← Chapters

သခင်ကြီးပေထင်းဟွမ်က ၁၄ နှစ်ပဲရှိသေးတယ်

Vol. 28 Ch. 551

သခင်ကြီးပေထင်းဟွမ်က ၁၄ နှစ်ပဲရှိသေးတယ်

Vol. 28 Ch. 551

ဦးလေးဟုတ်လား။ ကျောင်းသားသစ် ပေထင်းဟွမ်က ထန်းယန်ကို ဦးလေးလို့ခေါ်လိုက်တာလား။

ပေထင်းဟွမ် ခန့်မှန်းသည့်အတိုင်းပင် ဤစခန်းသည် ပေထင်းဟွမ်နှင့် လျိုရွှီတို့ကြားမှ တိုက်ပွဲကိုကြည့်ရန်စောင့်နေသည့် ကျောင်းသားအသစ်၊ အဟောင်းများနှင့် ပြည့်နေသည်။ လျှိုရွှီနှင့်ပေထင်းဟွမ်တို့၏ တိုက်ပွဲသတင်း သည် တစ်နေကုန်နီးပါး တောမီးသဖွယ်ပျံ့သွားကြရာ အန္တရာယ်ရှိသောနေရာ ထဲတွင် အားလုံးကို သတိပေးပြီးသားဖြစ်၏။

ယခုနှစ်၏ ကျောင်းသားသစ်ကိုယ်စားပြုနှင့် အကြီးတန်းကျောင်းသား ကိုယ်စားပြုတို့ကြားမှ အန္တရာယ်ရှိသောနေရာတွင် တိုက်ပွဲကို စောင့်ဆိုင်းရန် နှင့်စုဝေးရန် သုံးရက်သည် လုံလောက်သည်။

ပေထင်းဟွမ်၏ရောက်ရှိမှုသည် စခန်းထဲမှလူများအတွက် အားပေးစရာ ဖြစ်နေသည်။ ကျောင်းသားသစ်ကိုယ်စားပြုအဖွဲ့၏ ဂုဏ်သရေကို ကြည့်ရန် အားလုံးနီးပါး စုရုံးလာကြသည်။

ထိုအချိန်တွင် ပေထင်းဟွမ်သည် ထောင်လွှားစွာ ထန်းယန်အား ရန်စ လိုက်သည်ကို ကြားလိုက်ရခြင်းဖြစ်သည်။

'ဦးလေး' ဟုခေါ်လိုက်ခြင်းသည် လေးစားသမှုနှင့် နာမည်တပ်လိုက်ခြင်း မဟုတ်ဘဲ ထန်းယန်၏အသက်အရွယ်ကို လှောင်ပြောင်ခြင်းဖြစ်သည်။ ထို့အပြင် ၁၄ နှစ်အရွယ်လူငယ်၏ရှေ့တွင် အသက် ၄၀ ဝန်းကျင်ရှိသောလူ တစ်ယောက်သည် ရိုင်းစိုင်းသည့်စကားများဖြင့် ပြိုင်ဘက်ကို မထီမဲ့မြင်ပြုခြင်း သည် အရိုအသေမဲ့ခြင်းဖြစ်၏။

အင်ပါယာကျောင်းတော်ထဲတွင် အသက် ၂၅ နှစ်အောက်ရှိသူများနှင့် ဝိညာဉ်သခင်အထက်အဆင့်ရှိသူများသည် ကျောင်းသားသစ်လေ့ကျင့်ရေးမှ တစ်ဆင့် ဝင်ခွင့်လက်ခံကြသည်။ အသက် ၅၀ မပြည့်ခင်တွင် ဝိညာဉ်သခင်ကြီး အဆင့်အောက်ရှိသည့်လူတိုင်းသည် ကျောင်းတော်၏ စည်းမျဉ်းများကို မချိုးဖောက်သရွေ့ ကျင့်ကြံရန်အတွင် ကျောင်းတော်တွင်နေထိုင်နိုင်သည်။ ထန်းယန်သည် အသက် ၄၀ ပင်မပြည့်သေးပေ။ ထို့ကြောင်း ကျောင်းတော်၏ စည်းမျဉ်းအရ ကျောင်းတော်တွင်နေနိုင်ခြင်းဖြစ်သည်။ ပေထင်းဟွမ် သူ့ကို 'ဦးလေး' ဟုခေါ်လိုက်ချိန်တွင် ထန်းယန်အတွက် အရှက်ရစရာဖြစ်သွားသည်။

ဘုန်း..

ရယ်မောသံများ ထွက်ပေါ်လာသည်။ အကြီးတန်းကျောင်းသားများသည် ထန်းယန်၏ ဖိနှိပ်မှုကြောင့် မရယ်ရဲကြပေ။ သို့သော် ကျောင်းသားသစ်များ သည် ငယ်ရွယ်ကာ ပေထင်းဟွမ်ကို သူတို့၏ကိုယ်စားပြုအဖြစ် သတ်မှတ်ထား ကြသည်။ သူတို့သည် ချက်ချင်းပင် ခွက်ထိုးခွက်လှန်ရယ်မောကြလေသည်။

“ဦးလေး ဟား ဟား ရယ်လိုက်ရတာ.. ဒါပေမဲ့ သခင်ကြီးပေထင်းဟွမ်က ၁၄ နှစ်ပဲရှိသေးတာ.. သူ့ကို ဦးလေးလို့ခေါ်ထိုက်ပါတယ်”

