← Chapters

ထောင်ချောက်

Vol. 25 Ch. 340

ထောင်ချောက်

Vol. 25 Ch. 340

“ဘာပဲဖြစ်ဖြစ်…အဲ့တိုက်ပွဲမှာတုန်းက ကျင့်ကြံသူတွေ အများကြီး အသတ်ခံခဲ့ရတယ်လေ။ အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူနှစ်ယောက်ပါ ပါသေးတယ်။ ဝိညာဉ်သားရဲတောင်က ဒီလို ဖုံးကွယ်ဖို့အတွက် သူတို့က ဒီလောက် ဆုံးရှုံးခံခဲ့တယ်ဆိုတာ သိပ်လက်ခံနိုင်စရာတော့ မရှိဘူး…”

ဟန်လိသည် မျက်မှောင်ကြုတ်ကာ လက်မခံချင်ဘဲ ပြောသည်။

“အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတွေ သေသွားတာကြောင့်သာ မဟုတ်ရင် ကျန်တဲ့ ဂိုဏ်းခြောက်ဂိုဏ်းက ဘယ် ယုံပါ့မလဲ။ ဒါ့အပြင် သူတို့ရဲ့ သေသွားတဲ့ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်ကကော အစစ်အမှန် ဆိုတာ ရောင်းရင်း သေချာရဲ့လား…”

ဝိညာဉ်သေသည် နှာခေါင်းရှုံ့လေသည်။

“ခင်ဗျား ဆိုလိုတာက…” ဟန်လိသည် ဝိညာဉ်သေကို အံ့အားသင့်ဟန်ဖြင့် စိုက်ကြည့်သည်။

“ကျုပ် သိသလောက်ဆို ကျုပ်တို့ မိစ္ဆာတာအိုဂိုဏ်းတွေမှာက အခြေခံတည်ဆောက်ခြင်း ကျင့်ကြံခြင်းအဆင့်ကို အမြုတေဖွဲ့စည်းခြင်းအဆင့်ထိ နီးပါး ရောက်အောင် လုပ်ပေးနိုင်တဲ့ တားမြစ်မန္တာန်နှစ်ခု၊သုံးခု ရှိတယ်။ ဒီပညာရပ်တွေမှာ အားနည်းချက်တွေတော့ အများကြီး ရှိတာပေါ့။ ဒီပညာရပ်ကို ကျင့်ကြံသူတစ်ယောက်က တစ်ကြိမ် အသုံးပြုလိုက်တာနဲ့ သူ့သွေးကြောတွေ ပေါက်ပြီး သေဆုံးရလိမ့်မယ်။ အဲ့ကျင့်ကြံခြင်းအဆင့်ကို အချိန်တိုအတွင်းပဲ အသုံးပြုလို့ရတာ နှမြောစရာပဲ။ ဒါပေမဲ့လို့ တိုက်ပွဲတစ်ခုမှာ ဂိုဏ်းကြီးခုနစ်ဂိုဏ်းကို လှည့်စားဖို့အတွက်တော့ ဒါက လုံလောက်ပါတယ်…”

ဟန်လိသည် ငြိမ်သက်သွားသည်။ သူသည် ထိုသူ ပြောတာကို ပိုလက်ခံလာသည်။

ထိုသို့သာ ဖြစ်ပါက မိစ္ဆာတာအိုဂိုဏ်းများနှင့် ဂိုဏ်းကြီးခုနစ်ဂိုဏ်းတို့ တိုက်ခိုက်နေကြစဉ် ထိုအခွင့်အရေးကို အသုံးပြုလာခဲ့ပါ သူတို့ပူးပေါင်းတည်ဆောက်ထားသော အစီအရင်မှာ လွယ်ကူစွာ ပျက်စီးသွားပေလိမ့်မည်။ ထိုအစီအရင်များ ပျက်စီးသွားသည်နှင့် ဂိုဏ်းကြီးခုနစ်ဂိုဏ်းနှင့် သူတို့၏ မဟာမိတ်များသည် အကာအကွယ်မဲ့သွားကာ မိစ္ဆာတာအိုဂိုဏ်းများကို အသနားခံရလိမ့်မည်။

