အခန်း (၄၈၉)
Vol. 35 Ch. 489
သူတို့က ကျင့်ကြံခြင်းနည်းစနစ်၊ ဓားနည်းစနစ်များနှင့် စတင်ထိတွေ့လိုက်သောအချိန်တွင် ကျွမ်းကျင်သူများ ဖြစ်လာကြသည်။
ပိုင်ဝူဟယ်တို့ဇနီးမောင်နှံသည် ကလေးများ၏ ကျင့်ကြံခြင်းပါရမီကြောင့် အလွန်ပျော်ရွှင်နေသည်။
အိမ်နီးချင်းများက ကလေးနှစ်ယောက်ကို မြို့လယ်တွင်ရှိသောဓားဂိုဏ်းသို့ ပို့ဆောင်ရန်အတွက် ပြောကြသော်လည်း သူတို့နှစ်ယောက်က ငြင်းဆိုခဲ့သည်။
ဟန်မူယဲ့က ဓားမှတ်ဉာဏ်မှတစ်ဆင့် ပိုင်ဝူဟယ်တို့၏နောက်ကြောင်းကို သိခဲ့ရသည်။
သူတို့နှစ်ယောက်က ဖုန်းယွီဒေသမှ ဓားဂိုဏ်းတစ်ဂိုဏ်း၏ တပည့်များဖြစ်သည်။
ပိုင်ဝူဟယ်၏ တာအိုလက်တွဲဖော်ဖြစ်သော ကျင်းယွင်မိန်သည် ဂိုဏ်းချုပ်၏သမီးဖြစ်သည်။
လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်တွင် သူတို့၏ဂိုဏ်းကို ပြင်ပဂိုဏ်းတစ်ဂိုဏ်းက တိုက်ခိုက်လာသောကြောင့် ဂိုဏ်း၏ကျွမ်းကျင်သူများ သေဆုံးသွားခဲ့သည်။
ဝိညာဉ်သူငယ်ဒုတိယအဆင့်တွင်ရှိသော ဂိုဏ်းချုပ်ကျင်းထျန်ဖုန်းသည် အသတ်ခံလိုက်ရပြီး ကျန်တပည့်များက အဖမ်းခံလိုက်ရသည်။
ကျင်းယွင်မိန်နှင့် ပိုင်ဝူဟယ်တို့က ကံကောင်းစွာ လွတ်မြောက်လာပြီး နန်းမြို့တော်တွင် နှိမ့်ချနေထိုင်ကြသည်။
သူတို့၏ အကန့်အသတ်ရှိသောခွန်အားကြောင့် ယခုဘဝတွင် လက်စားချေရန်၊ ဂိုဏ်းအား ပြန်လည်ထူထောင်ရန် မဖြစ်နိုင်တော့ပေ။
ကျင်းယွင်မိန်၏အခြေခံအုတ်မြစ်သည် ထိခိုက်ထားပြီး သူမ၏ကျင့်ကြံခြင်းက ဖြည်းဖြည်းချင်း ကျဆင်းနေသည်။
ကျင်းယွင်မိန်၏ကျင့်ကြံဆင့်က အခြေခံအုတ်မြစ်အဆင့်သို့ ကျသွားသောအချိန်တွင် ကိုယ်ဝန်ရလာခဲ့သည်။ သူမ၏သက်တမ်းကလည်း လျော့နည်းလာသည်။
သူမက ကလေးနှစ်ယောက်ကို မွေးဖွားပြီးသောအချိန်တွင် ချီစုစည်းခြင်းတတိယအဆင့်တွင်သာ ရှိတော့သည်။ သူမ၏သက်တမ်းကလည်း နှစ်၂၀ခန့်သာ ကျန်တော့သည်။
ပိုင်ဝူဟယ်က ကုသဆေးနှင့် အသက်ရှည်ဆေးများကို နေရာအနှံ့တွင် ရှာဖွေနေခဲ့သည်။
