ဖက်တီးနဂါး၏ ပြောင်းလဲမှု
Vol. 49 Ch. 663
အားလုံး၏အမူအရာများ တင်းမာခက်ထန်သွားသည်။ အန္တရဝဖန်ဆင်းကျမ်းစာသည် ထိပ်တန်းကျမ်းစာတစ်ခု ဖြစ်သော်လည်း မပြည့်စုံပေ။ မူလဝိညာဉ်တွင် အားနည်းချက်ရှိနေခြင်းက မင်ဧကရာဇ်၏ ကျင့်စဉ်တွင် ဟာကွက်ကြီးတစ်ကွက် ဖြစ်နေသည်။
ဤဟာကွက်က သူ၏ အပိုလက်လေးဖက်ဆီမှ သိုင်းကွက်များကို မူလလက်နှစ်ဖက်ဆီမှ သိုင်းကွက်များအောက် အားနည်းစေသည်။ အပိုဦးခေါင်းနှစ်ခေါင်းသည်လည်း မူလဦးခေါင်းအောက် အားနည်း၏။ ထို့ကြောင့် အဆင့်တူ သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏လက်လေးဖက်၊ ခေါင်းနှစ်ခေါင်းက ဟာကွက်များ ဖြစ်လာတတ်သည်။
ဤဟာကွက်များသည် မင်ဧကရာဇ် ရှုံးနိမ့်ခဲ့ရသော အဓိကအကြောင်းရင်း ဖြစ်၏။
အန္တရဝဖန်ဆင်းကျမ်းစာက ခေါင်းသုံးခေါင်း၊ လက်ခြောက်ဖက်အပေါ် အခြေခံသည်။ ဤခေတ်၏ ရုပ်ခန္ဓာတည်ဆောက်ပုံနှင့် သိုင်းကွက်အသားပေးကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများနှင့် ကျင့်စဉ်အားလုံးမှာလည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် အခြေခံအပေါ် တည်ဆောက်ထားခြင်းဖြစ်၏။ ခေါင်းနှစ်ခေါင်း၊ လက်လေးဖက်မပါလျှင် သူတို့၏ သိုင်းကွက်ခွန်အားသည် ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းအထိ လျော့ကျသွားလိမ့်မည်။ တစ်နည်းပြောရလျှင် သူတို့၏သိုင်းကွက်များ၌ ဟာကွက်များစွာ ပါရှိသောကြောင့် အစွမ်းအစများ သိသိသာသာ အားနည်းသွားခြင်းဖြစ်၏။
ထို့ကြောင့်ပင် ရွာလူကြီးက မင်ဧကရာဇ် မရှုမလှ သေခဲ့ရသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။
ချိမင်ခေတ် ကျရှုံးခဲ့သည်မှာလည်း ထိုအကြောင်းရင်းကြောင့်ပင် ဖြစ်ကြောင်း သုံးသပ်ကြည့်နိုင်၏။
ချိမင်ခေတ်နှောင်းပိုင်းကာလအတွင်း ကောင်းကင်နတ်သိုင်းပညာရှင်အများစုသည် အန္တရဝသိုင်းနတ်ဘုရားကျင့်စဉ်ကဲ့သို့ ကျင့်စဉ်များကို ကျင့်ကြံခဲ့ကြပြီး ဤကျင့်စဉ်များက အန္တရဝဖန်ဆင်းကျမ်းစာအပေါ် အခြေခံထားခြင်းမဟုတ်ပါ၏လော။ ပင်မကျင့်စဉ်မှာ အစကတည်းက ဟာကွက်ရှိသည်ဖြစ်ချေရာ ကျန်ကျင့်စဉ်များတွင်လည်း ဟာကွက်တို့က လှိုက်စားလာခဲ့ကြသည်။
ခေတ်တစ်ခေတ်လုံး၏ ပျက်သုဉ်းမှုသည် အားနည်းချက်ရှိနေသော မင်ဧကရာဇ်၏ကျင့်စဉ်နှင့် များစွာသက်ဆိုင်နေ၏။
“အန္တရဝဖန်ဆင်းကျမ်းစာကို ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နဲ့ ပေါင်းစည်းလိုက်ရင် ဟာကွက်ရှိမှာ မဟုတ်တော့ဘူးလား” သားသတ်သမားက ရုတ်တရက် မေးသည်။
