ချက်ချင်းသတ်လိုက်တာက အမြဲတမ်းမင်ရဲ့စတိုင်ပဲ
Vol. 28 Ch. 543
တစ်ချက်တည်း သတ်လိုက်သည်.. လူသားငါးယောက်ထဲတွင် ကြယ် ဝိညာဉ်သခင် သုံးယောက်နှင့် မြေကြီးအဆင့် အဆင့်မြင့်ဝိညာဉ်သခင်တို့ ပါဝင် သည်။ ထိုအဖွဲ့သည် သာမန်အဖွဲ့မျိုးမဟုတ်ပေ။
ဝူမင်သည် ခေါင်းဆောင်ဖြစ်ပြီး အင်ပါယာကျောင်းတော်တစ်ခုလုံးတွင် ထိပ်တန်းသုံးဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သည်။
ထိုအဖွဲ့၏ဂုဏ်သတင်းသည် တိုက်ခိုက်ရေးအတွေ့အကြုံများမှတစ်ဆင့် တိုးတက်လာခြင်းဖြစ်သည်။ ထို့အပြင် ၁၂ နှစ်အရွယ်လူငယ်ရှေ့တွင် တိုက်ခိုက် မှုတစ်ချက်ကိုပင် တောင့်မခံနိုင်ပေ။
ချက်ချင်းသတ်လိုက်ခြင်းသည် အမြဲတမ်းမင်၏စတိုင်ဖြစ်သည်။ ၎င်းသည် အလွန်ရက်စက်ပြီး ပြိုင်ဘက်ကို မထီမဲ့မြင်ပြုသည့်ပုံစံဖြစ်သည်။ သူသည် ဘယ်သောအခါမှ နောက်တစ်ကွက်မရွှေ့ပေ။
“ဒါပဲလား ပြီးသွားပြီလား”
မည်သူပြောလိုက်သည်မသိပေ။ သို့သော် တားမြစ်ချက်တချို့ကို ဖျက်ဆီး လိုက်ပုံပင်။ ကောင်းကင်နှင့်မြေကြီးအကြားမှ လေသည် ရုတ်တရက် လှုပ်ရှား ကာ နတ်အာရုံများသည် သူတို့နေရာသို့ ပြန်ရောက်သွားကြသည်။ ထိုအခါမှပင် အားလုံးသည် အသက်ကို လေးလံစွာရှူမိကြသည်။ သူတို့မှာ ရေနှင့်လွတ် သွားသောငါးများ ရေထဲသို့ ပြန်လွှတ်ခံရသလိုခံစားနေရသည်။
“ဒါ.. ဒါက.. နတ်ဘုရားလား” မြေကြီးတွင် လဲလျောင်းပြီး သေချင်ယောင် ဆောင်နေသော ရွှေရောင်ရှေးမျောက်ဝံသည် နှလုံးသားလေးတုန်တုန်ယင်ယင် ဖြစ်ပြီး ကြောက်လန့်နေသည်။ မင်ပေါ်လာသည့်အခိုက်အတန့်မှစပြီး နောက်ဆုံးတွင် သူသည် သတိပြန်ဝင်လာခဲ့သည် “ဒီလူက ဘယ်လိုလုပ် အဲလောက်သန်မာရတာလဲ”
ကံကောင်းစွာပင် သူသည် ပေထင်းဟွမ်၏ကယ်တင်ခြင်းကိုခံခဲ့ရသည်။ မဟုတ်လျှင် သူသည် ဤနတ်ဘုရားထွက်လာပြီး နှိပ်စက်ခြင်းကြောင့် သေသွား နိုင်သည်။
ပေထင်းဟွမ်၏နေရာထဲမှ သားရဲတချို့သည် အမှောင်ဘက်ခြမ်းကို မြင်ဖူးပြီးသားဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့သည် စိတ်သက်သာရာရ ကြသည်။ ထိုအားနည်းသောလူသားငါးယောက်သည် သူတို့သခင်ကို ချောင်းမြောင်းတိုက်ခိုက်ချင်ကြသည်။ သူတို့သည် စိတ်ကူးယဉ်နေခြင်းသာဖြစ် သည်။ အစောက ထိုတုံးအသောမိန်းကလေး ဝင်ခံလိုက်ခြင်းကြောင့်သာမဟုတ် လျှင် သူတို့သည် သေသွားလောက်ပြီဖြစ်သည်။
ဟူး.. အဲလူတွေကို ခေါင်းဆောင်မင် မီးရှို့တာကတောင် ကံကောင်းတယ် လို့ပြောရမယ်။
ခေါင်းဆောင်မင်က ဘယ်သူလဲ။ သူငယ်ငယ်တုန်းကဆိုရင် ကောင်းကင် မီးနဲ့ နတ်သားရဲကို ချက်ချင်းသတ်ခဲ့တာ။ အခု သူက ကြီးထွားတဲ့အဆင့်ကို ရောက်လာတော့ အားနည်းတဲ့လူသားနည်းနည်းလောက်ကို မသတ်နိုင်မှာ ကြောက်နေရမှာလား။ သူတို့က ကောင်းကင်အဆင့်ဖြစ်နေလည်း ဘာလုပ်ရမှာ လဲ။ အဲလောက်အားကောင်းတဲ့ မွန်မြတ်တဲ့သားရဲရှိသေးလို့လား။ ဟင်း မွန်မြတ်တဲ့သားရဲတောင်မှ ခေါင်းဆောင်မင်ရှေ့ဆိုရင် တုန်ယင်ပြီး သေဖို့ပဲ စောင့်နေရတာ။ ကြယ်ဝိညာဉ်အရည်အချင်းရှိတာ အဲလောက်တောင် မိုက်နေ လို့လား။ သူတို့တွေက အဲဒါသုံးပြီးအသက်ရှင်နေရတဲ့လူလောက်ပဲ။
