ဝိညာဉ်သခင်ကြီးတွေက နေရာတိုင်းမှာရှိနေတာပဲ၊ အဆန်းမဟုတ်တော့ဘူး
Vol. 28 Ch. 553
“မင်း တကယ်ပဲ ငါနဲ့ နှစ်ယောက်တည်း တိုက်ချင်လို့လား” ထန်းယန်၏ မျက်လုံးများသည် လျိုရွှီ၏ခန္ဓာကိုယ်ကို ကြောက်ရွံ့မှုတချို့နှင့် ဝေ့ဝဲကြည့် လေသည်။ သူသည် လျိုရွှီ၏လက်ထဲမှ လှံတံကို လေးလေးနက်နက်ကြည့် လိုက်၏။
“လျိုရွှီ မင်းက ဓား ၅ လက်ကြယ်ဝိညာဉ်သခင်ပဲ.. မင်းမှာက ပွဲမတိုးတဲ့ ဝိညာဉ်သားရဲပဲရှိတာ.. မင်းဝတ်ထားတဲ့ နတ်ဘုံချပ်ဝတ်တန်ဆာနဲ့ မင်းလက်ထဲ မှာရှိတဲ့ နတ်ဘုံလက်နက်က ကောင်းကင်အဆင့် ၇ ပဲမလား.. ဟင်း မင်းက လိပ်ခွံဝတ်ပြီး ငါ့ကိုလာစိန်ခေါ်နေတာ.. လျိုရွှီ မင်းဘာလို့ အဲလောက်တောင် အရှက်မရှိရတာလဲ”
“ဟုတ်တယ်” လျိုရွှီ စကားပြောသည်ကို မစောင့်ဘဲ ပေထင်းဟွမ်သည် မတ်တတ်ရပ်လိုက်သည်။ သူမ၏ စူးရှသောမျက်လုံးများသည် ဓားတစ်ချောင်း သဖွယ် အေးစက်ကာ ထန်းယန်အား တည့်တည့်စိုက်ကြည့်လေသည် “နတ်ဘုံ တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာနဲ့ နတ်ဘုံဝိညာဉ်လက်နက်ရှိနေတာက သူက ကောင်းကင်အဆင့်ဖြစ်ဖို့ အရည်အချင်းမရှိဘူးလို့ ဆိုလိုတာပဲ.. ဒါဆို ခင်ဗျားမှာ က အဆင့်မြင့်နတ်သားရဲရှိရဲ့သားနဲ့ ဘာလို့ ကောင်းကင်အဆင့် အဆင့် ၂ ဖြစ် နေတာလဲ”
နတ်ဘုံပစ္စည်းကို ပိုင်ဆိုင်ရတာက ခွန်အားရှိတာပဲမဟုတ်ဘူးလား။
ပေထင်းဟွမ်သည် ထန်းယန်အား အထင်သေးစွာကြည့်ပြီး နှာမှုတ်လိုက် သည် “သခင်ကြီးက သားရဲထိန်းသခင်ကြီးလို့ ကြားတယ်.. ဟင်း သာမန် သားရဲ ထိန်းသခင်ကြီးပါပဲ.. ဘာလို့ ဒီလောက်အရှက်မဲ့ရတာလဲ..ကျောင်းတော်ရဲ့ ကောင်းကင်အဆင့်က အစကတည်းက တိုက်ပွဲရလဒ်တွေအရဖြစ်လာတာပဲ.. ဘာလို့ ဒီလိုမေးခွန်းမေးနေတာလဲ”
သာမန် သားရဲထိန်းသခင်ကြီးဟုတ်လား။ ဒီလူငယ်က ဘာတွေပြောနေ တာလဲ။ သူက မိုက်မဲတာလား ရူးနေတာလား။ ထန်းယန်သည် ကိုယ့်နားကိုယ် ပင် မယုံနိုင်ပေ။ သူသည် အနှစ် ၄၀ နီးပါးနေလာပြီဖြစ်သည်။ သို့သော် မည်သူ့ ဆီကမှ ထိုစကားမျိုးမကြားဖူးပေ။ သားရဲထိန်းသခင်ကြီးတွေက ဘယ်လောက် ရှားလဲဆိုတာ သိရဲ့လား။
အဲဒါကြောင့် ဒီငတုံးမှာ ကြယ် ၉ ပွင့်မွန်မြတ်တဲ့သားရဲတစ်ကောင်ပဲရှိတာ ကိုး။ အဲဒါကတည်း တစ်နေရာရာကကောက်လာတဲ့ ဝိညာဉ်သားရဲပဲနေမှာ။ စာချုပ်တည်ထောင်ပြီးမှ ဒီလူက ကံကောင်းပြီး ကောင်းကင်အဆင့်ကို တက်ခဲ့ တာပဲ။ အဲအခါမှ ဝိညာဉ်သားရဲက မွန်မြတ်တဲ့သားရဲအဆင့်ကို တက်နိုင်ခဲ့တာ ပဲ။
အဲလိုပဲဖြစ်မယ်။
