← Chapters

အခန်း (၄၈၇)

Vol. 35 Ch. 487

အခန်း (၄၈၇)

Vol. 35 Ch. 487

တော်ဝင်ကျောင်းတော်၏ ဆရာနှင့် ကျောင်းသားများသည် ရာထူးအဆင့်အတန်းများကို အလွန်ဂရုစိုက်သည်။

သူတို့က ခမ်းနားလှသော ဧကရာဇ်ကဗျာကို ကြားလိုက်ရသောအခါတွင် ချက်ချင်း ပျော်ရွှင်သွားကြသည်။

“လေပြင်းတွေ တိုက်ခတ်လာတဲ့အခါမှာ တိမ်တိုက်တွေ ရွေ့လျားလိမ့်မယ်။ ငါက လောကကို ပေါင်းစည်းပြီး မွေးရပ်မြေကို ပြန်လာခဲ့တယ်။ တိုင်းပြည်ကိုစောင့်ရှောက်ဖို့ ရဲစွမ်းသတ္တိရှိတဲ့စစ်သည်တွေကို ငါဘယ်လိုရှာဖွေရမလဲ။ ဒီလိုမျိုး သဘောထားကြီးမြတ်တာ ဘယ်သူများလဲ။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ တော်ဝင်မိသားစုက တိုးတက်လာတော့မှာလား”

ကျောက်စိမ်းပျံလွှားရေကန်ဘေးတွင် လူတစ်ယောက်က စာရေးသားခြင်းကို ရပ်တန့်လိုက်ပြီး ညင်သာစွာရေရွတ်သည်။

“ငါတို့မှာ လောကကိုဖိနှိပ်နိုင်တဲ့ အစစ်အမှန်ပုဂ္ဂိုလ်တစ်ယောက် ရလာခဲ့ပြီ ....”

နန်းမြို့တော်၏အလယ်တွင် အဖြူရောင်ဆံပင်နှင့် လူအိုကြီးတစ်ယောက်က ကောင်းကင်ကိုမော့ကြည့်ပြီး ရေရွတ်သည်။

“နန်းတော်ကို ဝင်ကြရအောင်။ အိမ်ရှေ့မင်းသားရာထူးကို ဆုံးဖြတ်ဖို့အချိန်ကျပြီ”

လူအိုကြီးက ပျော်ရွှင်နေသောမျက်နှာဖြင့် ခေါင်းငုံ့သည်။

တစ်ချိန်တည်းတွင် လူအများအပြားက နန်းတော်သို့ ဦးတည်လိုက်ကြသည်။

အစောင့်အရှောက်နဂါးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး တိမ်တိုက်နှင့်သမာဓိစွမ်းအားများ ပြန်ရောက်လာကြသည်။

မည်သည့်အရာမှ ဖြစ်ပျက်မသွားသကဲ့သို့ တည်ငြိမ်နေသည်။

သို့သော် လူတိုင်းက ဘဝတစ်လျှောက်လုံး မမေ့နိုင်မည့်မြင်ကွင်းကို မြင်လိုက်ရသည်။

သူတို့က ပြင်ပကမ္ဘာ၊ အစောင့်အရှောက်နဂါး၊ ဆေးလုံးသန့်စင်ခြင်းနည်းစနစ်အသစ်၊ လောကကို လှုပ်ခါသွားစေသော ကဗျာနှင့် အမွှေးနံ့သာပူဇော်ခြင်းမှတစ်ဆင့် တာအိုကိုရရှိခြင်း စသည်ဖြင့် မြင်လိုက်ရသည်။

သာမန်လူသားများက မြင်တွေ့ခဲ့ရသောအရာများကို အံ့အားသင့်စွာ ပြောပြနေလိမ့်မည်။

နန်းမြို့တော်ကို ဖိနှိပ်ထားနိုင်သောလူများနှင့် လောက၏ ထိပ်တန်းပုဂ္ဂိုလ်များက ရှုပ်ထွေးသောမျက်နှာထားများဖြင့် ရှိနေသည်။

