စိတ်ဓာတ်ကျခဲ့ကြသောစန့်ချင်အဆက်အနွယ်များ
Vol. 79 Ch. 1110
အခန်း (၁၁၁၀) စိတ်ဓာတ်ကျခဲ့ကြသောစန့်ချင်အဆက်အနွယ်များ
နှစ်ပေါင်းများစွာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် တိချင်းလျန်၏ အကြွင်းအကျန်ဓားဝိညာဉ်က တန့်ရှတောင်ထွတ်ထက်တွင် တည်ရှိနေဆဲ ဖြစ်သည်။
ရည်ရွယ်ချက်ကောင်းရှိသူများက ထိုနေရာကို ထိန်းသိမ်းစောင့်ရှောက်ထားသည့်တိုင် ဓားဝိညာဉ်ထဲတွင်ပါရှိသည့် တန်ခိုးစွမ်းအားကို ခွဲခြမ်းစိတ်ဖြာရန်မှာ အလွန်ခက်ခဲသည့်အရာတစ်ခု ဖြစ်နေဆဲပင်။
ဤ ဓားဝိညာဉ်ကို နားလည်သဘောပေါက်ရန်မှာ သိုင်းတာအိုတွင် ထူးချွန်ထက်မြက်ရုံသာမက ဓားသိုင်းလမ်းစဉ်တွင်လည်း နားလည်နိုင်စွမ်းရှိရန် လိုအပ်သည်။ သို့မှသာ ရလဒ်အနေဖြင့် အမျိုးမျိုးသော အကျိုးကျေးဇူးများကို ခံစားနိုင်ပေမည်။
ရန်ကျောက်ကဲက တန်းရှတောင်ထွတ်မှ တာအိုတရားကိုနားလည်ရန်အတွက် ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ခန့်မှန်းထားသည်ထက် အချိန်အနည်းငယ်သာသုံးစွဲခဲ့သည်မှာ ထင်ရှားသည်။
ဤ ထိပ်တန်းအဆင့် ဓားသိုင်းကျင့်ကြံသူနှစ်ယောက်မှာ ရန်ကျောက်ကဲကို အထင်မကြီးဘဲ မနေနိုင်တော့ပေ။
ညီအစ်ကိုနှစ်ယောက် တအံ့တကြဖြစ်နေသည်ကို ရန်ကျောက်ကဲကတော့ သိရှိခြင်းမရှိဘဲ သူ၏ကြိုးစားမှုရလဒ်များကိုတွေးတောရင်း တောင်ပေါ်မှ ဆင်းလာခဲ့သည်။
“နတ်ဘုရားသုတ်သင်ဓားသိုင်းအပေါ် အဘွားရဲ့နားလည်သဘောပေါက်မှုက တကယ် ထူးချွန်လွန်တးယ် ၊ ထပ်ခါထပ်ခါ ပြန်သုံးသပ်လေ ဓားသိုင်းအယူအဆအမျိုးမျိုးကို တွေ့ရှိနိုင်လေပဲ”
ရန်ကျောက်ကဲ ချီးကျူးစကားဆိုလိုက်မိသည်။
“သာမန်ဓားကွက်တစ်ကွက်ကတောင် စစ်မှန်တဲ့ တန်ခိုးစွမ်းအား ၊ အချိန်နဲ့နေရာ ပြောင်းလဲခြင်းတွေကို ပြသနိုင်တယ် ၊ တကယ့်ကို ထူးထူးခြားခြားပါပဲ”
တောင်ပေါ်မှဆင်းလာပြီး ဓားသွားရေကန်သို့ ပြန်ရောက်လာတော့ ရန်ကျောက်ကဲက သူ ချထားခဲ့သော ဓားရှည်များကို ပြန်လည်ရယူလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက ‘အစိမ်းရောင်ချောက်နက်’ ဓားကို ပြန်လည်ယူဆောင်ခြင်း မပြုတော့ဘဲ ထိုနေရာတွင် ထားရစ်ခဲ့သည်။
ရန်ကျောက်ကဲ ကျင့်စဉ်လမ်း စတင်လျှောက်လှမ်းစဉ်က ‘ကျောက်စိမ်းနဂါးဓား’ ကို ကိုင်ဆောင်ခဲ့သည်။ ထို့နောက် သူ၏ဂိုဏ်းတူညီလေး ‘ယင်လုန်ထူ’ အား ထိုဓားကို လက်ဆောင်ပေးလိုက်သည်။