ရွာလူကြီးက ပြန်ဖြေ၏။ “မပြောတတ်ဘူး... ချိမင်ခေတ်ရဲ့ ကျင့်စဉ်က တစ်ခုတည်းအပေါ် အာရုံစိုက်လွန်းတယ်... ခေတ်တစ်ခေတ်လုံးက ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်တစ်ခုတည်းကို မှီခိုထားခဲ့တယ်.... ဧကရာဇ်ပလ္လင်အဆင့်က ဘယ်လောက်ပဲ အဆင့်မြင်ပါစေ၊ ဟာကွက်ရှိနေတာနဲ့ အဆုံးသတ်က ဆိုးရွားလိမ့်မယ်”
အဘွားစစ် ဝင်ပြောသည်။ “အခုဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကျင့်စဉ်မျိုးစုံ ရှိနေကြပြီဆိုတော့ ချိမင်ခေတ်လို မဖြစ်အောင် ကျုပ်တို့ ကြိုတင်ရှောင်ထားလို့ ရတယ်.... ဒါက ကောင်းတဲ့အချက်ပဲ”
အားလုံး ခေါင်းညိတ်ကြ၏။
ပထမလူသားဧကရာဇ်က သူတို့ကို စပ်စုနေသည်။ ဤလူများသည် ထူးခြားသည့်ပုံမပေါ်သည့်အပြင် ထူးဆန်းကြ၏။ တစ်ယောက်က မည်သူမဆို ကြွေကျရလောက်အောင် လှလွန်းပြီး တစ်ယောက်က မျက်လုံးစွေစွေစောင်းစောင်းဖြင့် အရုပ်ဆိုးသည်။ တစ်ယောက်ဆိုလျှင် ခြေလက်များပင် မရှိပေ။ သို့သော် သူတို့၏အမြော်အမြင်နှင့် ဗဟုသုတက ကျယ်ပြန့်၏။
ချင်မူ့ဆီမှ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်နှစ်ခု သင်ခဲ့ရသော်လည်း ပထမလူသားဧကရာဇ် ထိုမျှ အသေးစိတ်မစဉ်းစားခဲ့ဖူးပေ။
သူ၏သိုင်းအဆင့်သည် မြင့်မားပါသော်လည်း ဒုက္ခိတကျေးရွာမှ လူများနှင့် ယှဉ်လျှင် တချို့နေရာများ၌ နိမ့်ကျနေသေး၏။ ဤလူများကား နွံ့ထဲ လူးခဲ့ဖူးသည့်အပြင် ကမ္ဘာလောကကြီးအကြောင်း သင်ယူလေ့လာခဲ့ဖူးသည်။ ဤသည်မှာ ပထမလူသားဧကရာဇ် တစ်ခါမှ မတွေ့ကြုံခဲ့ဖူးသော အရာပင်
ပထမလူသားဧကရာဇ်မှာ လူသားဧကရာဇ်ဖြစ်လာပြီးနောက်တွင် စိတ်ဝင်စားမှုတို့ ပျောက်ဆုံးသွား၍ ကမ္ဘာလောကကြီးနှင့် ဝေးဝေးနေရန် ကျောက်ရုပ်တုအသွင် ပြောင်းလဲခဲ့သည်။
‘သူတို့ မူအာကို ဒီလိုလူတစ်ယောက်ဖြစ်အောင် သင်ကြားပေးနိုင်ခဲ့တာလည်း အံ့ဩစရာမရှိဘူး’
သူက ပြုံးရင်း တွေးနေသည်။ ‘မူအာသာ ရွှင်ပျော်ပျော်ကျေးရွာမှာ နေခဲ့ရရင် အခုလို ဖြစ်လာမှာမဟုတ်ဘူး... အခုလို အောင်မြင်ကျော်ကြားနေမှာလည်း မဟုတ်ဘူး... ဒီဒုက္ခိတလူသားတွေက ဒီနေ့ သူ ဖြစ်အောင် သူ့ကို ထိန်းကျောင်းပဲ့ပြင်ပေးခဲ့တဲ့ ပဲ့ကိုင်ရှင်တွေပဲ”
ချင်မူက ကျင့်စဉ်နှစ်ခုကို ထပ်မံရှင်းပြပြန်သည်။ ထော့ကျိုးနှင့် ဆေးဆရာအတွက် ဤကျင့်စဉ်များသည် ကောင်းကင်ဘုံမှာ စာအုပ်များလို ဖြစ်နေသောကြောင့် မည်မျှကြိုးစားစေကာမူ နားမလည်ကြပေ။ ရွာလူကြီးက အပြုံးတစ်ခုဖြင့် ပြော၏။ “မူအာ၊ သွား ကိုယ်လုပ်စရာ ရှိတာ လုပ်တော့.... ငါတို့အဘိုးကြီးတွေ ကိုယ့်ဘာသာ ဆက်လေ့လာလိုက်မယ်.... ထော့ကျိုးနဲ့ ဆေးဆရာ နားလည်အောင်လည်း ငါတို့ ကူညီပေးလိုက်ပါ့မယ်”
ချင်မူက ခေါင်းညိတ်ပြီး သုန်မှုန်နေသောမျက်နှာဖြင့် ထွက်သွား၏။ ထို့နောက် အော်လိုက်သည်။ “ဖက်တီးနဂါး၊ ဒီကို လာခဲ့စမ်း”