သူက ရွှေအမြုတေအဆင့်တွင်ရှိပြီး တိုက်ခိုက်နိုင်စွမ်းကောင်းသော်လည်း ကျင်းယွင်မိန်အတွက် သင့်တော်သောဆေးလုံးများ မရှာနိုင်ခဲ့ပေ။
ထို့အပြင် သူက ရန်သူများ၏တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ခံစားခဲ့ရသည်။
ကျင်းယွင်မိန်က သူ့ကို ဆေးလုံးများမရှာခိုင်းတော့ဘဲ ကလေးနှစ်ယောက်၏ပါရမီကို အစွမ်းကုန်ပျိုးထောင်ပေးရန် ပြောခဲ့သည်။
ကလေးနှစ်ယောက် အရွယ်ရောက်လာသောအခါတွင် ဂိုဏ်း၏အမွေအနှစ်ကို လက်ဆင့်ကမ်းပေးနိုင်လိမ့်မည်။ သူမကလည်း ငြိမ်းချမ်းစွာ သေဆုံးသွားနိုင်မည်။
ဟန်မူယဲ့က ဓားရိုးကိုလွှတ်လိုက်ပြီး ညင်သာစွာခေါင်းခါသည်။
လင်းချုံးရှောင်နှင့် တာအိုတန်ခိုးရှင်ချုံးယွင်ကို ဤပုံစံဖြင့် ရှာတွေ့လိမ့်မည်ဟု သူထင်မထားခဲ့ပေ။
တာအိုတန်ခိုးရှင်ချုံးယွင်က လေ့ကျင့်ရေးမှူးလင်ကို ကျောက်စိမ်းအရိုးများ ပေးခဲ့သည်။
ထိုအကြီးအကဲသည် စိတ်သဘောထား ကောင်းမွန်သည်။
မူဝမ်က ဆေးလုံးသန့်စင်ပြီး အခန်းထဲမှ ထွက်လာသောအခါတွင် ဟန်မူယဲ့က အလင်းဓားဆေးလုံးများသန့်စင်ရန် ပြောလိုက်သည်။
မူဝမ်က အလင်းဓားဆေးလုံးကို မသန့်စင်ဘူးပေ။ ဟန်မူယဲ့က ဆေးညွှန်း၊ ဝိညာဉ်ဆေးပင်နှင့် ဆေးလုံးသန့်စင်ရာတွင် အာရုံစိုက်ရမည့်အကြောင်းကို ရှင်းပြလိုက်သည်။
“ဟီးဟီး၊ ငါက မင်းတို့ကို မနှောင့်ယှက်မိဘူးမဟုတ်လား”
မူဝမ်က အာရုံစိုက်၍ နားထောင်နေသောအချိန်တွင် အသံတစ်သံကို ကြားလိုက်ရသည်။ သူမက ခေါင်းမော့ကြည့်လိုက်သောအခါတွင် အပြုံးတစ်ခုနှင့်အတူ စကားပြောလိုက်သော ဆံပင်ဖြူလူအိုကြီးကို မြင်ရသည်။
မူဝမ်က ရှက်ရွံ့သွားပြီး လျင်မြန်စွာဦးညွှတ်သည်။
ဟန်မူယဲ့က ညင်သာစွာပြောသည်။
“နှုတ်ဆက်ပါတယ် အကြီးအကဲယန်”
ကွန်ဖြူးရှပ်တာအို၏ သူတော်စင်တစ်ဝက်အဆင့်ကျင့်ကြံသူ၊ တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ် ....
