တိုင်ထိပ်သုံးလုံးပေါ်မှ အကြည့်များ
Vol. 28 Ch. 549
ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ ဘေးနားမှလူများကို အန္တရာယ်ပြုမည့်အမူအရာနှင့် ကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အားလုံးသည် ဆံပင်များအဆုံးထိထောင်သွားကြ၏။ တပ်မှူးချူဖုန်းကို သွားရှာ ပြီးလေ့ကျင့်ရမှာလား။ ဘုရားရေ.. အဲဒါက မှော်သားရဲတောထဲကို သူတို့ကို သွားပစ်လိုက်တာမဟုတ်ဘူးလား။ အနည်းငယ်ရှုပ်ထွေးဆဲဖြစ်နေသည့် ယွမ်ဟဲ့ တစ်ယောက်သာ မှော်သားရဲတောကို ကောင်းသည်ဟုတွေးနေသည်။ သူသည် ထိုနေရာကိုတစ်ခါမှမရောက်ဖူးပေ။ တခြားသူများသည် ကျောရိုးထဲထိ အေးစိမ့်သွားကာ ရှေ့သို့ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးလေ သည်။
လမ်းတစ်လျှောက်တွင် ပြိုင်ပွဲသည် ပြင်းထန်သည်။ အစပိုင်းတွင် သူတို့ သည် မှော်သားရဲအတွက် တိုက်ခိုက်ကြသည်။ အဆင့် ၇ ဝံပုလွေ အသတ်ခံရ လုနီးပါးဖြစ်ချိန်တွင် အဖွဲ့ငယ်သည် သူတို့အချင်းချင်း အဆင့် ၇ ဝံပုလွေ၏ အမြုတေကို ရန်ဖြစ်ပြီးလုကြရာ သေခါနီး ဝံပုလွေသည် လွတ်မြောက်သွားလေ သည်။ ပေထင်းဟွမ်၏လှောင်ရယ်ခြင်းကိုခံရပြီးနောက် သူတို့သည် ပြိုင်ဘက် ၏ မှော်သားရဲကိုမလုရဲကြတော့ပေ။
နောက်နှစ်ရက်အတွင်းတွင် ရှန်းယန်ပိုသည် အဖွဲ့ကိုဦးဆောင်ကာ အနီးအနားမှာရှိတဲ့ မှော်သားရဲများကို စုံစမ်းရန် သူတို့၏ဝမ်းတွင်းပါ စာချုပ် သားရဲများကို အသုံးပြုခဲ့သည်။ ၎င်းတို့အားလုံးကို တဟုန်ထိုးဖမ်းယူနိုင်ရန် နည်းဗျူဟာဆွဲပြီးနောက် အဖွဲ့သားများသည် ၎င်းတို့၏လေ့ကျင့်ရေးအရှိန်နှုန်း မြန်ဆန်လာသည်ကို တွေ့ရှိရသည်။ သူတို့ရိတ်သိမ်းသည့် မှော်သားရဲ အရေအတွက်သည် ပထမနေ့လုယူသည်ထက်ပင် ပိုများလေသည်။
အားလုံးသည် ပေထင်းဟွမ်၏ရည်ရွယ်ချက်ကို နားလည်လာပုံပင်။
တတိယနေ့ညနေခင်းတွင် တိုင်ထိပ်သုံးလုံးအခြေသို့ ရောက်လာကြ၏။ ကျယ်ပြန့်သောကောင်းကင်အောက်တွင် မိုင်ရာချီအချင်းဝက်ရှိသော တိုင်သုံး လုံးသည် ရှေ့သွားရာလမ်းကို ပိတ်ဆို့သည့် သဘာဝအတားအဆီးတစ်ခုဖြစ် သည်။ တောင်ထိပ်သုံးခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်နေသည်။ တိမ်တိုက်နှင့်မြူခိုးများ အုံ့ဆိုင်းနေသဖြင့် တောင်ထိပ်ကိုမမြင်ရပေ။
“သခင် တောင်ထိပ်သုံးလုံးအလယ်မှာ လမ်းကျဉ်းလေးတစ်ခုရှိတယ်.. ကျောင်းသားသစ်တွေက အဲဒီအန္တရာယ်လမ်းကနေ လျှောက်ထွက်ရမှာ.. ဒီ တောင်သုံးလုံးထိပ်ကိုဖြတ်ပြီးရင် ဒီလမ်းရဲ့ပန်းတိုင်နေရာကိုရောက်လိမ့်မယ်.. သခင်က အကြီးတန်းကျောင်းသားတွေကို လုချင်တာမဟုတ်ဘူးလား.. ဒါက အကောင်းဆုံးနေရာပဲ.. အဲဒီအကြီးတန်းကျောင်းသားတွေက ဒီလမ်းကျဉ်းကျဉ်း လေးထဲမှာ လူတွေကို ချောင်းမြောင်းတိုက်ခိုက်ရတာကြိုက်တယ်.. သူတို့တွေ ငါတို့ကိုလုဖို့ကြိုးစားရင် ငါတို့ပြန်လှည့်ပြီး သူတို့ကိုပြန်လုမယ်” ကင်းကောင် သည် လေဟာနယ်ထဲမှပြောလေသည်။