သူတို့က သာမန်လူသားများထက် ပိုသိသည်။

ထို့ကြောင့် ယနေ့မြင်တွေ့ခဲ့ရသောအရာများသည် ကောင်းသလား၊ ဆိုးသလား သူတို့ မသိပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အစောင့်အရှောက်နဂါးသည် ကောင်းကင်တာအို၊ ကွန်ဖြူးရှပ်တာအို၏ ကံကောင်းခြင်း၊ ဝမ်မော့ရှန်တို့နှင့် ချိတ်ဆက်ထားသည်။

‘အစောင့်အရှောက်နဂါးပေါ်လာတာက တိုးတက်လာမဲ့နိမိတ်လား ဒါမှမဟုတ် ထုတ်မပြောနိုင်တဲ့ ကပ်ဘေးလား’

ထို့အပြင် အစောင့်အရှောက်နဂါးပေါ်လာသောအကြောင်းကို မည်သူမှ မသိပေ။

‘နတ်ဘုရားတာအိုရဲ့ ပူဇော်ခြင်းအခမ်းအနားကြောင့်လား’

‘ဒါမှမဟုတ် မဟာလေပြင်းတေးသံကြောင့်လား’

‘ဒါမှမဟုတ် တစ်လောကလုံး ဖြန့်ဖြူးလိုက်တဲ့ အာခီမီနည်းစနစ်ကြောင့်လား’

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ကံကြမ္မာနှင့်သက်ဆိုင်နေသော ထိုဖြစ်ရပ်သုံးခုသည် လူတစ်ယောက်တည်းနှင့် ပတ်သတ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။

အာခီမီကံကြမ္မာနည်းစနစ်ကို ဟန်မူယဲ့က လက်ဆင့်ကမ်းပေးခဲ့သည်။ အင်မော်တယ်လရေကန်၏ အမိန့်စာကို သူက ထုတ်ပြန်ပြီး မဟာလေပြင်းတေးသံကိုလည်း သူက ရေးခဲ့သည်။

သို့သော် တစ်ယောက်ယောက်ကတော့ သိနေနိုင်သည်။

အမတ်ချုပ်ကြီးဝမ်၊ ဝမ်မော့ရှန် ....

သို့သော် သူက ပြောင်းလဲလိုက်ပုံရသည်။ ထိုအရာကို ကွမ်မြစ်ဝတိုက်ပွဲတွင် မြင်နိုင်သည်။

အကယ်၍ သူက အာခီမီကံကြမ္မာစံအိမ်သို့လာလည်ပြီး အမွေအနှစ်ကျားကွက်ကို ချန်မထားခဲ့လျှင် ဟန်မူယဲ့က ဧကရာဇ်ကဗျာကို မရေးဘဲ အင်မော်တယ်လရေကန်တွင်လည်း တရားဝင်နတ်များကို ခန့်အပ်မည်မဟုတ်ပေ။

သူက ဝမ်မော့ရှန်ကိုစိန်ခေါ်ရန် စိတ်မဝင်စားပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးကို မြင်ပြီးလျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကိုထိန်းချုပ်ရန်အတွက် စိတ်ဝင်စားတော့မည်မဟုတ်ပေ။

ဟန်မူယဲ့ပြုလုပ်ခဲ့သောအရာများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို တိုးတက်စေလိမ့်မည်။

ကျားကွက်ကို ခင်းထားပြီဖြစ်သောကြောင့် ကျားစေ့ချရန် အချိန်ရောက်လာသည်။

တော်ဝင်ကျောင်းတော်တွင် အပင်များပြောင်းစိုက်နေသောလုယွီကျိုးက ကောင်းကင်ကိုမော့ကြည့်ပြီး မျက်မှောင်ကြုတ်သည်။

သူ၏ တာအိုနယ်မြေဖြစ်သော တုန်းရှန်ဒေသသည် လောကနှင့်ပေါင်းစပ်နေသောကြောင့် သူက ပြောင်းလဲမှုများကို အာရုံခံနိုင်သည်။