ဟန်မူယဲ့က ယန်ကျန်းချင်ကို ခြံဝိုင်းထဲသို့ ခေါ်လာခဲ့သည်။ မူဝမ်က လက်ဖက်ရည်ပွဲ ယူလာပေးသည်။ ဟန်မူယဲ့က ယန်ကျန်းချင်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။
ယန်ကျန်းချင်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ပြုံးသည်။
“လူအိုကြီးလုက သူ့ခြံဝိုင်းကို ကောင်းတယ်လို့ ထင်နေတာ။ ဒါပေမဲ့ မင်းရဲ့ခြံဝိုင်းနဲ့ယှဉ်လိုက်ရင် လိုအပ်နေသေးတယ်။ ဒီနေရာက ကျဉ်းမြောင်းပေမဲ့ ကျက်သရေရှိတယ်”
ဟန်မူယဲ့၏ခြံဝိုင်းထဲတွင် ပန်းပွင့်နှင့်သစ်ပင်များ ရှိနေသည်။ သစ်သားစင်နှင့် ကျောက်ထိုင်ခုံများလည်း ရှိနေသောကြောင့် တိတ်ဆိတ်ငြိမ်းချမ်းသည်။
သို့သော် အဆင့်မြင့်ပန်းပင်များဖြင့် ပြည့်နှက်နေသော လုယွီကျိုး၏ခြံဝိုင်းနှင့် မယှဉ်နိုင်ပေ။
တော်ဝင်ကျောင်းတော်၏ မဟာကျောင်းတော်သားများသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် နေထိုင်လာခဲ့ပြီး နက်နဲသောအခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ထားသည်။
ပန်းပင်များနှင့်ဆော့ကစားခြင်းသည် အပျင်းပြေရုံသာဖြစ်သည်။
ကြိုးစားလေ့လာခြင်းထက် ကွန်ဖြူးရှပ်တာအိုကို ကျင့်ကြံခြင်းက ပိုအရေးကြီးသည်။
ကြိုးစား၍ စာလေ့လာခြင်းဖြင့် မဟာကျောင်းတော်သားဖြစ်လာနိုင်သောလူများ သိပ်မရှိပေ။
“ဒါနဲ့ ကျောက်စိမ်းရှားစောင်းပန်းက ပွင့်တော့မယ်”
ယန်ကျန်းချင်က ရိုးရှင်းပြီးကျက်သရေရှိသောဖိတ်စာကို စားပွဲပေါ်တွင် တင်လိုက်သည်။
“ကျောက်စိမ်းရှားစောင်းပင်က သုံးနှစ်၊ ငါးနှစ်လောက်မှာ တစ်ကြိမ်ပဲပွင့်တယ်။ ဒီနှစ်က ပန်းပွင့်မဲ့နှစ်ပဲ”
“လွန်ခဲ့တဲ့နှစ်တစ်ရာကျော်မှာ ကျောက်စိမ်းရှားစောင်းပန်းပွင့်တိုင်း ငါတို့က စာပေဆွေးနွေးပွဲလုပ်ကြတယ်။ လူအိုကြီးလုက နှစ်တစ်ရာလောက် ပျောက်ဆုံးသွားတဲ့အတွက် စာပေဆွေးနွေးပွဲကလည်း ရပ်တန့်သွားတယ်”
ယန်ကျန်းချင်က သက်ပြင်းချသည်။
ဟန်မူယဲ့ကြောင့်သာမဟုတ်လျှင် လုယွီကျိုးက ကြယ်သေများကြားတွင် သေဆုံးသွားလိမ့်မည်။
ကောင်းကင်အဆင့်သို့ ရောက်လာသောအခါတွင် ထာဝရရှင်သန်နိုင်သည်ဟု ထင်ရသော်လည်း လူအများစုသည် နှစ်ပေါင်းဆယ်သန်းထက်ပို၍ အသက်မရှင်နိုင်ကြပေ။
အချိန်များကုန်ဆုံးလာသောအခါတွင် အံ့အားသင့်ဖွယ်များကို ကြုံတွေ့လာရသည်။
အချိန်ကြာမြင့်စွာအသက်ရှင်နိုင်ရန်အတွက် လုံခြုံသောနေရာတစ်ခုကို ရှာဖွေနေသောလူများရှိလျှင် သူတို့က မတော်တဆမှုနှင့် အရင်ဆုံးကြုံတွေ့ရလိမ့်မည်။
လောကသည် အမြဲမပြတ်ပြောင်းလဲနေပြီး မခန့်မှန်းနိုင်ပေ။
“လူအိုကြီးလုပြန်လာပြီး ကျောက်စိမ်းရှားစောင်းပန်းကို သေချာဂရုစိုက်ခဲ့တယ်။ ဒီနှစ်က ပထမဆုံးပန်းပွင့်တာပဲ။ ငါတို့က စာပေဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားတယ်”
