← Chapters

ငါ့ကိုမင်းရဲ့ယောက်ျားလေးအဖော်အဖြစ် စဉ်းစားပေးနိုင်မလား

Vol. 28 Ch. 544

ငါ့ကိုမင်းရဲ့ယောက်ျားလေးအဖော်အဖြစ် စဉ်းစားပေးနိုင်မလား

Vol. 28 Ch. 544

ဒီလူက ကမ္ဘာပေါ်က မှော်သားရဲတွေအကုန်လုံးကို ပြစ်မှားရမှာကို ဘာလို့မကြောက်တာလဲ။

သို့သော် တောင်ပေါ်မှမှော်သားရဲများအားလုံးသည် မြေပေါ်တွင် ပြားပြားဝပ်နေကြသည်။ ‌ကောင်းကင်နှင့်မြေကြီးအကြားတွင် မည်သည့်အသံ မှ မထွက်လာပေ။ နဂိုကမှော်သားရဲများပေါ်လာနေကျ အန္တရာယ်များသော နေရာသည် ယအခုအခါ ကမ္ဘာပေါ်သို့ ဘုရင်တစ်ပါးဆင်းလာသကဲ့သို့ ငြိမ်သက် နေသည်။

ထိုလူများ၏စိတ်ထဲမှ အတွေးသေးသေးလေးများသည် ရိုးရှင်းစွာပင် မျှော်လင့်ချက်ကြီးနေသည်ကို မြင်နေရသည်။

မှော်သားရဲတွေအကုန်လုံးကို ဖိနှိပ်လိုက်တာကိုကြည့်လိုက်ဦး။ သူတို့တွေ သူပုန်ထမယ့်လက္ခဏာပြရဲ့လား။

“အနည်းဆုံးတော့ ဘယ်ဟာက မင်းအတွက်ကောင်းလဲဆိုတာ သိတာ ပေါ့” မင်၏အသံသည် ခါတိုင်းလိုပင်အေးစက်စက်နှင့် လွှမ်းမိုးနိုင်သည်။ သူ၏ ကိုးရောင်မျက်လုံးများသည် ဘီလူးသရဲစီးနေသည်။ သူ့ကိုအညံ့ခံထားသော ကြယ် ၉ ပွင့်နတ်သားရဲဖြစ်သည့် ရွှေရောင်ရှေးမျောက်ဝံကို မျက်စိဆွေကာ ကြည့်ပြီးနောက် ပေထင်းဟွမ်ဆီသို့ နူးညံ့သောမျက်လုံးများဖြင့် ပြန်လှည့်သွား လေသည်။ သူသည် သူမအား စိုးရိမ်တကြီးကြည့်ပြီး စိတ်ကူးပြောင်းနည်းဖြင့် ပြောလိုက်သည် “ဟွမ်.. ငါ ဒီတစ်ခါ အတင်းနိုးလာရတာ.. အပြင်မှာ အကြာကြီး နေလို့မရဘူး.. ဒါပေမဲ့ စိတ်မပူပါနဲ့.. မကြာခင် ထပ်နိုးလာမှာပါ.. အဲအချိန်ကျ ရင် ငါအရွယ်ရောက်တဲ့အဆင့်ကိုဝင်နိုင်ပြီးတော့ အခုလိုမျိုးအကြာကြီးထပ်အိပ် ရတော့မှာမဟုတ်ဘူး”

သူ၏ အထူးချောမောလှသောမျက်နှာသည် ပေထင်းဟွမ်အားကြည့်သည် နှင့် နူးညံ့နေသည် “ဒါပေမဲ့ မင်းကိုကျေးဇူးတင်ချင်တယ်.. ငါတို့ကရေစက်ပါ တယ်.. မင်းကောင်းကင်အဆင့်ကို တက်တော့ ငါလည်းအကျိုးအမြတ်အများ ကြီးရလိုက်တယ်.. အဲဒါက ငါ့ကြီးထွားမှုအတွက် အရမ်းအထောက်အကူဖြစ် တယ်”

“မင်.. ငါတို့မှာ ဝမ်းတွင်းစာချုပ်ရှိတယ်လို့ မင်းပြောခဲ့တာမလား.. ဘယ်လိုပဲဖြစ်ဖြစ် မင်းရှိနေရင် ငါစိတ်အေးရတယ်” ပေထင်းဟွမ်သည်လည်း သူ့ကို ကြင်နာသောအကြည့်ဖြင့် ကြည့်လေသည် “မင်.. ဒီတစ်ခေါက် အတင်း နိုးထလာရတော့ အဆင်ပြေပါ့မလား”

