ဓား ၈ လက်ကြယ်ဝိညာဉ်သခင်
Vol. 28 Ch. 547
ကင်းကောင်ဟုတ်လား။ ကောင်းလိုက်တဲ့နာမည်ပဲ။ ပေထင်းဟွမ်သည် စိတ်ထဲမှ ကျိတ်ပြီးရေရွတ်မိသည်။ သူ၏နာမည်သည် ၂၁ ရာစုမှ အမေရိကန် ရုပ်ရှင်နာမည်နှင့်တူသည်။
ကြယ် ၉ ပွင့်နတ်သားရဲမှ အထွတ်အမြတ်သားရဲသို့ တက်ရန် လိုအပ်သည့် စွမ်းအင်မှာ များပြားလှသည်။ ပေထင်းဟွမ်မှ ကင်းကောင်ကိုထိန်းကျောင်း ပြီးနောက် နတ်သားရဲထိပ်ဆုံးအဆင့်ခွန်အားသို့ရောက်ပြီး အဆင့်တက်တော့ မည့်နယ်နိမိတ်ကိုထိသွားသော်လည်း ထိုနယ်နိမိတ်ကိုဖြတ်ပြီး အထွတ်အမြတ် သားရဲနယ်မြေသို့ လုံးလုံးလျားလျားမဝင်နိုင်ပေ။
သို့သော် ကြယ် ၉ ပွင့်နတ်သားရဲမှ ကင်းကောင်ကဲ့သို့ သန့်စင်သော သွေးသားနှင့် အထွတ်အမြတ်သားရဲအဖြစ်ရောက်ရန် ဘေးဒုက္ခ ဖြတ်ကျော်ရ မည်ကို ပေထင်းဟွမ် စိုးရိမ်မိသည်။
စာချုပ်တည်ထောင်မှုအလင်းပျောက်ကွယ်သွားကာ ကောင်းကင်နှင့် မြေကြီးစည်းမျဉ်းသည် ပေထင်းဟွမ်၏ခြေထောက်အောက်တွင် ပေါ်လာ၏။ ငွေရောင်ဓား ၇ လက်ဘေးတွင် ယခင်က ခပ်ရေးရေးဖြစ်နေသော ၈ လက်မြောက်ဓားကို ပုံဖော်ထားသည်။ ပေထင်းဟွမ် ကြယ် ၉ ပွင့်နတ်သားရဲနှင့် စာချုပ်တည်ထောင်ပြီးနောက် သူမရရှိခဲ့သော သဘာဝစွမ်းအင်သည် ဓား ၈ လက်ကြယ်ဝိညာဉ်သခင်အဆင့်သို့ ခွန်အားတိုးလာခဲ့သည်။
“ဟူး.. ကောင်းကင်အဆင့်ကိုတက်ပြီးရင် အဆင့်တက်ဖို့က တကယ် ခက်တာပဲ.. ငါအနည်းဆုံးတော့ ကြယ်ဝိညာဉ်ခင်ထိပ်ဆုံးအဆင့်ကို တက်နိုင် မယ်လို့ထင်နေတာ.. ဓား ၈ လက်ပဲရမယ်လို့ထင်မထားဘူး” ပေထင်းဟွမ်သည် ခြေထောက်အောက်မှ ကြယ်ပုံစံအဖွဲ့အစည်းကို အမှုမထားသလိုကြည့်ကာ အနည်းငယ်စိတ်ပျက်နေမိသည်။
“သခင် အရမ်းလောဘမကြီးပါနဲ့.. ဓားလောကကိုဝင်ဖို့အတွက် လူတွေ ဘယ်နနှစ်အချိန်ယူရလဲဆိုတာသိလား.. မင်းက ဓား ၇ လက်ားလောကကနေ ဓား ၈ လက်လောကကို ဒီလောက်မြန်မြန်အဆင့်တက်လာတာ.. မကျေနပ် သေးဘူးလား” အဂူး၏အသံသည် ဇာမဏီရုံးတော်မြောက်ပိုင်း၏ အသိစိတ် ပင်လယ်ထဲတွင်ပေါ်လာသည်။
“ဟုတ်တယ် ငါ နည်းနည်းစိုးရိမ်ရုံပါ.. ဒီတစ်ခါ မင်ရဲ့သရုပ်မှန်က ပေါ် သွားပြီ.. အဲနေရာမှာရှိတဲ့လူတော်တော်များများက သူ့ကို မမှတ်မိကြပေမဲ့ ငါတို့ ထွက်လာပြီးတဲ့နောက် အဲလူတွေက သူ့သရုပ်မှန်ကို မှန်းမိကြမှာပဲ.. ငါသာ သန့်စင်တဲ့သားတော်ကို သတ်ခဲ့တဲ့ကိစ္စကို စီရင်ချက်ဗိမာန်သာသိရင် ငါ့ကို အလွတ်ပေးမှာမဟုတ်ဘူး.. သေချာပေါက် တိုက်ပွဲကြီးဖြစ်လာမှာပဲ” ပေထင်းဟွမ် ပြောလေသည်။
