ငါတို့တွေ အကြီးတန်းတွေကို အထူးသဖြင့် လုယက်မယ်
Vol. 28 Ch. 548
ဤလေဟာနယ်ထဲတွင် နေ့နှင့်ညသည် ရှင်းရှင်းလင်းလင်းကွဲပြားပုံမပေါ် ပေ။ ပေထင်းဟွမ်နှင့်တခြားသူများ ဝင်လာချိန်တွင် နေ့အချိန်ဖြစ်ကာ ကောင်းကင်သည် မီးခိုးရောင်ဖြစ်သည်။ တစ်ရက်ခန့်ကြာသွားပြီးနောက် ကောင်းကင်သည် အနည်းငယ် မည်းနေတုန်းဖြစ်သည်။ မီးခိုးဖြူရောင် လခြမ်း ကွေးသည် ကောင်းကင်တွင်ပေါ်လာပြီး ညဆိုသည်ကို ညွှန်ပြနေသည်။
လခြမ်းကွေး အနောက်ဘက်သို့ဝင်သွားချိန်တွင် နေ့သစ်စပြီဆိုသည့် လက္ခာဖြစ်သည်။
သူသည် ပေထင်းဟွမ်နှင့်တခြားသူများကိုတင်ကာ ပျံသွားနိုင်သည်ဟု ပြောခဲ့သော်လည်း တိုင်ထိပ်သုံးလုံးသည် ပေထင်းဟွမ်နှင့်တခြားသူများ အတွက် ဤနေရာမှထွက်သွားနိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်ကို သိပြီးနောက် ကင်းကောင်၏ စေတနာကောင်းကို ငြင်းဆန်ခဲ့သည်။ သူတို့ ဝင် လာကတည်းကပင် ကျောက်စိမ်းဝိညာဉ်တံဆိပ်ပြားကို ကောင်းမွန်စွာ ထိန်းထားရုံနှင့် ဘေးကင်းစွာ ထွက်ခွာနိုင်ရန်မဖြစ်နိုင်ပေ။
“အကြီးတန်းတွေက ကျောင်းသားသစ်တွေဆီကနေ လုဖို့ဒီကိုလာတယ် ဆိုမှတော့ ဒီလိုဆိုရင်ရော ဘယ်လိုနေလဲ.. သွားရင်းနဲ့ ငါတို့တွေ အကြီးတန်း တွေကို လုမယ်” ပေထင်းဟွမ်သည် ဘာမှမရှိသည့်မေးစေ့ကိုပွတ်ကာ ရှေ့မှ လမ်းကိုကြည့်နေသည် “အဲဒီအကြီးတန်းတွေက တိုက်ပွဲနှစ်ခုကို ကြည့်ခဲ့ပြီးပြီ.. ပွဲကြည့်ခကို ဘယ်သူကမတောင်းဘဲနေချင်မှာလဲ”
“လင်အာ ယွမ်ဟဲ့ ငါတို့တွေ အကြီးတန်းတွေကို အဓိကထားလုမယ်”
“ငါတို့ကရော ခေါင်းဆောင် ငါတို့ကဘာလုပ်ရမှာလဲ” ရှန်းယန်ပိုနှင့် တခြားသူများသည် ပေထင်းဟွမ် သူတို့ကို ပစ်ထားသွားမှာကို ကြောက်နေကြ သည်။ ထို့ကြောင့် အလျင်အမြန်ပင်ရှေ့တိုးကာ ပေထင်းဟွမ်၏အင်္ကျီလက်ကို ဆွဲကိုင်ကြလေသည် “ခေါင်းဆောင် ငါတို့ကို ပစ်မထားခဲ့ပါနဲ့”
“မင်းတို့ကို ဂရုမစိုက်ဘူးလို့ ဘယ်သူပြောနေလို့လဲ” ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။ တစ်ညတည်း ထိန်းညှိလိုက်သည်နှင့် ပေထင်းဟွမ်သည် လုံးလုံးလျားလျား စိတ်ငြိမ်သွားသည်။ ၎င်းသည် သူမ၏ အားနည်းချက်ဖြစ်နိုင်သည်။ သူမတွင် သူမကို ဆိုးရွားစွာဆက်ဆံသည့်လူများ ကိုရှင်းရန် နည်းလမ်းပေါင်းရာနှင့်ချီရှိသည်။ သို့သော် သူမကို ကောင်းမွန်စွာ ဆက်ဆံသည့်လူများကို လက်လွှတ်ပြီး သူမအတွက် စတေးခြင်းမျိုး အဖြစ်မခံ နိုင်ပေ “ငါက မင်းတို့ခေါင်းဆောင်ဆိုမှတော့ မင်းတို့အတွက် တာဝန်ရှိတယ်.. အခုက ၆ ရက်ကျန်သေးတယ်.. ဒီ ၆ ရက်အတွင်းမှာ ဘယ်သူက မှော်သားရဲ အများဆုံးသတ်နိုင်လဲဆိုတာ ကြည့်ကြမယ်.. အဆင့် ၁ မှော်သားရဲတွေအတွက် ၁ မှတ်.. အဆင့် ၂ မှော်သားရဲဆို ၂ မှတ် အဲလိုတွက်မယ်.. အနိုင်ရတဲ့သူကို ကောင်းကင်ဘုံအသီးပေးမယ်”
ကောင်းကင်ဘုံအသီးလား..