နဂါးချီလင်မှာ သူ့ဆီသို့ ဝမ်းသာအားရ ပြေးလာချင်ပါသော်လည်း ခြေလေးချောင်းလို မြေကြီးနှင့် သေချာမထိနေသောကြောင့် ဟပ်ထိုးလဲကျပြန်သည်။ ခေါင်းငုံ့၍ မှားကြောင်း ဝန်ခံချင်ပါသော်လည်း လည်ပင်းပင် ပျောက်နေမှတော့ မည်သို့ခေါင်းငုံ့နိုင်မည်နည်း။
“ငါ ပေးထားတဲ့ ရှေးဟောင်းနဂါးကျင့်စဉ်ကို မကျင့်ဘူးလား”
ချင်မူ ရင်ထဲ တဆစ်ဆစ် နာနေ၍ နဂါးချီလင်ကို ဆုံးမနေသည်။ “ရှေးဟောင်းနဂါးသံရှစ်ချက်က ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်ကို လှုံ့ဆော်ပေးတယ်.... ဘယ်ဆေးစွမ်းအင်က မကျေပျက်ဘဲ နေမလဲ... မင်း မဆုတ်မနစ် ကျင့်ကြံရင် ဒီလောက် ဝနေပါ့မလား ဟမ်... ငါ ကျန်တဲ့လူတွေကို ဘယ်လိုမျက်နှာပြရမလဲ... အစ်ကိုကြီးကျားကို ကြည့်စမ်း... သူက ရန်သူတစ်သောင်းတပ်ထဲ တရှိန်ထိုး ဝင်ပြီး တန်ခိုးရှင်သစ်ခုတ်သမားနဲ့အတူ ရန်သူစစ်သူကြီးရဲ့ ခေါင်းးကို ဖြတ်ပစ်နိုင်တယ်... ငါ မင်းကို စီးပြီး စစ်ပွဲထဲ ဝင်သွားရင်တော့ မင်းရဲ့လက်ရှိပုံစံနဲ့ဆို ငါ့ခေါင်းပဲ ပျောက်သွားလိမ့်မယ်”
နဂါးချီလင် ခေါင်းပင် မဖော်ရဲတော့ပေ။
ချင်မူက စိတ်ဆိုးမာန်ဆိုးဖြင့် ဆူနေသည်။ “ဘာလို့ စကားမပြောတာလဲ... မင်းက ဆေးလုံးအများကြီး ကျွေးအောင် ဘိုးဘိုးဆေးဆရာကို လိမ်ခဲ့တယ်... ဒါပေမဲ့ မင်းသိလား... အဆုံးသတ်မှာ ခံရတဲ့ကောင်က မင်းပဲကွ... လောဘကြီးတာက ထားပါဦး... လောဘကြီးပေမယ့် ကြိုးစားရင် ဝလာမှာမဟုတ်ဘူး... သန်တောင် သန်မာလာလိမ့်မယ်... မင်းရဲ့ နဂါးပုတီးစေ့နဲ့ ချီလင်ပုတီးစေ့က သေခြင်းရှင်ခြင်းအဆင့်ကိုတောင် ရောက်နေလောက်ပြီ... မင်းက လောဘလည်း ကြီး၊ သောက်ပျင်းကလည်း ထူသေး... ငါ မင်းကို မလိုချင်တော့ဘူး... သွား ဖုန်းတုကို သွားတော့... ဂိုဏ်းချုပ်ဆီ မင်းကို ပြန်ပေးတော့မယ်”
နဂါးချီလင်က မျက်ရည်လည်ရွှဲဖြင့် ချုံးပွဲချငိုယို တောင်းပန်သည်။
ချင်မူ ဒေါသမပြေပေ။ နဂါးချီလင်ကို မြို့ထဲမှ ဆွဲထုတ်၍ စွမ်းအင်အကူးအပြောင်းတံတားဆီ ပို့လိုက်ချင်သော်လည်း နဂါးချီလင်မှာ ဝလွန်းပြီး လေးလွန်း၏။ သူ၏ခွန်အားဖြင့်ပင် နဂါးချီလင်ကို ဆွဲထုတ်မရပေ။
ဤနှစ်နှစ်အတွင်း နဂါးချီလင် စွမ်းအင်ဆေးလုံး မည်မျှစားခဲ့မှန်း ကောင်းကင်ဘုံသာ သိလိမ့်မည်။ သူ၏အလေးချိန်သည် နတ်ဘုရားတစ်ပါး၏ ရုပ်ခန္ဓာနှင့် ညီမျှနေ၏။
“ယွိရှို့ ငါ့ကို လာကူပါဦး” ချင်မူ အော်ခေါ်လိုက်သည်။
လင်ယွိရှို့က တခစ်ခစ် ရယ်လျက် လျှောက်လာသည်။ “နင် သူ့ကို ဖုန်းတုထဲ ရွှေ့နိုင်ရင်တောင်မှ အနည်းဆုံး ဆယ်ရက်လောက် ကြာမှာနော်... သေလုမျောပါး ပင်ပန်းရလိမ့်မယ်... သူ့ကို အခွင့်အရေး နောက်တစ်ကြိမ် ပေးပြီး ဝိတ်ချခိုင်းလိုက်ပါ့လား... အဲဒါ ပိုအဆင်မပြေဘူးလား”
