← Chapters

သူမတံခါးဝကို လာနိုင်မယ့်အခွင့်အရေး

Vol. 28 Ch. 554

သူမတံခါးဝကို လာနိုင်မယ့်အခွင့်အရေး

Vol. 28 Ch. 554

၎င်းသည် လှည့်စားမှုသက်သက်ပင်။ ပေထင်းဟွမ်သည် လူအများကို မြောင်းထဲရောက်စေသည်။ ပင်မတိုက်ကြီးတွင် လူပေါင်း ဘီလီယံရာနှင့်ချီရှိ သည်။ သို့သော် သားရဲထိန်းသခင်ကြီးသည် အနည်းငယ်သာရှိသည်။ ဘီလီယံ ရာနဲ့ချီရှိတဲ့ထဲက ဘယ်လိုလုပ် တစ်ယောက်လောက် မရှိစေချင်မှာလဲ။

“သားရဲထိန်းလား.. သားရဲထိန်းဖြစ်ရတာ ဘာများအသုံးဝင်လို့လဲ” ယွမ်ဟဲ့သည် အမှန်တကယ် ရှုပ်ထွေးနေသူဖြစ်သည် “မင်းကိုပြောမယ်.. သားရဲ ထိန်းဖြစ်ဖို့တကယ် မလိုဘူး.. မှော်သားရဲတစ်ကောင်ကို သဘောကျရင် သေတဲ့ အထိနှိပ်စက်လိုက်.. သူက မသေချင်ရင် နာနာခံခံနဲ့ပဲ မင်းရဲ့မှော်သားရဲ ဖြစ်လာလိမ့်မယ်.. ငါလည်း အဲလိုမျိုးမွန်မြတ်တဲ့သားရဲရလာတာပဲ”

၎င်းည် ရုတ်တရက် ပစ်လိုက်သော မိုးကြိုးကဲ့သို့ပင်။ မရေမတွက်နိုင် သော လူများသည် ရူးသွပ်ပြီး လှည့်ပတ်ပြေးလိုက်ရသလိုပင်။ အားလုံးသည် ယွမ်ဟဲ့အား ထိတ်လန့်သောအကြည့်များဖြင့် ကြည့်ကြလေသည်။ ဒီမျောက်က ဘယ်ကနေလာတာလဲ။

မုချင်းလင်နှင့်တခြားသူများသည် သူတို့ကိုကြည့်နေကြသည်ကိုမြင် သောအခါ အားလုံးဘေးသို့ရွှေ့လိုက်ကြပြီး ထိုငတုံးယွမ်ဟဲ့သည် သူတို့အဖွဲ့ထဲ မှဖြစ်သည်ကို မည်သူ့ကိုမှ အသိမခံချင်ကြပေ။ ရှက်ဖို့ကောင်းလိုက်တာ။ ဒီကောင်ကလည်း စကားမပြောတတ်ရင် ဘာမှမပြောသင့်ဘူးလေ။ သူက အ, နေတယ်လို့ ဘယ်သူမှမပြောပါဘူး။

မထင်မှတ်စွာပင် ထိုလူသည် ပြောရုံတင်သာမကဘဲ တောင်ခွဲနွားရိုင်းကို ပါ ဆင့်ခေါ်လိုက်လေသည်။ ကြယ်ပုံစံအဖွဲ့အစည်းသည် သူ့ခြေထောက် အောက်တွင်ပေါ်လာပြီး ကြယ် ၂ ပွင့်ဝိညာဉ်သခင်ကြီးခွန်အား ပေါ်လာသည်။ ကြယ် ၉ ပွင့်မွန်မြတ်သောသားရဲဖြစ်သည့် တောင်ခွဲနွားရိုင်းပေါ်လာ၏။ ချက်ချင်းဆိုသလိုပင် ကျောင်းသားသစ်လူအုပ်ထဲမှ ပင့်သက်ရှိုက်သံများ ကြားလာရ၏။

“မဖြစ်နိုင်တာ ရက်နည်းနည်းလောက်ပဲရှိသေးတာ.. ဒီကောင့်ရဲ့ ခွန်အား က ဘယ်လိုလုပ် ဒီလောက်မြန်မြန်တက်သွားရတာလဲ.. သူ ဝင်လာတုန်းက ကြယ် ၁ ပွင့်ဝိညာဉ်သခင်ပဲရှိသေးတာ.. ဘယ်လိုလုပ် ကြယ် ၂ ပွင့် ဝိညာဉ် သခင်ဖြစ်သွားတာလဲ”

“သူ အမှန်တွေပြောနေတာများဖြစ်နေမလားပဲ.. သားရဲထိန်းဆိုတာကို မလိုတော့ဘူး.. မှော်သားရဲကိုနိုင်တာနဲ့ စာချုပ်တည်ထောင်နိုင်ပြီလား”

“ငါလည်း စမ်းကြည့်ရမလား”

ထန်းယန်သည် လူအများ၏ ဆွေးနွေးချက်ကိုကြားသောအခါ ဒေါသ ထွက်လွန်းသဖြင့် မျက်နှာဖြူဖျော့လာသည်။ ဘေးတွင်ချထားသော လက်သည် တုန်ယင်လာသည်။ သို့သော် ကြယ် ၂ ပွင့်ဝိညာဉ်သခင်သည် သူ၏ ပြိုင်ဘက်ဖြစ်ထိုက်သည်ဟု သူ မထင်ပေ။