သို့သော် လောကတစ်ခုလုံးအား ချုပ်ကိုင်ထားသော ဝမ်မော့ရှန်နှင့်ယှဉ်လိုက်လျှင် ဒေသတစ်ခုကိုသာ အပိုင်ရထားသော လုယွီကျိုးက ပြောင်းလဲမှုများ၏ဦးတည်ချက်ကို မခန့်မှန်းနိုင်ပေ။ နောက်ဆုံးဖြစ်ရပ်၏ အကောင်းအဆိုးကိုလည်း မသိနိုင်ပေ။

“ငါ့ရဲ့ညီအစ်ကိုက ဘာဖြစ်လို့ ပြဿနာရှာရတာကြိုက်တာလဲ”

“လူငယ်တွေက တကယ်ပဲ တက်ကြွနေကြတာလား”

သူက တုံ့ဆိုင်းနေပြီး တူးရွင်းပြားကိုချ၍ ခြံဝိုင်းထဲမှ ထွက်လာသည်။

“ငါကလည်း တုံးလိုက်တာ။ ဒီလိုလူငယ်မျိုးကို အချိန်ဖြုန်းဖို့အတွက် အင်မော်တယ်သင်္ဘောဆီ ခေါ်သွားသင့်တယ်။ သူက နန်းမြို့တော်မှာရှိနေရင် တစ်ခုခု ဖြစ်လာလိမ့်မယ်”

လုယွီကျိုးက လက်နှစ်ဖက်ကိုပွတ်သပ်ပြီး ယန်ကျန်းချင်၏ခြံဝိုင်းထဲသို့ သွားလိုက်သည်။

“လူအိုကြီးယန်၊ အမျိုးသမီးဖျော်ဖြေရေးသမားတွေနဲ့ သွားသောက်ကြမလား”

မြို့အပြင်ဘက်တွင်ရှိသော ပေသုံးဆယ်ရှည်လျားသည့်လှေပေါ်တွင် ရှုဝေက စာရေးသားခြင်းကို ရပ်တန့်လိုက်သည်။

သူက တိတ်ဆိတ်စွာစီးဆင်းနေသောမြစ်ရေကို ကြည့်သည်။ ရှုဝေက မြင်ကြမ်းပြင်ကို မြင်နိုင်ပုံပေါ်သည်။

“နတ်အဖြစ် အမိန့်ပြန်တမ်းထုတ်ပြန်တာလား”

“ကျင့်ကြံခြင်းကမ္ဘာက တကယ်စိတ်လှုပ်ရှားစရာကောင်းတာပဲ”

“နန်းမြို့တော်ရဲ့အပြင်ဘက်မှာရှိနေတဲ့ မြစ်ဆယ့်သုံးစင်းက ယုံတင်းမြစ်အဖြစ် စုစည်းသွားတယ်။ ငါသေသွားရင် ငါက မြစ်နတ်တစ်ပါး ဖြစ်လာချင်တယ်”

“ဒါပေမဲ့ ငါနတ်ဖြစ်သွားရင် စုယွင်ကို ထပ်တွေ့နိုင်မှာလား ....”

နန်းမြို့တော်၏အပြင်ဘက်တွင်ရှိသော ခြံဝိုင်းထဲတွင် စားပွဲရှည်၏ဘေး၌ထိုင်နေသော ယွင်သွမ့်က ဖြည်းဖြည်းချင်း နောက်လှည့်ကြည့်သည်။ သူမက မြေပြင်ပေါ်တွင်ထိုင်နေသော ဒါဇင်ချီနေသည့် တော်ဝင်မိသားစု၏ လူငယ်လက်ရွေးစင်များကို ကြည့်လိုက်ပြီး အင်္ကျီလက်ကို ဂရုမစိုက်စွာခါယမ်း၍ လှည့်ထွက်လာခဲ့သည်။