နဂါးချီလင်က ပုတ်သင်ညိုလို ခေါင်းညိတ်သည်။ မျက်ရည်လည်း ဝဲနေသေး၏။
ချင်မူ ဒေါသအနည်းငယ် ပြေသွားသည်။ နောက်ဆုံးတော့ စိတ်လျှော့ကာ ပြောလိုက်၏။ “အဲဒါဆို ငါ မင်းကို အခွင့်အရေး နောက်တစ်ကြိမ် ပေးမယ်... ငါ့မှာ မိုးကြိုးငါးသွယ်အိုးလို့ခေါ်တဲ့ ရတနာတစ်ခု ရှိတယ်... ဒါက ကောင်းကင်နတ်ဘုံ ကပ်ဘေးစေလွှတ်ဖို့ သုံးခဲ့တဲ့ ရတနာပဲ... ငါ တစ်ခါက ဒါကို သုံးရင်း ထူးဆန်းတဲ့ ကျင့်စဉ်တစ်ခု တွေ့ခဲ့ရတယ်.... အိုးထဲမှ ရှိနေတာက မဟာမိုးကြိုးတိမ်တိုက်ငါးခု၊ သူတို့ လွတ်သွားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာတစ်ခုလုံးကို လွှမ်းခြုံနိုင်တယ်.... မိုးကြိုးတန်းတစ်သောင်းက မြေပြင်ရဲ့တစ်လက်မတိုင်းကို ပစ်ချနိုင်တယ်... မင်း အိုးထဲက မိုးကြိုးတိမ်တိုက်ငါးခုနဲ့ ကျင့်ကြံရမယ်... ရှေးဟောင်းနဂါးသံရှစ်ချက်နဲ့ဆို မင်းရဲ့အဆီတွေကိုလည်း ချနိုင်မယ်.... ဒါပေမဲ့ သိပ်ခက်ခဲမှာပဲ... စိတ်ပါရင်တော့ ငါနဲ့ လိုက်ခဲ့.... မပါရင်တော့ ဖုန်းတုကို သွား၊ ဂိုဏ်းချုပ်နဲ့ သွားနေ”
နဂါးချီလင် တွန့်ဆုတ်သွားပြီး မဝံ့မရဲ မေးလိုက်သည်။ “ဂိုဏ်းသခင်၊ မိုးကြိုးပစ်တာ နာလား”
ချင်မူက သူ့ကို စိုက်ကြည့်၍ မီးပုံယမ်းကျ ပေါက်ကွဲပေတော့မည်။ နဂါးချီလင် အလျင်အမြန် ပြောလိုက်၏။ “ကျွန်တော် စိတ်ပါ,ပါတယ်”
ချင်မူ တွက်ချက်ကြည့်လိုက်ပြီး ပြောသည်။ “အဆီထဲက ဆေးစွမ်းအင်တွေကို ချေဖျက်ဖို့က ရှေးဟောင်းနဂါးသံရှစ်ချက်တည်းနဲ့ ခက်လိမ့်မယ်.... ငါ့အကူအညီနဲ့တောင် အချိန်တိုအတွင်း ချေဖျက်ဖို့ ခက်ဦးမှာပဲ... တခြားသူတွေရဲ့ အကူအညီလိုတယ်... ယွိရှို့အပြင် ရှေးဟောင်းနဂါးကျင့်စဉ် ကျင့်ထားတဲ့လူတွေက ကျန်းမြောင်နဲ့ နဂါးကျေးရွာက လူတွေပဲ”
လင်ယွိရှို့က စိတ်လှုပ်တရှား ပြောလာ၏။ “အစစ်အမှန်နတ်ဘုရား ပန်ယုကို အကြောင်းကြားပြီး ဖိတ်ခေါ်ခိုင်းလိုက်မယ်”
ချင်မူ ခေါင်းညိတ်၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ “နေရာကျယ်ကျယ်လည်း လိုတယ်... လီမြို့ရဲ့အလယ်မှာ နေရာကွက်လပ်တစ်ခု ရှိတယ်... အဲဒီမှာ လုပ်လို့ရတာပဲ... ဖက်တီးနဂါး သွားကြစို့”
နဂါးချီလင်က သူ့နောက်မှ အလျင်အမြန် လိုက်လာသည်။ သူက ခြေလှမ်းသေးသေးစိပ်စိပ်များဖြင့် ပြေးနေသောကြောင့် လီမြို့ထဲရှိ အဆောက်အအုံများ ပြိုကျကုန်၏။ ကံကောင်းထောက်မ၍ ပြည်သူအများစုအား ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြောင်းရွှေ့ထားသဖြင့် တော်သေးသည်။ အစောင့်များမှအပြင် ပြည်သူများများစားစား မရှိပေ။
ချင်မူ နေရာကွက်လပ်၏အလယ်သို့ ရောက်သည့်အခါ အစစ်အမှန်နတ်ဘုရားပန်ယုက စစ်သည်တော်များ ခေါ်လာသည်။ သူက မေးလေ၏။ “ဂိုဏ်းသခင်ချင် နေရာဘယ်လောက်လိုလဲ”
