← Chapters

အခန်း (၄၉၀)

Vol. 35 Ch. 490

အခန်း (၄၉၀)

Vol. 35 Ch. 490

တော်ဝင်ကျောင်းတော်တွင် များသောအားဖြင့် အင်္ကျီလက်ပွဝတ်စုံများသာ ရှိသည်။

ဓားသယ်ထားသောကျောင်းတော်သားနှင့် ကျောင်းတော်သားဝတ်စုံကိုဝတ်ဆင်ထားသော ကျောင်းတော်သားတို့သည် မတူညီပေ။

သမင်ဖြူတောင်တန်းကျောင်းတော်၏ အယူအဆသည် လက်တွေ့ဆန်သည်။

‘ငါက ဒေသတစ်ခုကိုအုပ်စိုးပြီး လောကကို ငြိမ်းချမ်းစေဖို့အတွက် စာလေ့လာတယ်’

ကွန်ဖြူးရှပ်တာအို၏ မြင့်မြတ်နယ်မြေဖြစ်သော တော်ဝင်ကျောင်းတော်မှ ကျောင်းသားများသည် စည်းကမ်းလိုက်နာပြီး အာဏာကို တန်ဖိုးမထားပေ။

သူတို့၏အမြင်တွင် ကွန်ဖြူးရှပ်တာအိုသည် လူသားလောကနှင့် တခြားလမ်းစဉ်များအားလုံး၏အထက်တွင် ရှိနေသည်။

သမင်ဖြူတောင်တန်းကျောင်းတော်၏အယူအဆသည် နန်းမြို့တော်တွင် သက်ရောက်မှုမရှိသေးပေ။ အလယ်ပိုင်းကုန်းမြေ၏ တခြားဒေသများတွင်သာ သက်ရောက်မှုရှိသည်။

နန်းမြို့တော်တွင် ဓားသယ်ထားသောကျောင်းတော်သားများ ရှိနေသော်လည်း သိပ်မများပေ။

တာအိုတန်ခိုးရှင်ချန်ယွင်က ဟန်မူယဲ့နှင့်မူဝမ်ကို ဆိုင်ထဲသို့ ခေါ်သွားလိုက်သည်။ ဆိုင်ထဲတွင် ဆေးလုံးနှင့် ဝိညာဉ်ဆေးပင်များသည် များသောအားဖြင့် ဓားကျင့်ကြံခြင်းနှင့်ပတ်သတ်နေသည်။

ထို့ကြောင့် မူဝမ်က အတော်လေး ပျော်ရွှင်သွားသည်။

“အစ်ကိုဟန်က ဓားတာအိုကို ကျင့်ကြံတာဆိုတော့ ဒီမှာ အသုံးဝင်တဲ့ဆေးလုံးရှိလား”

မူဝမ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာမေးသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အာခီမီလမ်းစဉ်သည် မပြည့်စုံပေ။ ဓားကျင့်ကြံသူများအတွက် ကျင့်ကြံဆင့်နှင့်နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သောဆေးလုံးများသည် အလွန်ရှားပါးသည်။

‘သူက ဓားတာအိုကိုလည်း ကျင့်ကြံတာလား’

တာအိုတန်ခိုးရှင်ချန်ယွင်က ထိတ်လန့်သွားသည်။

သူက ဟန်မူယဲ့၏ အာခီမီကျွမ်းကျင်မှုကို သိထားသည်။ စကားလုံးအနည်းငယ်ဖြင့် သူက ဉာဏ်အလင်းရသွားခဲ့သည်။

အာခီမီကံကြမ္မာစံအိမ်ဖွင့်ပွဲနေ့တွင် အာခီမီဌာန၏ခေါင်းဆောင် ဆရာသခင်ချင်စုယန်က ကိုယ်တိုင်ရောက်လာခဲ့သည်။ လေးစားခံရသော ဆရာသခင်ချင်ဝူယွမ်ကလည်း ဟန်မူယဲ့ကို တပည့်တစ်ယောက်အနေဖြင့် ဦးညွှတ်ခဲ့သည်။