သူမက ခြံဝိုင်းထဲမှထွက်လာသောအခါတွင် တင်းမာနေသောမျက်နှာသည် ပေါ့ပါးသွားခဲ့သည်။ သူမက သက်ပြင်းချလိုက်ပြီး လျှာထုတ်သည်။

ထိုလူ၏ကဗျာကို ရွတ်ဆိုလိုက်ရုံဖြင့် လောကသည် တုန်ခါသွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

သူမက ထိုကဗျာကို ဖတ်ကြည့်လိုက်သောအခါတွင် ထိတ်လန့်သွားခဲ့သည်။

ကံကောင်းစွာဖြင့် ဟန်မူယဲ့က သူမကို မှတ်သားထားခိုင်းသည်။ ထို့ကြောင့် ပြန်လည်ရွတ်ဆိုသောအခါတွင် ထစ်ငေါ့မနေခဲ့ပေ။

ထိုသို့မဟုတ်လျှင် ကောင်းကင်တာအို၏ တန်ပြန်စွမ်းအားကြောင့် သူမက မသေဆုံးလျှင်ပင် ဒဏ်ရာအပြင်းအထန်ရသွးလိမ့်မည်။

သူမက ကဗျာကို ရွတ်ဆိုပြီးသောအခါတွင် မဖော်ပြနိုင်သောစွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

ထိုအရာသည် ကောင်းကင်၏ ကောင်းချီးဖြစ်သည်။

အနာဂတ်တွင် သူမ၏ကံကြမ္မာသည် အလယ်ပိုင်းကုန်းမြေ၊ ကောင်းကင်အံ့ဖွယ်တိုင်းပြည်နှင့် နီးကပ်စွာ ဆက်သွယ်နေလိမ့်မည်။

သူမက တခြားလူများကို ကြည့်လိုက်လျှင် ခန္ဓာကိုယ်ထဲတွင်ရှိသော ကောင်းကင်တာအိုစွမ်းအားကို အလိုလျောက် ထုတ်ဖော်မိလိမ့်မည်။

သူမက လက်ရွေးစင်လူငယ်များကို ကြည့်လိုက်သောအခါတွင် ထိုလူငယ်များက သာမန်သာဖြစ်ပြီး ကြောက်စရာကောင်းသည်ဟု မခံစားရတော့ပေ။

ပွဲကျင်းပသော ဦးရီးတော်ကပင် သူမ၏မျက်လုံးများကို တိုက်ရိုက်မကြည့်ရဲပေ။

ထိုခံစားချက်သည် လွတ်လပ်မှုရှိသည်။

သူမက ကောင်းကင်ကို မော့ကြည့်သည်။ မျက်လုံးတစ်စုံက သူမကို ကြည့်နေပုံပေါ်သည်။

‘အစောင့်အရှောက်နဂါးလား’

သူမက ခေါင်းငုံ့လိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။ မြင်းလှည်းရှေ့တွင်ထိုင်နေသော လူအိုကြီးက လျင်မြန်စွာဦးညွှတ်သည်။

တော်ဝင်မိသားစု၏ ကောင်းကင်အဆင့်ကျွမ်းကျင်သူသည် သူမကို မကြည့်ရဲပေ။

“တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောကို သွားမယ်”

ယွင်သွမ့်၏အသံတွင် အမိန့်သံအချို့ပါနေသည်။

“ဟုတ်ကဲ့”

လူအိုကြီးက ကြာပွတ်ကိုမြှောက်ပြီး မြစ်သို့ ဦးတည်လိုက်သည်။

နန်းမြို့တော်၏အပြင်ဘက်တွင် မြစ်များသည် ယုံတင်းမြစ်အဖြစ် စုစည်းသွားသည်။ မြစ်ထဲတွင် ကုန်သည်သင်္ဘောနှင့် အပျော်လှေများ ရှိနေသည်။

တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောသည် ယုံတင်းမြစ်တွင် ရှိနေခဲ့သည်။