ဟန်လုန်အာ သိုင်းသူတော်စင်တစ်ယောက်ဖြစ်လာပြီးနောက် ကျောက်စိမ်းနဂါးဓားကဲ့သို့ မှော်ဝင်ဓားတစ်လက်ကို အသုံးပြုခြင်း မရှိတော့ပေ။ သို့သော် သူက ထိုဓားကို ထာဝရတန်ဖိုးထားခဲ့သည်။
ယခု အခြားလက်နက်များကို အသုံးပြုနေသည့်တိုင် ရန်ကျောက်ကဲ သူ့အားလက်ဆောင်ပေးခဲ့သော ထို ‘ကျောက်စိမ်းနဂါးဓား’ အား ကိုယ်နှင့်မကွာ အမြဲဆောင်ထားလေ့ရှိ၏။
ကျောက်စိမ်းနဂါးဓားပြီးသည့်နောက် ရန်ကျောက်ကဲ အသုံးပြုသည့်ဓားမှာ သူ၏ ဆရာဘိုးဘိုး ယွမ်ကျန်းဖုန်းကိုယ်တိုင် ပြုလုပ်ပေးသည့် မှော်ဝင်ပစ္စည်းဖြစ်သော ‘အစိမ်းရောင်ချောက်နက်ဓား’ ကို အသုံးပြုခဲ့သည်။
သူ သိုင်းသူတော်စင်အဆင့်သို့တက်ရောက်ပြီးနောက် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို အသုံးပြုသည့်တိုင် ထို ‘အစိမ်းရောင်ချောက်နက်ဓား’ ကတော့ သူနှင့်အတူ ရှိနေစမြဲပင်။
အစိမ်းရင့်ရောင်ဝါးကိုင်းကိုသန့်စင်ရန်အတွက် မရေမတွက်နိုင်သော အဆင့်မြင့်မှော်ဝင်ပစ္စည်းများနှင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို အသုံးပြုခဲ့သည့်တိုင် အစိမ်းရောင်ချောက်နက်ဓားကိုတော့ အမြဲတမ်း သိမ်းဆည်းထားခဲ့သည်။
အနာဂတ်တွင် လိုအပ်ပါက ‘ယင်စွမ်းအားအလင်းဓားစည်းတံဆိပ်’ ၊ ‘တိမ်လွှာအလင်းဓား’ သာမက မိစ္ဆာဓားတောင်းတျဲကိုပါ မီးပြင်းဖိုထဲ မီးရှို့ပစ်ရမည်ဆိုလျှင် ရန်ကျောက်ကဲအနေဖြင့် နောင်တရမည် မဟုတ်ပေ။
သို့သော် ‘အစိမ်းရောင်ချောက်နက်ဓား’ ကတော့ ‘ကျောက်စိမ်းနဂါးဓား’ ကဲ့သို့ပင် မတူခြားနားသော အဓိပ္ပါယ်တစ်ခု ရှိသည်။
သူ့အရှေ့မှ အဖြူရောင်ကြာပန်းများစွာ ပွင့်လန်းနေသောရေကန်ကိုကြည့်ရင်း ရန်ကျောက်ကဲက ရေကန်နက်ရှိုင်းရာတွင် ‘အစိမ်းရောင်ချောက်နက်ဓား’ ကို ချန်ထားရစ်ခဲ့သည်။
“အရင်တုန်းက အဘွားက ‘ဓားသိုင်းတိုင်းတာသူ’ ဆိုတဲ့ဘွဲ့ကို ပိုင်ဆိုင်ခဲ့တယ် ၊ ဒါပေမဲ့ ကျွန်တော်ဆိုရင် အဘွားရဲ့စစ်ဆေးမှုကို အောင်မြင်မလား ကျရှုံးမလားဆိုတာ မခန့်မှန်းနိုင်ပါဘူး”
ရန်ကျောက်ကဲ သက်ပြင်းချရင်း ကြာကန်ဆီသို့ ဦးညွှတ်လိုက်သည်။
“ကျွန်တော်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို မကြာခဏရောက်ဖြစ်မှာမဟုတ်ဘူး ၊ ဒါကြောင့် ‘အစိမ်းရောင်ချောက်နက်ဓား’ ကို ထားရစ်ခဲ့ပါ့မယ်”