“မင်းလည်း လာသင့်တယ်”
“ဒီပွဲမျိုးက ရှားပါးတယ်”
ယန်ကျန်းချင်က ထိုသို့ပြောလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။
အာခီမီကံကြမ္မာစံအိမ်ဖွင့်သောအခါတွင် ကွန်ဖြူးရှပ်ပညာရှင်များ ရောက်လာကြသည်။ သို့သော် နန်းမြို့တော်တွင် ပိုမိုများပြားသော ကွန်ဖြူးရှပ်ပညာရှင်များ ရှိနေသေးသည်။
ကျောင်းတော်သားအများအပြားသည် ဟန်မူယဲ့အကြောင်းကို သိချင်နေကြသည်။
‘ကျောက်စိမ်းရှားစောင်းပန်းနဲ့ စာပေဆွေးနွေးပွဲလား’
ဟန်မူယဲ့က ရှေ့တွင်ရှိသောဖိတ်စာကို ကြည့်သည်။
တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘော၏ အမှတ်အသားကို ရှင်းလင်းစွာမြင်နိုင်သည်။
ထို့အပြင် သူက ကျောက်စိမ်းရှားစောင်းပင်ကို ထုတ်ပေးလိုက်ရသည်။
တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောသည် လူသားလောက၏ နယ်မြေတစ်ခုဖြစ်သည်။
သူက မိသားစုရှိသော ယောင်္ကျားသားတစ်ယောက်ဖြစ်သည်။
“ဂိုဏ်းတူအစ်ကို၊ ဒါက ညီမယွင်ကျင်းယူသွားတဲ့ ကျောက်စိမ်းရှားစောင်းပန်းလား”
ဟန်မူယဲ့၏နောက်မှ မူဝမ်၏အသံ ထွက်လာသည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
“တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောရဲ့ စာပေဆွေးနွေးပွဲလား”
မူဝမ်၏အသံထဲတွင် စပ်စုလိုစိတ်များပါနေသည်။
“အဲဒါဆိုရင် ကျွန်မတို့ သွားကြည့်ကြရအောင်။ တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောက ကမ္ဘာမြေရဲ့သုခဘုံတစ်ခုလို့ ပြောကြတယ်”
ဟန်မူယဲ့က ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။
ယန်ကျန်းချင်က ရယ်သည်။
နောက်ငါးရက်အကြာတွင် ဖိတ်စာရထားသောလူများသာ တက်ရောက်ခွင့်ရှိသည်။
ဟန်မူယဲ့က ဖိတ်စာကို ဖွင့်ကြည့်လိုက်သောအခါတွင် လုယွီကျိုး၏လက်ရေးကို မြင်ရသည်။
ထိုလူအိုကြီးက မကောင်းသောဂုဏ်သတင်းရှိနေသည့်အတွက် ယန်ကျန်းချင်ကို လွှတ်လိုက်ခြင်းဖြစ်လိမ့်မည်။
‘အတွေ့အကြုံပြည့်ဝတဲ့ အကြီးအကဲယန်ကတောင် လုယွီကျိုးဆီကနေ မကောင်းတဲ့အရာတွေ သင်ထားတာလား’
ဇူအော်ယုလုံက ယန်ကျန်းချင်ကို လိုက်ပို့ပြီး လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာပွတ်သပ်နေသည်။
တော်ဝင်ကျောင်းတော်၏ လက်ထောက်ကျောင်းအုပ်သည် သူ့ကို စမ်းသပ်ရန်အတွက် စကားအနည်းငယ်ပြောသွားသည်။
ဆိုင်ထဲတွင် မူဝမ်က ဟန်မူယဲ့ကို ပြုံးပြသည်။
“အစ်ကိုဟန်၊ ကျွန်မ ဘာမှမပြောရင် အစ်ကိုဟန်က မသွားတော့ဘူးလား”
သူမ၏စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ဖြောင့်မတ်စွာခေါင်းညိတ်လိုက်ပြီး ပြောသည်။
“အင်းပေါ့။ ငါ ဟန်မူယဲ့က အဲဒီလူအိုကြီးတွေလိုမျိုး ညအိပ် ...”