လောကတွင်ဖြန့်ဖြူးလိုက်သော ဆေးလုံးသန့်စင်ခြင်းနည်းစနစ်အသစ်၏ နာမည်သည် အာခီမီကံကြမ္မာစံအိမ်၏ ဆေးလုံးပြောင်းလဲခြင်းနည်းစနစ်ဖြစ်သည်။

ဈေးတွင်ရှိသောလူအများသည် အာခီမီကံကြမ္မာစံအိမ်၏တည်နေရာကို မေးနေကြသည်။

သို့သော် တာအိုတန်ခိုးရှင်ချန်ယွင်က အာခီမီကံကြမ္မာစံအိမ်ကို သိထားသည်။

သူ့ရှေ့တွင်ရှိနေသောလူနှစ်ယောက်သည် ထိုစံအိမ်၏ပိုင်ရှင်ဖြစ်သည်။

ထို့အပြင် ဆိုင်ရှင်မူသည် အာခီမီဆရာသခင်တစ်ယောက်တင်မကဘဲ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦးလည်း ဖြစ်နေသည်။

အင်မော်တယ်လရေကန်တွင် တာအိုတန်ခိုးရှင်ချန်ယွင်က ကိုယ်တိုင်မြင်ခဲ့ရသည်။

ထိုနည်းလမ်းမျိုးကို ထုတ်သုံးနိုင်သောကြောင့် သူက ကွန်ဖြူးရှပ်တာအို၏အထွတ်အထိပ်တွင် ရှိနေလိမ့်မည်။

‘အာခီမီနဲ့ ကွန်ဖြူးရှပ်တာအိုအပြင် ဓားတာအိုမှာလည်း ကျွမ်းကျင်တာလား’

ဟန်မူယဲ့က စင်ပေါ်တွင်ရှိသောဆေးလုံးများကို ကြည့်လိုက်ပြီး ခေါင်းခါသည်။

“ဒီဆေးလုံးတွေက ငါ့အတွက် အသုံးမဝင်ဘူး၊ ဒါပေမဲ့ သူတို့က ....”

ဟန်မူယဲ့၏စကားမဆုံးခင် အဖြူရောင်ပိုးထည်ကို ဝတ်ထားပြီး ရွှေသရဖူဆောင်းထားသော လူငယ်တစ်ယောက်က လှည့်ကြည့်သည်။

“ဒီဆေးလုံးတွေက အသုံးမဝင်ဘူးတဲ့လား”

လူငယ်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး လှောင်ပြောင်သည်။

“ရှုဟယ်စံအိမ်ရဲ့ဆေးလုံးတွေက အသုံးမဝင်ဘူးဆိုတာကို တစ်ခါမှမကြားဖူးဘူး”

“ဝယ်ဖို့မတတ်နိုင်လို့ပဲနေမှာပေါ့”

လူငယ်၏အသံက ညင်သာမှုမရှိသောကြောင့် ပတ်ဝန်းကျင်တွင်ရှိသောလူများကို ဆွဲဆောင်လိုက်သည်။

ရှုဟယ်စံအိမ်သည် နန်းမြို့တော်တွင် ဓားကျင့်ကြံသူများနှင့်ပတ်သတ်သော ဆေးလုံးများကိုရောင်းချပေးသည့် နေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

ဤနေရာတွင်ရှိသော လူအများစုသည် ဓားကျင့်ကြံသူများဖြစ်ကြသည်။

လူငယ်၏စကားကို ကြားလိုက်ရသောအခါတွင် လူတချို့က ပြုံးလိုက်ပြီး လူတချို့က မျက်မှောင်ကြုတ်သည်။

ဟန်မူယဲ့ကိုလှောင်ပြောင်နေသောအခါတွင် မူဝမ်၏မျက်နှာထားက တင်းမာသွားသည်။ သူမက အေးစက်စွာပြောသည်။

“ငါ့ဂိုဏ်းတူအစ်ကိုရဲ့ ဓားတာအိုကျင့်ကြံခြင်းအရဆိုရင် ဒီဆေးလုံးတွေက သူ့အတွက် ဘာမှမဟုတ်ဘူး”

