ဘုရင်၏အစောင့်အရှောက်
Vol. 28 Ch. 541
ပေထင်းဟွမ်သည် နာကျင်မိသည်။ သူမသည် နန်ကုန်းချန်းမိုအား ရင်ခွင် ထဲထပ်မံဆွဲသွင်းလိုက်သည်။ သူမ၏လက်များသည် မိန်းကလေး၏ဆံပင်ကို ပွတ်သပ်ရင်းနှင့် စိတ်ထဲတွင် နောင်တတရားများသည် ရေစီးကြောင်းကဲ့သို့ စီးဆင်းနေသည်။ သူမသာ ခွန်အားကိုမဖုံးကွယ်ထားလျှင်၊ သူမကိုယ်သူမ ကာကွယ်နိုင်သည့် အစွမ်းအစရှိကြောင်းကို ဆွေးမျိုးနှင့် သူငယ်ချင်းများကို အသိပေးထားလျှင် ယနေ့လို အဖြစ်ဆိုးမျိုးဖြစ်လာမည်လား။
နန်ကုန်းချန်းမိုသည် သူမအတွက် သေပေးနိုင်သည်ဟုပြောခဲ့သည်။ သို့သော် သူမ၏လူများကို ပိုကာကွယ်ပေးချင်လေလေ သူတို့ကို အသေမခံနိုင် လေဖြစ်သည်။
အကြောင်းမှာ သူမအနားမှလူများကိုကာကွယ်ဖို့ လုံလောက်အောင် မသန်မာခြင်းကြောင့်ဖြစ်သည်။
“အာ..”
ဒေါသထွက်သောခံစားချက်များ ပေါက်ကွဲလာပြီး စူးရှသောအသံသည် အဘက်ဘက်သို့ ကြီးမားသောစွမ်းအင်ဖြင့် လှုပ်ခါသွားသည်။ အားနည်းသူ တချို့သည် ချက်ချင်းပင် တည်ငြိမ်စွာမရပ်နိုင်တော့ဘဲ သူတို့ခန္ဓာကိုယ်များ သည် ယိမ်းယိုင်ပြီး မြေပေါ်သို့လဲကျကြလေသည်။
ထိုအရာကိုမြင်ပြီး ရှန်းယန်းပိုသည် မထိတ်လန့်ဘဲမနေနိုင်ပေ။ သူသည် နန်ကုန်းချန်းရှီကိုဆွဲပြီး ပေထင်းဟွမ်ဆီသို့ ပြေးသွားလေသည် “မြန်မြန် ခေါင်းဆောင်ကို သူ့ခံစားချက်တွေ အထိန်းအကွပ်မဲ့သွားတာမျိုး အဖြစ်မခံနိုင် ဘူး.. အဲလိုဆို ဒဏ်ရာရတာ အရမ်းလွယ်သွားပြီ”
နန်ကုန်းချန်းရှီသည် အစ်မဖြစ်သူ၏သေဆုံးမှုအတွက် ဝမ်းနည်းမှုကို ဂရုမစိုက်နိုင်ပေ။ သံမဏိသွေကြေးစားအဖွဲ့ဝင်များသည် အသက်ကိုစွန့်စားကာ ကြီးမားသောဖိအားကို ခုခံပြီး ပြေးထွက်သွားကြသည်။
ရုတ်တရက်ဆိုသလိုပင် တောက်ပသောမီးတိုင်ကြီးသည် ပေါ်ထွက်လာ ပြီး မိုးပေါ်သို့ ထောင်တက်လေသည်။ ပေထင်းဟွမ်၏ခြေထောက်အောက်တွင် တောက်ပသော ကိုးရောင်ပဉ္စဂံအစီအရင် ပေါ်ထွက်လာလေသည်။ မူလက မှောင်မည်းသောကမ္ဘာသည် ခမ်းနားသော ထိုကိုးရောင်မီးအလင်းကြောင့် လင်း လာသည်။ ကောင်းကင်နှင့်မြေကြီးအကြားတွင် ခုခံရန်ခက်သည့် ကြီးမားသော ခွန်အားသည် ချက်ချင်းဆိုသလိုပင် ကမ္ဘာကြီးကို ငရဲအဖြစ်သို့ ပြောင်းလဲပေး လိုက်သည်။
သူတို့ပတ်ပတ်လည်မှ လူသားသို့မဟုတ် မှော်သားရဲများသည် ထိုဖိအား ကို ခံစားမိပြီး အလွန်တောက်ပသောကိုးရောင်တို့ ပေါင်းစည်းသွားသည်ကိုမြင် သောအခါ နှလုံးသားထဲက ခံစားချက်များ ပေါက်ထွက်လာသည်။
ထိုအခိုက်အတန့်တွင် သူတို့၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။ မှော်သားရဲများအားလုံးသည် ထိုဦးတည်ဘက်သို့ ဦးညွှတ်ကြသည်။