တောင်ပေါ်မှ ရန်ကျောက်ကဲဆင်းသက်လာသည်ကို ကောင်းရွှယ်ပေါ်၏ အဆက်အနွယ် တပည့်များက စောင့်မျှော်နေကြသည်။
ရန်ကျောက်ကဲ ဆင်းလာသည်ကိုတွေ့တော့ ရှောက်ပိုင်တောင်ထွတ်မှ တပည့်များအားလုံး အံ့အားသင့်သွားကြပြီး အချိန်အတော်ကြာ မှင်တက်နေမိကြသည်။
ရန်ကျောက်ကဲ တောင်အောက်ဆင်းလာပါက စောင့်ဆိုင်းကြိုဆိုနေရန် ဆရာဖြစ်သူက သူတို့ကို အမိန့်ပေးထားသည်။
ရန်ကျောက်ကဲ တောင်ပေါ်တွင် ကျင့်ကြံနေသည်ကို အနှောက်အယှက်မပေးရန်လည်း သူတို့အကြီးအကဲများက အရိပ်အမြွက် သတိပေးထားသည်။
တန့်ရှတောင်ထွတ်တွင် လူသူ မနေထိုင်သည်မှာ အချိန်ကြာမြင့်ပြီဖြစ်သော်လည်း ဤနေရာက မည်သည့်နေရာဖြစ်ကြောင်း စန့်ချင်အဆက်အနွယ် တပည့်များအားလုံး သိရှိကြသည်။
သူတို့သိသလောက် ဓားဧကရီ နေထိုင်ရာနေရာတွင် ကျင့်ကြံမည်ဆိုလျှင် လပိုင်း ၊ နှစ်ပိုင်းမျှ ကြာမြင့်သည်မှာ ပုံမှန် ဖြစ်၏။
ယခုကဲ့သို့ ရန်ကျောက်ကဲက ရက်အနည်းငယ်အတွင်း ပြန်လည်ဆင်းသက်လာမည်ဟု မည်သူထင်မှတ်ပါမည်နည်း။
ရန်ကျောက်ကဲမဟုတ်ဘဲ အခြားသူတစ်ယောက်ဆိုပါက တန်းရှတောင်ထွတ်မှ ဓားသိုင်းပညာကို နားမလည်သဖြင့် တောင်ပေါ်မှ အမြန်ပြန်ဆင်းလာသည်ဟု ရှောက်ပိုင်တောင်ထွတ်မှ သိုင်းကျင့်ကြံသူများ သံသယဝင်မိကြပေလိမ့်မည်။
သို့သော် ချင်းဖိန်တောင် ၊ ရှောက်ပိုင်တောင်ထွတ်မှ စန့်ချင်အဆက်အနွယ်များကတော့ ဤနေရာတွင် ရန်ကျောက်ကဲအား လာရောက်စောင့်ကြိုရန် ညွှတ်ကြားချက်ရရှိထားသည်ဖြစ်ရာအခြေအနေကို နားလည်သဘောပေါက်ခဲ့ကြသည်။
ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာတွင် အလွန်တရာ နာမည်ကျော်ကြားသူဖြစ်ပြီး သူ၏ကျော်ကြားမှုက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအထိပင် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။
ရန်ကျောက်ကဲက အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်ရောက်ချင်းမှာပင် လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့သူဖြစ်လေရာ __ ထိုသို့သောပုဂ္ဂိုလ်တစ်ယောက်က အရည်အချင်းမရှိဘဲ တုံးအသူတစ်ယောက် ဖြစ်နိုင်ပါမည်လား။
ရှောက်ပိုင်တောင်ထွတ်မှ တပည့်တစ်ယောက်က...
