← Chapters

နောက်ဆုံးအချိန်ထိ တိုက်ခိုက်ခြင်း

Vol. 28 Ch. 545

နောက်ဆုံးအချိန်ထိ တိုက်ခိုက်ခြင်း

Vol. 28 Ch. 545

“ဒါပေမဲ့ ငါ...” ပေထင်းဟွမ်သည် နန်ကုန်းချန်းမိုမသေခင်တွင် သူမ၏ မျက်လုံးထဲမှ နက်ရှိုင်းသောအချစ်များကို နားမလည်ခဲ့ပေ။ သို့သော် သူမသည် ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးဖြစ်သည်။

အားလုံးသည် ပေထင်းဟွမ်အား စိုးရိမ်တကြီးကြည့်ကြသည်။ သူတို့သည် ပေထင်းဟွမ်၏မျက်လုံးထဲမှ နာကျင်မှုကိုလက်လွတ်မခံကြပေ။ သူတို့သည် အခုလေးတင်ကြားခဲ့သည်။ ပေထင်းဟွမ်သည် အလွန်ဝမ်းနည်းကာ ထိုလူအား ရန်စခဲ့သည်။ သူတို့ခေါင်းဆောင် မည်မျှနာကျင်ခဲ့သနည်း။

“သခင်လေး ၉ ကြည့်လိုက်.. အကုန်လုံးက ငယ်သည်ဖြစ်စေ ကြီးသည် ဖြစ်စေ ရှင့်ကိုစွဲလမ်းနေကြပြီ.. သူတို့က ရှင့်ခွန်အားကိုလက်ခုတ်တီးပေးပြီး ရှင့်ရဲ့ဆွဲဆောင်မှုကိုလေးစားကြတယ်.. အဲဒါက ရှင့်ရဲ့သရုပ်မှန်တို့ လိင်ဖြစ် တည်မှုတို့နဲ့ မဆိုင်ဘူး” မုချင်းလင်သည် လျှောက်လာပြီး ပေထင်းဟွမ်၏ လက်ကိုကိုင်လိုက်သည် “ဒါ ရှင့်အမှားမဟုတ်ပါဘူး.. သခင်မလေးနန်ကုန်းက အမြဲတမ်း ဒီလိုလုပ်ရတာကိုပျော်မှာပါ.. သူမလုပ်ချင်တာကို သူမ ရသွားတာ လေ”

မုချင်းလင်၏ စကားလုံးများကို နားလည်သဖြင့် ပေထင်းဟွမ်သည် ပဋိပက္ခမများတော့ပေ။ သူမသည် ခါးကုန်းပြီး နန်ကုန်းချန်းမိုအား ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်၏။ သူမသည် နန်ကုန်းချန်းရှီအား ပြောလိုက်သည် “ချန်းရှီ ငါ တောင်းဆိုစရာရှိတယ်.. ငါ သူမကို အဖော်ပြုခွင့်ပေးပါ.. သူမက ငါ့အတွက် သေသွားခဲ့တာ.. သူမအနားယူဖို့ အကောင်းဆုံးနေရာရှာချင်တယ်”

နန်ကုန်းချန်ရှီးသည် သူမ၏ အစ်မဖြစ်သူကို တွန့်ဆုတ်စွာကြည့်လေ သည်။ အစ်မဖြစ်သူသည် ခေါင်းဆောင်အပေါ်တွင် နက်ရှိုင်းသော ခံစားချက် များရှိနေသည်ကို သူမ သိသည်မှာကြာပြီဖြစ်သည်။ ယခုအခါ သူမ လိုချင်သည့် အရာကိုရသွားသဖြင့် သူမ သေချာပေါက်ပျော်မည်မဟုတ်ပါလား။ သူမ ခေါင်းဆတ်လိုက်သည် “ခေါင်းဆေငါ် ဒါက ချန်းမိုအလိုချင်ဆုံးဟာဖြစ်မှာပါ.. မိသားစုထဲမှာ ကိစ္စတွေရှင်းအောင်လုပ်ထားလိုက်ပါမဘ်”

ပေထင်းဟွမ်သည် နန်ကုန်းမိသားစုကိုမကြောက်ပေ။ သို့သော် ဤညီအစ်မနှစ်ယောက်အတွက် ပေထင်းဟွမ်သည် ညှိနှိုင်းမှုလုပ်လိုသည်။

လက်ကောက်နေရာထဲတွင် ပေထင်းဟွမ် ချောက်နက်ရွှံ့နွံတောမှ ရလာ သော ဝိညာဉ်နွယ်ပင်များသည် တည်ငြိမ်လာသလိုပင်။ သူတို့သည် လေဟာ နယ်ထဲတွင် ပြေးလွှားကာ တောင်ကြားတွင် တည်ငြိမ်သွားလေသည်။ အချိန် ကြာမြင့်စွာပင် ဝိညာဉ်စွမ်းအင်သည် ဖိနှိပ်ခံခဲ့ရသည်။ ပန်းနှင့်အပင်များသည် ကြွရွကာ အလွန်လှပသည်။

