ကောင်းလိုက်တဲ့ချပ်ဝတ်တန်ဆာ.. မိုက်လိုက်တဲ့ နတ်လှံတံ
Vol. 28 Ch. 552
ပေထင်းဟွမ်၏မှော်သားရဲသည် ကြယ် ၉ ပွင့်မွန်မြတ်သောသားရဲဖြစ်ပြီး ဝိညာဉ်သခင်များအကြားတွင် အထင်ကြီးလောက်စရာတည်ရှိမှုဖြစ် သော်လည်း ၎င်းသည် ထန်းယန်၏ ကြယ် ၇ ပွင့်နတ်သားရဲနှင့်ယှဉ်လျှင် အားနည်းနေဆဲဖြစ်သည်။
ထန်းယန်သည်လည်း လွန်ခဲ့သည့်နှစ်တစ်ဝက်က ဓား ၉ လက်ကြယ် ဝိညာဉ်သခင်အဖြစ် ခက်ခက်ခဲခဲအဆင့်တက်ခဲ့သူဖြစ်သည်။ ကြယ် ၇ ပွင့် နတ်သားရဲနှင့်အတူ ဓား ၇ လက်ကြယ်ဝိညာဉ်သခင်နှင့် ကြယ် ၉ ပွင့် မွန်မြတ် သောသားရဲအဖြစ် တိုးတက်လာခဲ့သည်။ ထန်းယန် မည်မျှစိတ်လှုပ်ရှားခဲ့သည် ကို တွေးကြည့်ရုံနှင့်ရသည်။ သူသည် လက်နှစ်ဖက်စုကာ လက်ဆစ်များကို ချိုးလိုက်သည်။ ကျောင်းအုပ်နန်လင်းအားထောက်ပြီး ပေထင်းဟွမ်ကို အလွယ်တကူသေခွင့်ပြုရမည်ဆိုလည်း သူ စိတ်မရှိပေ။
ဒေါသထွက်နေသော ထန်းယန်သည် ရှေ့တိုးမည်အပြုတွင် တစ်ချိန် လုံးနှုတ်ဆိတ်နေခဲ့သော မိုးပေါ်မှ အပြာရောင်ချပ်ဝတ်တန်ဆာနှင့် လူတစ်ယောက်သည် သူ့ကို အချိန်မှီတားလေသည်။ “သခင်ကြီးထန်းယန်.. သခင်ကြီးပေထင်းဟွမ်က အခုထိငယ်သေးလို့ ဘာမှမတွေးဘဲပြောလိုက်မိ တာပါ.. သူ့ကို ဒေါသထွက်နေဖို့မလိုပါဘူး.. သူက သခင်ကြီးလျိုရွှီနဲ့ နှစ်ယောက် တွဲပြိုင်ဖို့လာတာပါ.. သူတို့တိုက်ခိုက်ခိုက်မှုကို ဝင်နှောင့်ယှက်လိုက်ရင် မကောင်းဘဲဖြစ်လိမ့်မယ်”
“ဒါက ဟာသလား” ထန်းယန်၏ အန္တရာယ်နှင့်ပြည့်နေသောအကြည့် သည် စခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ပြီး သူ့မျက်နှာတွင် အေးစက်သောအပြုံး တစ်ခုပေါ်လာသည် “ငါ ထန်းယန်ကို ဘယ်သူရယ်ရဲလဲ.. ဒီနေ့ ငါ့ကို ဘယ်သူ ရယ်ရဲလဲဆိုတာ ကြည့်ချင်သေးတယ်”
ပေထင်းဟွမ်၏လက်ကို နှုတ်ဆက်ရန် လက်ဆ့်ထုတ်လိုက်ပြီး ထန်းယန် သည် ခံ့ညားထည်ဝါသော အပြုအမူဖြင့်ပြောလေသည် “သခင်ကြီးပေထင်းဟွမ်က ငါနဲ့တိုက်ခိုက်ဖို့ကို ငြင်းဆန်နေမှတော့ မဖြစ်နိုင်တာ မဟုတ်ပါဘူး.. ဒါပေမဲ့ သခင်ကြီးပေထင်းဟွမ် ဒါကိုတော့သိထား မှာပါ.. ငါထန်းယန်ကို စိန်ခေါ်ရဲတဲ့သူတွေထဲမှာ စစ်မြေပြင်ကို အသက်ရှင်လျက် ထွက်သွားနိုင်တဲ့သူမရှိဘူး.. မင်း သေမှာကြောက်ရင်လည်း နောင်တရဖို့အချိန်မနှောင်းသေးဘူး”
ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းကာ ထန်းယန်အား အကဲခတ်လိုက်သည်။ သူမသည် ထောင်လွှားသောလူများကိုမြင်ဖူးသည်။ သို့သော် ထန်းယန်ကဲ့သို့ မောက်မာသောလူကိုမမြင်ဖူးပေ။ သူသည် သူနှင့် နှစ်ယောက်တွဲတိုက်ခိုက်ဖူးသူသည် စစ်မြေပြင်မှ မထွက်နိုင်ဟုပင် ပြောနေ၏။ ဒီလူက သူနဲ့တိုက်ခိုက်ပြီး သေအောင် ဘယ်နယောက်ကို ဖိအားပေးခဲ့တာလဲ။
သူ သဘောတူတော့မည်အပြုတွင် အသံတစ်ခုသည် သူ့ကိုစကားဖြတ် ပြောလာကာ ပေထင်းဟွမ်ကို နှောင့်ယှက်လေသည်။