လှည်းထဲတွင်ထိုင်နေသော ယွင်သွမ့်က လက်သီးဆုပ်ထားပြီး ရှေ့တွင်ရှိသောစားပွဲကို ကြည့်သည်။

သူမ၏ရှေ့တွင် ဧကရာဇ်ကဗျာများ ရှိနေသကဲ့သို့ စိုက်ကြည့်နေသည်။

“ဧကရာဇ်ကဗျာတွေ အများကြီးရလာရင် လုံလောက်သွားပြီ”

“အများဆုံးမှ ငါက အင်မော်တယ်သင်္ဘောပေါ်မှာ ရှက်စရာကောင်းတဲ့ အမျိုးသမီးအဝတ်ကို ဝတ်လိုက်ရုံပေါ့ ....”

....

လကြည့်မြို့၏ အင်မော်တယ်လရေကန်တွင် ရေကန်စောင့်နတ်နှင့် တောင်စောင့်နတ်များသည် သက်ဆိုင်ရာနေရာသို့ သွားလိုက်သည်။ သဘာဝစွမ်းအင်အလင်းများ ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်တွင်ရှိသော သာမန်လူသားများက လျင်မြန်စွာဒူးထောက်ပြီး ပို့ဆောင်နှုတ်ဆက်လိုက်သည်။

နတ်ဘုရား ....

မရင်းနှီးသော အခေါ်အဝေါ်တစ်ခုဖြစ်သည်။

သို့သော် ရင်းနှီးသောပုဂ္ဂိုလ်များသည် ရေကန်နှင့်တောင်တန်းကို ကာကွယ်ရန်အတွက် နတ်အဖြစ် ပြောင်းသွားသောကြောင့် သူတို့က သက်တောင့်သက်သာရှိနေသည်။

အသစ်ဖြစ်လာသောနတ်များ၏ အသိအကျွမ်းများ၊ မျိုးဆက်များ ရှိနေသည်။ ယခုအချိန်တွင် သူတို့၏ဘိုးဘေးများက နတ်ဖြစ်လာသောကြောင့် သူတို့က ပျော်ရွှင်နေကြသည်။

လူများ ဒူးထောက်အရိုအသေပေးလိုက်ပြီး ပူဇော်ခြင်းစွမ်းအားများသည် အင်မော်တယ်လရေကန်ကို လွှမ်းခြုံသွားသည်။

ကျင့်ကြံသူများက နားမလည်နိုင်ဖြစ်ပြီး ကြောက်ရွံ့နေသည်။

အထူးသဖြင့် လကြည့်တောင်တွင် အားကောင်းသောအငွေ့အသက်များ ပေါ်ထွက်လာပြီး ဂရုတစိုက် စစ်ဆေးကြည့်နေသည်။

ကောင်းကင်အဆင့်ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီး၏ပြောင်းလဲမှုကို အာရုံခံနိုင်သည်။

မိုင်ဒါဇင်ချီသောအကွာအဝေးအတွင်း၌ ကောင်းကင်တာအို၏စွမ်းအားကို မခံစားနိုင်သောကြောင့် သူတို့က မသက်မသာဖြစ်လာသည်။

‘ဂိုဏ်းတွေနဲ့သက်ဆိုင်တဲ့စွမ်းအားက ဘယ်ရောက်သွားတာလဲ’

လကြည့်တောင်တွင် မုတ်ဆိတ်ရှည်သော လူအိုကြီးတစ်ယောက်က ကျောက်သားရင်ပြင်၏ရှေ့တွင်ရှိသော ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

သူ့နောက်တွင် ကျွမ်းကျင်သူများ၏အငွေ့အသက် ပေါ်ထွက်လာသည်။

“အလျင်စလိုမလုပ်နဲ့”

