← Chapters

တစ်ဖက်လူလာပြီး ခုတ်မှာကိုစောင့်ခြင်း

Vol. 28 Ch. 560

တစ်ဖက်လူလာပြီး ခုတ်မှာကိုစောင့်ခြင်း

Vol. 28 Ch. 560

“နတ်ဘုရင်အဆင့်လက်နက်က ခမ်းနားနေလည်း ဘာလုပ်ရမှာလဲ.. ခင်ဗျားက သာမန်ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ပဲလေ.. ခင်ဗျားလက်ထဲမှာ နတ်ဘုရင်အဆင့်လက်နက်ရှိတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဘုရင်လို့ထင်နေတာ လား.. အိပ်မက်မက်နေလိုက်” ပေထင်းဟွမ်သည် လက်ထဲမှဓားပျော့ကို ဝေ့ယမ်းလိုက်သည် “ကျုပ်လက်ထဲက ဓားပျော့က နတ်ဧကရာဇ်အဆင့်ဆို ကျုပ်က နတ်ဧကရာဇ်အဆင်လား”

“နတ်ဧကရာဇ်ဟုတ်လား ဟားဟား” ထန်းယန်သည် ခန္ဓာကိုယ်လှုပ်ခါ သည်အထိပင် ရယ်မောလေသည်။ ရယ်မောပြီးနောက် သူ့မျက်နှာမည်းနက် သွားလေသည်။ “ပေထင်းဟွမ် မင်းက ငယ်ငယ်လေးနဲ့ ဓား ၈ လက်ကြယ် ဝိညာဉ်ဖြစ်လာလို့ တော်လွန်းပြီလို့ထင်နေခဲ့တာ.. မင်းလည်း ဦးနှောက်မရှိဘူး ပဲ.. နတ်ဘုံလက်နက်တွေက တွေ့ကရာဝယ်လို့ရတဲ့ မုန်လာထုပ်တွေလို့ထင် နေလို့လား.. ဒါဆို ငါ့စီရင်ချက်လှံတံကို မင်းရဲ့နတ်ဧကရာဇ်ဓားပျော့နဲ့ တိုက်ခိုက်ခိုင်းလိုက်လေ”

ထန်းယန်သည် ခြေဖျားထိပ်ဖြင့်ထောက်ကာ ပေထင်းဟွမ်အား တိုက်ခိုက်လေသည်။ လေနတ်မိစ္ဆာဝံပုလွေ၏ စစ်ဖိနပ်သည် အလွန်ပင် ထူးခြား လှ၏။ ကျန်ခဲ့သောပုံရိပ်သည် လေကိုဖြတ်သွားကာ ထန်းယန်၏ပုံရိပ်သည် စစ်မြေပြင်မှ ပျောက်ကွယ်သွားလေသည်။

ရင်ပြင်ထဲမှလေထုသည် လေးလံနေပြီဖြစ်ရာ အပြင်တွင်ရှိနေသောလူ များသည် ကွင်းထဲတွင် တိုက်ခိုက်နေသူများထက် ပို၍စိတ်လှုပ်ရှားနေပုံပေါက် သည်။ အားလုံးသည် ကွင်းထဲမှလူနှစ်ယောက်ကို စိုက်ကြည့်ကာ အသက်ကို ကျယ်ကျယ်ပင်မရှူရဲပေ။ ထန်းယန်၏အရှိန်သည် မြန်ဆန်လွန်းကာ ကြောက်မက်ဖွယ်ကောင်းပြီး ကွင်းထဲမှ အတွင်းအပြင်လေထုကို စီးဆင်းစေ သည်။ မြင်ကွင်းသည် ချက်ချင်းပင် အလွန်ပြင်းထန်လာသည်။

ပေထင်းဟွမ်သည် မွေးပွလုံး ၃၆ လုံးလွှတ်ထားပြီဖြစ်ရာ သူမ၏ စိတ်ပိုင်း ဆိုင်ရာ ခွန်အားသည် သိသိသာသာ တောင့်တင်းနေပြီဖြစ်သည်။ ထန်းယန် မည်မျှပင် မြန်ဆန်စေကာမူ သူမ၏ထိန်းချုပ်မှုအောက်တွင်ရှိနေဆဲဖြစ်၏။

သူမ မျက်လုံးများကိုမှိတ်လိုက်ပြီး လက်ထဲမှဓားပျော့သည် ကိုယ်ပွား ဓား ၁၈ လက်အဖြစ် အသွင်ပြောင်းလိုက်၏။ ဓားများသည် သူမကို ဝန်းရံပြီး တင်းကြပ်စွာကာကွယ်ထားသည်။ ထန်းယန်သာ စီရင်ချက်လှံတံမထုတ်လျှင် ပေထင်းဟွမ်လည်း ယခုလိုလုပ်မည်မဟုတ်ပေ။ သို့သော် စီရင်ချက်ဗိမာန် အဖွဲ့အစည်းသည် တိုက်ကြီးတွင် နှစ်ပေါင်းတစ်သောင်းကျော်အောင် တည်ရှိ လာခဲ့သော် ထိပ်တန်းအဖွဲ့အစည်းဖြစ်သည်။ သန့်စင်သောသားတော်၏ အဆင့်အတန်းနှင့် ကိုက်ညီသည့် တစ်စုံတစ်ရာထုတ်ပေးနိုင်သည်မှာ မဆိုးလှ ပေ။

