← Chapters

ထန်းယန်နှင့်တိုက်ခိုက်ခြင်း

Vol. 28 Ch. 555

ထန်းယန်နှင့်တိုက်ခိုက်ခြင်း

Vol. 28 Ch. 555

သူသာ ဦးအောင် တံခါးလာမခေါက်လျှင် နှမြောစရာဖြစ်မည်။

ထန်းယန်သည် ကောင်းကင်ပေါ်သို့ ပျံသွားမည်အပြုတွင် ရပ်တန့်သွား လေသည်။ သူ၏ အန္တရာယ်ပြုနိုင်လောက်သည့် မျက်လုံးများသည် ဒေါသ ကြောင့် တလက်လက်ထသွားသည်။ အခုမှကျောင်းကို ဝင်လာတဲ့ ကျောင်းသား သစ်ကဘာပြောလိုက်တာလဲ။ သူက ဦးအောင်ရှေ့တိုးလာတယ်လို့ ဒီကောင်က ပြောရဲသေးတယ်ပေါ့။

သူ၏အေးစက်သောအကြည့်သည် ပေထင်းဟွမ်၏ လည်ပင်းပတ်လည် ကို ဖြတ်သွားလေသည်။ ထိုအကြည့်သည် လူသတ်နိုင်လျှင် ပေထင်းဟွမ်သည် အကြိမ်ပေါင်းများစွာ သေသွားနိုင်သည်။

“သခင်ကြီးပေထင်းဟွမ် နောက်လည်း ဒီလိုစကားတွေပြောနိုင်ပါစေ” ထန်းယန်၏အေးစက်သောအသံသည် စခန်းတစ်ခုလုံးကို အေးစက်သော တောင်လေနှင့်အတူ လွင့်ပျံသွားသည်။ သူ စကားဆံဒးသည်နှင့် လက်မြှောက် လိုက်ရာ အပြာနုရောင်ဒြပ်စင်စွမ်းအင်သည် သူ့တစ်ကိုယ်လုံးပျံ့သွားလေ၏။ ငွေရောင်ပဉ္စဂံအစီအရင်သည် သူ့ခြေထောက်အောက်တွင် ပေါ်လာပြီး တောက်ပသော မွန်မြတ်သည့်ဓား ၉ လက်သည် လက်တောင်ပုံသဏ္ဍာန် အဖြစ်ပေါ်လာသည်။

စခန်းထဲမှလူများသည် ပင့်သက်မရှိုက်ဘဲမနေနိုင်ကြတော့ပေ။ ထန်းယန် ၏ ခွန်အားသည် အလွန်အားကောင်းလှသည်။ အားလုံးသည် ပေထင်းဟွမ်အား သနားစဖွယ်ကြည့်ကြလေသည်။ ထန်းယန်၏ မှော်သားရဲသည် ကြယ် ၇ ပွင့် မှော်သားရဲဖြစ်သည်။ ဤကဲ့သို့ အတွဲအစပ်သည် ပေထင်းဟွမ်ကဲ့သို့ ဓား ၇ လက်ကြယ်ဝိညာဉ်သခင်ကို ချေမွရန် လုံလောက်သည်။

ငွေရောင်အလင်းလှိုင်းများအကြားတွင် ခမ်းနားသောမီးတောက်ခြင်္သေ့ တစ်ကောင်ထွက်လာသည်။ ၎င်းသည် ကောင်းကင်ပေါ်သို့ ခေါင်းမော့ကာ ဟိန်းလိုက်သည်။ ၎င်း၏တစ်ကိုယ်လုံးရှိ ရွှေရောင်အမွေးသည် နူးညံ့စွာ လှုပ်ခတ်သွားကာ လေထဲသို့တိုးဝင်လာသော ကြယ်လေလှိုင်းနှင့်အတူ တောရိုင်းအော်သံနှင့် အူသံများကို ဖြစ်ပေါ်စေသည်။ အားကောင်းသော ဖိအား သည် အဘက်ဘက်တွင်ပေါ်ပေါက်လာသည်။

“အားကောင်းလိုက်တဲ့ မှော်သားရဲပဲ”

“ကြယ် ၇ ပွင့်နတ်သားရဲ.. မိုးနတ်မင်းရေ.. ငါ့ဘဝမှာ ကြယ် ၇ ပွင့် နတ်သားရဲကို မြင်ရမယ့်အခွင့်အရေးရှိလာမယ်လို့ ထင်မထားဘူး”

“ဟာသပဲ.. သခင်ကြီးထန်းယန်က ဘယ်သူလဲဆိုတာ မသိဘူးလား.. သူက သားရဲထိန်းသခင်ကြီးပဲ.. ဒီမီးခြင်္သေ့မှာ ခရမ်းရောင်မီးတောင်ပံခြင်္သေ့ရဲ့ သွေးသားခပ်ကျဲကျဲရှိတယ်လို့ ငါကြားဖူးတယ်... ကျဲတယ်ဆိုရင်တောင် အထင် ကြီးစရာဖြစ်နေတုန်းပဲ”