“ခင်ဗျား ပြောတာက အမှန် ဖြစ်နေခဲ့ရင်တောင် ဒီအဆုံးအဖြတ်တိုက်ပွဲက ခုထိ မစရသေးဘူး။ ဒါ့ကြောင့် ကျုပ်ကသာ အဲ့အကြောင်း တင်ပြခဲ့ရင် ဒီတိုက်ပွဲလှိုင်းကို ပြောင်းလဲသွားနိုင်မှာ မဟုတ်လား။ ဒါ့ကြောင့် ကျုပ်က ဘာကြောင့်များ ပြေးဖို့ လိုလေမလဲ…”

ခပ်တိုးတိုး ရေရွတ်နေပြီးနောက်မှာ ဟန်လိက သံသယရှိစွာဖြင့် ထိုသို့ မေးလိုက်သည်။

“ကျုပ်တို့ မိစ္ဆာတာအိုဟာ အဲ့အချိန်ကျမှ တိုက်ခိုက်လိမ့်မယ်လို့ ခင်ဗျား တကယ် ယုံကြည်လို့လား။ ကျုပ်တို့ရဲ့ မူလအစီအစဉ်တွေအရဆို ဒီကြေငြာချက်ဟာ ရန်သူတွေကို စိတ်ဝေဝါးသွားအောင် လုပ်တာပဲ။ ကျုပ်က အသေးစိတ်တော့ မသိပေမယ့် လာမယ့် ရက်အနည်းငယ်ဆို ကျုပ်တို့ မိစ္ဆာတာအိုဟာ ပင်မတပ်စခန်းကို အလစ်အငိုက် တိုက်ခိုက်လိမ့်မယ်။ အဲ့အချိန်ဆို ဂိုဏ်းကြီးခုနစ်ဂိုဏ်းဟာ စိတ်အေးနေတဲ့အချိန်၊ အကူအင်အားစုတွေနဲ့လည်း အလှမ်းဝေးနေသေးတဲ့အချိန် ဖြစ်နိုင်တယ်။ ဒါဆိုရင်ရော ရောင်းရင်း ပေးမယ့် သတင်းဟာ အချိန်မီ ရောက်နိုင်မယ် ထင်လို့လား။ ပြီးတော့ ထိပ်ပိုင်းပုဂ္ဂိုလ်တွေကကော ယုံကြည်ကြမယ် ထင်လား…”

ဝိညာဉ်သေကတော့ ဂိုဏ်းကြီးခုနစ်ဂိုဏ်း ပျက်စီးတော့မည့်အရေးကို သေချာသည့်ဟန်ဖြင့် ပြောနေသည်။

ဟန်လိ၏ တည်ငြိမ်မှုမှာ နောက်ဆုံး၌ ပျက်စီးသွားခဲ့လေပြီ။ သူ့စိတ်ထဲတွင် ပူပန်နေပြီ။

“ဂိုဏ်းကြီးခုနစ်ဂိုဏ်းက အမှန်တကယ် အညံ့ခံခဲ့ရင်တော့ လာမယ့်နေ့တွေဟာ သိပ်လွယ်တော့မှာ မဟုတ်ဘူး။ ငါ့အနေနဲ့ မိစ္ဆာတာအိုဂိုဏ်းတွေကနေ ရှောင်နိုင်ဖို့ တခြားနိုင်ငံတွေကိုပါ ဖြတ်သန်းသွားလာမှ ရတော့မယ်။ အဲ့ကျရင် ငါ့ရဲ့ တစ်ခုတည်း ရွေးချယ်စရာကတော့ ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ပြန်ပြုနိုင်ဖို့ပဲ ရှိတော့တယ်။ ပြီးရင် သူစိမ်းဒေသတစ်ခုမှာ ကျင့်ကြံခြင်းဘဝအသစ်တစ်ခုကို စရလိမ့်မယ်…”

“ခင်ဗျားက မိစ္ဆာတာအိုဂိုဏ်းရဲ့ အစီအစဉ်တွေကို အပြည့်အဝ နားလည်နေတာပဲ။ ကြည့်ရတာ ခင်ဗျားရဲ့ အဆင့်အတန်းက တကယ့်ကို မြင့်မားလိမ့်မယ်။ စိတ်ပူဖို့တော့ မလိုဘူး။ ကျုပ်က ခင်ဗျားရဲ့ အဆင့်အတန်းအမှန်ကို ရှာဖို့လည်း စိတ်မဝင်စားဘူး။ ဒါပေမဲ့လို့ ခင်ဗျား ပြောခဲ့တာတွေအတွက် ဘာသက်သေများ ရှိလဲလို့ ကျုပ်က မေးပါရစေ။ စကားသပ်သပ်နဲ့တော့ ကျုပ်က ခင်ဗျားကို အပြည့်အဝ ယုံလိမ့်မယ်လို့တော့ မထင်ဘူး မလား…”

