သူမ တမင်လုပ်တာပဲ သေချာပေါက် တမင်လုပ်တာပဲ
Vol. 28 Ch. 558
ထိတ်လန့်မှုကြောင့် တဒင်္ဂမျှတိတ်ဆိတ်ပြီးနောက်တွင် စခန်းတစ်ခုလုံးရှိ လေထုသည် တိုက်ပွဲမစခင်တွင် ပေထင်းဟွမ်၏ပုံရိပ်ကို ထိပ်ဆုံးထိရောက် အောင် တွန်းပို့ခဲ့သည်။
“မိုးနတ်မင်းရေ.. အဲဒါက ကြယ် ၉ ပွင့်နတ်သားရဲလား ရွှေရောင်ရှေး မျောက်ဝံလား.. သူက ဘာလို့ သခင်ကြီးပေထင်းဟွမ်ရဲ့ စာချုပ်သားရဲဖြစ်လာ တာလဲ.. ငါ မြင်ရတာတွေက ဟုတ်ရဲ့လား”
“ငါလည်းမြင်နေရတာပဲ.. ငါတို့ အမြင်များမှားနေကြတာလား.. အဲကလေး ပြောတာအမှန်ဖြစ်နေမလားပဲ.. ငါတို့သာမှော်သားရဲကိုနိုင်ရင် သူတို့က ကျိုးကျိုးနွံနွံနဲ့ လူသားတွေရဲ့ စာချုပ်သားရဲဖြစ်လာမှာလား”
“မဟုတ်ဘူး သခင်ပေထင်းဟွမ်မှာ အမြင့်ဆုံးသားရဲထိန်းရှိနေတာလား”
ကြယ် ၉ ပွင့်နတ်သားရဲကို ထိန်းကျောင်းနိုင်တဲ့ အမြင့်ဆုံးသားရဲထိန်း လား။ နတ်သားရဲကို ထိန်းကျောင်းရန် သားရဲထိန်းသခင်ကြီးအတွက် အန္တရာယ် များလွန်းသည်။ အထူးသဖြင့် ထိပ်ဆုံးအဆင့်ရောက်နေသည့် နတ်သားရဲဆို လျှင် ဖြစ်သည်။ အကယ်၍ သတိလက်လွတ်ဖြစ်သွားပါက ထိန်းကျောင်းသူ သည် ရူးသွားခြင်း သို့မဟုတ် သေဆုံးခြင်းကို ဖြစ်စေနိုင်သည်။ အမြင့်ဆုံး သားရဲထိန်းကသာ သူတို့ကို အလွယ်တကူဖမ်းနိုင်သည်။
ပေထင်းဟွမ်၏ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာ ကိုကြည့်ပြီး ထန်းယန်သည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင် လာသည်။ သူသည် ကြယ် ၉ ပွင့်နတ်သားရဲ ရွှေရောင်ရှေးမျောက်ဝံ၏ ထိုအသွင်ပြောင်းတိုက်ခိုက်ရေးချပ်ဝတ်တန်ဆာကို ရှင်းရှင်းလင်းလင်းမြင်နေရ သည်။ လွန်ခဲ့သည့်စက္ကန့်ပိုင်းကပင် သူသည် ပေထင်းဟွမ်ကိုလှောင်ပြောင်နေခဲ့ ကာ သူမတွင် အစွမ်းအစရှိလျှင် ကြယ် ၉ ပွင့်နတ်သားရဲကို တိုက်ခိုက်ရေး လက်တွဲဖော်အဖြစ် ပြုလုပ်ပါဟု ပြောခဲ့သေးသည်။ နောက်စက္ကန့်ပိုင်းအတွင်း တွင် သူမသည် ကြယ် ၉ ပွင့်နတ်သားရဲကို ဆင့်ခေါ်ကာ ၎င်းကိုချပ်ဝတ်တန်ဆာ အဖြစ်ပြောင်းခဲ့သည်။
ဒီကောင်.. သူမက သူ့မျက်နှာကို တမင်ဖြတ်ရိုက်ခဲ့တာလား။
ပေထင်းဟွမ်သည် ထိုလူ၏မျက်နှာထားကို စောင့်ကြည့်နေသည်။ နွယ်ပင်လေး ပြုလုပ်ထားသော မျက်နှာဖုံးအောက်တွင် သူမ၏နှုတ်ခမ်းသည် လှပစွာ ကွေးတွန့်သွားသည်။ လှောင်ပြောင်သောအပြုံးသည် သူမနှုတ်ခမ်းပေါ် တွင်ပေါ်လာပြီး နှာမှုတ်လိုက်သည် “သခင်ကြီးထန်းယန်.. ကျုပ် ပေထင်းဟွမ် က ဆရာတွေကိုအမြဲတမ်း လေးစားခဲ့တာ.. ခင်ဗျားက ကြယ် ၉ ပွင့်နတ်သားရဲ ရွှေရောင်ရှေးမျောက်ဝံကို ကျုပ်ရဲ့ တိုက်ပွဲလက်တွဲဖော်ဖြစ်စေချင်တယ်လို့ ခင်ဗျားပြောသလိုလုပ်လိုက်တာပဲ... ဘာလို့လဲ မပျော်ဘူးလား”
