မင်တု၏ သေခြင်းရှင်ခြင်းစာအုပ်
Vol. 49 Ch. 667
ကောင်းကင်ထက်တွင် အမှောင်ထုက ဆယ်မိုင်ကျော် လွှမ်းခြုံထားပြီး အတွင်း၌ လှုပ်ရှားနေသော အရိပ်တစ်ခုအား ဝိုးတိုးဝါးတား မြင်ရသည်။ ရုတ်တရက် ဓားရောင်သုံးချက်သည် အမှောင်ထုကို ထိုးခွင်း၍ မတူညီသော အရပ်မျက်နှာများဘက်သို့ ထွက်သွား၏။
ဓားရောင်က အမှောင်ထဲတွင် လင်းလက်သွားသဖြင့် အားလုံး အမှောင်ထဲသို့ မြင်လိုက်ရသည်။
တာအိုသခင်လင်းရွှမ်၊ ဝမ့်မူရန်နှင့် ကျန်ရှိသူများမှာ ယခုတင် ရောက်လာခဲ့ကြပြီး ချီကျုံရီက သူတို့ထက် ခြေတစ်လှမ်း ပိုမြန်၏။ ကျဲ့ဟွလီမှာမူ ပြေးလာနေဆဲ ရှိသေးသည်။
အားလုံး အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ဓားရောင်အောက်တွင် အမှောင်ထုသည် မှုန်မှုန်ဝါးဝါး မျက်နှာလွှားဇာအား ဖြန့်ခင်းထားသည့်ပမာ ဖြစ်နေ၏။ သေးငယ်သော အစက်အပြောက်လေးများ လေထဲ မျောလွင့်နေသယောင် ထင်ရသည်။
ရှုရှန်းဟွာနှင့် လော့ချန်းကျောင်း တိုက်ခိုက်ခဲ့တုန်းက နှစ်ယောက်လုံး မဟာကောင်းကင်နတ်သိုင်းများကို အသုံးပြုခဲ့ကြ၏။ ရှုရှန်းဟွာ၏ ဟင်းလင်းပြင်ကမ္ဘာမှာ ရင်သပ်ရှုမောဖွယ်ကောင်းပါသော်လည်း လော့ချန်းကျောင်းက သူ၏ကောင်းကင်နတ်သိုင်းကို ထိုးဖောက်ဖြတ်ကျော်နိုင်ခဲ့သည်။ ရှုရှန်းဟွာဆီမှ ကောင်းကင်နတ်သိုင်းများမှာ သူ့ကို ထိပင်မထိနိုင်ခဲ့သည့်အပြင် ရှုရှန်းဟွာ ဒဏ်ရာပင် ရခဲ့သေးသည်။
လော့ချန်းကျောင်းသည် ထိခိုက်ဒဏ်ရာမရဘဲ မည်သည့်သိုင်းကွက်ကိုမဆို ဖြတ်ကျော်နိုင်ဟန် ရှိခဲ့၏။
သို့သော် ဓားရောင်ကား လော့ချန်းကျောင်းကို ထိုးဖောက်လိုက်ပြီဖြစ်သည်။ သူ့ကျောနောက်မှ သွေးများ ရဲခနဲ လွင့်စင်ထွက်လာ၏။
လော့ချန်းကျောင်း မမှင်သက်မိဘဲ မနေတော့ပေ။ ဓားရောင်နောက်တစ်ချက်က သူ၏ဦးခေါင်းဆီသို့ ခုတ်ချလိုက်၏။
ထိုအခိုက်အတန့်တွင် အားလုံး ချင်မူနောက်သို့ ကြည့်လိုက်ကြသည်။ ချင်မူ၏တတိယဓားက ခက်ရင်းကို ခုခံလိုက်သော်လည်း ခက်ရင်းတွင် ခွသုံးခွ ရှိသောကြောင့် အလယ်ခွကိုသာ ဖျက်စီးနိုင်လိုက်သည်။ ကျန်နှစ်ခွက ချင်မူ့ခန္ဓာကိုယ်ထဲ စိုက်ဝင်သွားသည်။ ထို့နောက် ခက်ရင်းက ချင်မူ့ကို မင်တု၏ အမှောင်မုခ်ဝထဲသို့ အတင်းအဓမ္မ ဆွဲခေါ်သွားတော့သည်။
“သေစမ်း” အားလုံး၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲကုန်ကြ၏။
ချင်မူ အမှောင်မုခ်ဝထဲ ဆွဲသွင်းခံလိုက်ရသည့်အချိန်တွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် သန်မာအားကောင်းသော မိစ္ဆာနတ်ဘုရားကြီးက မထီပြုံးပြုံးနေသည်။
