← Chapters

စီရင်ချက်ဗိမာန်တော်က သန့်စင်သောသားတော် အသစ်လား

Vol. 28 Ch. 559

စီရင်ချက်ဗိမာန်တော်က သန့်စင်သောသားတော် အသစ်လား

Vol. 28 Ch. 559

ထန်းယန်၏ အင်္ကျီလက်ထဲတွင် တခြားသောလှည့်ကွက်များရှိနေလိမ့် မည်ဟု လျိုရွှီမသိခဲ့ပေ။ သူသည် ဦးနှောက်ပြေးသော်လည်း ပေထင်းဟွမ်သည် သူ့ကိုချေမှုန်းနိုင်လောက်အောင် သန်မာသည့်ကြားက ထန်းယန်သည် မည်သည့်အရာကို မှီခိုပြီး တိုက်ခိုက်မည်ဖြစ်ကြောင်းကို သူတွေးမရပေ။

“သခင်ကြီးလျိုရွှီ.. သေချာစဉ်းစားကြည့်ပါ.. ထန်းယန်က နိုင်ဖို့ကို ဘာကို မှီခိုနေတာလဲ” ရှန်းယန်ပိုသည် အလွန်အမင်းစိုးရိမ်လျက်ရှိသည်။ လူတစ်ဦး တည်းကို စိုးရိမ်မိနေခြင်းသည် ရှန်းယန်ပိုနှင့် လျိုရွှီတို့အကြားမှ အကွာအဝေး ကို နီးသွားစေသည်။

မျက်နှာချင်းဆိုင်တွင်ရပ်ပြီး ထန်းယန်နှင့်အတူပါလာသော ကောင်းကင် အဆင့်ကျွမ်းကျင်သူလည်း လေသံနှင့်ရေရွတ်လေသည်။ ထန်းယန် အနိုင်ရရန် မည်သည့်နည်းလမ်းသုံးမည်ကို သူတို့မသိသည်မှာလည်း ရှင်းလင်းနေသည်။ သူတို့သည် ထန်းယန် ယခုလို ဖုံးဖိထားလိမ့်မည်ဟု ထင်မထားပေ။

ပေထင်းဟွမ်၏မျက်လုံးထဲမှ ချင့်ချိန်မှုများကိုမြင်သောအခါ ထန်းယန် သည် ကျယ်လောင်စွာရယ်မောလေသည်။ ဟင်း.. ဒီကမ္ဘာပေါ်မှာ ဆရာနန်လင်းတစ်ယောက်ပဲ ကျွမ်းကျင်သူဖြစ်မယ်လို့ မထင်လိုက်နဲ့။ ဒီကမ္ဘာ ကြီးက ဒီလောက်ကြီးတာ နတ်ဘုရားဖြစ်ဖို့နီးစပ်တဲ့လူတွေကအများကြီးပဲ။

ထန်းယန်သည် လက်ကောက်ဝတ်လှည့်လိုက်ရာ သူ့လက်ထဲမှ ဓားရှည် သည် ပျောက်ကွယ်သွားလေသည်။ သူ့လက်ထဲတွင် စွမ်းအားရှိသည့် သင်္ကေ ပစ္စည်းတစ်ခုပေါ်လာသည်။ ၎င်းသည် ရွှေရောင်တောက်နေသည်။

တောက်ပသောအလင်းရောင်အောက်တွင် ၎င်းသည် ပေထင်းဟွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ရွှေရောင်အလင်းတန်းနှင့်ချက်ချင်းလွှမ်းမိုးလိုက်ရာ ထန်းယန် ကို နတ်ဘုရားကဲ့သို့ ဖြစ်စေသည်။

“စီရင်ချက်ဗိမာန်ရဲ့ အဆောင်အယောင် လှံတံလား.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. စီရင်ချက်ဗိမာန်ရဲ့ လှံတံက သန့်စင်တဲ့သားတော်ရဲ့ သင်္ကေတများ.. အဒါက ဘယ်လိုလုပ် သခင်ကြီးထန်းယန်ရဲ့လက်ထဲရောက်နေ တာလဲ”

“ပြီးပြီ ပြီးပြီ.. စီရင်ချက်လှံတံကလည်း နတ်လက်နက်လို့ ငါ ကြား ဖူးတယ်.. အဲဒါက အမြဲတမ်းတိုက်ပွဲမှာအောင်မြင်တယ်.. သခင်ကြီး ပေထင်းဟွမ်တော့ သေပြီ”

“မိုးနတ်မင်းရေ.. သခင်ကြီးထန်းယန်က တကယ် စီရင်ချက်ဗိမာန်ရဲ့ သန့်စင်တဲ့သားတော်ရာထူးပေးခံရတာပဲ.. ဒါဆို သူက ဘာလို့ အင်ပါယာ ကျောင်းတော်မှာပဲရှိနေတာလဲ”

လျိုရွှီသည် မျက်နှာကြီးရဲလာသည် “ဟေ့ကောင် မင်းက စီရင်ချက်ဗိမာန် ရဲ့ သန့်စင်တဲ့သားတော်ဖြစ်နေပြီပဲ.. ဘာလို့ အင်ပါယာကျောင်းတော်မှာရှိနေ သေးတာလဲ.. ကျောင်းစည်းမျဉ်းတွေကိုမသိဘူးလား”