ဟန်လိသည် စဉ်းစားနေပြီးနောက်မှာ အလေးအနက် မေးလေသည်။

ဟန်လိ၏ မေးခွန်းကြောင့် ဝိညာဉ်ထိန်းချုပ်ဂိုဏ်းမှ ကျင့်ကြံသူသည် ခဏတော့ ကြောင်သွားသည်။

“ပြောရမယ်ဆိုရင်တော့ ကျုပ်ဟာ ကျုပ်ရဲ့ ခန္ဓာကိုယ်ကို ဆုံးရှုံးပြီးခဲ့ပြီ။ ဒါကြောင့် တာအိုရောင်းရင်းအနေနဲ့ ကျုပ်မှာ သဲလွန်စတစ်ခုခု ကျန်နေအုံးမယ်လို့ ထင်နေလို့လား။ ရောင်းရင်းသာ စိတ်ရှည်နိုင်မယ် ဆိုရင်တော့ ကျုပ် ပြောတာကို ရက်အနည်းငယ် စောင့်ကြည့်နေ။ တိုက်ပွဲရလဒ်သတင်းကို ကြားရလိမ့်မယ်…”

ဝိညာဉ်သေသည် ခါးသီးစွာ ပြုံး၍ ထိုသို့ ပြောလေသည်။

ဟန်လိသည် သူ့ကို တုန့်ပြန်သည့်အနေနှင့် အေးတိအေးစက် ပြန်ပြုံးသည်။

“ခန္ဓာကိုယ် မရှိဘဲ ခင်ဗျားရဲ့ စိတ်ဝိညာဉ်နဲ့တောင် လွတ်မြောက်လာနိုင်ခဲ့သေးတာပဲ။ ဒါပေမဲ့ ခင်ဗျားဟာ အသက်ရှင်နေတုန်းပဲ။ ဒါ့ကြောင့် ခင်ဗျားဟာ ခင်ဗျားရဲ့ မှော်ပစ္စည်းတွေနဲ့ တန်ဖိုးရှိတဲ့အရာတွေကိုတော့ အကောင်းတိုင်း ထားနိုင်မှာပါ…”

ဟန်လိသည် အေးစက်စက် ပြောသည်။ သူက ချက်ကျလက်ကျ ပြောလာသည့်အခါတွင် ဝိညာဉ်သေ၏ အပြုံးမှာ တောင့်တင်းအေးခဲသွားသည်။

“ဟားဟား…ကြည့်ရတာ တာအိုရောင်းရင်းကို ဖုံးကွယ်ထားလို့ တကယ်ကို မရတာပဲ။ ကောင်းပါပြီ။ ကျုပ်မှာ ဝိညာဉ်သားရဲတောင်နဲ့ ကျုပ်တို့ဂိုဏ်းကြားမှ ဆက်သွယ်တဲ့ လျှို့ဝှက်စာတချို့ တကယ်ပဲ ပိုင်ဆိုင်ထားပါတယ်…။ တကယ်တော့ ကျုပ်ဟာ လွန်ခဲ့တဲ့နှစ်တွေတုန်းက ယွဲ့ဒေသရဲ့ အချက်အလက်တွေ စုဆောင်းရတဲ့ တာဝန်ရှိသူပဲ…။ ဒါပေမဲ့ ခုတော့ ကျုပ်မှာ အဲ့လို အတွေး မရှိတော့ဘူး…”

ဝိညာဉ်သေသည် အနည်းငယ် ရှက်ရွှံ့ဟန်ဖြင့် ထိုသို့ ပြောသည်။

ဟန်လိသည် ထိုသူက ဝန်ခံလာသည့်အခါ စိတ်ထဲကနေ သက်ပြင်းချမိသည်။ ထိုသူသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဉာဏ်နီဉာဏ်နက် များလှပေသည်။ သူသာ နည်းနည်းလောက် ဂရုမစိုက်မိသည်နှင့် ထိုသူ၏ အသက်အရွယ်ကိုပင် သူ သိနိုင်တော့မည် မဟုတ်ပေ။

“ခင်ဗျား အဲ့ပစ္စည်းတွေကို ဘယ်မှာ ထားထားတာလဲ…”