ချင်မူ ပတ်ပတ်လည်သို့ ကြည့်လိုက်ရသည့်အခါ ဤနေရာမှာ ညီညာပြန့်ပြူးကြောင်း တွေ့ရသည်။ အလျားနှင့်အနံက ကိုက်သုံးရာစီ ရှိ၏။ “ဒီနေရာက ကြီးပေမယ့် မိုးကြိုးငါးသွယ်အိုးရဲ့ စွမ်းအားက ပြင်းထန်လွန်းတော့ အပြင်ကလူတွေ ထိတ်လန့်သွားမှာ စိုးရိမ်မိတယ်... ကောင်းကင်မိုးကြိုးတွေ အပြင်မထွက်အောင် ဟန့်တားဖို့ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားနိုင်မယ့် ရတနာမျိုးရှိရင် အကောင်းဆုံးပဲ”
အစစ်အမှန်နတ်ဘုရားပန်ယုက ပြုံးလိုက်သည်။ “ငါ့မှာ ကောင်းကင်ဘုံကိုးဆင့် တိမ်နဂါးအုပ်ဆောင်းဆိုတဲ့ ရတနာ ရှိတယ်... အဲဒါက ရေနဲ့ ဖွဲ့တည်ထားတာ.... တိမ်နဂါးအုပ်ဆောင်းက မိုးကြိုးကို စုပ်ယူနိုင်တယ်... မိုးကြိုးငါးသွယ်အိုးကြောင့် အပြင်ကလူတွေ မထိတ်လန့်နိုင်တော့ဘူး”
သူက မိုးကြိုးငါးသွယ် တိမ်နဂါးအုပ်ဆောင်းကို ကောာင်းကင်သို့ ပစ်တင်လိုက်ပြီး တိမ်တိုက်များက လီမြို့ကောင်းကင်တစ်လျှောက် တမုဟုတ်ချင်း ဖြာထွက်သွား၏။ တိမ်တိုက်များသည် မြူခိုးများပမာ အလွှာအထပ်ထပ် ဖွဲ့တည်လိုက်၍ တစ်နေရာလုံး အုပ်ဆောင်းသဖွယ် ဖြစ်သွားတော့သည်။
တိမ်တိုက်ရေငွေ့အလွှာက ကိုးထပ် ရှိသည့်အပြင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေ၏။
ချင်မူ ကျေးဇူးတင်စကားဆိုလိုက်သည်။ ဤအချိန်တွင် ချင်းယန်၊ ချင်းရနှင့် နဂါးကျေးရွာသားများ ရောက်လာကြ၏။ သူတို့က ချင်မူကို နှုတ်ဆက်ကြပြီး မေးသည်။ “နောင်တော် ဘာအတွက် ဒီကို ခေါ်လိုက်တာပါလဲ”
ချင်မူ အကြောင်းရင်းရှင်းပြသည့်အခါ သူတို့အားလုံး နဂါးချီလင်ကို ကြည့်၍ အံ့အားသင့်သွားကြသည်။ “သူကလည်း နဂါးမျိုးနွယ်လား.... ကျုပ်တို့ ဘိုးဘေးတွေအတွက် အရှက်စရာပဲ... ကူညီပေးရမှာပေါ့”
အချိန်အနည်းငယ်ကြာသော် အမြွှာဟုထင်ရသော လူငယ်နှစ်ယောက် ရောက်လာသည်။ သူတို့က ချင်ယွီနှင် ကျန်းမြောင်တို့ ဖြစ်၏။ ချင်မူမှာ နှစ်ယောက်ကို ကွဲအောင် ကြည့်နေသော်လည်း မခွဲတတ်ပေ။
ဤလူငယ်နှစ်ယောက်၏ သိုင်းအဆင့်သည် မြင့်မား၏။ တစ်ယောက်က ကောင်းကင်နတ်အသွင်အဆင့်အထိ ကျင့်ကြံထားပြီး မူလဝိညာဉ်က နဂါးစိမ်းအသွင် ဖွဲ့၍ မြစ်ရေများ ပန်းထုတ်ကာ သူ့နောက်၌ ရစ်ခွေနေသည်။ တစ်ယောက်ကမူ ခုနစ်စင်ကြယ်အဆင့် ဖြစ်ပြီး မူလဝိညာဉ် မထုတ်ဖော်ထားပေ။
“ဂိုဏ်းသခင်၊ ကျွန်တော်က ကျန်းမြောင်ပါ” ရစ်ခွေနေသော နဂါးစိမ်းမူလဝိညာဉ်ဖြင် လူငယ်က ကူကယ်ရာမဲ့နေသောအသံဖြင့် ပြောသည်။
ချင်ယွီကလည်း သူ့ကို ကူကယ်ရာမဲ့စွာ ကြည့်နေ၏။ နဂါးလေးကို ချင်မူ့ကို ငှားခဲ့သော်လည်း သူ့ရုပ်အသွင်အတိုင်း ထိုနဂါးလေး ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုမျှသာမက နဂါးလေး၏သိုင်းအဆင့်က လျင်မြန်စွာ တိုးတက်သွား၍ သူ့ထက်များစွာ မြင့်မားနေချေပြီ။