“ဝမ်းတွင်းမှော်သားရဲ.. ဒီလူက တကယ်ပဲ ဝမ်းတွင်းမှော်သားရဲပဲ.. ငါက ဒီလူရဲ့အစေခံမှော်သားရဲဖြစ်ရတာ ကိုယ့်ကိုယ်ကိုယ် နိမ့်ကျလှပြီလို့ထင်နေတာ ဟီး ဟီး ခေါင်းဆောင်မင်လို နတ်ဘုရားရှိနေတာ.. ဘယ်သူကများ ဒီလူ့ရဲ့ ဝမ်းတွင်းပါမှော်သားရဲနေရာကို လုရဲမှာလဲ” ရွှေရောင်ရှေးမျောက်ဝံသည် တကယ်ပင် ငိုချင်လာသည်။ သူ၏ခန္ဓာကိုယ်သည် လှည့်ပြီး တုန်ယင်လာ၏။ သူသည် ကြာရှည်စွာနေလာခဲ့ပြီးဖြစ်ရာ နှစ်များကို မမှတ်မိတော့ပေ။ သူသည် ဤကဲ့သို့ အားကောင်းသောဖိအားကိုမမြင်ဖူးပေ။
ကိုးရောင်မီးတောက်သည် ကောင်းကင်နှင့်မြေကြီးကို ဖုံးအုပ်ထားသည်။ မင်၏လက်တစ်ချက်ဝေ့လိုက်သည်နှင့် ငရဲနှင့်တူသော နယ်ပယ်သည် မင်၏ ခန္ဓာကိုယ်ဆီသို့ ပြန်ဆုတ်သွားလေသည်။ သူသည် တဖြည်းဖြည်းနောက်လှည့် လာပြီး မြေပေါ်မှ ကြယ် ၉ ပွင့်နတ်သားရဲကို စိုက်ကြည့်လေသည် “ရွှေရောင် ရှေးမျောက်ဝံ ဒီနေ့ မင်းရဲ့လုပ်ဆောင်ချက်က မဆိုးဘူး.. မင်းရဲ့ ကောင်းတဲ့ သဘောထားကြောင့်သာမဟုတ်ရင် ဒီနေ့ထိအသက်ရှင်နိုင်ဦးမှာလား.. ဟင်း ငါ့စာချုပ်ရှင်က မင်းကို အကောင်းတွေးပေးလို့ စာချုပ်သားရဲဖြစ်လာတာ”
“ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်” ရွှေရောင်ရှေးမျောက်ဝံသည် မြေပေါ်တွင်မှောက်ပြီး လက်နှစ်ဖက်ဖြင့် ခေါင်းကိုကိုင်ကာ အဆက်မပြတ် ခေါင်းညိတ်လေသည် “ခေါင်းဆောင် ဒါငါ့အမှားပါ မှားသွားပါတယ်.. သခင့်ရဲ့ ဝမ်းတွင်းမှော်သားရဲက ပုံမှန်မဟုတ်... မဟုတ်ပါဘူး အဲလောက်အားကောင်း နေမယ်မှန်းသိနေရင် သူမရဲ့မှော်သားရဲဖြစ်ဖို့ ငိုယိုပြီးတောင်းဆိုမှာပါ၊ ကောင်းကင်ကိုအံတုနိုင်တဲ့ မီးတောက်ကိုသုံးပြီး ဘယ်လိုလုပ် သူမကို ထိခိုက် အောင်လုပ်မှာလဲ”
မိုးနတ်မင်းရေ.. ဒီကမ္ဘာကြီးက ဆန်းကြယ်လိုက်တာ။ တောင်ခြေမှလူ များသည် ဝူယွဲ့အဖွဲ့ရှိခဲ့သည့်နေရာတွင် ဘာကိုမှမမြင်ရတော့ပေ။ ဖုန်တစ်မှုန် ပင် မကျန်ခဲ့ပေ။ ကြယ် ၉ ပွင့်နတ်သားရဲသည် ၁၂ နှစ်အရွယ် လူငယ်ရှေ့တွင် ကြောက်လန့်ပြီး တုန်ယင်စွာလဲလျောင်းနေသည်ကိုသာ သူတို့တွေ့နေရသည်။
မိုးနတ်မင်းရေ.. ဒီလူက ဘာဖြစ်လို့လဲ။ သူတို့သည်အစက ပေထင်းဟွမ် ကို လွှမ်းမိုးနိုင်လွန်းသည်ဟု ထင်ထားသည်။ ယခုအခါ လွှမ်းမိုးနိုင်သည့်လူများ အကြားတွင် ပို၍လွှမ်းမိုးနိုင်သူရှိကြောင်းကို နောက်ဆုံး နားလည်သွားကြ၏။ အနာဂတ်တွင် ပေထင်းဟွမ်သည် မည်သည့်မှော်သားရဲကို သဘောကျပါစေ၊ ပေထင်းဟွမ်၏ မှော်သားရဲအဖြစ် ကံကြမ္မာကို ရှောင်လွှဲ၍မရဟု ဆိုလိုနေသည် လား။