← Chapters

ပေထင်းဟွမ်၏မှော်သားရဲများ၊ ပြိုင်ဘက်ကို ချေမှုန်းခြင်း

Vol. 28 Ch. 557

ပေထင်းဟွမ်၏မှော်သားရဲများ၊ ပြိုင်ဘက်ကို ချေမှုန်းခြင်း

Vol. 28 Ch. 557

“မင်းသာ အသက်ရှင်လျက်ထွက်လာနိုင်ရင် ပြဿနာမရှိဘူး” လျိုရွှီသည် လေးနက်စွာပြောလေသည်။ ယောက်ျားတစ်ဦး၏ကတိသည် ရွှေချောင်း ထောင်ချီတန်သည်။ သူသည် ပေထင်းဟွမ်ကို မည်သည့်နှုတ်ဆက် လက်ဆောင်ပေးရမည်ကိုပင် စိုးရိမ်လျက်ရှိသည်။ ယခုအခါ ပေထင်းဟွမ်သည် နတ်ဘုံပစ္စည်းအစုံလိုက်လိုချင်သည်ဟုဆို၍ သူမကို ပေးရန် နည်းလမ်းစဉ်းစား ရတော့မည်။

သူသည် ပေထင်းဟွမ်ကို မြင်မြင်ချင်းပင် သဘောကျခဲ့သည်။ သူနှင့် ခွဲခွာ ရသည်မှာ ကြာပြီဖြစ်သည့် ညီလေးကိုတွေ့လိုက်ရသလိုပင်ခံစားခဲ့ရသည်။

“ဟင်း လျိုရွှီ စကားကိုလျှော့ပြော.. မင်းအိမ်မှာ နတ်ဘုံပစ္စည်းအများကြီး ရှိတယ်လို့ထင်ရင် ဘာလို့ငါ့ကိုမပေးတာလဲ” ထန်းယန်သည် အေးစက်စွာ ပြော လေသည် “ဒါပေမဲ့ ငါက မင်းကို နောက်ဆုံးအကြိမ် နှုတ်ဆက်စကားပြောဖို့ အချိန်ပေးဖို့ကိုတောင် စိတ်မဝင်စားဘူး”

ရှန်းယန်ပိုသည် သေလောက်အောင် ဒေါသထွက်သွား၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ ထိုလူသည် အခေါင်းကိုမတွေ့ မချင်း မျက်ရည်ကျမည်မဟုတ်ပေ။ ခေါင်းဆောင်၏ စာချုပ်သားရဲကိုသာ ထုတ်ဖော်လိုက်လျှင် သူသည် ကြောက်လွန်း၍ သေချင်သွားနိုင်သည်။

ပေထင်းဟွမ်သည် နှာမှုတ်ကာ ထန်းယန်နှင့် အရေးတယူလုပ်ပြီး စကား ပြောမနေတော့ပေ။

သူမ၏ ဆံနွယ်ရှည်သည် လေနှင့်အတူလွင့်ပါနေကာ ဆောင်းညနှင့်တူ သည့် မည်းနက်လှသော မျက်လုံးအစုံသည် ဤမီးခိုးရောင်ကမ္ဘာတွင် ပို၍ပင် နက်မှောင်နေသလို ထင်ရသည်။ ကြည်လင်သောအသံသည် ကမ္ဘာပေါ်တွင် ပဲ့တင်ထပ်လာသည် “ကင်းကောင် ချပ်ဝတ်တန်ဆာအပြည့်ပြင်မယ်.. လျှပ်စီး မိုးကြိုးသွားနဲ့ နွယ်ပင်လေး ချပ်ဝတ်တန်ဆာတစ်စိတ်တစ်ပိုင်းလုပ်မယ်”

သူမ၏ခြေထောက်အောက်တွင် ပဉ္စဂံအစီအရင်သည် ငွေရောင်အလင်း တန်းအဖြစ် ထွက်ပေါ်လာသည်။ သေးငယ်သော ငွေရောင်ကြက်ခြေခတ်ဓား ၈ ချောင်းသည် ယပ်တောင်တစ်ခုသဖွယ် သပ်သပ်ရပ်ရပ်စီစဉ်ထား၏။ အပြာရောင်ခပ်ဖျော့ဖျော့ ဒြပ်စင်စွမ်းအင်သည် ချက်ချင်းဆိုသလို သူမ၏ ခန္ဓာကိုယ်တွင် ပျံ့နှံ့သွားလေ၏။ ကြယ် ၉ ပွင့်နတ်သားရဲ ရွှေရောင်ရှေး မျောက်ဝံသည် ရွှေရောင်ချပ်ဝတ်တန်ဆာအဖြစ်ပြောင်းကာ သူမ၏လည်ပင်း အောက်ကို ပတ်လိုက်ရာ သူမ၏ပိန်ပါးသောခန္ဓာကိုယ်သည် ပို၍ကြည့်ကောင်း လေ၏။ ထိုအခိုက်အတန့်တွင် သူမ၏ နက်မှောင်သောဆံပင်နှင့် မျက်အိမ်သည် လည်း အရောင်ပြောင်းသွားသည်။ သူမ၏ရွှေရောင်ဆံပင်သည် လှုပ်ခါသွားပြီး မူလက ကြယ်တာရာနှင့်တူသောမျက်လုံးများသည် တောက်ပသောနေရောင် ကဲ့သို့ပင်။