“ငါ့ကို နည်းနည်းတော့ သက်ရောက်မှုရှိလိမ့်မယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး.. မင်းသိလား.. ငါ မင်းကိုပထမဆုံတွေ့တုန်းကလည်း ဒဏ်ရာအပြင်းအထန်ရ ထားတာလေ.. မင်းရဲ့ကစဥ့်ကလျားနတ်အရင်းအမြစ်စွမ်းအင်က အရမ်း အားကောင်းတယ်.. အဲတုန်းက ငါ့ဒဏ်ရာတွေက ကစဥ့်ကလျားနတ် အရင်းအမြစ်ရဲ့သက်ရောက်မှုအောက်မှာ လုံးဝပျောက်သွားခဲ့တာ” ပေထင်းဟွမ်သည် သူ့ကို စိတ်ပူနေသည်ကို သူသိသည်။ သူ၏စာချုပ်သခင်နှင့် ဆက်သွယ်ရသည့်ခံစားချက်သည် မင်အတွက် အလွန်ကျေနပ်စေသည် “ငါ နောက်သုံးလေးလအတွင်း အရွယ်ရောက်တဲ့အဆင့်ကို လုံးဝဝင်နိုင်တော့မှာ.. အဲအချိန်ကျရင်...”

မင်သည် ပေထင်းဟွမ်အား မျက်လုံးထဲတွင် တစ်ခုခုကျူးလွန်တော့မည့် အပြုံးဖြင့် ကြည့်လေသည် “ဟွမ် အဲအချိန်ကျရင် ငါက ၁၆ နှစ်အရွယ်လူသားနဲ့ တူတော့မှာ.. လက်ရှိမင်းထက် အသက်ကြီးသွားတော့မှာ ငါ့ကိုယောက်ျားလေး အဖော်အဖြစ် စဉ်းစားပေးနိုင်မလား”

“ဖူး အဟွတ် အဟွတ်...” ပေထင်းဟွမ်သည် တံတွေးသီးသွား၏။ ဒီလူက ဘာလို့ယန်ယဲ့ရဲ့ လှည့်စားမှုတွေ သင်ခဲ့တာလဲ။ အခု သူတို့တွေက သူမကို စနောက်ဖို့ပဲလာနေကြတာလား။

ပေထင်းဟွမ် ပြန်မဖြေနိုင်ခင်မှာပင် မင်သည် မီးလုံးအသွင်ပြောင်းကာ ပေထင်းဟွမ်ပေါ်ခုန်အုပ်လေသည်။ မှင်တက်စရာကောင်းတဲ့လူငယ်က ဘယ် ရောက်သွားတာလဲ။

သို့သော် ပေထင်းဟွမ်၏နှလုံးသားသည် နွေးထွေးမှုများဖြင့် ပြည့်နှက် သွားသည်။ မင်သည် သူမကို ပျော်ရွှင်ရန် ထူးဆန်းသည့်နည်းလမ်းသုံးနေသည် ကို သူမ သိသည်။ ထိုလူ၏စနောက်ခြင်းကိုခံရပြီးနောက် သူမသည် ခံစားရ သက်သာလာသည်ကို ဝန်ခံရမည်။

ထိုမြင်ကွင်းသည် အားလုံးကို ထပ်မံထိတ်လန့်စေသည်။ သူတို့သည် ပိုပို ပြီး မသင်္ကာစရာကောင်းလာသည်။ အဲလူက.. ဘယ်လိုမျိုးစိတ်လဲ။ သို့သော် ဤကဲ့သို့ အားကောင်းသောသတ္တဝါနှင့် တစ်ကမ္ဘာတည်းရှိနေသည်မှာ လက်တွေ့မဆန်လွန်းလှဟု ခံစားရသည်ကို ဝန်ခံရပေမည်။ ဤနတ်ဘုရား ထွက်သွားပြီးနောက် အားလုံးသက်ပြင်းချလိုက်ကြသည်။

ပေထင်းဟွမ်သည် အနားသို့ကပ်လာသော နန်ကုန်းချန်းရှီဘက်သို့ လှည့်လိုက်သည်။ သူမ၏မည်းနက်သောမျက်လုံးများထဲတွင် အပြစ်မကင်း သောအရိပ်အယောင် ဖြစ်ပေါ်လာသည်။ သူမသည် အသက်ပြင်းပြင်းရှူကာ ရှေ့သို့တစ်လှမ်းတိုးလိုက်သည် “ချန်းရှီ ငါ..”

“မဟုတ်ဘူး” နန်ကုန်းချန်းရှီသည် ရင်နာမိသည်။ သူမ၏ညီမဖြစ်သူနှင့် ခေါင်းဆောင်အတွက် ပေထင်းဟွမ်၏ရှေ့သို့ တိုးကာ ပါးစပ်ကိုလက်ဖြင့်ကာ ပေးလိုက်သည်။ သူမသည် ခေါင်းခါလေသည် “ခေါင်းဆောင် မပြော မပြောပါနဲ့.. အဲလိုမပြောပါနဲ့... အဲလိုပြောရင် ချန်းမိုစိတ်ဖြောင့်မှာမဟုတ်ဘူး”

All Chapters