သူ့စကားမဆုံးခင် အပြုံးများနှင့်ပြည့်နေသော မူဝမ်၏မျက်လုံးကို မြင်လိုက်ရသည်။
“အစ်ကိုဟန်၊ ကျွန်မက အစ်ကိုဟန်ကို အဲ့ဒီမှာ ညမအိပ်ခိုင်းပါဘူး”
မူဝမ်က အနားကပ်လာပြီး တီးတိုးပြောသည်။
“အစ်ကိုဟန်က လူကြီးလူကောင်းတစ်ယောက်ဆိုတာကို ကျွန်မ သိပါတယ်။ ကျွန်မရဲ့အခန်းထဲမှာတောင် ညမအိပ်ဘူးလေ”
မူဝမ်က ထိုသို့ပြောလိုက်ပြီး ဆေးလုံးသန့်စင်ရန်အတွက် ခြံဝိုင်းထဲသို့ ပြန်သွားသည်။
ဟန်မူယဲ့က မျက်ခမ်းစပ်များတွန့်လျက် ကျန်ရစ်ခဲ့သည်။
ထိုမိန်းကလေးက သူ့ကို တမင်သက်သက် စနောက်သွားခဲ့သည်။
ထိုမိန်းကလေး လတ်တလောတွင် လူကြီးပန်းချီများကိုလေ့လာပြီး ပုံစံအချို့ သင်ယူနိုင်ခဲ့သလား သူသိချင်မိသည်။
....
တိမ်တိုက်အာခီမီဈေး ....
နေ့လယ်ပိုင်းတွင် ဇူအော်ယုလုံက ဆိုင်ကိုစောင့်ကြည့်နေပြီး ဟန်မူယဲ့နှင့်မူဝမ်က အဆီအနှစ်သုံးခုဓားမြက်ပင်ကို ရှာဖွေရန်အတွက် တိမ်တိုက်အာခီမီဈေးသို့ ထွက်လာခဲ့သည်။
ထိုမြင်ပင်သည် အလွန်အဖိုးတန်သည်။
ဆေးဆိုင်အများစုသည် ထိုဆေးပင်ကို မရောင်းပေ။
“အာ၊ ဆိုင်ရှင်မူနဲ့ နတ်မိမယ်မူ”
သူတို့က ဆိုင်တစ်ဆိုင်ထဲမှ ထွက်လာသောအခါတွင် အံ့အားသင့်နေသောအသံတစ်သံ ပေါ်ထွက်လာသည်။
တာအိုတန်ခိုးရှင်ချန်ယွင်က လျင်မြန်စွာရှေ့တက်လာပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
ဟန်မူယဲ့က ပြုံးသည်။
တာအိုတန်ခိုးရှင်ချန်ယွင်သည် တိမ်တိုက်အာခီမီဈေးတွင် နှစ်တစ်ရာခန့် နေထိုင်လာသောကြောင့် ဝိညာဉ်ဆေးပင်ရောင်းသောဈေးဆိုင်များနှင့် ရင်းနှီးသည်။
ဟန်မူယဲ့မေးလိုက်သောအခါတွင် တာအိုတန်ခိုးရှင်ချန်ယွင်က ချက်ချင်းပြန်ဖြေခဲ့သည်။
“အဆီအနှစ်သုံးခုဓားမြက်ပင်လား။ တိမ်တိုက်အာခီမီဈေးမှာ အဲ့ဒီမြက်ပင်ကို တစ်နှစ်ပတ်လုံးရောင်းတဲ့ ဆိုင်သုံးဆိုင်ရှိတယ်”
သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ရှေ့သို့ ညွှန်ပြသည်။
“ဒီနားလေးမှာ တစ်ဆိုင်ရှိတယ်။ ကျွန်တော်က ခေါ်သွားပေးမယ်”
တာအိုတန်ခိုးရှင်ချန်ယွင်က ဟန်မူယဲ့နှင့်မူဝမ်ကို ဆယ်မိုင်အကွာသို့ခေါ်သွားပြီး သုံးထပ်စံအိမ်တစ်အိမ်ကို မြင်လိုက်ရသည်။
“ရှုဟယ်စံအိမ်၊ ဒီစာလုံးတွေထဲမှာ ဓားဆန္ဒပါနေတယ်”
ဟန်မူယဲ့က စာလုံးများကို ကြည့်လိုက်သည်။
စုတ်ချက်တိုင်းသည် ဓားခုတ်ရာနှင့်တူပြီး ပြင်းထန်သောဓားဆန္ဒကို ဖော်ပြနေသည်။
ဓားတာအိုနှင့်ကွန်ဖြူးရှပ်တာအိုကို ပေါင်းစပ်နိုင်သော ကျွမ်းကျင်သူများရှိသော်လည်း သိပ်မများပေ။