ရှန်းယန်ပို၏ပါးစပ်မှာ ဟောင်းလောင်းဖြစ်သွားကာ သူ၏မျက်လုံးမှာ ပြူးထွက်မတတ်ပင်။
သူ နားကြားများမှားသွားသလား။ ခေါင်းဆောင်က ကောင်းကင်ဘုံအသီး ကို ဆုပေးမယ်လို့ပြောလိုက်တာလား။ ပြောရရင် ခေါင်းဆောင်.. ဒါက ကောင်းကင်ဘုံအသီးနဲ့ လူတွေကို ခြောက်လှန့်ရမယ့်အလှည့်လား။ သံမဏိ သွေးအဖွဲ့သည် မဟာမိတ်မြို့တော်တွင် ကောင်းကင်ဘုံအသီးယူလာနိုင်ခဲ့သည် ကို သူကြားဖူးသည်မှာကြာပြီဖြစ်သည်။ ထိုကိစ္စသည် ဤတိုက်ကြီးရှိ ကြေးစားလောကတွင် ရိုက်ခတ်မှုကြီးဖြစ်သည်။ ထိုလူများသည် သူတို့ကို အထင်မသေးရဲကြတော့ပေ။
ရှန်းယန်ပိုသည် ရှန်ရှောင်ကျယ်၊ ချင်ရှဲလင်နှင့် တခြားသူများကို လှည့် ကြည့်လိုက်သည်။ ထိုလူများလည်း သူ့လိုပင် ငေးကြောင်သည့် မျက်နှာထားမျိုး ဖြစ်နေသည်ကိုမြင်နေရသည်။
ရှန်းယန်ပိုသည် ခြောက်သွေ့နေသောနှုတ်ခမ်းများကို သပ်လိုက်သည် “ခေါင်းဆောင် မင်းမှာ ကောင်းကင်ဘုံအသီးတွေ အများကြီးရှိနေတာလား”
ကောင်းကင်ဘုံအသီးသည် အထွတ်အမြတ်သားရဲများ ကာကွယ်သည့် ပစ္စည်းဖြစ်သည်။ ခေါင်းဆောင်က အဲလောက်အများကြီး ဘယ်ကရလာတာလဲ။ ကောင်းကင်ဘုံအသီးကိုများ စိုက်ထားတာလား။
ပေထင်းဟွမ်သည် ထိုလူများအားကြည့်ပြီး ခေါင်းခါလိုက်သည်။ ဒီအတိုင်း ကောင်းကင်ဘုံအသီးပဲမဟုတ်ဘူးလား။ သူတို့တွေ ဒီလောက် ကြောက်ဖို့လိုလို့လား။ နောက်ဆိုရင် သူတို့အပြင်ထွက်ရင် သံမဏိသွေးကလို့ မပြောကြနဲ့တော့။ ရှက်ဖို့ကောင်းလိုက်တာ။
ပေထင်းဟွမ်သည် လက်ဖဝါးလှန်လိုက်ရာ လက်ဖဝါးပေါ်တွင် အနီရောင် အသီးတစ်လုံးပေါ်လာသည်။ ၎င်းသည် ဖန်စပျစ်သီးနှင့်တူကာ ထူထဲသော ဝိညာည်ရောင်ဝါသည် ဖြာထွက်နေသည်။ ချက်ချင်းဆိုသလိုပင် အနီးအနားရှိ အပင်များသည် သက်ဝင်လှုပ်ရှားလာပြီး အကိုင်းနှင့်သစ်ရွက်များသည် ထောင်မတ်လာသည်။
“ဟုတ်ပြီ ငါ့ကောင်းကင်အသီးက ဘယ်ကရလာလဲဆိုတာ ဂရုစိုက်နေဖို့ မလိုဘူး.. ကောင်းကောင်းရှင်သန်နေတယ်.. ပထမက ကောင်းကင်ဘုံအသီးရ မယ်.. ဒုတိယက ဝိညာဉ်နက်အသီးရမယ်.. တခြားဟာတွေကတော့ အချိန်တန် ရင် ခေါင်းဆောင်ချူဖုန်းကိုသွားရှာပြီး သူ့ကို လေ့ကျင့်ပေးခိုင်းမယ်”