ဒီဦးလေးကလုပ်ရဲလား မလုပ်ရဲဘူးလား
Vol. 28 Ch. 550
အားလုံးသည် ဝိုင်းလာကြပြီး စခန်းသို့လာနေသော ပေထင်းဟွမ်အား သူရဲကောင်းသဖွယ် ကြိုဆိုကြမည်အပြုတွင် ရုတ်တရက် လှောင်ပြောင်သည့် ရယ်သံကို ကြားလိုက်ရသည်။
“ဟင်း လျိုရွှီက အကြီးတန်းကို ကိုယ်စားပြုတယ်ဟုတ်လား.. သူက အရမ်းတွေများ အားကောင်းနေလို့လား.. ငါ ထန်းယန်ရှိနေတာကို သူက ဘယ်လိုလုပ် အကြီးတန်းကိုယ်စားပြုအဖြစ် ဆက်ဆံခံနေရတာလဲ.. နတ်သားရဲတစ်ကောင်တောင်မရှိတဲ့ ဝိညာဉ်သခင်ကို ဝိညာဉ်သခင်လို့ ပြောလို့ ရလို့လား.. သူက ငပျော့ပါကွာ.. သူ့ကို ဘယ်သူက အဲလောက်မျက်နှာပေး နေလဲမသိတော့ဘူး”
“ငပျော့ဟုတ်လား.. အစ်ကိုကြီးလျိုရွှီကို ဘယ်လိုလုပ် အဲလိုပြောရဲရတာ လဲ”
အေးစက်သောအလင်းသည် ပေထင်းဟွမ်၏မျက်လုံးထဲတွင် လင်းလက် သွားသည်။ သူမသည် လျိုရွှီနှင့်မတွေ့ဖူးဘဲ အဝေးမှသာပြောဖူးသော်လည်း တချို့သောအကြောင်းအရင်းများကြောင့် သူမနှင့်လျိုရွှီတို့အကြားတွင် ဘာမှ ပြောရန်မလိုသော နားလည်မှုမျိုးရှိသည်ဟု ခံစားရသည်။ လျိုရွှီသည် သူမကို မိတ်ဆွေတစ်ယောက်ကဲ့သို့ ဆက်ဆံမည်ဟုယုံကြည်သည်။ သူမည် သူမကို ကောင်းမွန်စွာဆက်ဆံသောလူတစ်ယောက်ကို ဘယ်သောအခါမှ လက်လွတ် စပယ်ဆက်ဆံမည်မဟုတ်ပေ။
မျက်လုံးများကို ရှေ့သို့ပင့်ကြည့်လိုက်ရာ လူအုပ်သည် လမ်းဖယ်ပေးလေ သည်။ ရိုင်းဆိုင်းစွာပြောဆိုခဲ့သောလူသည် အကြီးတန်းအဖွဲ့တစ်ဖွဲ့ဝန်းရံပြီး လျှောက်လာသည်။ သူသည် အသက် ၃၆၊ ၃၇ နှစ်အရွယ်ရှိသည့် ယောက်ျား ဖြစ်သည်။ သူ၏ဆံပင်တိုသည် ပခုံးပေါ်ဝဲနေပြီး ကောင်းကင်ပြာဝတ်ရုံကို ဝတ် ဆင်ထားသည်။ ရင်ဘတ်တွင် တံဆိပ်ပြားတစ်ခုဆွဲထားသည်။ ၎င်းတံဆိပ်ပြား သည် သားရဲထိန်းသခင်အစည်းအရုံးမှ အသိအမှတ်ပြုထားသည့် သားရဲထိန်း သခင်တံဆိပ်ပြားဖြစ်သည်။
တံဆိပ်ပြားသည် ဤပင်မတိုက်ကြီးတွင် တိညာဉ်သခင်များ၏ အကျော် ကြားဆုံးသရုပ်မှန်ကို ကိုယ်စားပြုသည်။ မှော်သားရဲများနှင့် စာချုပ်တည်ထောင်ရမည်ဆိုသည့် ဆွဲဆောင်မှုမျိုးကို မည်သည့်ဝိညာဉ်သခင် ကမှ မခုခံနိုင်ပေ။ ဝိညာဉ်ထိန်းသခင်ကြီးနှင့် ဆက်ဆံရေးကောင်းသည့်အရာ သည် အားကောင်းသောမှော်သားရဲကို အပေါင်းအဖော်အဖြစ်ပိုင်ဆိုင်လိုက်ရ ခြင်းဖြစ်သည်။
နှစ်စဉ်နှစ်တိုင်း မှော်သားရဲထိန်းအစည်းအရုံးဆီသို့ မရေမတွက်နိုင်သော မှော်သားရဲများကို ထိန်းကျောင်းရန် ပို့ဆောင်ရသည်။ သားရဲထိန်းကျောင်းခြင်း ၏ သဘာဝတရားအရ တချို့သောဝိညာဉ်သခင်များသည် ပိုက်ဆံ အတော်အတန်သုံးလျှင်တောင် မှော်သားရဲများနှင့်စာချုပ်တည်ထောင်ရန် မဖြစ်နိုင်ပေ။
ထို့ကြောင့်ပင် ထန်းယန်၏ဘေးတွင် အလွန်အားကောင်းသည့် အကြီးတန်းများရှိနေခြင်းဖြစ်သည်။ အားလုံးသည် သူ့ကို သားရဲထိန်းသခင်ကြီး ဖြစ် တန်ဖိုးထားကြသည်။