ဟန်လိသည် တည့်မေးသည်။ ထိုသို့ မေးနေရင်း သူက ဝိညာဉ်သေ၏ ခန္ဓာကိုယ်အနှံ့သို့ အကြည့်ရောက်သွားသည်။

“ဒီကျောက်စိမ်းပြားစာသားတွေဟာ ကျုပ်ရဲ့ သိုလှောင်အိတ်ထဲမှာ။ ဒါကို ကျုပ်က အနီးအနားက လှိုဏ်ဂူနားမှာ ထားထားတယ်။ ကျုပ်က ရောင်းရင်းကို အဲ့နေရာဆီ ခေါ်သွားပေးရမလား…”

ဝိညာဉ်သေသည် ပို၍ ပြောရဆိုရကောင်းလာပုံ ပေါ်သည်။

“အဲ့တာက ခင်ဗျားရဲ့ လက်ထဲမှာ ဘာလို့ မရှိရတာလဲ…” ဟန်လိ၏အကြည့်က သံသယဖြစ်ဟန်ဖြင့် ဖြတ်ပြေးသွားသည်။

“ရောင်းရင်း သိတဲ့အတိုင်းပဲလေ။ ကျုပ်ရဲ့ ဒီခန္ဓာကိုယ်ဟာ အလောင်းကောင်ကို မွန်းမံထားတာ မဟုတ်လား။ ဒါက သာမန်လူတွေထက် အများကြီး ပိုသာပေမယ့် အာရုံခံစားမှု အများစုကို ဆုံးရှုံးနေပြီ။ ဒါ့ကြောင့် ကျုပ်သာ ပေါ့ဆမိတာနဲ့ ကျုပ်က သိုလှောင်အိတ်ကို ဆုံးရှုံးသွားမှာ စိုးမိတယ်။ အဲ့တာကြောင့် ကျုပ်က ကျုပ် နေခဲ့တဲ့ လှိုဏ်ဂူထဲမှာ ချန်ထားခဲ့တာပဲ…”

ဝိညာဉ်သေသည် ခက်ခက်ခဲခဲ ရှင်းပြသည်။ ဟန်လိကို တမျိုးတမည် ခံစားမိသွားစေသည်။

ဟန်လိသည် ဘာမှတော့ ထပ်မပြောတော့ပေ။ သူက ဝိညာဉ်သေ၏ ခန္ဓာကိုယ်အပေါ် သေချာ ရှာကြည့်သည်။ သူက ဘာမှ မတွေ့ခဲ့ပေ။ ထို့နောက်တွင်တော့ သူက အေးစက်စက် မေးလိုက်၏။

“အဲ့လှိုဏ်ဂူက ဘယ်နေရာမှာလဲ။ ကျုပ် သွားရှာမယ်…”

ဟန်လိသည် အလွန်သတိထားနေတာကို မြင်သည့်အခါ ဝိညာဉ်သေသည် သုန်မှုန်စွာဖြင့် ဟန်လိကို ၎င်း၏ တည်နေရာအား ပြောပြရတော့သည်။

ဟန်လိက ခေါင်းညိတ်ပြပြီး ထွက်လာသည်။ သို့သော် သူ့စိတ်ထဲ၌ တစ်ခုခု ပေါ်လာပြီးနောက် နောက်ပြန်လှည့်ကာ မေးသည်။

“ခင်ဗျားအနေနဲ့ ဒီအလောင်းထဲကို ဘယ်လိုလုပ် ဝင်ခဲ့တာလဲ။ ဒီခန္ဓာကိုယ်ဟာ စိတ်ဝိညာဉ်မရှိတဲ့အတွက် ပိုင်စိုးဖို့ လွယ်တယ်ဆိုပေမယ့်လည်း ၎င်းဟာ ကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်တော့ မဟုတ်ဘူး…”

ဟန်လိသည် သိချင်စိတ် ဖြစ်နေမိသည်။

“ကျုပ်လည်း မသိဘူး…”

ထိုအဖြေကြောင့် ဟန်လိ၏မျက်နှာမှာ မည်းမှောင်သွားသည်။ သို့သော် ဝိညာဉ်သေက ဟန်လိ၏ အပြောကို စောင့်မနေတော့ဘဲ ဆက်ပြောလာသည်။