ရုတ်တရက် ဓားရောင်တစ်ချက် ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ဒုတိယဓားရောင် လော့ချန်းကျောင်း၏ ဦးခေါင်းကို ပိုင်းဖြတ်လိုက်သည့်အချိန်မှာပဲ ထိုဓားရောင်က မိစ္ဆာနတ်ဘုရား၏ ဦးခေါင်းကို ခုတ်ဖြတ်လိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ထိုအဖြစ်အပျက်နှစ်ခုလုံး တစ်ပြိုင်တည်း ဖြစ်ပျက်သွား၏။
လင်းရွှမ်၊ ချီကျုံရီနှင့် ကျန်ရှိသူများမှာ အခြေအနေ ပြောင်းပြန်ဖြစ်သွားလိမ့်မည်ဟု မထင်ထားကြပေ။ မုခ်ဝအနောက်ရှိ မိစ္ဆာနတ်ဘုရားသည် ပြိုင်ဘက်ကင်းလောက်အောင် အင်အားကြီးမားသော်လည်း ချင်မူ့ကြောင့် ခေါင်းပြတ်သွားချေပြီ။
သူတို့ကို ပို၍ပင် ဇဝေဇဝါ ဖြစ်စေသည်က ချင်မူသည် ကပ်ဘေးဖွင့်ဓားကွက်သုံးကွက်ကိုသာ ထုတ်လွှတ်ခဲ့ကြောင်း ထင်ရှား၏။ မိစ္ဆာနတ်ဘုရားကို ခေါင်းဖြတ်လိုက်သော စတုတ္ထဓားက မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။
တစ်ချိန်တည်းမှာပင် မိစ္ဆာနတ်ဘုရား၏ ရင်ဘတ် ဖောင်းခနဲ ပေါက်ကွဲသွားပြီး အပေါက်ကြီး ဖြစ်သွားသည်။ ဓားရောင်နောက်တစ်ချက်က မိစ္ဆာနတ်ဘုရားကို နောက်ကျောမှ ထုတ်ချင်းဖောက်လိုက်၍ သွေးများအရှေ့သို့ ပန်းထွက်လာတော့သည်။
မုခ်ဝက တဖြည်းဖြည်း ပိတ်သွားသဖြင့် မုခ်ဝအထဲရှိ အခြေအနေကို မည်သူမျှ မမြင်နိုင်ပေ။ သူတို့အားလုံး ငေးကြောင်သွားကြပြီး မေးခွန်းများစွာ ပေါ်လာ၏။
စတုတ္ထဓားရောင်အတွက်ပင် အဖြေမရသေးခင် ပဉ္စမဓားရောင် ပေါ်လာခဲ့သည်။ ဤနောက်ကွယ်ရှိ သဘောတရားမှာ အဘယ်နည်း။
ထိုစဉ် မည်းနက်နေသော မုခ်ဝတစ်ခု ဖွဲ့တည်လာသည်။ ၎င်းက ချင်မူ၏ ကောင်းကင်အလိုတော်မုခ်ဝ ဖြစ်၏။
မုခ်ဝ ပွင့်လာသည့်အခါ ချင်မူက ခေါင်းတစ်ခေါင်းကို လက်ဖြင့် ဆွဲလျက် မင်တုထဲမှ ထွက်လာသည်။
သူ့အနောက်ရှိ အမှောင်ထုမှာ တဖြည်းဖြည်း လွင့်စင်ပြိုကွဲသွားကာ လော့ချန်းကျောင်း၏ ခန္ဓာကိုယ်ကို ဖော်ပြလိုက်သည်။ ခန္ဓာကိုယ်တွင် ခေါင်းမရှိတော့။
လော့ချန်းကျောင်း၏ ခေါင်း မည်သည့်အချိန်က ပြတ်သွားမှန်း မည်သူမျှ မမြင်ခဲ့ရပေ။ ချင်မူ၏ဓားချက်သုံးချက်က ကပ်ဘေးဖွင့်ဓားကွက် ဖြစ်သည်။ ပထမဓားချက်သည် လော့ချန်းကျောင်းကို ဒဏ်ရာအပြင်းအထန် ရစေခဲ့၏။ ဒုတိယဓားချက်က သူ့ခေါင်းကို ဖြတ်ခဲ့သည်။ တတိယဓားချက်က မင်တုဆီမှ တိုက်ခိုက်မှုကို ခုခံခဲ့သည်။ သူ ထိုဓားသုံးချက်ကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်သည့်အခါ လော့ချန်းကျောင်း၏ ခေါင်း ကောင်းကင်မှ ပြုတ်ကျလာသည်ကို မည်သူမှ မမြင်ခဲ့ရပေ။