သူမ၏အကျင့်စရိုက်သည် သိမ်မွေ့သော်လည်း အားနည်းသူမဟုတ်ပေ။

ထို့အပြင် လူတစ်ယောက်က သူမ၏အစ်ကိုဟန်ကို မလေးမစားပြောနေသည်။

အစ်ကိုဟန်သည် သူမ၏ ဂုဏ်သိက္ခာဖြစ်သည်။

မူဝမ်၏စကားကို ကြားလိုက်ရသောအခါတွင် လူများက ဟန်မူယဲ့ကို ကြည့်သည်။

သို့သော် အစိမ်းရောင်ဝတ်စုံဝတ်ထားသော ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူတစ်ဦးနှင့်မတူသလို ဓားကျင့်ကြံသူတစ်ဦးနှင့်လည်း မတူပေ။

သူက ကျင့်ကြံသူတစ်ယောက်နှင့်ပင် မတူချေ။

‘အခြေခံကို ပြန်သွားတာလား’

သူတို့ တွေးမိသည်။

‘ဟာသပဲ။ လောကမှာ အခြေခံကိုပြန်သွားနိုင်တဲ့ကျွမ်းကျင်သူတွေ ဘယ်နှယောက်များရှိလို့လဲ’

‘သူက ငယ်ရွယ်ပြီး ဘေးမှာ အမျိုးသမီးကျင့်ကြံသူတစ်ဦးတောင် ရှိနေသေးတယ်’

သဘောကောင်းသော တော်ဝင်ကျောင်းတော်၏ကျောင်းတော်သားများကသာ မူလသို့ပြန်သွားသောအခြေအနေတွင် ရှိနေသည်။

“ကောင်မလေး၊ ရှုဟယ်စံအိမ်မှာရောင်းတဲ့ ဓားကျင့်ကြံသူဆေးလုံးတွေက နန်းမြို့တော်မှာ ပြိုင်ဘက်မရှိဘူး။ ဒီဆေးလုံးတွေကို မလိုအပ်တဲ့ ဓားကျင့်ကြံသူမျိုး ဘယ်မှာရှိလို့လဲ”

မုတ်ဆိတ်ဖြူလူအိုကြီးတစ်ယောက်က ခပ်ဟဟရယ်သည်။

“ဟုတ်တယ်။ သူက ရှုဟယ်စံအိမ်ရဲ့ဆေးလုံးတွေကို သုံးဖို့မလိုဘူးဆိုရင် ဓားတာအိုရဲ့အထွတ်အထိပ်မှာ ရှိနေလို့ပဲဖြစ်ရမယ်”

နောက်ကျောတွင် ဓားလွယ်ထားသည့် အရပ်ရှည်သော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်က လေးနက်စွာပြောသည်။

ထိုလူများသည် ရှုဟယ်စံအိမ်ဘက်မှ ဝင်ပြောခဲ့သည်။

နန်းမြို့တော်တွင် ဓားကျင့်ကြံသူများသည် အုပ်စုဖွဲ့နေကြသည်။ ရှုဟယ်စံအိမ်သည် ဓားကျင့်ကြံသူများလိုအပ်သော ဆေးလုံးများကို ရောင်းချပေးသည့်အပြင် မဟာဓားကျင့်ကြံသူများ၏ ထောက်ပံ့မှုကိုလည်း ရထားသည်။

ဓားကျင့်ကြံသူများအတွက် လိုအပ်သောဆေးလုံးများကို အထူးပြုရောင်းချပေးသည့် ရှုဟယ်စံအိမ်နှင့် တခြားဆေးဆိုင်များသည် ဓားကျင့်ကြံသူများ၏ ဂုဏ်သိက္ခာဖြစ်သည်ဟု ပြောနိုင်သည်။

မူဝမ်က တုံ့ပြန်မှုအများအပြားနှင့် ကြုံတွေ့ရလိမ့်မည်ဟု မျှော်လင့်မထားပေ။ သူမက စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က သူမ၏ပခုံးကို ညင်သာစွာပုတ်လိုက်သည်။