ကျန်းမြောင်ကို အိမ်မွေးတိရစ္ဆာန် ဆန်းကြယ်သားရဲတစ်ကောင်သဖွယ် မွေးခဲ့သော်လည်း ယခုတွင် နှစ်ယောက်လုံး ပြောင်းပြန်ဖြစ်သွားသကဲ့သို့ ထင်ရသည်။ ကံကောင်းစွာနှင့် ချင်မူက သူတို့ကို အမျိုးနွယ်ခြား သွေးသောက်ညီအစ်ကို လုပ်ပေးရန် ဆုံးဖြတ်ခဲ့၍ တော်သေးသည်။ မဟုတ်လျှင် အလွန်အနေရခက်လွန်း၏။
ချင်မူက တောင်းပန်ပြီး ပြောလိုက်သည်။ “အားလုံးပဲ၊ ကျွန်တော့် ဖက်တီးနဂါးက ရိုးတွင်းခြင်ဆီထဲအထိအောင် ပျင်းရိနေပါတယ်... သူ့အဆီတွေ ချပေးဖို့ အားလုံးကို ဒုက္ခပေးမိတာ တောင်းပန်ပါတယ်”
အားလုံး ပြုံးကာ ပြောလိုက်ကြ၏။ “ဂိုဏ်းသခင်က ယဉ်ကျေးလွန်းနေပါပြီ... ကျွန်တော်တို့ ရှေးဟောင်းနဂါးသံရှစ်ချက်နဲ့ လေ့ကျင့်နေတယ်လို့ပဲ သဘောထားပါ.... ကောင်းကင်မိုးကြိုးတွေကို စုပ်ယူနိုင်မယ့် အခွင့်အရေးကလည်း ကျွန်တော်တို့အတွက် အကျိုးအမြတ်ရှိပါတယ်... အချိန်လည်း မရှိဘူးဆိုတော့ စကြရအောင်”
ချင်မူက နဂါးချီလင်ကို ကောင်းကင်ဘုံကိုးဆင့် တိမ်နဂါးအုပ်ဆောင်းဆီ ဝင်ခိုင်းပြီး မိုးကြိုးငါးသွယ်အိုးကို အလယ်၌ ချလိုက်သည်။ ချင်းယန်၊ ချင်းရ၊ ကျန်းမြောင်နှင့် ကျန်ရှိသူများသည် ရုပ်သွင်အစစ်များ ထုတ်ဖော်ကာ ကိုက်သုံးရာရှည်လျားသော ကောင်းကင်နဂါးများအသွင် ပြောင်းလိုက်ကြ၏။ သူတို့က အုပ်ဆောင်းကို ရစ်ပတ်လျက် လူးလွန့်နေကြသည်။
ချင်မူက ထောင့်တစ်နေရာသို့ ဝင်၍ သူတို့ကို မော့ကြည့်လိုက်သည်။ မြူလွှာကိုးထပ် ရစ်သိုင်းနေသောကြောင့် အပြင်၌ လူးလွန့်နေသော နဂါးများအား စမ်းတဝါးဝါးသာ မြင်ရလေသည်။
နဂါးချီလင်က ကြောက်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် တစ်ဖက်တွင် ရပ်နေပြီး သူ၏မျက်နှာချင်းဆိုင်၌ မိုးကြိုးငါးသွယ်အိုး ရှိနေသည်။
“ဂိုဏ်းသခင် ထွက်မလာဘူးလား” ကျန်းရီက မေးသည်။
ချင်မူ ခေါင်းယမ်းလိုက်၏။ “ငါ့လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်လည်း မိုးကြိုးငါးသွယ်အိုးရဲ့ မဟာမိုးကြိုးတိမ်တိုက်ငါးခုနဲ့ ကျင့်ကြံပေးဖို့ လိုတယ်... ဒါ့အပြင် ဖက်တီးနဂါးကို ကြည့်ရဦးမယ်”
နဂါးချီလင်၏မျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။
ချင်မူက လက်ဝါးတစ်ဖက်ဖြင့် မိုးကြိုးငါးသွယ်အိုးကို ရိုက်ပြီး အော်လိုက်သည်။ “ဖက်တီးနဂါး၊ ရှေးဟောင်းနဂါးကျင့်စဉ်ကို ထုတ်ဖော်လိုက်... အားလုံး၊ ကျွန်တော့်ကို ကူပေးကြပါ”