သို့သော် လော့ချန်းကျောင်းမှာ သိသိသာသာ ခေါင်းပြတ်သွားခဲ့ပြီဖြစ်သည်။
“ကောင်းကင်အလိုတော်မုခ်ဝထဲက မိစ္ဆာနတ်ဘုရားက မင်းရဲ့ ကိုယ်အစစ်ပဲ... မိစ္ဆာနတ်ဘုရားအစစ်တော့ မဟုတ်ဘူး... အင်အားကြီးတဲ့ပုံစံပဲ ပေါက်တာ”
ချင်မူက နဂါးသွားရည်တစ်ပုလင်း ထုတ်၍ ဒဏ်ရာအပေါ် သုတ်လိမ်းလိုက်သည်။ ထို့နောက် လက်ထဲရှိ ခေါင်းဆီသို့ ပြောနေ၏။ “မင်းက ငါ့ကို တိုက်ခိုက်ဖို့ မင်တုထဲမှာ ပုန်းနေခဲ့တယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံက လူတွေအတွက် မင်းက ထိတွေ့လို့ မရတဲ့ အရိပ်တစ်ခုလိုပဲ... အဲဒါကြောင့် ရှုရှန်းဟွာကို မင်း အနိုင်ရခဲ့တာ... ရှုရှန်းဟွာက မဟာမြို့ပျက်အကြောင်း အသေးစိတ် နားမလည်တဲ့အပြင် ယိုတုမှော်အစီအရင်တွေကိုလည်း မသိဘူး... မင်းအစွမ်းအစတွေက ချီကျုံရီအောက်တောင် နိမ့်ကျသေးတယ်... မင်တုရဲ့ ကောင်းကင်နတ်သိုင်း အားကိုးနေတာကြောင့်သာ ဒီလိုအနိုင်ရနေတာ... ဒါပေမဲ့ ငါ့လို ယိုတုမှာ မွေးလာပြီး မဟာမြို့ပျက်မှာ ကြီးပြင်းလာတဲ့ လူတစ်ယောက်မှာတော့ မင်းကို သတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်”
ခေါင်းသည် မိစ္ဆာနတ်ဘုရား၏ခေါင်း ဖြစ်သော်လည်း တဖြည်းဖြည်း ပြောင်းလဲလာ၏။ ချွန်ထွက်နေသော အရိုးဆူးချွန်များ ပြန်ကျုံ့သွားပြီး ဖရိုဖရဲဆံပင်များပင် ပုံမှန် ပြန်ဖြစ်သွားသည်။ သူ၏ရုပ်သွင်က လော့ချန်းကျောင်း၏ ရုပ်သွင် ပြန်ဖြစ်သွားပြီး သူ့မျက်လုံးများက ပြူးကျယ်နေသည်။ ၎င်းတို့က ချင်မူ့စကားကို ကြားနေရသည့်အလား ချင်မူ့ကို စိုက်ကြည့်နေကြ၏။
ချင်မူ လော့ချန်းကျောင်း၏ ခေါင်းအား ပစ်ချလိုက်သည့်အခါ ခေါင်းပြတ်အလောင်းလည်း ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။
“ဒါပေမဲ့ ငါ့မှာ အချိန်မရှိလို့ အရိုးရှင်းဆုံး နည်းလမ်းကိုပဲ ရွေးချယ်လိုက်တာ”
ချင်မူက တည်ငြိမ်အေးဆေးစွာ ပြောနေ၏။ “ငါ့ပုံစံက မင်းကို တိုက်ခိုက်နေတဲ့ပုံပေါ်ပေမယ် ငါ့သိုင်းကွက်တွေက မင်းရဲ့ ကိုယ်အစစ်ကို တိုက်ခိုက်ဖို့ မင်တုထဲ ရောက်နေခဲ့ပြီ... ပထမဓားနဲ့ မင့်နှလုံးသားရဲ့ သွေးကြောတွေ၊ မင်းရဲ့ ချီနဲ့သွေးကို ငါ ဖျက်စီးတယ်... ဒုတိယဓားက မင့်ခေါင်းကို ဖြတ်တယ်... တတိယဓားကတော့ မင့်သိုင်းကွက်ကို တားဖို့အတွက်ပဲ... ဒါပေမဲ့ မင်းအစွမ်းအစတွေကလည်း ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့အထိ ထူးခြားပါပေတယ်”