“ဂိုဏ်းတူညီမ၊ ငါတို့က ဒီမှာ ဝိညာဉ်ဆေးပင်လာရှာတာလေ။ ဆေးလုံးတွေက ငါတို့နဲ့ ဘာမှမဆိုင်ပါဘူး”

သာမန်ဓားကျင့်ကြံသူတစ်ဦးဆိုလျှင် အဖတ်ဆယ်ရန်အတွက် ပြန်လည်တုံ့ပြန်လိမ့်မည်။

သို့သော် ဟန်မူယဲ့၏ ဓားကျင့်ကြံခြင်းသည် ထိုအဆင့်ကို ကျော်လွန်သွားပြီဖြစ်သည်။

သူက ဓားတာအိုကို နားလည်ထားပြီး ပျက်စီးသွားမည်မဟုတ်ပေ။

သူက ခွန်အားနှင့် ညင်သာမှုကို ပေါင်းစပ်ထားသည်။

ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် ပတ်ဝန်းကျင်ရှိလူများက အာရုံမစိုက်တော့ဘဲ လူစုခွဲသွားသည်။

စကားပြောလိုက်သောလူငယ်က ဟန်မူယဲ့ကို ထပ်ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။

ဘေးတွင်ရပ်နေသော တာအိုတန်ခိုးရှင်ချန်ယွင်က ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

ထိုကျင့်ကြံသူကြီး၏ သည်းခံနိုင်စွမ်းကို ခန့်မှန်းကြည့်ရန် ခက်ခဲသည်။

သူ့အမြင်တွင် ဟန်မူယဲ့၏နာမည်၊ အာခီမီနှင့် ကွန်ဖြူးရှပ်တာအို၏ ကျင့်ကြံခြင်းတို့ကြောင့် ခွန်အားထုတ်ပြလိုက်လျှင် ရှုဟယ်စံအိမ်ကိုစောင့်ကြပ်နေသော ကျင့်ကြံသူများသည် သေချာပေါက် ကြိုဆိုလိမ့်မည်။

‘သူက အဲဒီအရာတွေကို ဂရုမစိုက်တော့တာလား’

သူက တွေးမိသည်။

‘သူက စော်ကားခံရတယ်လို့ မထင်ဘူးလား’

“ငါတို့က အဆီအနှစ်သုံးခုဓားမြက်ပင်ကို ဝယ်ချင်တယ်”

ဟန်မူယဲ့က ဆိုင်ဝန်ထမ်းကို ပြောသည်။

အဆီအနှစ်သုံးခုဓားမြက်ပင်သည် အဖိုးတန်သော ဝိညာဉ်ဆေးပင်ဖြစ်သည်။

ဟန်မူယဲ့က ဝိညာဉ်ဆေးပင်ကိုလိုချင်ကြောင်း ကြားလိုက်ရသောအခါတွင် ဆိုင်ဝန်ထမ်းက လျင်မြန်စွာဦးညွှတ်လိုက်ပြီး ခဏစောင့်ပေးရန် ပြောသည်။ ထို့နောက် သူက ဝိညာဉ်ဆေးပင်များအား တာဝန်ယူထားသောလူကို သွားရှာသည်။

ခဏအကြာတွင် အစိမ်းရောင်ဝတ်စုံနှင့် အရပ်ပုသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ရောက်လာခဲ့သည်။

“ကျွန်တော်က ရှုဟယ်စံအိမ်ရဲ့ ကုန်းစွန်းမူဟယ်ပါ။ တာအိုရောင်းရင်းတို့က အဆီအနှစ်သုံးခုဓားမြက်ပင်ကို ရှာနေတာလား။ ကိုယ်တိုင်အသုံးပြုဖို့အတွက်လား ဒါမှမဟုတ် ဆေးလုံးသန့်စင်ဖို့လား”