ထန်းယန်ဟုတ်လား... ဒါကထန်းယန်ပေါ့
လူများရှိသည့်နေရာတွင် ပြိုင်ပွဲရှိမည်ဖြစ်သည်။ ထန်းယန်သည် ကောင်းကင် ဒုတိယအဆင့်ရှိသူဖြစ်ကာ လျိုရွှီသည် အဆင့် ၇ ဖြစ်သည်။ လျိုရွှီသည် တခြားသောကောင်းကင်အဆင့်ကျွမ်းကျင်သူများကဲ့သို့ ထန်းယန် ကို မျက်နှာသာမပေးသောကြောင့် ထန်းယန်၏မျက်လုံးထဲတွင် မျက်စိဆံပင် မွေးဆူးစရာဖြစ်နေသည်။ ပေထင်းဟွမ်သည် တွေးလိုက်ရုံနှင့် အဖြစ်အပျက် များကို ပြောနိုင်သည်။
ထိုလူများကိုကြည့်ရင်း ရှန်းယန်ပို၏မျက်လုံးသည် အလွန်ရွံရှာမှုကို ပြသ လေသည်။ သူသည် ပေထင်းဟွမ်၏ဘေးတွင်ရပ်ကာ တိုးညင်းစွာပြောလေ သည် “ခေါင်းဆောင် ဒီလူက ကောင်းကင်အဆင့် အဆင့် ၂ ရှိတဲ့လူပဲ.. သူက အင်ပါယာကျောင်းတော်မှာ နှစ်တစ်ရာနေမှထွက်ပေါ်တဲ့ ပါရမီရှင် ဓား ၉ လက် ကြယ်ဝိညာဉ်သခင်လို့ပြောတယ်.. ကောင်းကင်အဆင့် အဆင့် ၁ ကလွဲပြီး ဘယ်သူကမှ သူ့ကိုမယှဉ်နိုင်ကြဘူး.. သူက ကောင်းကင်အဆင့်အထက်ရှိတဲ့ ကျွမ်းကျင်သူတို့ဝိုင်းနေတဲ့ ဝိညာဉ်သခင်ကြီးပဲ.. သူက သန်မာတာနဲ့ပဲ ကျောင်းတော်မှာ သူလုပ်ချင်တာလုပ်ပြီး အနိုင်ကျင့်နေတာ”
ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ဟုတ်လား။ နှစ်တစ်ရာပါရမီရှင်ပေါ့။ အသက် ၄၀ နီးပါးရှိသည့်ထိုလူကိုကြည့်ရာ ဤအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်သည်မှာ အလွန်အရည်အချင်းရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့်ပင် ဤလူသည် အလွန်မောက်မာကာ ထောင်လွှားနေခြင်းပင်။
“ဟုတ်တယ် ခေါင်းဆောင်.. ဒီလူက ဝိညာဉ်သခင်ကြီးပဲ.. သူက အင်ပါယာတစ်ခုတည်းတင်မဟုတ်ဘဲ ပင်မတိုက်ကြီးတစ်ခုလုံးမှာ အရမ်း ရာထူးမြင့်တယ်.. သူ့ရဲ့သရုပ်မှန်အရ ကျောင်းတော်က တချို့ဆရာတွေက သူ့ကိုအရမ်း အထင်ကြီးကြတယ်” ချင်းရှဲလင်သည် ထန်းယန်အား မပျော်မရွှင် နှင့် ကြည့်လေသည်။
“ဟင်း.. ကောင်းကင်အဆင့် အဆင့် ၂ ဆိုလည်း ဘာဖြစ်လဲ.. အစ်ကိုကြီး လျိုရွှီက အကြီးတန်းကျောင်းသားတွေကို ကိုယ်စားမပြုရရင် ဒီဦးလေးကြီးက အကြီးတန်းကျောင်းသားတို့ရဲ့ ကိုယ်စားပြုလား.. ငါ ပေထင်းဟွမ်က မကြောက်ဘူး.. အကြီးတန်းကျောင်းသားကို ကိုယ်စားပြုတဲ့ ဒီဦးလေးက ငါ့ကို တိုက်ခိုက်မယ်တဲ့လား.. ဒီဦးလေးကြီးက လုပ်ရဲမလား မလုပ်ရဲဘူးလား ကြည့် ကြတာပေါ့” ပေထင်းဟွမ်သည် လက်ပိုက်ကာ ပြောင်မြောက်သည် မေးစေ့ကို ကျောက်စိမ်းကဲ့သို့ဖြူသည့် လက်ချောင်းဖြင့် ပုတ်နေသည်။ သူမ၏ မျက်လုံး များသည် လှောင်ပြောင်မှုနှင့် အထင်သေးမှုများဖြင့် ပြည့်နေသည်။ နန်ကုန်းရှို့ သည် သားရဲထိန်းသခင်ကြီးဖြစ်သည်။ နောက်ဆုံးတွင် သူသည် ပြာတစ်မှုန့် မကျန်ဘဲ သေသွားခဲ့သည်မဟုတ်ပါလား...