ဖြစ်နိုင်သည်မှာ သူမသည် နောက်ထပ်သန့်စင်သောသားတော်ကို ကျဆုံး အောင်လုပ်ပြီး စီရင်ချက်ဗိမာန်ကို အရှက်ထပ်ခွဲမိမည်ကို စိုးရိမ်ခြင်းဖြစ်သည်။

ပေထင်းဟွမ် လုံးဝမလှုပ်ည်ကိုမြင်သောအခါ ထန်းယန်၏တိုက်ခိုက်မှု သည် ပိုပြင်းထန်လာရာ အားလုံးသည် သူမအတွက် ချွေးအေးများပြန်မိကြ၏။ တစ်ဖက်လူတိုက်ခိုက်နေချိန်တွင် သခင်ပေထင်းဟွမ်သည် ဘာကြောင့် မလှုပ်မယှက်ရှိနေသည်ကို အားလုံး နားမလည်နိုင်ကြပေ။

တစ်ဖက်လူတွင် နတ်ဘုရင်အဆင့်လက်နက်ရှိသည်။ ပေထင်းဟွမ်သည် သူမလက်ထဲမှဓားပျော့သည် နတ်ဧကရာဇ်အဆင့်ဖြစ်သည်ဟု ပြောခဲ့သော်လည်း မည်သူကမှ မယုံကြပေ။ သူမက မခုခံဘဲ တစ်ဖက်လူ တိုက်ခိုက်လာတာကို စောင့်နေတာလား။

ဒါမှမဟုတ် နတ်ဘုရင်အဆင့်လက်နက်က သူမကို သတ်တော့မှာလား။ သခင်ပေထင်းဟွမ် ဘာလုပ်နေတာလဲ။

ဘုန်း..

ကျယ်လောင်သောအသံသည် ကမ္ဘာကြီးကို လှုပ်ခါသွားစေသည်။ ဒြပ်စင် စွမ်းအင်အားလုံးကို ကာကွယ်ရန် ဓားပျော့ထဲသို့ အကုန်ထည့်ပြီးနောက် ဓားပျော့ ၁၈ ချောင်းသည် မျဉ်းတစ်ကြောင်းတည်းအဖြစ် စုစည်းပြီး ထန်းယန် အသုံးပြုသည့် စီရင်ချက်လှံတံနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့လေသည်။ မီးပွားများသည် နတ်လက်နက်နှစ်ခုဆီမှ မီးရှူးမီးပန်းသဖွယ် ထွက်လာသည်။ ကြီးမားသောစွမ်းအားစက်ကွင်းတစ်ခုသည် တိုက်မိခြင်း၏အလယ်မှ လင်းထိန် သွားကာ ကောင်းကင်နှင့်မြေကြီးဥပဒေမှ ဖန်တီးထားသော စွမ်းအင်ဒိုင်းကာ ကို တိုက်မိကာ ကွဲလုနီးပါးဖြစ်သွားသည်။

၎င်းတို့သည် စွမ်းအင်အကာအစီးအလွှာနှင့် ပိုင်းခြားထားသော်လည်း မည်သည့်စွမ်းအားမှ ထွက်ကျလာခြင်းမရှိပေ။ အားလုံးသည် ကြယ်တာရာလေ တိုက်ခတ်လာသည်ကို ခံစားမိသည်နှင့်တူသည်။ သူတို့၏မျက်လုံးများသည် ကြောက်ရွံ့မှုများဖြင့်ပြည့်ကာ ခန္ဓာကိုယ်များသည် အလိုလိုပင် နောက်ဆုတ်မိ ကြသည်။ မည်သူကမှ မအော်ရဲကြပေ။ အားကောင်းလိုက်တဲ့ စွမ်းအား သက်ရောက်မှုပါလား။

ကြမ်းတမ်းသောသက်ရောက်မှုအောက်တွင် ပေထင်းဟွမ်သည် မလှုပ်မယှက်ရှိနေဆဲဖြစ်နေချိန်တွင် ထန်းယန်သည် အားပါပါနှင့် နောက်သို့ ခြေလှမ်းသုံးလှမ်းဆုတ်သွားကာ သူ့မျက်နှာသည်လည်း ပုံမှန်နှင့်မတူဘဲ နီမြန်း နေသည်။

ပထမအချီမှာပင် ထန်းယန်ရှုံးသွားသည်မှာ ထင်ရှားလှသည်

All Chapters