိမ်သို့ ဖြည်းဖြည်းချင်းလျှောက်လာပြီး လမ်းဘေးသို့ ရောက်လာသောအခါတွင် စိုးရိမ်စိတ်များနှင့်ပြေးလာသော စွေ့စွေ့ကို မြင်လိုက်ရသည်။

“သခင်လေး၊ ကျေးဇူးပြုပြီး တထျန်းကို ကယ်ပါအုံး၊ တထျန်းက အဖမ်းခံလိုက်ရတယ်”

‘တစ်ယောက်ယောက်က တထျန်းကို ဖမ်းသွားတာလား’

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ ဖိအားများ ပေါ်ထွက်လာသည်။

တောင်ပိုင်းကုန်းမြေမှ နန်းမြို့တော်အထိ ဟန်မူယဲ့နှင့်မူဝမ်ကို စွေ့စွေ့နှင့်ရှောက်တထျန်းကို အများအပြား ကူညီပေးခဲ့သည်။

ထိုအကူအညီကို ဝိညာဉ်ကျောက်တုံးများအဖြစ် ပြောင်းလိုက်မည်ဆိုလျှင် ရှောက်တထျန်းတို့စုံတွဲသည် တစ်သက်လုံး ပြန်ဆပ်နိုင်မည်မဟုတ်ပေ။

သို့သော် ဟန်မူယဲ့နှင့်မူဝမ်တွင် ကိုယ်ပိုင်အကြောင်းပြချက်များ ရှိသည်။

မူဝမ်က ကြင်နာတတ်ပြီး သူတို့စုံတွဲ ကောင်းမွန်စွာရှိနေသည်ကို မြင်ချင်သည်။ သူမက စွေ့စွေ့တစ်ယောက် လုံခြုံစွာကလေးယူနိုင်ရန်အတွက် သွေးမျိုးဆက်ဆေးလုံးကိုလည်း ရှာဖွေခဲ့သည်။

ဟန်မူယဲ့က ရှောက်တထျန်းနှင့်စွေ့စွေ့တို့ကိုကြည့်၍ နှလုံးသားကို လေ့ကျင့်နိုင်သည်။

သူနှင့်မူဝမ်က လူသားလောကကို လေ့လာရန်အတွက် ဆိုင်ဖွင့်ခဲ့သည်။

သို့သော် သူတို့က လူသားလောကတွင် သာမန်လူများကဲ့သို့ ရုန်းကန်ရန် မဖြစ်နိုင်ပေ။

မူဝမ်၏ အာခီမီကျင့်ကြံခြင်း၊ ဟန်မူယဲ့၏ အဆင့်အတန်း၊ ကျင့်ကြံခြင်းနှင့် ခွန်အားတို့ကြောင့် အခက်အခဲများအားလုံးကို ဖြေရှင်းနိုင်လိမ့်မည်။

All Chapters