← Chapters

ကင်းကောင် သခင့်ကိုတွေ့ဆုံပါတယ်

Vol. 28 Ch. 546

ကင်းကောင် သခင့်ကိုတွေ့ဆုံပါတယ်

Vol. 28 Ch. 546

အမှောင်ကမ္ဘာထဲတွင် စစ်နတ်ဘုရားကဲ့သို့ နတ်ဘုရားအလင်းထွက်ကာ ရပ်နေသော လက်မလျှော့တတ်သည့် ယောက်ျားပျိုကိုမြင်နေရသည်။ လူငယ် သည် မျက်လုံးထဲတွင် အရူးအမူးဖြစ်နေသည့် ခံစားချက်နှင့် တောင်လမ်းဘေးရှိ ကြီးမားသောကျောက်တုံးပေါ်တွင်ရပ်နေသည်။ သူ့မျက်လုံးများသည် မီးတောက်များ တောက်လောင်နေသလိုပင်။

လူငယ်၏လက်ထဲမှဓားပျော့သည် ငွေရောင်အလင်းနှင့် တလက်လက် လင်းလက်နေသည်။ လူငယ်သည် လက်ပိုင်ကာ အံကြိတ်ထားသည်။ သူသည် တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်သည်။ တိတ်ဆိတ်သွားပြီးနောက် ကမ္ဘာကြီး သည် ငြိမ်ကျသွားခဲ့သည်။ မည်သူကမှ လူငယ်၏ စိန်ခေါ်မှုကို မတုန့်ပြန်ရဲကြ ပေ။

လူငယ် ဒေါသထွက်မည်ကိုကြောက်သည့်အလား သူ အသံကျယ်ကျယ် ပြောလိုက်၏ “ပေထင်းဟွမ် ငါကလျိုရွှီပါ.. ငါက မင်းရဲ့ရန်သူမဖြစ်ချင်ဘူး.. မင်းက ပြိုင်ဘက်ကောင်းပါ.. ငါ မင်းနဲ့တိုက်ခိုက်ချင်တယ်.. ဒါပေမဲ့ ဒီနေ့ တိုက်ပွဲအတွက် မင်းက မသင့်တော်ဘူး.. နောက်သုံးရက်ကြာရင် ငါ မင်းကို အန္တရာယ်တိုင်ထိပ်သုံးလုံးမှာစောင့်နေမယ်.. အဲအချိန်ကျရင် မင်း ခံစားချက် တွေကောင်းဖို့ မျှော်လင့်ပါတယ်”

ထိုသို့ပြောပြီးနောက် သူသည် လက်မြှောက်ကာ ထူထဲသောဒြပ်စင် စွမ်းအင်ဖြင့် အဘက်ဘက်သို့ ဖြန့်လိုက်ကာ ပွဲကြည့်လာပရိသတ်များကို နှင်ထုတ်လေသည်။ “ဟုတ်ပြီ ပွဲပြီးသွားပြီ မင်းတို့အကုန်လုံး သွားလိုက်ကြ တော့ ဒီကိုဘာလို့ရောက်နေကြတာလဲဆိုတာ မေ့သွားကြတာလား”

ထိုအကွက်သည် သတိပြုမိဖွယ်ရာဖြစ်သည်။ ပေထင်းဟွမ်၏ နက်မှောင် သောမျက်လုံးများသည် ကျောက်တုံးကြီးတွင်ရပ်ပြီး လက်ဝေ့ယမ်းနေသည့် လူငယ်၏ပုံရိပ်ကို ရောင်ပြန်ဟပ်နေသည်။ သူမ၏နှုတ်ခမ်းများ ကွေးတွန့်သွား သည်။ ဤလူသည် ခင်မင်ထိုက်သည်။ သူပြောသည်မှာမှန်သည်။ လက်ရှိတွင် သူမသည် တိုက်ခိုက်ရန် မသင့်တော်သေးပေ။ သူမ၏အတွင်းပိုင်းနတ်မိစ္ဆာ သည် ပျံ့နှံ့နေကာ တိုက်ပွဲ၏ရန်စချက်ကို အလွယ်တကူခံရနိုင်သည်။ ၎င်းသည် သူမ၏အနာဂတ်ကျင့်ကြံမှုအတွက် အကျိုးယုတ်နိုင်သည်။

ထိုလူသည် သူ၏စေတနာကို ဖော်ပြရန် ထိုနည်းလမ်းကိုသုံးခဲ့သည်။ ထိုတင်သာမကဘဲ သူသည် သူမကိုယ်စား အပြင်လူများကိုနှင်ထုတ်ပြီး သူမ အတွက် အေးချမ်းအောင်လုပ်ပေးခဲ့သည်။