အင်ပါယာကျောင်းတော်သည် ကျောင်းတည်ထောင်စဉ်မှစပြီး ကြားနေ ဖြစ်ခဲ့သည်။ ကျောင်းစည်းကမ်းများအရ အင်ပါယာကျောင်းတော်၏ ကျောင်းသားများ တခြားအင်အားစုကို ဝင်လိုက်သည်နှင့် ကျောင်းမှဘွဲ့ရကာ အင်ပါယာကျောင်းတော်၏ ကျောင်းသားမဖြစ်နိုင်တော့ပေ။ ထန်းယန်က ဘယ်တုန်းက စီရင်ချက်ဗိမာန်ရဲ့ သန့်စင်တဲ့သားတော်ဖြစ်ခဲ့တာလဲ။ သူက ကျောင်းတော်မှာနေနေသေးတယ်။ အရှက်မဲ့လွန်းတာမဟုတ်ဘူးလား။

“ဟင်း လျိုရွှီ အဲဒါမင်းနဲ့ဘာဆိုင်လဲ” သူသည် လက်ထဲမှစီရင်ချက် လှံတံကိုမြှောက်ပြီး ပေထင်းဟွမ်အား အန္တရာယ်ပြုမည့်အကြည့်ဖြင့် ကြည့်လေသည်။ “သေချာကြည့်ထာ.. ပေထင်းဟွမ်.. ဒါက နတ်လက်နက်ပဲ.. မဟုတ်ဘူး နတ်အဆင့်ဝိညာည်လက်နက်လို့ ပြောသင့်တာပေါ့.. မင်း နတ်ဘုရားမဟုတ်သရွေ့ ငါ့လက်နက်ကနေ လွတ်မယ်လို့မထင်လိုက်နဲ့”

ပင်မတိုက်ကြီးရှိ ဝိညာဉ်သခင်ကြီးများအကြားတွင် ကောင်းကင်အဆင့် နှင့် နတ်အဆင့်အထက်တွင် နတ်ဘုံအဆင့်လေးဆင့်ရှိသေးသည် - နတ်ဘုံ၊ နတ်ဘုရင်၊ နတ်ဧကရာဇ်နှင့် နတ်ဘုရားတို့ဖြစ်ကြသည်။ ပေထင်းဟွမ်သည် လက်ရှိတွင် ဓား ၈ လက်ကြယ်ဝိညာဉ်သခင်သာဖြစ်သည်။ သူမသည် နတ်ဘုံ အဆင့်သို့မရောက်သေးကာ သူမနှင့် နတ်ဘုရင်တို့ကြားတွင် ကြီးမားသော ကွာဟချက်ရှိသေးသည်။ နတ်ဘုရင်ဘုံနှင့် ညီမျှသော တိုက်ခိုက်မှုကို သူ ခုခံ တွန်းလှန်ပါက စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။

ပေထင်းဟွမ်သည် အခုအချိန်တွင် အဂူးကိုခေါ်ထုတ်လျှင်တောင် အသုံး ဝင်နိုင်မည်မဟုတ်ပေ။ အထွတ်အမြတ်သားရဲ၏ခွန်အားသည် လူဘုံထိပ်ဆုံး ဝိညာဉ်သခင်ကြီးနှင့် ညီမျှသည်ဟု ယန်ယဲ့ပြောခ့သည်။ ၎င်းသည် နတ်ဘုံကျွမ်းကျင်သူကို မယှဉ်နိုင်ပေ။

နတ်ဘုံသည် ဒဏ္ဍာရီဘုံဖြစ်သည်။ ပင်မတိုက်ကြီးတွင် ယန်မြို့သည် ထူးထူးခြားခြား အဆင့်အတန်းရှိရသည့်အကြောင်းအရင်းမှာ နတ်ဘုံကျွမ်းကျင် သူ ယန်မြို့တွင်ပေါ်ပေါက်လာခဲ့ခြင်းကြောင့်ဖြစ်သည်။

ပေထင်းဟွမ်၏မျက်လုံးထဲတွင် လေးနက်မှုများ အရောင်လက်လာသည်။ သူမသည် မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းလိုက်ပြီး အန္တရာယ်များ သော မျက်နှာထားသည် ထန်းယန်အားလွှမ်းခြုံလိုက်သည်။ ဒီကောင်...

အလွန်ကောင်းသည်။ စီရင်ချက်ဗိမာန်မှလူများသည် ဤလူကို သတ်ရန် သူမကို အကြောင်းပြချက် သောင်းချီပေးနေခြင်းဖြစ်သည်။ ၎င်းသည် ယန်ယဲ့ သူမအတွက် သန့်စင်ထားသောလက်နက်ဖြစ်သည်။ အန္တရာယ်ကျသည့် အချိန် များတင် သူမလက်ထဲမှထုတ်လွှတ်သည့် စွမ်းအားသည် ဤစီရင်ချက်လှံတံ ထက် မနိမ့်ကျကြောင်းကို သူမ ယုံကြည်သည်...

။

All Chapters