နဂါးချီလင် ရှေးဟောင်းနဂါးကျင့်စဉ်ကို အလျင်အမြန် ထုတ်လွှတ်လိုက်သည့်အခါ ရှေးဟောင်းနဂါးသံရှစ်ချက် သူ၏ကိုယ်ထဲမှ ထွက်လာသည်။ အပြင်ရှိ ကောင်းကင်နဂါးများက ဟိန်းဟောက်တွန်ကျူးကာ လူးလွန့်လှုပ်ရှားနေကြသည်။ ရှေးဟောင်းနဂါးသံရှစ်ချက်သည် ချင်မူနှင့် နဂါးချီလင်ဆီမှ လာနေသော အသံများဖြင့် ပဲ့တင်ရိုက်ခတ်ပြီး သူတို့၏မူလဝိညာဉ်များနှင့် ရုပ်ခန္ဓာများအား တုန်ခါလာစေ၏။
ရုတ်တရက် မိုးကြိုးငါးသွယ်အိုးမှ ကောင်းကင်မိုးကြိုးများ လိမ့်ထွက်လာပြီး တစ်စက္ကန့်အတွင်း မရေမတွက်နိုင်သော ရောင်စုံမိုးကြိုးများ ပစ်ချကြသည်။ ကိုက်သုံးရာဧရိယာထဲ၌ မိုးကြိုးများ မိုးပေါက်များသဖွယ် စုဝေးလာကြ၏။ ချင်မူနှင့် နဂါးချီလင်မှာ အဘက်ဘက်မှ အပ်များဖြင့် စိုက်လိုက်သကဲ့သို့ ခပ်စူးစူးနာကျင်မှုများ ခံစားလိုက်ကြရသည်။
ချင်မူ လောကသခင်ခန္ဓာအမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်၍ သူ့အနောက်၌ အလင်းတန်းတစ်တန်း ဖွဲ့တည်လာသည်။ သိကြားကျမ်းစာကို လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ထဲသို့ ပေါင်းစည်းထားသဖြင့် နဂါးနှင့် ဗုဒ္ဓသည် အလင်းတန်းများနှင့်အတူ လှုပ်ရှားနေ၏။
နဂါးချီလင်ကလည်း အလွန်ကျယ်လောင်စွာ အော်လိုက်သည်။
ချင်မူ အော်ဟစ်လိုက်၏။ “နဂါးစိမ်းက လေနဲ့ မိုးကြိုးတွေနောက် လိုက်ပြီး မိုးကြိုးကို ထိန်းချုပ်တယ်.... ဒါက အကောင်းဆုံး ကျင့်ကြံနည်းပဲ... ဖက်တီးနဂါး၊ ငိုချင်ရင် ဖုန်းတုကို ပြန်လိုက်တော့”
နဂါးချီလင်က အံတင်းတင်းကြိတ်၍ ကောင်းကင်မိုးကြိုးများကို ခုခံရန် ရှေးဟောင်းနဂါးကျင့်စဉ်ကို ထုတ်လွှတ်လိုက်သည်။
ချင်မူကလည်း ခန္ဓာကိုယ်ကို လှုပ်ခါလိုက်၏။ သူက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင်ဖြင့် ဖန်ဆင်းကျမ်းစာနှင့် ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို ပေါင်းစည်းနိုင်ရန် တွေးတောနေသည်။
‘ချိမင်နတ်ဘုရားသားတော်က ဒီကျင့်စဉ်နှစ်ခုကို သေချာပေါက် ပေါင်းစည်းပြီး ဟာကွက်တွေ ပြင်လိမ့်မယ်... ဘယ်သူ့ပါရမီနဲ့ တွေးခေါ်နိုင်စွမ်းက ပိုမြင့်မားမလဲ ကြည့်ရသေးတာပေါ့”
အုပ်ဆောင်း၏အပြင်တွင် အားလုံးမှာ မြင်နေရသော မြင်ကွင်းကြောင့် ရင်တဒိန်းဒိန်း ခုန်နေကြသည်။ ကောင်းကင်ကိုးဆင့် တိမ်နဂါးအုပ်ဆောင်၏အတွင်းအား သူတို့မမြင်ရပေ။ နှင်းကဲ့သို့ ဖြူဆွတ်တောက်ပနေသော မိုးကြိုးတန်းများကိုသာ တွေ့ရ၏။
အစစ်အမှန်နတ်ဘုရား ပန်ယုလည်း စိတ်မချဖြစ်နေသည်။ “ဒီမိုးကြိုးတန်းတွေ ထွက်လာလို့ကတော့ လီမြို့တစ်ဝက်လောက် ပျက်စီးသွားလိမ့်မယ်... ငါ့အုပ်ဆောင်း ခံနိုင်ပါစေ မျှော်လင့်ရတာပဲ”
ချင်းရ၊ ချင်းယန်နှင့် ကောင်းကင်နဂါးများ မိုးကြိုးကို စုပ်ယူ၍ နဂါးပုတီးစေ့များအသွင် ဖွဲ့တည်နေသည်ကို မြင်မှ ပန်ယု စိတ်အေးလက်အေး ဖြစ်သွားသည်။