“သူက ကျောင်းကိုမဝင်သေးတဲ့ ကျောင်းသားသစ်ပဲရှိသေးတာ.. သေချာ တာပေါ့.. သူက မင်းနဲ့ အသေတိုက်ခိုက်ဖို့ အရည်အချင်းဘယ်ရှိမလဲ.. သခင် ကြီးထန်ယန်က ဒီနေ့ ခံစားချက်ကောင်းနေတာ.. ကျုပ် လျိုရွှီက မင်းနဲ့ တိုက်ခိုက်ရင်ရော”
အားလုံးသည် အသံလာရာကိုကြည့်လိုက်ရာ လျိုရွှီ ပျံလာသည်ကို မြင် လိုက်ရသည်။ သူသည် ပေထင်းဟွမ်နှင့် ထန်းယန်အကြားမှ ပဋိပက္ခကို ကြား သဖြင့် လမ်းတစ်ဝက်တွင် ပြေးလာခြင်းဖြစ်မည်။ သူသည် ပေထင်းဟွမ်အား စိုးရိမ်တကြီးကြည့်ပြီး သူမ ဘေးကင်းသည်ဆိုမှ စိတ်ချသွားလေသည်။
လျိုရွှီသည် နဂိုကတည်းကပင် ချောမောသည့်ယောက်ျားသားဖြစ်သည်။ သူသည် ထင်းရှူးပင်ကဲ့သို့သန်မာကာ မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ လေတိုက်ခတ်လာရာ သူ၏တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာမှာ ပေါ်လွင်နေ၏။ ဤမျှမှောင်မိုက်သော ကောင်းကင်အောက်၌ပင် သူ၏တိုက်ခိုက်ရေးချပ်ဝတ် တန်ဆာပေါ်မှ အမှောင်ပုံစံများသည် တရိပ်ရိပ်စီးဆင်းကာ အထူးအားကောင်း သည့် စွမ်းအားများကို ထုတ်လွှတ်လိုက်သည်ကို မြင်နေရသည်။ ထိုလျှို့ဝှက် ဆန်းကြယ်သော အင်အားသည် သူ့ကို ခမ်းနားသော စစ်နတ်ဘုရားကဲ့သို့ ထင်ရ သည်။
သူသည် လက်ထဲတွင် ကောင်းကင်ပြာရောင်လှံတံကို ကိုင်ဆောင်ထား သည်။ လှံထိပ်ဖျားမှ ပန်းဖွားသည် လေနှင့်အတူ ကခုန်နေသည်။ ၎င်းကို ဝေ့ယမ်းလိုက်သည့်အချိန်တိုင်းတွင် စူးရှသောအလင်းရောင် ထွက်ပေါ်လာပြီး လူအများကို တည့်တည့်မကြည့်နိုင်အောင် ဖိနှိပ်ထားသည်။
ကောင်းလိုက်တဲ့ ချပ်ဝတ်တန်ဆာ.. ကောင်းလိုက်တဲ့ နတ်လှံတံပါလား။
အားလုံး၏မျက်လုံးများသည် လျိုရွှီကို ကြည့်ကြသည်။ သူ ကောင်းကင်မှ ဆင်းသက်လာပြီး ပေထင်းဟွမ်နှင့် ထန်းယန်ဘေးတွင် ရပ်လိုက်သည်ကို သူတို့ ကြည့်နေကြသည်။ သူသည် သုံးပွင့်ဆိုင်တိုက်ပွဲ တိုက်တော့မည့်ပုံပေါက်သော် လည်း တကယ်တမ်းတွင် သူသည် ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ကာ ပေထင်းဟွမ်ကို သူ့အနောက်၌ထားကာ ကာကွယ်ထားသည်။
ထန်းယန်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူသည် လျိုရွှီ နှင့် နှစ်ပေါင်းများစွာ သဘောထားကွဲလွဲခဲ့ပြီး သူ၏သားရဲထိန်းသခင်ကြီး ဆိုသည့် ဂုဏ်ထူးကြောင့် ထန်းယန်သည် သူ့အထက်တွင်ရှိနေခဲ့သည်။ သူသည် လျိုရွှီကို ကောင်းကောင်းကြီးသိသည်။ ထိုလူသည် သနားစရာကောင်းသော လူမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏နှလုံးသားသည် သံကဲ့သို့ မာကြော သည်။ သူ့အဖွဲ့ထဲမှ တခြားသူများအပြင် တခြားလူကို သူ့နှလုံးသားကို မပေးဖူး ပေ။ သို့သော် ထိုလူမျိုးသည် ပေထင်းဟွမ်အား ကာကွယ်နေသည်... ဘာတွေဖြစ်နေတာလဲ။