အလွန်ကြည့်ကောင်းသောနတ်သားရဲချပ်ဝတ်တန်ဆာသည် ဝတ်ဆင်သူ ကို ရှေးဟောင်းရွှေရောင်ချပ်ဝတ်တန်ဆာဝတ် စစ်နတ်ဘုရားနှင့်တူလေသည်။ သူတို့နှစ်ယောက်လုံးတွင် ရွှေရောင်ချပ်ဝတ်တန်ဆာပြောင်းနိုင်သော ရွှေရောင် နတ်သားရဲတို့ရှိကြသည်။ သို့သော် ပေထင်းဟွမ်၏ခန္ဓာကိုယ်မှ တောက်ပမှု သည် ထန်းယန်ကိုဖိနှိပ်နိုင်သည်။ သူမသည် ကမ္ဘာပေါ်သို့ဆင်းသက်လာသော ရွှေရောင်နတ်ဘုရားနှင့်တူသည်။ ၎င်းသည် ထန်းယန်၏ အဝါရောင်အဝတ် အစားကိုပင်မှိန်သွားစေသည်။

ပေထင်းဟွမ်အနောက်တွင် ခမ်းနားသောအနက်ရောင် တောင်ပံနှစ်ခုရှိ နေသည်။ တောင်ပံတစ်ချက်ခတ်လိုက်သည်နှင့် ကြယ်တာရာလေသည် ကောင်းကင်ကို ဓားသွားကဲ့သို့ ခုတ်ဖြတ်လေသည်။ ၎င်းတို့သည် သံကဲ့သို့ အေးစက်သည့်အလင်းကို ထုတ်ပေးလေသည်။

ပေထင်းဟွမ်၏ခြေချင်းဝတ်နားတစ်ဝက်ရှိ ငွေရောင်အလုံးနှစ်လုံးသည် တိမ်တိုက်ပေါ်သို့နင်းနေသကဲ့သို့ဖြစ်နေသည်။ ရွှေရောင်၊ ငွေရောင်နှင့် အနက်... ထိုအရောင်များသည် လူတစ်ယောက်တည်းကို ရစ်ပတ်ထားသော်လည်း တသီးတခြားဖြစ်နေပုံမပေါက်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ထိုတောက်ပသော အရောင်များသည် ထိုလူငယ်ကို ရှေးဟောင်းနတ်ဘုရားနှင့်တူစေသည်။ တိုက်ပွဲမစခင်တွင် သူသည် အလွန်အမင်းချောမောကာ အားလုံး၏အာရုံကို ဖမ်းစားနိုင်လေသည်။

အားလုံးသည် ငေးကြောင်နေကာ သူတို့၏နှလုံးသားများသည် ဗုံများကဲ့သို့ လှုပ်ခါနေသည်။ အတန်ကြာအောင် ထိတ်လန့်ပြီးနောက် မြေပေါ်မှ စခန်းတစ်ခုလုံး ပေါက်ကွဲလေသည်။ သခင်ကြီးပေထင်းဟွမ်က ဓား ၇ လက် ကြယ်ဝိညာဉ်သခင်မဟုတ်ဘူးလား။ သူတို့မြင်လိုက်တဲ့ ဓား ၈ ချောင်းက ဘာအဓိပ္ပာယ်လဲ။ ပေထင်းဟွမ်မှာ ကြယ် ၉ ပွင့်မွန်မြတ်တဲ့သားရဲတစ်ကောင်ပဲ ရှိတယ်လို့ ပြောကြတာမဟုတ်ဘူးလား။ ဒါဆိုရင် ဝိညာဉ်ချပ်ဝတ်တန်ဆာ အဖြစ်ပြောင်းတဲ့ မှော်သားရဲတွေအကုန်လုံးက ထင်ယောင်ထင်မှားတွေလား။

နတ်သားရဲသုံးကောင်ရှိသည်။ ထိုထဲမှတစ်ကောင်သည် ကြယ် ၉ ပွင့် နတ်သားရဲဖြစ်သည်။ ၎င်းသည် ထန်းယန်၏ ကြယ် ၇ ပွင့်နတ်သားရဲထက် နှစ်ဆင့်မြင့်သည်။ ပေထင်းဟွမ် တမင်များလုပ်လိုက်တာလား။

မည်သူမှ ပြန်မဖြေကြပေ။ သံမဏိသွေးအဖွဲ့ဝင်များအတွက်လည်း ဤကဲ့သို့ ပေထင်းဟွမ်မှ ကြီးမားသောအသွင်ပြောင်းမှုလုပ်သည်ကို ပထမဆုံး အကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သူတို့ခေါင်းဆောင်မှာ မှော်သားရဲ ဘယ်နကောင် တောင်ရှိတာလဲ။

နန်ကုန်းချန်းရှီသည် သစ်တတ်ကျားကိုမြင်သောအခါ မှော်သားရဲခံတပ် တွင် ထိုမွန်မြတ်သောသားရဲကြောင့် စကားများခဲ့ကြသည်ကို သတိရသွားသည်။ သူမသည် ခံစားချက်များရှုပ်ထွေးလာသည်...

All Chapters