မုတ်ဆိတ်ရှည်လူအိုကြီး၏မျက်နှာထားက လေးနက်နေပြီး တီးတိုးပြောသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ အမိန့်ပြန်တမ်းတစ်ခုနဲ့ နတ်တွေကို တရားဝင်ဘွဲ့ထူးချီးမြှင့်နိုင်တဲ့လူက ကွမ်မြစ်ဝရဲ့ အဲ့ဒီလူတစ်ယောက်ပဲ ရှိတယ်”

“အဲဒီလို ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူနဲ့ ငါတို့က မယှဉ်နိုင်ဘူး”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ဆံပင်ဖြူနှင့်လူအိုကြီးက အံတင်းတင်းကြိတ်ထားပြီး ပြောသည်။

“ဂိုဏ်းချုပ်၊ ဒီလိုပဲ လွှတ်ပေးလိုက်တော့မှာလား”

သူတို့က ရှောက်တထျန်းကို လွှတ်ပေးလိုက်လျှင် မျက်နှာပျက်ရလိမ့်မည်။

ကျန်လူများ၏မျက်နှာထားကလည်း ဆိုးဝါးနေသည်။

နန်းမြို့တော်တွင် အချိန်ကြာမြင့်စွာနေထိုင်လာသောကြောင့် သူတို့က တခြားလူများထက်အဆင့်မြင့်သည်ဟု ခံစားလာရသည်။

သို့သော် ယခုအချိန်တွင် အံကြိတ်၍ သည်းခံထားရမည်ဖြစ်သည်။ ထိုဖြစ်ရပ်ကို လက်ခံနိုင်သောလူ မရှိပေ။

“မှတ်ထား။ ဒီနေ့စပြီး တောင်ဂိတ်ကို စောင့်ကြပ်ထားပါ။ အင်မော်တယ်လရေကန်နဲ့ပတ်သတ်ပြီး ဝင်မပါနဲ့တော့”

မုတ်ဆိတ်ရှည်လူအိုကြီးက လေးနက်သောမျက်နှာထားဖြင့် ပတ်ဝန်းကျင်ကို ကြည့်သည်။

“တောင်နဲ့မြစ်ရဲ့နတ်တွေ၊ လူသားတွေရဲ့ ပူဇော်ခြင်းစွမ်းအားတွေ ဒီလိုကိစ္စမျိုးက ငါတို့ရဲ့ချင်းဟယ်တာအိုဂိုဏ်း ထိတွေ့နိုင်တဲ့အရာမဟုတ်ဘူး”

လူအိုကြီးက စကားပြောလိုက်ပြီး ပျောက်ကွယ်သွားသည်။

ကျန်လူများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ခေါင်းခါ၍ ထွက်သွားသည်။

အရှေ့တောင်ပိုင်းမှ ဒေသရှစ်ခု၏ တာအိုဂိုဏ်းများသည် နတ်ဘုရားများပေါ်လာသောကြောင့် တိတ်ဆိတ်သွားရသည်။ သူတို့၏ချင်းဟယ်တာအိုဂိုဏ်းသည် အရှေ့တောင်ပိုင်း၏ တာအိုဂိုဏ်းများနှင့် မယှဉ်နိုင်ပေ။

ချင်းဟယ်တာအိုဂိုဏ်း၏ရှေ့တွင် ဖြည်းဖြည်းချင်း လူစုကွဲသွားသည်။ ဟန်မူယဲ့က ရှောက်တထျန်းနှင့်စွေ့စွေ့ကို ဆိုင်သို့ ပြန်ခေါ်သွားခဲ့သည်။

ပေါင်မင်ချန်နှင့်တာအိုတန်ခိုးရှင်ချန်ယွင်က ဟန်မူယဲ့နှင့်ရှောက်တထျန်း၏ဖိတ်ခေါ်ချက်ကို ငြင်းဆန်ပြီး အတူတူပြန်သွားကြသည်။

သူတို့က ဉာဏ်ကောင်းသောလူများဖြစ်သည်။ ရှောက်တထျန်း၏အကူအညီနှင့် သူတို့က ဟန်မူယဲ့ကို သိလာရသည်။

All Chapters