“ကုန်းစွန်းရှု၊ အဲဒီ ဓားကျင့်ကြံသူလား”
နန်းမြို့တော်တွင် သူ့ဓားချက်ကို ယှဉ်ပြိုင်နိုင်သောလူ မရှိပေ။
နန်းမြို့တော်၏ နံပတ်တစ်ဓားသမားသည် အလွန်နက်နဲသောအဆင့်သို့ ရောက်ရှိနေသည်ဟု ပြောကြသည်။
တော်ဝင်မိသားစု၏ အစောင့်တပ်ခေါင်းဆောင်ဖြစ်သော ကုန်းစွန်းရှုက ကောင်းကင်အဆင့်မိစ္ဆာ၁၂ယောက်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့သည်။ ထိုဖြစ်ရပ်သည် သူနှင့်ပတ်သတ်၍ နာမည်အကြီးဆုံးဖြစ်သည်။
ကောင်းကင်အဆင့်မိစ္ဆာ၁၂ယောက်၏ခေါင်းများသည် တော်ဝင်မိသားစု၏ လျှို့ဝှက်ဘဏ္ဍာတိုက်ထဲတွင် ရှိနေဆဲဖြစ်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ တော်ဝင်မိသားစုသည် လေးစားမခံရသော်လည်း ကျွမ်းကျင်သူများ ရှိနေသေးသည်။
ကုန်းစွန်းရှုသည် တော်ဝင်မိသားစု၏ ကျွမ်းကျင်သူများထဲမှ တစ်ယောက်ဖြစ်သည်။
“ရှုဟယ်စံအိမ်ရဲ့နောက်ခံက တော်ဝင်မိသားစုပဲ။ ဒီစံအိမ်မှာရောင်းချတဲ့ ဆေးလုံးနဲ့ ဝိညာဉ်ဆေးပင်တွေက ဓားကျင့်ကြံသူတွေနဲ့ အများဆုံးပတ်သတ်နေတယ်”
တာအိုတန်ခိုးရှင်ချန်ယွင်က တီးတိုးပြောသည်။
“ရှုဟယ်စံအိမ်ရဲ့ပိုင်ရှင်က ဓားတစ်လက်နဲ့ကျော်ကြားလာတဲ့ သခင်ယွင်မင်လို့ ပြောကြတယ်။ သူက တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ပြီး ယုံဟယ်ဒေသကို လွှမ်းမိုးထားတယ်”
ယုံဟယ်ဒေသ၏ သခင်ယွင်မင်သည် တော်ဝင်မိသားစု၏ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး မိသားစုထောက်တိုင်လည်း ဖြစ်သည်။
ထိုလူသည် လွန်ခဲ့သောနှစ်တစ်သောင်းတွင် ကျော်ကြားလာခဲ့သည်။ သူက ဓားဘုရင်ယွမ်ထျန်းနှင့် တိုက်ခိုက်ခဲ့သည်ဟုပင် ပြောကြသည်။
ကုန်းစွန်းရှုက ယုံဟယ်ဒေသတွင် ဓားတာအိုကို သင်ယူခဲ့သည်။
ဤနေရာသည် နန်းမြို့တော်ဖြစ်သည်။
နောက်ကွယ်တွင် မရေမတွက်နိုင်လောက်သော ကျွမ်းကျင်သူများရှိနေသည်။
ပုံပြင်များထဲမှလူများသည် ဘေးတွင် ရှိနေနိုင်သည်။
ရှုဟယ်စံအိမ်၏ဝန်ထမ်းများသည် တခြားဆိုင်များနှင့် ကွဲပြားစွာ ဝတ်ဆင်ထားသည်။ သူတို့က သိုင်းဝတ်စုံများကို ဝတ်ထားပြီး လူတချို့၏ခါးတွင် ဓားများကိုပင် ချိတ်ဆွဲထားသည်။
သမင်ဖြူတောင်တန်းကျောင်းတော်၏ ဓားသယ်ထားသောကျောင်းတော်သားများသည် နေရာအနှံ့တွင် ရှိနေသော်လည်း ကွန်ဖြူးရှပ်တာအို၏အခြေခံအုတ်မြစ်ဖြစ်သော နန်းမြို့တော်တွင် ဓားသယ်ထားသောကျောင်းတော်သားများ သိပ်မရှိပေ။