“ဟုတ်တယ် သခင်ကြီးပေထင်းဟွမ်က ဒီလောက်ယဉ်ကျေးမယ်လို့ ထင် မထားဘူး”

“ဒါပေါ့.. သခင်ကြီးပေထင်းဟွမ်က ဘယ်သူလဲဆိုတာ မသိဘူလား.. သူက ပေထင်းမိသားစုကပဲ.. သူက ဝိညာဉ်သခင်မိသားစုကြီးလေးခုထဲက တစ်ခုကလာတာ.. စစ်မှန်တဲ့ တော်ဝင်မျိုးရိုးပဲ ဟုတ်ပြီလား”

ထန်းယန်သည် အင်ပါယာကျောင်းတော်တွင် လွှမ်းမိုးနိုင်ခဲ့သည်။ ချင်ရှဲလင်ပြောသလိုပင် တချို့သောဆရာများသည် သူ့စကားကို လက်ခံရ သည်။ တစ်လျှောက်လုံးတွင် သူသည် သူ့ကိုယ်သူ ပြိုင်ဘက်ကင်းပါရမီရှင်ဟု သတ်မှတ်ကာ အားလုံးကို အထင်သေးခဲ့သည်။ သူသည် ကောင်းကင်အဆင့် အဆင့် ၂ ဖြစ်ရခြင်းအတွက် သူ၏ဂုဏ်သိက္ခာကို မကျေမနပ်ဖြစ်ခဲ့သည်။ အဆင့် ၁ ဖြစ်သူသာ ပေါ်မလာခဲ့လျှင် သူ ထန်းယန်သည် ပထမမရဘဲမနေပေ။

ထိုကဲ့သို့လူမျိုးသည် ဘယ်အချိန်က ဤကဲ့သို့ အရှက်ကွဲခြင်းမျိုးခံရဖူး မည်နည်း။

“ပေထင်းဟွမ်.. မင်းက ကျောင်းသားအသစ်မို့လို့ စည်းမျဉ်းတွေမသိတာ နေမယ်.. မင်းတစ်ခုခု ပြောမှားဆိုမှားရှိတာကို ငါ အပြစ်မတင်ဘူး.. ဒီနေ့ ငါ ကျောင်းသားဟောင်းအနေနဲ့ အင်ပါယာကျောင်းတော်ရဲ့ ကျောင်းသားဟောင်း တွေကိုယ်စား သင်ခန်းစာပေးမယ်” ထန်းယန်သည် ဒေါသထွက်လျက်ရှိသည်။ သူ၏ ဒေါသထွက်နေသောမျက်လုံးများသည် မီးတောက်များ တောက်နေပြီး အံကြိတ်ကာ အေးစက်စွာပြောလေသည်။

“စည်းမျဉ်းဟုတ်လား.. ငါတစ်ခုခုပြောတာမှားသွားလို့လား.. ငါ ဘာမှား ပြောမိလို့လဲ” ပေထင်းဟွမ်သည် ရှုပ်ထွေးစွာဖြင့် လှည့်ပတ်ကြည့်ဟန်ပြုလေ သည်။ အရိုးထဲသို့ စိမ့်သွားစေလောက်သည့် မျက်လုံးအစုံသည် ထန်းယန်၏ ခန္ဓာကိုယ်ကို စူးရှသောဓားသွားကဲ့သို့ သွားလာနေသည်။ သူမ သဘောပေါက် လာသည်။ “အိုး.. ခင်ဗျားကို ဦးလေးလို့မခေါ်သင့်ဘူးလား.. ဘာလို့လဲ.. အဘိုး ဖြစ်ချင်လို့လား.. ဟင် အိပ်မက်မက်နေလိုက်လေ.. ခင်ဗျားက အသက်ကြီးရင် တောင် လူကြီးဖြစ်လို့လား”

“ဟားဟားဟား” စခန်းထဲတွင် အော်သံများထွက်ပေါ်လာသည်။ သည် တစ်ခါက် အကြီးတန်းကျောင်းသားများပင် ရယ်မောကြလေသည်။ သူတို့ ကြားထားသည့် ကောလာဟလများသည် မှန်နေသည့်ပုံပင်။ သခင်ကြီး ပေထင်းဟွမ်၏ပါးစပ်သည် အမှန်တကယ်ပင် လူကိုသေသွားစေလောက်သည်။

ပေထင်းဟွမ်သည် အားမနည်းသော်လည်း ထန်းယန်သည် သူမကို သတ်နိုင်မည်ဟု ရာနှုန်းပြည့်ယုံကြည်ချက်ရှိထားသည်။ ၁၄ နှစ်အရွယ် ဓား ၇ လက်ကြယ်ဝိညာဉ်သခင်ကြီးသည် ဤတိုက်ကြီး၏ ပြိုင်ဘက်ကင်းပါရမီရှင် ညအရှင်နှင့်ပင် မယှဉ်နိုင်ပေ.. သို့သော် ယှဉ်နိုင်လျှင်လည်း မည်သို့ဖြစ်မည် နည်း။ ပါရမီရှင်များသည် အသေမြန်သည်မဟုတ်ပါလား။“”

All Chapters