“ဒါက အရမ်းမြန်နေတာ မဟုတ်ဘူးလား”
အခြားသောတပည့်များက…
“သူက ဓားတာအိုကို မကျွမ်းကျင်လို့များလား ၊ အကြီးအကဲတွေက သူ့ကို တန်းရှတောင်ထွတ်ကို တက်ခွင့်ပြုတိုင်း သူက ဓားသိုင်းကို နားလည်နိုင်မယ်လို့မှ မဆိုလိုတာ...”
အံ့အားသင့်နေကြသည့်တိုင် ရှောက်ပိုင်တောင်ထွတ်မှ ကျင့်ကြံသူများက ရန်ကျောက်ကဲကို ထုံးတမ်းအစဉ်အလာအတိုင်း အရိုအသေပေးလိုက်ကြပြီး အပြန်လမ်းကို ဦးဆောင်ခေါ်သွားကြသည်။
ထိုအချိန် တောင်ထွတ်အနီးတဝိုက်တွင် သူ့ကို လျှို့ဝှက်ကြည့်ရှုနေကြောင်း အာရုံခံမိသည့်အခါ ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားသည်။
သူ တောင်ပေါ်မှဆင်းလာသည်ကိုတွေ့သည်နှင့် တစ်ဖက်လူက လေကဲ့သို့ လျှင်မြန်သောအရှိန်အဟုန်ဖြင့် ထွက်ပြေးသွားသည်။
“အဟက်...”
ရန်ကျောက်ကဲ မည်သည့်စကားမှမဆိုသော်လည်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့အကြား အခြေအနေတင်းမာမှုက နက်နဲသည်။
အရင်က ‘ရွှမ်ရှောက်ကျိကျင်း’ မီးပြင်းဖို လုယူရန်အတွက် ယှဉ်ပြိုင်ကြစဉ်ကပင် ကောင်းချင်တို့အုပ်စုနှင့် ဖုထင်တို့အုပ်စု အတိုင်းအတာတစ်ခုအထိ ရန်ဖြစ်စကားများခဲ့ကြသေးသည် မဟုတ်ပါလား။
အထက်ဘုံကမ္ဘာက စန့်ချင်အဆက်အနွယ်များ ဝင်ရောက်ခြင်းကို တားဆီးထားသကဲ့သို့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကလည်း ထိုက်ချင်အဆက်အနွယ် ၊ ယွိချင်အဆက်အနွယ်များ ဝင်ရောက်လာသည်ကို တားမြစ်ထားသည်။
အကယ်၍ စည်းကမ်းချိုးဖောက်ပြီး ရောက်ရှိလာပါက မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ခံရသည်နှင့် ရိုးရှင်းစွာ နှင်ထုတ်ခံရမည်မဟုတ်ဘဲ သွေးစွန်းသည့်ဖြစ်ရပ်မျိုး ဖြစ်လာနိုင်သည်။
ရန်ကျောက်ကဲက သူ၏အဘွားဖြစ်သူကြောင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာခဲ့ရသော်လည်း သူက စန့်ချင်အဆက်အနွယ်တစ်ယောက် မဟုတ်ခဲ့ပေ။
ကျင့်ကြံသူလောကတွင် သွေးသားတော်စပ်မှုက အရေးမကြီးလှပေ။ အရေးကြီးဆုံးက သိုင်းပညာ ဖြစ်၏။
အချို့သောအခြေအနေများတွင် သွေးသားထက် အဆက်အနွယ်တူညီသည့် ဂိုဏ်းတူညီအစ်ကိုမောင်နှမများက ပိုပြီးအရေးပါအရာရောက်သည်။
ရှောက်ပိုင်တောင်ထွတ်မှ သိုင်းကျင့်ကြံသူများဦးဆောင်ပြီး ရန်ကျောက်ကဲ တန်းရှတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။
သူတို့ထွက်ခွာလာချိန်တွင် ရန်ကျောက်ကဲ တောင်ပေါ်မှဆင်းလာပြီဖြစ်ကြောင်း ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့ကို လူလွှတ်သတင်းပို့ခဲ့ကြသည်။
ရန်ကျောက်ကဲက ရှောက်ပိုင်တောင်ထွတ်မှ တပည့်များနှင့်စကားစမြည်ပြောဆိုရင်း လမ်းလျှောက်လာသည်။
သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ယဉ်ကျေးမှုများကို ပိုမိုနားလည်လာအောင်ကြိုးစားရင်း အထက်ဘုံကမ္ဘာမှ သူ၏အတွေ့အကြုံများကိုမျှဝေကာ အားလုံးကို ဗဟုသုတ တိုးပွားစေသည်။
ထိုအချိန်...