ထိုလူက လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

သူက ဟန်မူယဲ့တို့ကိုကြည့်လိုက်ပြီး မူဝမ်ကို အနည်းငယ်ပိုကြည့်သည်။

မူဝမ်၏ခန္ဓာကိုယ်ပေါ်တွင် သိပ်သည်းသော ဆေးလုံးအငွေ့အသက်များ ရှိနေသည်။

သူမသည် ကောင်းမွန်သောအာခီမီကျင့်ကြံခြင်းနှင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

“ဆေးလုံးသန့်စင်ဖို့ပါ”

ဟန်မူယဲ့က ပြောလိုက်သည်။

ကုန်းစွန်းမူဟယ်က ပြုံးလိုက်ပြီး လက်မြှောက်လျက် ပြောသည်။

“ကျွန်တော်တို့ဆီမှာ အလင်းဓားဆေးလုံးနဲ့ ဓားချိပ်စည်းဆေးလုံးတွေလည်း ရောင်းပါတယ်။ အဲ့ဒီဆေးလုံးတွေကို ဝိညာဉ်သူငယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေက သန့်စင်ထားပြီး အရည်အသွေးကောင်းပါတယ်”

ကုန်းစွန်းမူဟယ်က စီးပွားရေးသမားတစ်ယောက်ပင်ဖြစ်သည်။

အဆီအနှစ်သုံးခုဓားမြက်ပင်၏ဈေးနှုန်းသည် ဆေးလုံးနှင့် မယှဉ်နိုင်ပေ။

“အလင်းဓားဆေးလုံးရဲ့ဈေးနှုန်းကို သိခွင့်ရှိမလား”

ဟန်မူယဲ့က မေးသည်။

ကုန်းစွန်းမူဟယ်က လက်ငါးချောင်းဖြန့်ပြသည်။

ဝိညာဉ်ကျောက်တုံး ငါးသန်းဖြစ်သည်။

ထိုဈေးနှုန်းသည် ဟန်မူယဲ့၏ဈေးနှုန်းထက် နှစ်ဆပိုများသည်။

သို့သော် တခြားလူများအတွက် ထိုဈေးနှုန်းသည် သင့်တော်သည်။

အလင်းဓားဆေးလုံးသန့်စင်ရန်အတွက် ဝိညာဉ်ဆေးပင်တစ်စုံစာကို ဝိညာဉ်ကျောက်တုံးတစ်သန်းကျော် ကုန်ကျသည်။

ဆေးလုံး၏တန်ဖိုးကို ဝိညာဉ်ကျောက်တုံး လေးသန်း၊ ငါးသန်းခန့်အထိ တင်မထားလျှင် ရှုဟယ်စံအိမ်က ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။

အာခီမီကံကြမ္မာစံအိမ်သည် ဆိုင်အသေးဖြစ်ပြီး ကုန်ကျစရိတ်များ သိပ်မရှိပေ။

ထို့အပြင် သူက ဆေးလုံးသန့်စင်ရာတွင် ကျွမ်းကျင်သောကြောင့် ဆေးပင်တစ်စုံစာဖြင့် ဆေးလုံးနှစ်လုံးကို မကြာခဏ သန့်စင်နိုင်သည်။

သာမန်အာခီမီပညာရှင်များအတွက် ဆေးပင်တစ်စုံစာတွင် ဆေးလုံးတစ်လုံးဖြစ်ပေါ်ရန် မသေချာပေ။

“ဝိညာဉ်ဆေးပင်ကိုပဲ ယူလိုက်ပါမယ်။ အဆီအနှစ်သုံးခုဓားမြက်ပင် သုံးပင်ပေးပါ။ ဖြစ်နိုင်ရင် အလင်းဓားဆေးလုံးအတွက် လိုအပ်တဲ့ဝိညာဉ်ဆေးပင်တွေကိုလည်း ဝယ်ပါမယ်”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ပြောသည်။