“ကျုပ် တကယ်ပဲ ဘာကြောင့်မှန်း မသိဘူး။ အဲ့အချိန်တုန်းက ကျုပ်ဟာ ဒဏ်ရာအပြင်းအထန်နဲ့ ကျားယွမ်မြို့ကို ရောက်အောင် သွားခဲ့ရတယ်။ ကျုပ်က သေမလို ဖြစ်နေပြီ။ ကျုပ်အနေနဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ဖို့ နေရာအနှံ့ကို လိုက်ရာခဲ့တယ်။ ဒါပေမဲ့ မတွေ့ခဲ့ဘူး။ ကျုပ် လက်လျှော့တော့ခါနီးအချိန်မှာပဲ စိတ်ဝိညာဉ်ကင်းမဲ့နေတဲ့ အလောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒီတော့ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့အချိန်မှာ ကျုပ်ဟာ သူ့ခန္ဓာကိုယ်ထဲပဲ ဝင်လိုက်တော့တယ်။ ကျုပ် ထင်ထာနဲ့ ဆန့်ကျင်ဘက်ပဲ အောင်မြင်သွားခဲ့တဲ့အတွက် အမှန်တကယ် အံ့အားသင့်ခဲ့ရပါတယ်…”

ဝိညာဉ်ထိန်းချုပ်ဂိုဏ်းမှ ကျင့်ကြံသူလည်း ထိုအဖြစ်ကြောင့် စဉ်းစားမရဟန် ဖြစ်ပေါ်နေသည်။

ဟန်လိသည် ငြိမ်သက်နေပြီး သူ့ကို ခဏ စိက်ကြည့်နေသည်။ ရုတ်တရက် သူက ဝိညာဉ်သေထံ လျှောက်သွားပြီး ထိုခန္ဓာကိုယ်အပေါ် ဝိညာဉ်ချိပ်ပိတ်ခြင်းအဆောင်နှစ်ခုကို ထပ်ရိုက်ထည့်သည်။ ထို့နောက်တွင်တော့ သူသည် အမှောင်ထုထဲ ပျောက်ကွယ်သွားတော့သည်။

ဝိညာဉ်သေသည် ခါးသီးသောဟန်အမူအရာဖြင့် ကျန်ခဲ့လေသည်။ သို့သော် ဟန်လိထွက်သွားပြီး တအောင့်အကြာတွင်တော့ သူ့မျက်လုံးထဲတွင် ထူးခြားသောအလင်းတစ်ခု ဖြတ်ပြေးသွားသည်။

ဟန်လိသည် ဝိညာဉ်သေပြောခဲ့သော တည်နေရာ၌ ထိုလှိုဏ်ဂူကို အလွယ်တကူ ရှာနိုင်ခဲ့သည်။ ၎င်းမှာ သိပ်မကြီးလှပေ။

လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူ့သိုလှောင်အိတ်ထဲကနေ လကျောက်တုံးတစ်တုံး ပျံသန်းထွက်လာသည်။ ၎င်းက သူ့ခေါင်းထက်တွင် ရှိနေသည့်အတွက် လရောင်ကြောင့် သူ့ဘေးပတ်လည်ကို အလင်းရစေသည်။

ထို့နောက်တွင်မူ ဟန်လိသည် လှိုဏ်ဂူထံ လှမ်းကြည့်သည်။ ခဏ စဉ်းစားပြီးနောက် သူက ရေခဲဒိုင်းနှင့် လိပ်ခွံတို့ကို ထုတ်ယူသည်။ ထိုမှော်ပစ္စည်းနှစ်ခုကို သူ့ရှေ့မှာ ကာကွယ်စေပြီး သူက အထဲသို့ ဂရုတစိုက် လှမ်းဝင်လာသည်။

ဟန်လိ မျှော်လင့်ထားသည့်အတိုင်း သည်လှိုဏ်ဂူမှာ သိပ်မကြီးပေ။ နှစ်ဆယ့်ငါးမီတာလောက် လျှောက်လာပြီးနောက် လှိုဏ်ဂူနံရံက သူ့လမ်းကို လာပိတ်လေပြီ။ လှိုဏ်ဂူအဆုံးသို့ ရောက်လာမည့်ပုံ ပေါ်သည်။

ဟန်လိသည် ထက်ရှသော အကြည့်ဖြင့် ဝေ့ကြည့်ရာ ထူးခြားတာ ဘာကိုမျှ မတွေ့ပေ။ ထို့နောက်တွင် သူက ခေါင်းငုံ့ကာ ဂူကြမ်းပြင်ကို လှမ်းကြည့်သည်။