“ဟုတ်ပြီ လျိုရွှီ အဆင့် ၇ ကောင်းကင်အဆင့်ကျွမ်းကျင်သူ.. နောက် သုံးရက်နေရင် တိုင်ထိပ်သုံးလုံးမှာတွေ့ကြတာပေါ့” ပေထင်းဟွမ်သည် အစကတည်းကပင် ဖြောင့်မတ်သူဖစြ်သည်။ သူမသည် အသံကိုမြှင့်လိုက်ကာ တိုက်ပွဲကို ယုံကြည်ချက်ရှိရှိသဘောတူလိုက်သည်။

“ကျွမ်းကျင်သူဟုတ်လား” ဒီလိုနှာဘူးမျိုးကို ကျွမ်းကျင်သူလို့ ဘယ်သူက ခေါ်မျာလဲ။ ပေထင်းဟွမ် သူ့ကို မျက်နှာချိုသွေးသည်ကိုမြင်သောအခါ လျိုရွှီ၏ ချွန်ထက်သောမျက်ခုံးနှင့် ရီဝေသောမျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် ပြည့်သွားလေသည်။ သူသည် ပေထင်းဟွမ်အား နက်နက်နဲနရဲကြည့်ကာ ကျောက်တုံးကြီးကို ခြေဖျားဖြင့်ထောက်ကာ တောင်မှခွာပြီး ကောင်းကင်ဆီသို့ ပေါ့ပါးစွာပျံသန်းသွားလေသည်။

အားလုံးသည် တိတ်ဆိတ်သွားကြ၏။ ရှန်းယန်ပိုနှင့်တခြားသူများရှိလျှင် ပေထင်းဟွမ်သည် စိုးရိမ်ရန်မလိုပေ။ လေ့ကျင့်ရေးကွင်းတွင် မှော်သားရဲများစွာ ရှိနေပြီဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ အဆင့်မြင့်မှော်သားရဲများကို အရင်ရန်သွားမစလျှင် ထိုမှော်သားရဲများသည် လူသားများကို အရင်မတိုက်ခိုက်ကြပေ။

ကျောင်းသားသစ်များသာ ဂရုတစိုက်နှင့် မှော်သားရဲများကို ရန်မစလျှင်၊ ကျောင်းသားဟောင်းများ၏ပြိုင်ပွဲကို ရှောင်ရှားပြီး ထိုမှော်သားရဲများကို ဖြေရှင်းနိုင်သည့် အစါမ်းအစရှိလျှင် အန္တရာယ်များသည့်နေရာမှ လွတ်မြောက် ရန် သူတို့အတါက် မခက်ခဲလှပေ။

သို့သော် ထိုသို့ဆိုသော် မှော်သားရဲများထက် ပိုကြောက်ဖို့ကောင်းသော ထိုကျောင်းသားဟောင်းများကို တွန်းလှန်နိုင်သည်မှာ မည်မျှကံကောင်းလိုက် သနည်း။

ဤတောင်ကြားတွင် သူတို့သည် ချောင်းကျရေရှိသည့်နေရာတစ်ခုရှာပြီး ရပ်တန့်လိုက်ကြသည်။ ရှန်းယန်ပိုနှင့်တခြားသူများသည် သိုလှောင်လက်စွပ် ထဲမှ ပေါင်မုန့်၊ ပင်လယ် ကျောက်စိမ်းနက်ပြာနှင့် အသားနှပ်တချို့ထုတ်လိုက် သည်။ သူတို့သည် မီးမွှေးပြီးစတင်ကင်တော့သည်။

ပေထင်းဟွမ်သည် ကြီးမားသောကျောက်တုံးတစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ နှလုံးသားထဲမှ ကစဥ့်ကလျားနတ်နည်းပညာကို လေ့ကျင့်နေသည်။ ခံစားချက်များကို ထိန်းညှိပြီး ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ချိန်ညှိပြီးနောက် ကြယ် ၉ ပွင့်နတ်သားရဲထုတ်ကာ စာချုပ်တည်ထောင်တော့သည်။

ရွှေရောင်ရှေးမျောက်ဝံသည် ပေထင်းဟွမ်၏မှော်သားရဲဖြစ်ချင်သည်။ ထိန်းကျောင်းပြီးနောက် ၎င်းသည် ဤအခိုက်အတန့်ကို စောင့်နေခဲ့ခြင်းဖြစ် သည်။ စာချုပ်တည်ထောင်ခြင်းလုပ်ငန်းစဉ်တစ်ခုလုံးသည် ချောမွေ့သည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကျလာပြီး လူသားနှင့်သားရဲကို လွှမ်းမိုးလိုက် သည်။ အနည်းငယ်အက်ကွဲသောအသံတစ်သံသည် ပေထင်းဟွမ်၏အသိစိတ် ပင်လယ်ထဲတွင်ပေါ်လာသည် “သခင့်ကို နှုတ်ဆက်ပါတယ် ငါ့နာမည်က ကင်းကောင်ပါ”

All Chapters