← Chapters

ပေထင်းဟွမ်အရှင်ထွက်လာတာပဲ

Vol. 28 Ch. 556

ပေထင်းဟွမ်အရှင်ထွက်လာတာပဲ

Vol. 28 Ch. 556

“ပေထင်းဟွမ် မင်းက ငါနဲ့အသေတိုက်ခိုက်မလို့လား” ထန်းယန်၏ အသံ သည် ဤကမ္ဘာပေါ်တွင် ထပ်မံပေါ်ထွက်လာသည်။ ထိုအသံကို အားလုံး ကြားလိုက်၏။ သူ့အသံသည် စူးရှပြီး သည်းမခံနိုင်သည့်မောက်မာမှုများဖြင့် ပြည့်နေသည်။ ထိုလူသည် မိုးပေါ်တွင် ပေါလောပေါ်နေပြီး ပေထင်းဟွမ်အား အထင်သေးစွာကြည့်နေသည်။ ငွေရောင်အလင်းသည် ထိုလူ၏ခန္ဓာကိုယ်ပေါ် ၌ ထပ်မံပေါ်လာသည်။ လေနတ်မိစ္ဆာဝံပုလွေသည် သူ့ခြေထောက်အောက်တွင် ပေါ်လာ၏ “အသေအကြေတိုက်ပွဲဆိုမှတော့ ငါ့ဝှက်ဖဲကို တစ်ခါတည်းထုတ်ပြ လိုက်ရင်လည်း မင်းစိတ်ရှိမယ်မထင်ဘူး”

လေနတ်မိစ္ဆာဝံပုလွေ၏ တစ်ကိုယ်လုံးသည် စိမ်းဖန့်နေကာ အမွေးများ သည် ထောင်မတ်နေသည်။ ၎င်းသည် လျှပ်စီးကဲ့သို့ဖြတ်လပ်ပြီး အမြန်နှုန်း ကြောင့် နာမည်ကျော်သည့်မှော်သားရဲဖြစ်သည်။ သည်တစ်ကြိမ်တွင် ၎င်းသည် စစ်ဖိနပ်အဖြစ်အသွင်ပြောင်းကာ ထန်းယန်၏ခြေထောက်ကို ရစ်ပတ်လိုက်၏။

ဝိုး...

အားလုံး ပင့်သက်ရှိုက်မိကြသည်။ ထန်းယန်တွင် ကြယ် ၇ ပွင့် နတ်သားရဲ ရှိသည်ကို အားလုံးသိကြသည်။

၎င်းသည် ကောင်းကင်အံတုနိုင်သည့် တည်ရှိမှုမျိုးဖြစ်သည်။ သို့သော် နားလည်နိုင်စရာဖြစ်၏။ ထို့အပြင် ထန်းယန်သည် သားရဲထိန်းသခင်ကြီးဖြစ် သည်။ ဤကဲ့သို့ငယ်ရွယ်သော သားရဲထိန်းသခင်ကြီးအနေနှင့် ဤတိုက်ကြီးမှ သူ့ကို ပြန်ကြည့်သည်မှာ လုံလောက်ပြီဖြစ်သည်။ သို့သော် ထန်းယန်တွင် ကြယ် ၉ ပွင့်မွန်မြတ်သောသားရဲ အမှန်တကယ်ရှိနေလိမ့်မည်ဟု မည်သူကမှ ထင်မထားကြပေ။

“ဒါက ကမ္ဘာရှေ့ကို တစ်ခါမှထွက်မလာဖူးတဲ့ ကြယ် ၉ ပွင့် မွန်မြတ်သောသားရဲ လေနတ်ဆိုးဝံပုလွေပဲ.. သခင်ကြီးပေထင်းဟွမ် မင်းက မျက်နှာပြောင်လွန်းလို့ ငါ သူ့ကို ဆင့်ခေါ်လိုက်ရတာပဲ.. မင်း ငါ့ဓားချက် အောက်မှာ သေရင်တောင် မင်းအသက်က အလဟဿဖြစ်မှာမဟုတ်ဘူး” ထို့သို့ပြောပြီးနောက် ထန်းယန်သည် ကျယ်လောင်စွာရယ်မောကာ ပေထင်းဟွမ်အား လက်ထဲမှဓားရှည်ဖြင့် ချိန်ရွယ်လေသည် “မင်းအလှည့်ပဲ”

“အရှက်မရှိတဲ့အကြောင်းပြောရရင် သခင်ကြီးထန်းယန်လောက် ဘယ်သူက အရှက်မဲ့နိုင်ဦးမှာလဲ.. သားရဲထိန်းသခင်ကြီးသာ သူ့ကိုယ်သူ ဆင်ဆင်ခြင်ခြင်နေရင် အတန်းဖော်ဟောင်းတွေရဲ့မျက်နှာကိုထောက်ပြီး ဇိမ်ကျကျနေသွားရမယ်လို့ ကျုပ် ပြောပြီးသားပဲ…. ကံဆိုးစွာနဲ့ပဲ ခင်ဗျားက မျက်နှာမကြီးဘဲနဲ့ သေမယ်လို့တင်းခံနေတာပဲ.. ကျုပ်က တွန့်ဆုတ်မနေဘဲ ခင်ဗျားကို ခင်ဗျားလမ်းပေါ်ရောက်အောင် ပို့ပေးရမှာပေါ့”

ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ကို ထန်းယန် ၏ ဓားရှည်အား လွှဲခုတ်လိုက်သည်။ ငွေရောင်အလင်းလက်သွားကာ ကြီးမား သော ငွေရောင်စွမ်းအင်ဒိုင်းကာသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းမှ ဆင်းသက်လာသည်။ လက်နက်များထိတွေ့လိုက်သောခါ စည်းမျဉ်း တည်ထောင်ပြီးသားဖြစ်၏။ သူတို့သည် အသေအကြေတိုက်ခိုက်တော့မည်။

အန္တရာယ်ပြုမည့်အပြုံးတစ်ခု ထန်းယန်၏မျက်နှာကို ဖြတ်ပြေးသွား၏။ ပေထင်းဟွမ်တွင် အားကောင်းသော အစောင့်အရှောက်စစ်သည်ရှိသည်ကို သူ ကြားပြီးသားဖြစ်၏။ သူသည် လူငယ်တစ်ယောက်ပုံပေါက်သော်လည်း အလွန် လွှမ်းမိုးနိုင်သည့် မီးတောက်ကို ထိန်းချုပ်နိုင်ကာ မထင်ထားလောက်အောင် အားကောင်း၏။ ဟင်း.. ဝိညာဉ်သခင်မိသားစုလေးခုရဲ့ အုတ်မြစ်က တော်တော် သန်မာတာပဲ။ ငယ်ရွယ်ချင်ယောင်ဆောင်ထားသည့် မည်သည့် မကောင်းဆိုးဝါးမျိုးထွက်လာမည်ကို သူ မသိပေ။ သို့သော် ဂရုစိုက်မည်မဟုတ် ပေ။ သူနှင့် ပေထင်းဟွမ်တို့သည် အသေအကြေတိုက်ပွဲဝင်နေပြီဖြစ်သည်။ အစောင့်အရှောက်စစ်သည်သည် နတ်ဘုံကျွမ်းကျင်သူဖြစ်လျှင်တောင် သူသည် အသေအကြေတိုက်ပွဲကို မတားနိုင်ပေ။

စခန်းတွင် ကျောင်းသားအသစ်နှင့် အဟောင်းတို့သည် ငွေရောင်စွမ်းအင် ဒိုင်းကာကြောင့် နောက်ဆုတ်ကာ ကျောင်းသားအသစ်၊ အဟောင်းတို့ကြားမှ မြေကြီးကွဲသွားစေလောက်သည့် အသေအကြေတိုက်ခိုက်ကြတော့မည့် ပေထင်းဟွမ်နှင့် ထန်းယန်တို့အတွက်နေရာချန်ပေးကြရသည်။ လျိုရွှီသည် အလွန်အမင်း ပူပန်နေသည်။ အရာအားလုံးသည် ရုတ်တရက်ဖြစ်သွားရာ တားရန် အလွန်နောက်ကျသွားလေပြီ။

ထန်းယန်သည် ကောင်းကင်အဆင့် အဆင့် ၂ ကို အခိုင်အမာသိမ်းပိုက် ထားနိုင်သည်မှာ သူသည် သားရဲထိန်းသခင်ကြီးဖြစ်နေခြင်းကြောင့်မဟုတ်ဘဲ သူ၏ အဆင့်အတန်းကြောင့်ဖြစ်သည်ကို သူ သိသည်။ ကျောင်းတော်မှ ကျွမ်းကျင်သူများသည် စစ်မှန်သောခွန်အားရှိကြည်။ တခြားကိုမဆိုထားနှင့် သူ့လက်ထဲမှ ဓားရှည်သည် အလွန်အဆင့်မြင့်သော ဝိညာဉ်လက်နက်ဖြစ်ကာ ၎င်း၏အဆင့်သည် နတ်ဘုံလက်နက်ထက် အနည်းငယ်သာနိမ့်သည်။

“ပေထင်းဟွမ် မင်းသာ အသက်ရှင်လျက်ထွက်လာနိုင်ရင် ငါ့နတ်ဘုံ ပစ္စည်းအကုန်လုံးက မင်းအတွက်ပဲ.. မင်းသာ သေပြီးမရဏလောကကိုသွားရင် ငါ့ကိုသိတယ်လို့မပြောနဲ့” လျိုရွှီသည် စွမ်းအင်ဒိုင်းကာကို ဖြတ်ကာ အော်ဟစ် လေသည်။ ဖြစ်နိုင်လျှင် သူသည် စွမ်းအင်ဒိုင်းကာထဲတွင် ရပ်နေလိုက်ချင်၏။

ပေထင်းဟွမ်သည် လျိုရွှီ၏ခန္ဓာကိုယ်မှ မိုးပြာရောင်ချပ်ဝတ်တန်ဆာကို ကြည့်လိုက်၏။

သူမ ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “အစ်ကိုလျိုရွှီ နတ်ဘုံပစ္စည်း အပြည့်အစုံပေးမယ်လို့ သဘောတူပြီးသွားပြီနော်.. ဒါပေမဲ့ မင်းရဲ့ချပ်ဝတ်တန် ဆာကို မကြိုက်ဘူး... နောက်တစ်စုံလုပ်ပေးဖို့ မင်းအဖေကို ပြောပေး..”

All Chapters