“ငါ့ကာကွယ်သူကို ဘယ်သူက ဝမ်းနည်းအောင်လုပ်ရဲရတာလဲ”
သူတို့တွင် သေရေးရှင်ရေးစာချုပ်ရှိသည်။
အနှိုင်းမဲ့အေးစက်သောအသံသည် ကိုးရောင်မီးတောက်များကို ဖြတ်ကာ အဘက်ဘက်သို့ ပျံ့သွားလေသည်။ ငရဲမှထွက်လာသောအသံသည် အဆုံးမရှိ သော ဖိအားကိုသယ်ဆောင်လာသည်။ အားလုံး၏အမျက်လုံးများသည် ကိုးရောင်မီးတောက်များရှိရာသို့ အလိုလိုရောက်သွားကြသည်။ အသက် ၁၁ နှစ် ၁၂ နှစ်အရွယ်ရှိသော လူငယ်တစ်ယောက်သည် မီးတောက်ထဲမှ တဖြည်းဖြည်း ထွက်လာသည်။
သူ၏ကိုးရောင်ဆံပင်ရှည်သည် မီးတောက်များထဲတွင် အရိုင်းဆန်စွာ ကခုန်နေသည်။ သူ၏ကိုးရောင်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာသည် သူ၏ပုံရိပ် ကို လွှမ်းခြုံထားသည်။ ရိုးရှင်းသော်လည်း ရှုပ်ထွေးသောပုံစံများသည် ကိုးရောင်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာပေါ်တွင် ခပ်ဖျော့ဖျော့လေး စီးဆင်း နေရာ သူ၏ဂုဏ်သိက္ခာသည် တလိပ်လိပ်တက်လာသည်။ သူ၏မျက်လုံးနှင့် မျက်ခုံးများသည် တောက်ပသောကိုးရောင်ဖြစ်သည်။ ကျောက်စိမ်းမှု ထွင်းထု ထားသော မျက်နှာသည် အလွန်လှပသည်။ ကိုးရောင်စိန်ပုံသဏ္ဍာန်နဖူး အဆင်အယင်သည် မျက်ခုံးအကြားတွင် ဖြစ်ပေါ်လာပြီး ဝိညာဉ်ခိုးအလင်းထွက် ပေါ်လာသည်။ ၎င်းသည် လူတစ်ဦး၏ဝိညာဉ်ကို စုပ်ယူသွားသကဲ့သို့ပင် ထင်ရ သည်။
ဤလူငယ်သည် ပေထင်းဟွမ်ထက်ပင် ငယ်ရွယ်သည်။ သို့သော် သူ့တွင် အလွန်ထူးဆန်းသောအကျင့်ရှိသည်။ သူသည် နတ်မိစ္ဆာဆန်သည်၊ အေးစက် သည်၊ ကျီစယ်တတ်ပြီး အရိုင်းဆန်သည်။ ထိုအရာများသည် ပေထင်းဟွမ်ထက် ပင် အဆပေါင်းများစွာ ကြောက်စရာကောင်းသည်။ သူ၏အလှတရားသည် လူသတ်နိုင်သည့်ပုံပေါက်နေသည်မှာ သူ့ကို တည့်တည့်မကြည့်ရဲလောက် အောင်ပင်။
ဒီလူက ဘယ်သူလဲ။
“ဘာတွေဖြစ်နေတာလဲ.. သူတို့က မင်းကိုဝမ်းနည်းအောင်လုပ်နေတာ လား”
ကိုးရောင်အလင်း အေးစက်စွာတောက်ပနေသော မျက်လုံးအစုံသည် ကြောက်လန့်နေသော ဝူယွဲ့အဖွဲ့အား စိုက်ကြည့်နေသည်။ မျက်လုံးတစ်စုံမျှ သာဖြစ်သော်လည်း ကောင်းကင်အဆင့်ကျွမ်းကျင်သူများကို မတ်မတ်မရပ်နိုင် လောက်အောင်ပင်။ ဤကဲ့သို့ အားကောင်းသောပုံရိပ်မျိုး ကမ္ဘာပေါ်တွင်ရှိနေ လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။
“မင်.. မင်းလား နောက်ဆုံးတော့ထွက်လာပြီလား”
ပေထင်းဟွမ်သည် မြေပေါ်မှထကာ တဖြည်းဖြည်းလှည့်လာသော လူငယ်ကိုကြည့်လိုက်သည်။ သူမ၏ အဆိုးစွန်ထိရောက်နေသော ဒေါသသည် နောက်ဆုံးတွင် ငြိမ်ကျသွားလေသည်။ အစောလေးကပင် သူမသည် ကမ္ဘာကြီး ကို ဖျက်ဆီးပြီး ဘေးနားမှလူများကို သတ်တော့မည့်အတိုင်း ဒေါသထွက်နေခဲ့ သည်...