ထိုလူသည် ပေထင်းဟွမ်နှင့်ပါလာသည်မှာ သေချာသည်။ ထန်းယန် သည် နှာမှုတ်လိုက်သည် “သခင်ကြီးပေထင်းဟွမ် ဒီတောင်ခွဲနွားရိုင်းကို မင်း ထိန်းကျောင်းလိုက်တယ်လို့မပြောနဲ့နော်.. မင်းက ကြယ် ၉ ပွင့်နတ်သားရဲကို တောင် အောင်နိုင်တယ်လို့ ကြားတယ်... မင်းက အရမ်းအားကောင်းတာပဲ.. ဒါပေမဲ့ အဲကောင်ကိုနိုင်ပြီးတာတောင် ကြယ် ၉ ပွင့်နတ်သားရဲနဲ့ စာချုပ် တည်ထောင်ခဲ့တာလား”

ထန်းယန်သည် တိုက်ကြီးတစ်ခွင်ရှိ သာမန်အတန်းများမှ အများစုဖြစ် သော ထိုကျောင်းသားသစ်များနှင့်မတူညီသည့် စစ်မှန်သော သားရဲထိန်းသခင် ကြီးဖြစ်သည်။ သူတို့သည် အရည်အချင်းသာရှိပြီး ကျင့်ကြံခြင်းအကြောင်းကို ဘာမှမသိသူများဖြစ်ကြသည်။ ကျောင်းတော်မှ ဆရာများသည် သူတို့ကို သင်ပေးရန် အချိန်မရှိပေ။ လူသားများသည် မှော်သားရဲများကို ထိန်းကျောင်း ပြီးမှပင် လူသားများနှင့် တွဲဖက်ဖြစ်လာနိုင်သည်။

ပထမဆုံးအကြိမ်အနေနှင့် ပေထင်းဟွမ်သည် သူမ၏အသင်းဖော်ကို တလေးတစားကြည့်လိုက်သည်။ 'ဝက်' နှင့်တူသည့် သူမ၏အသင်းဖော် ယွမ်ဟဲ့သည် အနာတရဖြစ်အောင် စော်ကားရာတွင် ကျွမ်းကျင်သည်။ သူသည် ထိုအရာများတွင် တော်သည်ဟု ပြောရသည်။

ပေထင်းဟွမ်သည် ဘာမှမရှိသည့်မေးစေ့ကို ပွတ်ပြီး ခေါင်းညိတ်လေ သည် “သခင်ကြီးထန်းယန် ကံကောင်းလို့ ဒီကိုရောက်လာတာပဲ.. ရှင်းပြပါရစေ ငါလည်း ထူးဆန်းတယ်လို့ထင်တယ်.. အဲဒီကြယ် ၉ ပွင့်နတ်သားရဲက ငါ့ စာချုပ် သားရဲဖြစ်ဖို့ ငြင်းဆန်နေတာ.. ငါလည်းရွေးချယ်မှုမရှိဘူးလေ”

ကြယ် ၉ ပွင့်နတ်သားရဲသည် သူမ၏စာချုပ်သားရဲဖြစ်သွားသည် မဖြစ် သွားသည်ကိုတော့ မပြောပေ။ သို့သော် ထိုစကားများသည် ထန်းယန်၏ နားထဲ တွင် နားဝင်ချိုစေသည်။ သူမသည် အေးစက်စွာ ရယ်မောလေသည် “ကောင်း တယ် သခင်ကြီးပေထင်းဟွမ် ဒီအတိုင်းသာ လက်ခံလိုက်ပါ.. ဒီတိုက်ပွဲမှာ ကြယ် ၉ ပွင့်နတ်သားရဲကို တိုက်ပွဲလက်တွဲဖော်အဖြစ် ဘာလို့မသုံးတာလဲ”

ပေထင်းဟွမ်သည် နှုတ်ခမ်းတွန့်ပြီး ပြုံးလိုက်သည်။ သူမမျက်နှာမှ ငွေရောင်မျက်နှာဖုံးသည် လင်းလက်တောက်ပနေသည်။ သို့သော် သူမ၏ မည်းနက်သောမျက်လုံးထဲမှ တောက်ပသောအလင်းကို မဖုံးကွယ်နိုင်ပေ။

“သခင်ကြီးထန်းယန် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒါဆို မိုးပေါ်တက်ကြတာပေါ့”

လျိုရွှီသည် သူမကို ပြန်ဆွဲမည်အပြုတွင် ပေထင်းဟွမ်သည် သူ့လက်ကောက်ဝတ်ကို ပြန်ဆုပ်ကိုင်လိုက်သည်။ သူမ၏ မည်းနက်သော မျက်လုံးများသည် စိတ်သဘောထားပြည့်ဝနေသည် “အစ်ကိုလျိုရွှီ မင်းနဲ့ ငါက ညီအစ်ကိုတွေပဲ.. အချိန်မရွေးတိုက်ခိုက်နိုင်တယ်.. ငါက သူများကို ခေါင်းငုံ့ရ တာကို မကြိုက်မှန်းသိတယ်မလား.. ဒီအခွင့်အရေးကို မယူဘူးဆိုရင် နှမြောစရာဖြစ်သွားမှာပေါ့”

All Chapters