“ဘာတွေကြောက်နေတာလဲ.. စကားတွေထွက်သွားရင်တောင် အချိန် တချို့လိုမှာပဲ.. မင်းရဲ့အဆင့်တက်တဲ့နှုန်းက ပုံမှန်မှမဟုတ်တာ.. ငါတို့ မင်းကို ယုံပါတယ်” အဂူးသည် ပေထင်းဟွမ်အား အားပေးလေသည်။
ပေထင်းဟွမ်သည် စီရင်ချက်ဗိမာန်မှ သန့်စင်သောသားတော်ကို သတ်ခဲ့ ကြောင်းကို တခြားသောမှော်သားရဲများဆီမှ ကြားပြီးသားဖြစ်သည်။ ထိုအချိန် က သူသည် ပျော်လွန်းကာ ဆွဲငင်ညှို့ယူနက်ပြာကိုတောင် သောက်ချင်စိတ်ဖြစ် ခဲ့သည်။ သူသည် ကောင်းကောင်းကြီးလူသတ်နိုင်သည်။ စီရင်ချက်ဗိမာန်မှ လူများ လာနိုင်သည်ဟု ကြားလိုက်သည်နှင့် အဂူးသည် ချက်ချင်းပင် အပြင် ထွက်ပြီး တိုက်ခိုက်ချင်လောက်အောင် စိတ်လှုပ်ရှားသွားသည်။
“အင်း ဟုတ်တယ်.. ဘာတွေကြောက်ဖို့လိုလို့လဲ.. စီရင်ချက်ဗိမာန်နဲ့ ငါ့ ကြားမှာ တိုက်ပွဲကဖြစ်ပြီးနေပြီ.. သူတို့တွေမလာရင်တောင် ငါက သူတို့ အသိုက်ကိုသွားမှာ.. ဟုတ်ပြီ ဒီနေ့ညတော့နားပြီး မနက်ဖြန်မနက်သွားကြမယ် တိုင်ထိပ်သုံးလုံးက ဘယ်မှာလဲဆိုတာငါမသိသေးဘူး.. သုံးရက်အတွင်းရောက် နိုင်လား” ပေထင်းဟွမ်သည် ပေါင်မုန့်အနည်းငယ်စားပြီးနောက် ဝိုင်တစ်ခွက် သောက်လိုက်သည်။ သူမသည် သံမဏိသွေးအပေါင်းအဖော်များနှင့် သစ်ပင်ကြီး၏ပင်စည်ကိုမှီနေသည်။ နွေးထွေးသောလေထုသည် သူတို့ ဘေးပတ်ပတ်လည်တွင်ရှိနေသည်။
“သခင် တိုင်ထိပ်သုံးလုံးကို ငါ သိတယ်.. အဲအချိန်ရောက်ရင် ငါ ပျံသွား လိုက်မယ်” အထောက်အကူပြုနိုင်သည့် အခွင့်အရေးရှိလာသည်ဟု ကြားရန် ရွှေရောင်ရှေးမျောက်ဝံအတွက် မလွယ်ကူလှပေ။ သူ မည်သို့လက်လျှော့နိုင် မည်နည်း။
သူသည် သခင်ဖြစ်သူ ပေထင်းဟွမ်ကို လျှော့တွက်ခဲ့သည်။ စာချုပ် တည်ထောင်ပြီးနောက် ဝမ်းတွင်းစာချုပ်သားရဲ ခေါင်းဆောင်မင်အပြင် တခြား သော မှော်သားရဲအုပ်စုရှိနေသည်ကို သိလိုက်ရသည်။ ဟုတ်သည် ၎င်းသည် ကြီးမားသောအဖွဲ့ဖြစ်သည်။ ချဲ့ကားပြောနေခြင်းမဟုတ်ဘဲ ထိုကြီးမားသော အဖွဲ့ထဲတွင် အမှောင်မှော်သားရဲသည် အားအနည်းဆုံးဖြစ်သည်။
ခေါင်းဆောင်မင်အပြင် သူ၏သခင်တွင်လည်း အထွတ်အမြတ်သားရဲ တစ်ကောင်ရှိသည်။ ၎င်းသည် သူရောက်ရန်အတွက် အိပ်မက်မက်ခဲ့သော အထွတ်အမြတ်သားရဲအဆင့်ဖြစ်သည်။ ပေထင်းဟွမ်၏မှော်သားရဲအုပ်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိပြီးနောက် ကင်းကောင်သည် အန္တရာယ်ကို ခံစားမိလိုက်သည်.. ဒီလောက်ကြီးတဲ့ မှော်သားရဲအုပ်ထဲမှာ သူ ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ...