ကိုးရောင်မြေကြီးခွဲ
Vol. 28 Ch. 542
“ဇာမဏီ.. မင်းစိတ်ထဲမှာ အရမ်းအားကောင်းတဲ့ လူသတ်ချင်စိတ်ဖြစ်နေ လို့ ငါ မဖြစ်မနေနိုးထလာတာ” သူသည် ပေထင်းဟွမ်အား နူးညံ့သောမျက်လုံး ဖြင့်ကြည့်ပြီး စိုးရိမ်တကြီးပြောလေသည် “မင်းရဲ့အတွင်းပိုင်း နတ်မိစ္ဆာတောင် ပျက်စီးလုနီးပါးဖြစ်သွားတာ.. မင်းသူငယ်ချင်းဆုံးသွားလို့ ဝမ်းနည်းနေမယ်ဆို တာ ငါသိပါတယ်.. ဒါပေမဲ့ မင်းရဲ့စိတ်ကို သက်ရောက်မှုမဖြစ်စေနဲ့လေ.. ဒါက မင်းရဲ့ကျင့်စဉ်ကို အနှောင့်အယှက်ဖြစ်စေတယ်.. မင်းရဲ့သူငယ်ချင်းကလည်း မင်းကို အရမ်းဂရုစိုက်လို့ မင်းအတွက်အသက်ပေးသွားတာလို့ ငါယုံတယ်.. သူမ ကို စိတ်ပျက်အောင် လုပ်လို့မရဘူးလေ”
စကားပြောရသည်ကို မကြိုက်တတ်သောမင်သည် တစ်ရစက်ပြောသွား လေသည်။ ၎င်းမှာ သူသည် သူမကို စိုးရိမ်နေကြောင်းကို မြင်နိုင်သည်။
သူတို့၏ ဝမ်းတွင်းချိတ်ဆက်မှုသည် မင်နှင့်နီးစပ်သည်ဟု ပေထင်းဟွမ် ကို ခံစားမိစေသည်။ အဆင့်တက်ရာတွင် အရေးကြီးနေသော မင်သည် အတင်း နိုးထလာပြီး သူမကိုကူညီရန် ပေးထွက်လာခဲ့သည်။ ဤကဲ့သို့ရည်ရွယ်ချက် သည် ပေထင်းဟွမ်ကို ရင်ထဲထိသွားစေသည်။
အသက်ပြင်းပြင်းရှူကာ ပေထင်းဟွမ်သည် မျက်လုံးတင်းတင်းစေ့နေပြီး နိုးမလာတော့သော နန်ကုန်းချန်းမိုကိုကြည့်လိုက်သည်။ သူမသည် မျက်လုံး များကိုမှိတ်ပြီး ခေါင်းညိတ်လိုက်၏ “နားလည်ပါပြီ မင်.. ငါ ခုနက အရမ်းကို စိတ်လိုက်မာန်ပါဖြစ်သွားတယ်”
“ရပါတယ်.. မင်းက မင်းဘေးနားကလူတွေနဲ့ သူငယ်ချင်းတွေကို ဂရုစိုက် တတ်လွန်းလို့ပါ.. မင်းက သစ္စာရှိတဲ့လူဖြစ်နေတာကို ငါ ဝမ်းသာတယ်.. ငါတို့ မင်းကိုနားလည်ပေးနိုင်ပါတယ်” မင်သည် ခေါင်းကို ဖြည်းဖြည်းချင်းလှည့်လိုက် သည်။ သူ့မျက်နှာသည် အလွန်အမင်းအေးစက်သွားလေသည်။ သူသည် လက်မြှောက်လိုက်ရာ ခန္ဓာကိုယ်ကို လောင်ကျွမ်းနေသော မီးတောက်များ သည် တဒင်္ဂအတွင်းတွင် မီတာအနည်းငယ်ထိပျံ့သွားလေသည်။ မီးတောက် သည်လျင်မြန်စွာပင် ဝူမင်နှင့်တခြားသူများဆီသို့ ပျံသန်းသွားလေသည်။ “ဒီ ငတုံးလူသားတွေကို ကူရှင်းပေးမယ်”
“ဟုတ်ပြီ ဒါဆို မင်းကိုပဲဒုက္ခပေးရတော့မယ်” ပေထင်းဟွမ်သည် ဤအခိုက်အတန့်တွင် ဖော်မပြနိုင်လောက်အောင် ပင်ပန်းမှုကိုခံစားရလေ၏။ သူမအနောက်တွင် တစ်စုံတစ်ယောက်ရှိပြီး ဝန်ထုပ်ဝန်ပိုးကို မျှထမ်းသဖြင့် နဂိုကဒေါသထွက်နေသော ပေထင်းဟွမ်သည် နွေးထွေးမှုများဖြင့် ပြည့်နှက် သွားလေသည်။
“မင်း မင်း.. မင်းက ဘယ်သူလဲ”
ဝူမင်နှင့်တခြားသူများ ထိတ်လန့်သွားသည်။ သူတို့၏မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကာ မင်အား ကြည့်လေသည်။ ဒီလူက အထွတ်အမြတ်သားရဲများလား။ အရွယ်ရောက်ပြီးသား အထွတ်အမြတ်သားရဲ ကပဲ လူသားအသွင်ပြောင်းနိုင်တာလေ။ ဒီလူငယ်လေးက ၁၁ နှစ် ၁၂ နှစ်အရွယ် ပဲရှိသေးတာ။ အဲတော့ အထွတ်အမြတ်သားရဲမဖြစ်နိုင်ဘူး။