နက်ရှိုင်းသောရေကန်တစ်ခုသည် တောင်ကြားတွင်ပေါ်လာသည်။ တောင်အထက်တွင် သဘာဝကျောက်တုံးစင်္ကြံတစ်ခုဖြစ်ပေါ်လာ၏။ အတွေး တစ်ချက်တည်းနှင့် ပေထင်းဟွမ်သည် နန်ကုန်းချန်းမိုကို ထိုခုံပေါ်တင်လိုက်ပြီး သူမကိုယ်သူမ ပြောလိုက်သည် “လိမ္မာတဲ့ကောင်မလေး မင်းကို အလဟဿ မသေစေရဘူး.. ဒီကမ္ဘာမှာ ဘယ်သူကမှ တခြားလူရဲ့အသက်နဲ့မထိုက်တန်ဘူး.. ဒီကမ္ဘာမှာ စည်းမျဉ်းတွေရှိမှတော့ အဲဒီစည်းမျဉ်းတွေကိုပြောင်းပြီး မင်းကို အသက်ရှင်စေမယ်”

“ငါ့ကိုစောင့်နေပါ”

တောင်လေသည် ဖြတ်ပြီးတိုက်ခတ်သွား၏။ တောင်လမ်းတွင်ရပ်နေ သောလူငယ်၏ နက်မှောင်သော ဆံနွယ်ရှည်များသည် လေနှင့်အတူ ကခုန်နေ သည်။ သူမသည် ဝိညာဉ်ချပ်ဝတ်တန်ဆာချွတ်ကာ ဝါးလုံးကဲ့သို့ မားမားမတ် မတ်ရပ်နေသည်။ သူသည် လက်ထဲမှဓားရှည်ကို လွှဲလိုက်ရာ လေများပြိုပျက် သည့် အသံများကြားရလေသည်။ တည်ငြိမ်သောလူငယ်သည် ပတ်ပတ်လည် မှတောင်များကို နက်မှောင်သောမျက်လုံးများဖြင့် တည်ငြိမ်စွာစိုက်ကြည့်လေ သည်။ သူမ၏ကြည်လင်သောအသံသည် မြေကြီးကွဲလောက်သည် “ငါ ပေထင်းဟွမ်.. ငါ့ခေါင်းပေါ်နင်းပြီး နာမည်ကြီးချင်တဲ့သူတွေ.. ကျောင်းပြိုင်ပွဲမှာ ငါဝင်ပြိုင်တာကို တားချင်တဲ့သူတွေ လာခဲ့ကြ.. ငါ ပေထင်းဟွမ်က မင်းတို့နဲ့ နောက်ဆုံးအချိန်ထိ တိုက်ခိုက်သွားမယ်”

နောက်ဆုံးအချိန်ထိ တိုက်ခိုက်သွားမယ်..

နောက်ဆုံးအချိန်ထိ...

သူမ၏အသံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် မြည်ဟီးသွား၏။ တောင်တန်းများထဲတွင် ပဲ့တင်ထပ်သွားရာ အားလုံး၏ အသည်းများကို လှုပ်ခတ်သွားစေသည်။ သူသည် ရဲစွမ်းသတ္တိရှိသည်၊ ခမ်းနားသည်၊ လွှမ်းမိုးနိုင် သည်။

ထိုလူငယ်သည် အလွန်အစွမ်းထက်သော သဘောထားဖြင့် အားလုံး၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့သည်။ သူတို့၏မျက်လုံးများထဲတွင် ပေထင်းဟွမ် သည် ကျောင်းသားသစ်မဟုတ်ဘဲ ပြိုင်ဘက်ကင်းသော သူရဲကောင်းဖြစ်သည်။

သူငယ်ချင်းဖြစ်သူ၏ သေဆုံးမိသည် သူမ၏နှလုံးသားထဲတွင် လေးလံ သောချည်နှောင်မှုမဖြစ်ခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမ၏ နှလုံးသားထဲတွင် ထက်မြက်သောတိုက်ပွဲဝင်စိတ်ကို ဖြစ်စေသည်။ သူမသည် သူမအတွက်ကျဆုံးသွားသည့် မိန်းကလေးကို ဂုဏ်ပြုရန် တိုက်ခိုက်သည့် နည်းလမ်းကိုရွေးခဲ့သည်။ ထိုသန်မာသော သဘောထားသည် ယောက်ျားပျို၊ မိန်းမပျိုများ၏ စိတ်ကိုသိမ်းပိုက်နိုင်ခဲ့သည်။

All Chapters