ရုတ်တရက် သူတို့အားလုံးမျက်လုံးထဲတွင် ဓားရောင်တစ်ချက် လင်းလက်သွားပြီး သူတို့ရှေ့တွင် လူငယ်တစ်ယောက်ပုံရိပ် ထွက်ပေါ်လာသည်။
ထိုလူငယ်က သာမန်ရုပ်သွင်နှင့် လေးနက်သောအမူအရာရှိပြီး ဓားချီစွမ်းအားက သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့နေသည်။
ထိုသူက အရင်ဆုံး နှုတ်ဆက်စကား ဆိုလိုက်သည်။
“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ ၊ ချင်းဖိန်တောင် ၊ ထန်မြောက်တောင်ထွတ် ၊ ခရမ်းရောင်အလင်းဂူက တပည့် ဝန်တိုက်ဟုန်... အထက်ဘုံကမ္ဘာက ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ကို နှုတ်ဆက်ပါတယ်”
ရန်ကျောက်ကဲက တည်ငြိမ်စွာပင် ထိုသူကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်ရင်း...
“ငါ့ကို ဘာများပြောစရာရှိလို့လဲ မသိဘူး”
ဝန်တိုက်ဟုန်က တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“မဟာကပ်ဘေးကြီးအလွန်ကာလ တာအိုဝါဒရဲ့ ပါရမီရှင်သူရဲကောင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ ‘ကောင်းကင်ဘုံက ဆင်းသက်လာတဲ့နတ်ဘုရား’ ကို ကြားဖူးနေတာ ကြပါပြီ ၊ ဒီ ‘ဝန်’ က မင်းကို အရမ်းလေးစားတဲ့သူပါ”
သူက ဆက်ပြောသည်။
“ငါတို့ဘိုးဘေးတွေရဲ့ ရှေးယခင်ပတ်သက်ခဲ့မှုက ငါ့စိတ်ထဲမှာ ကျောက်ခဲဆွဲထားသလို လေးလံနက်နဲစွာ မှတ်ယူထားခဲ့တယ် ၊ ဒီ ‘ဝန်’ က အရည်အချင်းမရှိပေမယ့် မင်းက သင်ပြပေးစေလိုပါတယ်”
ရှေးယခင် ပတ်သက်မှု ...။
ဟုတ်ပေ၏။
ရန်ကျောက်ကဲ၏အဘိုး ရန်ရှင်းထန်က ယွိချင်အဆက်အနွယ် ဓားသိုင်းကျင့်ကြံသူဖြစ်ပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ စန့်ချင်အဆက်အနွယ်များကို အနိုင်ယူခဲ့သည်။
ဤသည်က စန့်ချင်အဆက်အနွယ်များကို သိမ်ငယ်ခံစားရစေသည်သာမက အရှက်ရဆုံးအဖြစ်အပျက်များထဲမှ တစ်ခုဖြစ်ခဲ့သည်။
ရွှေစင်ထက်ယံအရှင်သခင် ရောက်ရှိမလာခင်က ‘အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ အနေဖြင့် အကျပ်အတည်းများ ၊ ဆုတ်ယုတ်မှုများ ၊ ကျရှုံးမှုများကို တစ်ခါမှ မကြုံခဲ့ရဖူးပေ။
ရန်ရှင်းထန်တစ်ယောက်ကိုသာ သူတို့၏အိမ်ကွင်း အကောင်းဆုံးနယ်မြေတွင် ရှုံးနိမ့်ခဲ့ရခြင်းက စန့်ချင်အဆက်အနွယ်များအတွက် အတော်လေး အသုံးမကျသလို ခံစားရစေသည် မဟုတ်ပါလား။