ရုတ်တရက် လင်ယွိရှို့က အုပ်ဆောင်းထဲ ပြေးဝင်သွား၏။ သူမလည်း မိုးကြိုးတန်းများကို အသုံးချကာ ကျင့်ကြံရန် ကြံစည်ထားသည်။ သိပ်သည်းလှသည့် မိုးကြိုးများက မျက်စိရှေ့တွင် ပြည့်နှက်နေသောကြောင့် ချင်မူနှင့် နဂါးချီလင်ကို မမြင်ရပေ။
လင်ယွိရှို့သည် ရှေးဟောင်းနဂါးကျင့်စဉ်ကို ကျင့်ကြံထားသည့်အပြင် ဧကရာဇ်ယန်ဖုန်းထက်ပင် များစွာသိမြင်နားလည်ထား၏။ သူမက အရပ်ခြောက်မျက်နှာ မူလဝိညာဉ်ကျင့်စဉ်ကို တည်ထောင်ခဲ့သူတစ်ယောက် ဖြစ်သည်နှင့်အညီ သူမတွင်လည်း ကိုယ်ပိုင်အတွေးအခေါ်များ ရှိထားသည်။ ဤကျင့်စဉ်ကို သူမနှင့် လိုက်ဖက်အောင် ပြောင်းလဲထားပြီးလည်း ဖြစ်၏။ သူမလမ်းစဉ်ကလည်း သိုင်းကွက်မှော်လမ်းစဉ်ဆီသို့ တဖြည်းဖြည်း ဝင်ရောက်လာခဲ့သည်။
လင်ယွိရှို့ မိုးကြိုးကို ခုခံသည့်အခါ သူမ၏ချီစွမ်းအင်သည် ကောင်းကင်ထက်၌ ကခုန်နေသော ကောင်းကင်နဂါးများအသွင် ပြောင်းသွား၏။ သူမက မိုးကြိုးတန်းများအား ချီစွမ်းအင်အဖြစ် သန့်စင်နေသော်လည်း မိုးကြိုးငါးသွယ် အိုးနှင့် နီးကပ်လာသည်နှင့်အမျှ မိုးကြိုးပစ်ချနှုန်းက ပိုမိုပြင်းထန်လာသည်။ ထို့ကြောင့် သူမ မဆင်မခြင် မသွားဝံ့ပေ။
ဆယ်ရက်ကြာသော် လင်ယွိရှို့ တစ်လှမ်းချင်း လှမ်းရင်း မိုးကြိုးငါးသွယ်အိုးနှင့် နီးကပ်လာ၏။
အုပ်ဆောင်းထဲရှိ မိုးကြိုးများမှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းလှ၍ လမ်းကို သဲသဲကွဲကွဲ မမြင်ရပေ။ စိတ်ခံစားချက်အတိုင်းသာ ချဉ်းကပ်သွားနေရခြင်းဖြစ်သည်။
ယနေ့တွင် မိုးကြိုးထဲ၌ မတ်မတ်ရပ်နေသော ခေါင်းသုံးလုံးလက်ခြောက်ဖက် မူလဝိညာဉ်တစ်ခုကို သူမ မြင်တွေ့ရသည်။ မူလဝိညာဉ်က မိုးကြိုးများကို ရှူသွင်းရှူထုတ်နေ၍ သူမ မအံ့ဩမိဘဲ မနေတော့ပေ။ မူလဝိညာဉ်သည် ကိုက်သုံးဆယ်ကျော် မြင့်မားပြီး မိုးကြိုးများ၏အလယ်၌ မားမားမတ်မတ် ရပ်နေ၏။ ၎င်း အသက်ရှူလိုက်တိုင်း မိုးကြိုးတစ်ရာကျော် ၎င်း၏ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံရသည်။
ထိုမျှသာမက ဧရာမပုတီးစေ့ကြီးနှစ်လုံးသည်လည်း မူလဝိညာဉ်ကို လှည့်ပတ်နေ၏။
လင်ယွိရှို့ ရှေ့ဆက်တိုးသွားသည့်အခါ ထိုခံ့ညားကြီးကျယ်သော မူလဝိညာဉ်အောက်၌ ချင်မူ ရပ်နေသည်ကို မြင်လိုက်ရသည်။ သူ့တွင်လည်း ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိနေ၏။ သူ့အနောက်၌ ဧရာမသားရဲကြီးတစ်ကောင်၏ အရိပ်အား ဝိုးတိုးဝါးတား မြင်ရသည်။
ချင်မူ့အနောက်ရှိ ထိုသတ္တဝါကြီးတွင် မိုးကြိုးများ ရစ်သိုင်းနေသည့် နဂါးခေါင်း၊ ချီလင်ကိုယ် ရှိသည်။ သူ့ကိုယ်ပေါ်ရှိ နဂါးအကြေးခွံများမှာ ညီညာပြီး ပြောင်လက်နေချေသည်။
၎
င
၎
၎