ဤလူငယ်သည် မီးတောက်များကို ထိန်းချုပ်ကာ ရွှေရောင်ရှေးမျောက်ဝံ ကို သေသည်အထိ လောင်ကျွမ်းစေခဲ့သည်။ ပေထင်းဟွမ်သည် သူ၏ အုပ်ထိန်း သူဟုပြောခဲ့သည်။ သူနှင့်ပေထင်းဟွမ်တို့ကြားမှ ဆက်ဆံရေးသည် မည်သည့် ဆက်ဆံရေးမျိုးနည်း။ သူသည် ပေထင်းဟွမ်၏ အစောင့်အရှောက်စစ်သည်များ လား။
သူ့ကို စကားပြောနေလျှင်လည်း အချည်းနှီးဖြစ်မည့်ပုံပင်။ ထိုသို့ဆိုလျှင် သူသည် ဤမိုက်မဲသောသူများအုပ်စုကို နှိမ့်ချရာကျမည်။ သူတို့သည် သူ၏ စာချုပ်သခင်ကို ရုန့်ရင်းဆန်ခတ်ဖြစ်အောင် လုပ်ရဲသည်။ ထိုလူသားများသည် အဆပေါင်းသောင်းချီ သေလျှင်တောင် မလုံလောက်ပေ။
သေရေးရှင်ရေးအခိုက်အတန့်တွင် ဝူမင်နှင့်တခြားသူများသည် ကြောက် နေလျှင်လည်း အသုံးမဝင်တော့ပေ။ သူတို့သည် လက်ထဲတွင် လက်နက်များ ကို ကိုင်စွဲထားသည်။ ကောင်းကင်အဆင့်ဝိညာဉ်သခင်သုံးယောက်နှင့် မြေကြီး အဆင့်ဝိညာဉ်သခင်သုံးယောက်တို့သည် သူတို့၏ဝှက်ဖဲကို ထုတ်သုံးကြသည်။ မင်ဆီသို့ ရောက်သွားသော ကြယ်ဝိညာဉ်နည်းပညာသည် ရိုက်ချိုးခံလိုက်ရ သည်။
နှာမှုတ်ပြီးနောက် အလွန်အေးစက်သည့်အပြုံးသည် သူ၏လှပသော မျက်နှာပေါ်တွင် ပေါ်ပေါက်လာသည်။ သူ၏ဖြူစွတ်သောလက်များသည် ကိုးရောင်မီးနယ်မြေကို ဆုပ်ကိုင်ကာ ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။ အစောက ပေထင်းဟွမ်ကိုင်ထားသည့် ပြိုးပြိုးပြက်ပြက်နှင့် ဝိညာဉ်ခိုး ကိုးရောင်ကောင်းကင်ခွဲလှံတံထက်ပင် ပို၍တောက်ပသည်။
“ကိုးရောင်မြေကြီးခွဲ”
အလွန်အေးစက်သောအသံသည် သူ၏လှပသောကိုးရောင်နှုတ်ခမ်းများ ဆီမှ ထွက်ပေါ်လာသည်။ သူ့လက်ထဲမှ ကိုးရောင်ကောင်းကင်ခွဲလှံတံသည် ရုတ်တရက် မြေကြီးကို ခုတ်ထစ်လေသည်။ ကိုးရောင်မီးတံတိုင်းသည် မြေပြင် မှ ကောင်းကင်သို့ခုန်တက်ကာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ သူတို့ငါးယောက်ဆီ ခုန်အုပ်လေသည်။ မီးလှိုင်းသည် သူတို့ငါးယောက်ကို လွှမ်းခြုံလိုက်သည်။
တောင်တန်းတစ်ခုလုံးတွင် မျက်လုံးအစုံများသည် ထိုမြင်ကွင်းကို စိုက်ကြည့်နေကြသည်။ ကိုးရောင်နိဗ္ဗာန်မီးသည် မယှဉ်နိုင်သောဖိအားကို သယ်ဆောင်လာသည်။ ပေထင်းဟွမ်သည် ကိုးရောင်ကောင်းကင်ခွဲလှံတံနှင့် ကြယ် ၉ ပွင့်နတ်သားရဲအား မည်သို့အနိုင်ယူခဲ့သည်ကို အားလုံးမြင်ခဲ့ပြီးဖြစ် သည်။ ဤအခိုက်အတန့်တွင် ကိုးရောင်မီးသည် သူတို့ငါးယောက်အား အလွန် ကြောက်မက်ဖွယ်ကောင်းသာဂုဏ်ဖြင့် ခုန်အုပ်နေသည်။
ကြယ်ဝိညာဉ်နည်းပညာသည် လုံးဝသုံးမရတော့ပေ။ သူတို့ငါးယောက်၏ တိုက်ခိုက်မှုသည် ဆူညံနေဆဲဖြစ်ပြီး အသံမထွက်နိုင်ခင်မှာပင် မီးတောက် ကြားတွင် နစ်မြုပ်ပြီး သေဆုံးသွားလေသည်။ ထိုမြင်ကွင်းသည် အလွန်ပင် ထိတ်လန့်စရာကောင်းလွန်းသည်...