“မင်း.. ဟေ့ကောင်.. မင်းမှာ ကြယ် ၉ ပွင့်မွန်မြတ်တဲ့သားရဲတစ်ကောင်ပဲ ရှိတာမဟုတ်ဘူးလား.. ဘာလို့ နတ်သားရဲအများကြီးရှိနေတာလဲ” သားရဲထိန်း သခင်ကြီးတစ်ဦးအနေနှင့် ပေထင်းဟွမ်ဆင့်ခေါ်လိုက်သော ထိုမှော်သားရဲများ ကို ထန်းယန်မသိဘဲမနေပေ။ အားလုံးပေါင်း နတ်သားရဲသုံးကောင်နှင့် မွန်မြတ် သောသားရဲတစ်ကောင်ဖြစ်သည်။ သူတို့ထဲတွင် ကြယ် ၉ ပွင့်နတ်သားရဲသည် သူ၏မီးတောက်ခြင်္သေ့ထက်ပင် ပိုအဆင့်မြင့်သည်။
ထန်းယန်သည် ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ကြီးဖြစ်သော်လည်း ပေထင်းဟွမ်သည် စစ်မှန်သော ဓား ၈ လက်ကြယ်ဝိညာဉ်သခင်ဖြစ်သည်။ သူသည် နဂိုက ပေထင်းဟွမ်ထက် နှစ်ဆင့်မြင့်သည်ဟုထင်ထားခဲ့သည်။ သို့သော် ယခုအခါ သူသည် အဆင့်တစ်ဆင့်သာ မြင့်တော့သည်။ ကြယ် ၉ ပွင့် နတ်သားရဲကို အပါအဝင် ပေထင်းဟွမ်တွင် ကြယ် ၂ ပွင့်နတ်သားရဲနှင့် ဓားအဆင့် ကွာခြားချက်ကို လုံလုံလောက်လောက်ပြုလုပ်နိုင်သည့် ကြယ် ၃ ပွင့်နတ်သားရဲလည်းရှိသည်။
ပေထင်းဟွမ်၏ ကြယ် ၉ ပွင့်မွန်မြတ်သောသားရဲ အသွင်ပြောင်း မျက်နှာ ဖုံးသည် သူမ၏မျက်နှာကို ဖုံးအုပ်ရန်အတွက်သာ မဖြစ်နိုင်ပေ။
ဤလူငယ်သည် သူ၏အင်္ကျီလက်အောက်တွင် လှည့်ကွက်များစွာရှိနေ လိမ့်မည်ဟု သူ ထင်မထားပေ။ သူ၏ဝှက်ဖဲများအားလုံးသည် အသေအကြေ တိုက်ပွဲမစခင်တွင် ဤလူငယ်၏ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။ ထန်းယန်သည် ဒေါသထွက်လာသဖြင့် မျက်နှာကြီးစိမ်းလာသည်။
“ဦးလေး ဒါတော့မဟုတ်သေးဘူး.. ကျုပ်မှာ ကြယ် ၉ ပွင့် မွန်မြတ်တဲ့ သားရဲတစ်ကောင်ပဲရှိတယ်လို့ ဘယ်တုန်းကပြောတာလဲ” ပေထင်းဟွမ် နှာမှုတ် လေသည် “အဲဒီအင်ပါယာကျောင်းတော်ရဲ့ စည်းမျဉ်းတွေက အသေအကြေ တိုက်ပွဲမတိုင်ခင် တစ်ဖက်လူကို ကိုယ့်ခွန်အားကိုပြရတာလား.. တောင်းပန်ပါ တယ် ဆရာက ဒီအကြောင်းမပြောလိုက်ဘူး.. အဲဒီစည်းမျဉ်းတွေမရှိဘူးလို့ ယုံပါတယ်”
သူမ၏ ဆရာသည် မည်သူနည်း။ အင်ပါယာကျောင်းတော်ရဲ့ ကျောင်းအုပ်နန်လင်းဖြစ်သည်။ ထိုစည်းမျဉ်းများမရှိဟု သူမ၏ဆရာပြောလျှင် မည်သူက ရှိသည်ဟုပြောရဲမည်နည်း။ အထင်ကြီးခံရသော သားရဲထိန်းသခင် ကြီး ထန်းယန်ပင်လျှင် လုပ်ရဲမည်မဟုတ်ပေ။ နှစ်ပေါင်းများစွာကြာပြီးနောက် အင်ပါယာကျောင်းတောင်သည် ဘက်မလိုက်သော ရပ်တည်ချက်တစ်ခုကို အမြဲထိန်းသိမ်းထားပြီး မည်သည့်အဖွဲ့ခွဲကိုမှ တင်ပြခြင်းမရှိပေ။
“ဟင်း.. မင်းမှာ နတ်သားရဲအများကြီးရှိတာနဲ့ပဲ မင်းငါ့ကိုနိုင်မယ်လို့ မထင်လိုက်နဲ့.. မင်းကိုပြောလိုက်မယ်.. မင်းက ငါ့ကိုသတ်ဖို့အရည်အချင်းမရှိ ဘူး” ထန်းယန်၏မျက်လုံးထဲမှ အန္တရာယ်ရှိသောအကြည့်သည် ဤလူကို အရန်အစီအစဉ်ရှိဆဲဖြစ်ကြောင်း လူတိုင်းကို ရှင်းရှင်းလင်းလင်းမြင်စေသည်။