“အဓိပ္ပာယ်ရှိတယ်.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် လျိုရွှီနဲ့တိုက်ပြီး နောက် နေ့မနက်မှပြောကြတာပေါ့” ပေထင်းဟွမ် ပြောလေသည်။
သူတို့သည် ထောင်ထိပ်သုံးလုံးကိုရောက်ကာ တစ်မိုင်ခန့် လမ်းလျှောက် ကြပြီးနောက် ရုန့်ရင်းဆန်ခတ်အသံများကြားလိုက်ရသည်။ တောင်သုံးလုံးထိပ် တွင် ကျောင်းသားသစ်နှင့် ကျောင်းသားဟောင်းများ စုဝေးနေကြပြီဖြစ်သည်။ ကျောင်းတော်မှ ကျောင်းသားသစ်လေ့ကျင့်ရေးစတင်သည့်အချိန်မှစပြီး ကျောင်းသားသစ်နှင့် ကျောင်းသားဟောင်းတို့သည် လိုက်လျောညီထွေမှုမရှိကြ တော့ပေ။
အဖြူရောင်တဲများသည် တသီတတန်းကြီး တန်းလျက်ရှိသည်။ အဆင့် ၃ နှင့် အဆင့် ၂ ဝိညာဉ်သခင်များသည် တဲများကို ဖြတ်လျှောက်သွားကြသည်။ ရံဖန်ရံခါတွင် ကောင်းကင်အဆင့်ဝိညာဉ်သခင်များသည် လေထဲကို ဖြတ်ပြီး ပျံသန်းကြသည်။ ဤနေရာသည် အင်ပါယာကျောင်းတော်၏ လေ့ကျင့်ရေးရေး အန္တရာယ်ရှိသောနေရာဟုသာ သိမထားလျှင် ထိုလူများသည် ပျော်ပွဲစားထွက် လာပြီး ရှုခင်းကြည့်ရန်လာကြသည်ဟု ပေထင်းဟွမ် ထင်တော့မည်။
“သခင်ကြီး ပေထင်းဟွမ်ပါလား သူတို့ရောက်လာကြပြီ”
မျက်စိလျှင်သော တစ်စုံတစ်ယောက်သည် ပေထင်းဟွမ်တို့ကိုမြင်သော အခါ မျက်လုံးအရောင်လက်လာသည်။ သူစကားပြောသည်နှင့် အားလုံးသည် ပေထင်းဟွမ်ရှိရာဘက်သို့ ကြည့်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် မူက အသက်ဝင်နေသော စခန်းသည် စိတ်လှုပ်ရှားမှုများဖြင့် ပွက်ပွက်ဆူသွားကြ သည်။ အကြောင်းအရင်းမရှိဘဲ အားပေးသံများညံလာသည်။
“ကောင်းတယ်.. သခင်ပေထင်းဟွမ်က ကတိတည်ဖို့ ဒီကိုရောက်လာပြီ”
“ငါတို့တွေ စောင့်တာအလဟဿမဖြစ်တော့ဘူး.. နောက်ဆုံးတော့ မနက်ဖြန် တိုက်ပွဲကိုမြင်ရတော့မယ်”
“ဟုတ်တယ် သခင်ကြီးပေထင်းဟွမ်က ငါတို့ကျောင်းသားသစ်တွေကို ကိုယ်စားပြုတယ်.. သခင်လျိုရွှီက ကျောင်းသားဟောင်းတွေကို ကိုယ်စားပြု တယ်.. ဒီတစ်ခါ ကျောင်းသားသစ်နဲ့ ကျောင်းသားဟောင်းတွေက ပွင့်ပွင့်လင်းလင်းကို တိုက်ခိုက်ကြပြီ”
ပေထင်းဟွမ်သည် သူမ၏နှာခေါင်းကိုပွတ်မိသည်။ ဤနေရာတွင်လာစု နေကြသောလူများသည် သူမနှင့်လျှိုရွှီတို့၏တိုက်ပွဲကို ကြည့်ရန်လာခြင်းဖြစ် သည်။ ဒီလူတွေက ဒါကိုဘာလို့ စိတ်ရှုပ်စရာလို့မမြင်တာလဲ။ သို့သော် ကျွမ်းကျင်သူများအကြားရှိ တိုက်ပွဲသည် ကျင့်ကြံသူတိုင်းအတွက် အလွန် အရေးကြီးကြောင်းကို ပေထင်းဟွမ် နားမလည်ပေ။