ထန်းယန်မှလွဲပြီး လျိုရွှီအပါအဝင် စခန်းထဲမှလူများအားလုံးသည် ပေထင်းဟွမ်၏ စကားများကြောင့် ထိတ်လန့်သွားလေသည်။ ပေထင်းဟွမ် ကဲ့သို့ ၁၄ နှစ်အရွယ် ပြိုင်ဘက်ကင်းပါရမီရှင်သသည် ထိုကဲ့သို့ အဓိပ္ပာယ်မရှိ သည့် စကားမျိုးကို ပြောလာလိမ့်မည်ဟု ထင်မထားကြပေ။
“ညီလေးပေထင်းဟွမ် သားရဲထိန်းတွေက ဒီတိုက်ကြီးမှာ အရှားပါးဆုံး အတန်းအစားပဲ.. တခြားနှစ်ခုက အဂ္ဂိရတ်ပညာရှင်နဲ့ လက်နက်သန့်စင်သူတွေ ပဲ.. ငါ့နတ်ချပ်ဝတ်တန်ဆာနဲ့ နတ်ဘုံတိုက်ခိုက်ရေးလှံတံကို မီးတောက်မြို့ရဲ့ လက်နက်သန့်စင်သူဖြစ်တဲ့ ငါ့အဖေက သန့်စင်ပေးထားတာ” လျိုရွှီနှင့် ပေထင်းဟွမ်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း သူသည် စီနီယာ တစ်ယောက်၏ တာဝန်ကိုယူကာ ဤတိုက်ကြီးနှင့်ပတ်သက်ပြီး ပေထင်းဟွမ် ဗဟုသုတရစေရန် ကူညီပေးခဲ့သည်။
သူသည် ပေထင်းဟွမ်ကို အစီအစဉ်မရှိ သူ၏နောက်ခံအကြောင်း ပြောပြ လေသည်။ သူသည် ယန်းမြို့တော်မှ နတ်ဘုံလက်နက်သန့်စင်သူ၏ သားဖြစ် နေသည်. ထို့ကြောင့်ပင် သူ့တွင် နတ်ဘုံတိုက်ခိုက်ရေးချပ်ဝတ်တန်ဆာနှင့် နတ်ဘုံလက်နက်တို့ရှိနေခြင်းဖြစ်သည်။ ၎င်းသည် တိုက်ကြီးတစ်ခုလုံးတွင် အဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်။
ပေထင်းဟွမ်သည် အထူး သိချင်စိတ်ဖြစ်မိသည်။ ဤလူ၏ နတ်ဘုံ ကာကွယ်ရေးပစ္စည်းများကို ယခုအချိန်ထိ အလုမခံရသေးသည်မှာ ထူးခြားအံ့ဖွယ်ဖြစ်သည်။
ထို့ကြောင့်ပင် ဤလူတွင် ဝိညာဉ်သားရဲတစ်ကောင်သာရှိသော်လည်း ကောင်းကင်အဆင့် အဆင့် ၇ တွင် မားမားမတ်မတ်ရပ်တည်နိုင်ခြင်းဖြစ်သည်။ သူ့တွင် ထိုကဲ့သို့နောက်ခံရှိနေခြင်းကြောင့်ပင်။
“အစ်ကိုလျိုရွှီ သေချာပေါက် အဲအကြောင်းကိုသိတာပေါ့.. ဒါပေမဲ့ အခုဆို သားရဲထိန်းသခင်ကြီးတွေက နေရာတိုင်းမှာရှိနေပြီ.. နန်ကုန်းမိသားစုမှာလည်း သခင်ကြီးရှိတယ်လို့ကြားတယ်.. သားရဲထိန်းအစည်းအရုံးရဲ့ ဥက္ကဌလည်း သခင်ကြီးပဲ.. နောက်ဆိုရင် နောက်တက်လာမယ့်သခင်ပေယဲ့ကလည်း မုန်လဥနီလှီးသလိုမျိုး မှော်သားရဲတွေကို လွယ်လွယ်နဲ့ထိန်းကျောင်းနိုင်နေတာ၊ အခုနောက်တစ်ယောက်ပေါ်လာပြန်ပြီ.. အဲဒါက ထူးဆန်းတယ်လို့ မထင်တော့ ဘူး” ပေထင်းဟွမ်သည် လျိုရွှီအား ကြောင်စီစီမျက်နှာထားဖြင့် ပြောလေ၏။
အားလုံးသည် အစပိုင်းတွင် မှင်တက်သွားကြသည်။ ထို့နောက် ပေထင်းဟွမ်၏ စကားများသည် မှန်ကန်သည်ဟု ခံစားလာရသည်။ ၎င်းသည် ရှားပါးမှ အဖိုးတန်သည်။ သားရဲထိန်းသခင်ကြီးသည် အထင်ကြီးလောက်စရာ အလုပ်အကိုင်ဖြစ်သော်လည်း လူများလွန်းလျှင် အဖိုးမရှိတော့ပေ...