ထန်းယန်သည် မီးခြင်္သေ့၏ခန္ဓာကိုယ်ပေါ်သို့ လက်တင်လိုက်သည်။ အပြာနုရောင်ဒြပ်စင်စွမ်းအင်သည် မီးခြင်္သေ့ကိုလွှမ်းခြုံလိုက်ပြီး မှော်သားရဲ၏ ကြီးမားသောခန္ဓာကိုယ်သည် ပိုကြီးလာသည်။ အားလုံးရှေ့ရှိ နတ်သားရဲသည် တောင်ငယ်တစ်လုံးသဖွယ် သန်မာလှသည်။ ၎င်း၏ဖိအားသည် ချက်ချင်း တိုးလာကာ အားနည်းသော ကျောင်းသားသစ်များကို ဖိအားပေးပြီး နောက်ဆုတ်စေသည်။

သူသည် ပေထင်းဟွမ်အား ဂုဏ်ယူစွာကြည့်လေသည်။ အားကောင်း သော မှော်သားရဲကိုမြင်သည့်တိုင်အောင် ထန်းယန်ထင်ထားသကဲ့သို့ ပေထင်းဟွမ်၏မျက်နှာမှ ထိတ်လန့်သောမျက်နှာထားကို မမြင်ရပေ။ သူသည် စိတ်ထဲမှ နှာမှုတ်မိသည်။ ထိုဦးနှောက်မပါသောကလေးသည် အန္တရာယ်ဆို သည်ကိုပင် မသိပေ။ သူ ဘာလို့ ဒီလိုလူကိုကြောက်နေရမှာလဲ။

ယနေ့ သူသည် အင်ပါယာကျောင်းတော်ကိုယ်စား သူ့ကိုသင်ခန်းစာပေး ရမည်။ သူမ နောက်တစ်ကြိမ်ဝင်စားလျှင် မပြစ်မှားသင့်သည့်လူကို ရန်မစမိစေ ရန် ဉာဏ်အလင်းပြရမည်။

“မီးခြင်္သေ့.. ချပ်ဝတ်တန်ဆာအဖြစ်ပြောင်းမယ်”

ထန်းယန်၏ အော်သံပြီးနောက် မီးခြင်္သေ့သည် သူ့အပေါ်သို့ ရွှေရောင် အလင်းကဲ့သို့ ခုန်အုပ်လေသည်။

မီးခြင်္သေ့သည် ရွှေရောင်ချပ်ဝတ်တန်ဆာအဖြစ် အသွင်ပြောင်းပြီးနောက် ထန်းယန်၏ခန္ဓာကိုယ်ကို ရစ်ပတ်လေသည်။ သူ၏ဆံပင်နှင့်မျက်လုံးပင်လျှင် ရွှေရောင်ပြောင်းလေသည်။ သူသည် လေထဲတွင် ‌ရွှေရောင်နတ်ဘုရားကဲ့သို့ ခမ်းနားပြီး တောက်ပစွာ ပေါလောပေါ်နေသည်။ မည်သူကမှ သူ့ကို တိုက်ရိုက် မကြည့်ရဲကြပေ။

“မိုးနတ်မင်းရေ ဒါက နတ်သားရဲရဲ့ အရောင်တိုက်ခိုက်ရေးချပ်ဝတ် တန်ဆာပဲ မိမိုက်နေတာပဲ”

“ကြယ် ၇ ပွင့်နတ်သားရဲအတွက် မဆိုးလှဘူးပဲ.. မိုက်တယ်”

“ဟာသပဲ.. သူက အင်ပါယာကျောင်းတော်ရဲ့ ကောင်းကင်အဆင့် ဒုတိယ လေ.. ပင်မတိုက်ကြီးတစ်ခုလုံးမှာတောင် သခင်ကြီးထန်းယန်က လူငယ်မျိုးဆက်ထဲမှာ အကောင်းဆုံးထဲက တစ်ယောက်ပဲ”

အားလုံးသည် ပေထင်းဟွမ်အား နှမြောသည့်အကြည့်များဖြင့် ကြည့်ကြ သည်။ သူတို့သည် သနားမိကြသည်။ ပေထင်းဟွမ်သည် လူငယ်ပြိုင်ဘက်ကင်း ပါရမီရှင်ဖြစ်သည်။ ဆရာနန်လင်း၏တပည့်ဖြစ်ရသည်မှာ သူမအတွက် မလွယ်ကူလှပေ။ သူမသာ ကိုယ့်ကိုယ်ကိုယ် တွန်းမပို့လျှင် ယနေ့ သခင်ကြီး ထန်းယန်၏လက်ထဲတွင်သေမည်မဟုတ်ပေ...

All Chapters