သူ့စကားများကြောင့် ကုန်းစွန်းမူဟယ်က အနည်းငယ်စိတ်ပျက်သွားသည်။

သို့သော် သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဟန်မူယဲ့တို့အား ဆိုင်ထဲတွင် အဖော်ပြုပေးရန် ဆိုင်ဝန်ထမ်းတစ်ယောက်ကို စေခိုင်းလိုက်သည်။ သူက ဝိညာဉ်ဆေးပင်များကို သွားယူသည်။

ဟန်မူယဲ့က ပထမထပ်တွင်ရှိသော ဆေးလုံးများကို ကြည့်ခဲ့သည်။ ထို့နောက် ဆိုင်ဝန်ထမ်းက သူတို့ကို ဒုတိယထပ်သို့ ခေါ်သွားသည်။

တာအိုတန်ခိုးရှင်ချန်ယွင်က နောက်မှလိုက်လာသည်။

ဟန်မူယဲ့ကြောင့်သာမဟုတ်လျှင် သူက ဒုတိယထပ်သို့ တက်နိုင်မည်မဟုတ်ပေ။

ရှုဟယ်စံအိမ်၏ဧည့်သည်များသည် ဓားကျင့်ကြံသူများ ဖြစ်ကြသည်။ ရောင်းချသောဆေးလုံးများကလည်း ဓားတာအိုနှင့် ပတ်သတ်နေသည်။

ဒုတိယထပ်သည်ကျယ်ဝန်းပြီး ကျင့်ကြံသူများ ပိုရှိသည်။

သစ်သားစင်များပေါ်တွင် အဆင့်မြင့်ဆေးလုံးများကို တင်ထားသည်။

ဟန်မူယဲ့က ဆဌမအဆင့်ဆေးလုံးများကို မြင်ခဲ့ရသည်။

ဟန်မူယဲ့ကိုအဖော်ပြုနေသော လူငယ်ဆိုင်ဝန်ထမ်းက ဆေးလုံးများကို မိတ်ဆက်ပေးပြီး ဟန်မူယဲ့၏မျက်နှာထားကို မကြာခဏ အကဲခတ်နေသည်။

‘ရှုဟယ်စံအိမ်ရဲ့ဆေးလုံးတွေက သူ့အတွက်အသုံးမဝင်ဘူးလို့ မပြောခဲ့ဘူးလား။ အခု မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတယ်လို့ မခံစားရဘူးလား’

သူတို့က ရှေ့တွင် ဆူညံသံများကို ကြားလိုက်ရသည်။

ဓားကျင့်ကြံသူအများအပြား စုဝေးနေပြီး ရှေ့ဆုံးတွင် ဝတ်ရုံရှည်နှင့် လူအိုကြီးတစ်ယောက် ရှိနေသည်။

“တာအိုရောင်းရင်း၊ မင်းပြောတဲ့ဆေးလုံးတွေက ဒီလောကမှာ မရှိနိုင်ဘူး။ ငါတို့ရှုဟယ်စံအိမ်မှာလည်း မရှိဘူး”

လူအိုကြီးက ခေါင်းခါလိုက်ပြီး ပြောသည်။

“ဆေးလုံးတာအိုက ဆေးလုံးတာအိုပဲ။ ဓားတာအိုအတွက် အထောက်အပံ့တစ်ခုပဲ။ ဓားတာအိုအတွက် လက်နက်တစ်ခု မဖြစ်နိုင်ဘူး”

“ဆေးလုံးတစ်လုံးက ဘယ်လိုလုပ်ပြီး ဓားအဖြစ် ပြောင်းနိုင်မှာလဲ”

‘ဓားဆေးလုံးလား’

ဟန်မူယဲ့က မျက်လုံးများတောက်ပသွားပြီး လူအိုကြီး၏ရှေ့တွင်ရပ်နေသော ဓားကျင့်ကြံသူကို ကြည့်သည်။

ဓားကျင့်ကြံသူက လက်ထဲတွင် သစ်သားသေတ္တာတစ်လုံးကို ကိုင်ထားသည်။

သစ်သားသေတ္တာထဲတွင် အင်းကွက်များနှင့် ဆေးလုံးသုံးလုံးရှိသည်။

ဓားဆေးလုံးများဖြစ်သည်။

All Chapters