ဝိညာဉ်သေပြောပုံအရ ထိုသိုလှောင်အိတ်မှာ အပြာရောင်ကျောက်တုံးတစ်ခုအောက်တွင် မြှုပ်ထားတာ ဖြစ်၍ ရှာရ လွယ်နိုင်သည်။

ထင်ထားသည့်အတိုင်း သူက ၎င်းကျောက်တုံးကို တစ်မီတာလောက်အကာမှာ လှမ်းတွေ့သည်။ များများစဉ်းစားမနေတော့ဘဲ ဟန်လိသည် ရှေ့သို့ လှမ်းလာပြီး သည်ကျောက်တုံးကို လရောင်အောက်မှာ အနီးကပ် စူးစမ်းကြည့်သည်။

“အန်…” ဟန်လိသည် ပင့်သက်ရှိုက်မိသွားသည်။

၎င်းမှာ ကျောက်တုံး ဟုတ်မနေပေ။ အသွေးအသားအရိုးပုံတစ်ခု ဖြစ်နေသည်။ သွေးနံ့ခပ်ဖျော့ဖျော့ပင် ထုတ်လွှတ်နေသေးသည်။ သည်အရိုးများမှာ ကျားများ၊ ကျားသစ်များသည် တစ်ခုခု၏ အကိုက်ခံရပြီး သေဆုံးနေသည့် အကြွင်းအကျန်များသာ။

ဤသည်ကို မြင်သည့်အခါ ဟန်လိသည် စိတ်ထဲကနေ ‘မကောင်းတော့ဘူး’ ဟု အလန့်တကြား အော်လိုက်မိသည်။ သူက သည်ဂူထဲကနေ အလျင်အမြန်ထွက်ရန် ဟန်ပြင်သည်။

သို့သော် နောက်ကျသွားခဲ့လေပြီ။ မည်သည့်နေရာကနေ ခုန်ထွက်လာမှန်း မသိရသော အရိပ်နက်တစ်ခုက ဟန်လိ၏ အဖြူရောင်ကြေးခွံဒိုင်းကို ကြမ်းတမ်းစွာ တိုက်ခိုက်လာခဲ့ပြီ။

ရုတ်တရက် ဟန်လိသည် ပြင်းထန်သော အားကြောင့် လွင့်ထွက်သွားပြီး လှိုဏ်ဂူနံရံနှင့် ဝင်ဆောင့်သည်။ သူက ဒိုင်းနှင့် ကာကွယ်ထားသော်ငြားလည်း နာကျင်မှုကြောင့် သူ့ကို သတိလွတ်မတတ် ဖြစ်သွားစေသည်။

“ဘာကောင်လဲဟ…” ဟန်လိက နာကျင်နေသည့်ကြားထဲကနေ ဒေါသလည်းထွက်၊ အလန့်တကြားလည်း ဖြစ်ကာ ထိုသို့ တွေးမိသွားသည်။

ဟန်လိသည် လှိုဏ်ဂူနံရံကနေ ဝင်စောင့်ပြီး အောက်သို့ မကျလာခင်မှာပင် ထိုအရိပ်က သူ့ထံ ခုန်ပေါက် ဝင်လာပြန်သည်။ ဟန်လိသည် အလန့်တကြားဖြင့် သူ၏အကာအကွယ်မှော်ပစ္စည်းနှစ်ခုလုံးကို ရှေ့သို့ အလျင်အမြန် နေရာချသည်။

ကြည်လင်သောအသံတစ်သံသည် ဟန်လိကို အံ့အားသင့်သွားစေသည်။

သည်တစ်ကြိမ်၌ ထိုဖိအားသည် ပြင်းထန်သောအားတစ်ခုကို မသယ်ဆောင်လာပေ။ ဘန်း…။

သို့ပေမည့် အဖြူရောင်ကြေးခွံသည် ကြမ်းပြင်ပေါ်သို့ ညီတူမျှတူဖြင့် နှစ်ပိုင်း ကွဲထွက်သွားသည်။ ဟန်လိသည် ကြောက်လန့်ကာ သူ့လျှာသူ ကိုက်လုမတတ် ဖြစ်သွားသည်။

မယုံကြည်နိုင်စရာပင်။ ထိုမွန်းစတားကောင်သည် သူ၏ အမြူရောင်ကြေးခွံဒိုင်းကို အမှန်တကယ် နှစ်ပိုင်းကွဲထွက်သွားစေခဲ့ပြီ။

All Chapters