ချီကျုံရီသည် မလှမ်းမကမ်းတွင် ရပ်နေ၏။ ချင်မူ ဒဏ်ရာရထားကြောင်း မြင်လျှင် သူ့မှာ လှုပ်ရှားချင်လာသည်။ ချင်မူ့စကား ကြားသည့်အခါ သူ အနည်းငယ် မှင်သက်သွားပြီး ပြုံးလိုက်၏။ ‘သူက ငါ့ကို အထင်ကြီးထားတဲ့အပြင် နောင်တော်လော့ချန်းကျောင်းထက် ပိုသန်မာမှန်း သိနေတယ်’
ချီကျုံရီ ချင်မူ့ကို မတိုက်ခိုက်တော့ပေ။ သူ၏လက်ရှိအစွမ်းအစဖြင့်ဆိုလျှင် ဒဏ်ရာရထားသော ချင်မူအား အန္တရာယ်ပြုနိုင်သော်လည်း သူ မလှုပ်ရှားပေ။
လော့ချန်းကျောင်းက သူ၏ဆရာတူအစ်ကို ဖြစ်သော်လည်း ချီကျုံရီမှာ တောင်ကောင်းကင်ဇာမဏီနတ်မင်း ချီရှားယွီနှင့်အတူ ကျင့်ကြံပြီးမှ မင်တုမဟူရာနတ်မင်း၏ တပည့်တစ်ဦး ဖြစ်လာခဲ့သည်။ မင်တုတွင် ကုန်ဆုံးခဲ့ရသော အချိန်မှာ မကြာသေး၍ ဆရာတူအစ်ကိုများဖြင့် မရင်းနှီးပေ။
ချင်မူ ဒဏ်ရာများကို ချုပ်၍ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်အသွင်အား ရုပ်သိမ်းလိုက်သည်။ ထို့နောက် စွမ်းအင်အကူးအပြောင်းတံတားဆီသို့ တရှိန်ထိုး ပြေးလိုက်၏။
ပတ်ဝန်းကျင်ရှိ တစ်ယောက်မှ သူ့နောက်မလိုက်ဘဲ တွေးနေကြသည်။
“ဓားချက်သုံးချက်ပဲ ရှိခဲ့တာကိုး”
တာအိုသခင်လင်းရွှမ်က ငေးငေးငိုင်ငိုင် ပြောနေသည်။ “ဓားချက်သုံးချက်က အင်မတန် ခမ်းနားလွန်းတော့ ငါးချက်ဖြစ်နေသလို ထင်ခဲ့ရတာ.... ဘယ်အချိန်တုန်းက ဂိုဏ်းသခင်ချင်ရဲ့ ဓားသိုင်းက အဲဒီအဆင့် ရောက်သွားခဲ့တာလဲ...”
ကျန်လူငယ်များလည်း ထိုနည်းတူ တွေးနေကြသည်။ ချင်မူ၏ ဓားချက်သုံးချက်သည် ရိုးရှင်းသယောင် ထင်ရပါသော်လည်း ရှုပ်ထွေးသော ဓားကွက်များမှ ထုတ်နုတ်ထားသည့် ရိုးရိုးရှင်းရှင်း ဓားကွက်များ ဖြစ်၏။ ဤဓားချက်သုံးချက်နှင့်တင် သူတို့အားလုံး အံ့ဩ၍မဆုံးတော့ပေ။
ဓားချက်သုံးချက်မှ ဓားချက်ငါးချက် ဖြစ်သွားပုံကို မြင်လိုက်ရသူ များများစားစား မရှိသော်လည်း မြင်လိုက်ရသူများမှာ ပို၍ပင် မှင်သက်သွားကြသည်။
ထိုအခိုက်အတန့်တွင် ကျဲ့ဟွလီ ရောက်လာသည်။ သူ၏ခြေလှမ်းတိုင်းက တူညီနေဆဲဖြစ်၏။
“ပြီးသွားပြီလား”
ကျဲ့ဟွလီ ဘေးဘီဝဲယာ ကြည့်လိုက်ရာတွင် အားလုံး ရပ်နေကြကြောင်း မြင်လိုက်ရသည်။ သို့သော် ချင်မူနှင့် လော့ချန်းကျောင်း မရှိတော့၍ ချီကျုံရီကို အလျင်အမြန် မေးလိုက်ရ၏။ “နောင်တော်ချီ၊ ဘယ်သူ နိုင်သွားလဲ”
ချီကျုံရီက မပြောပြတတ်သောအမူအရာဖြင့် ပြန်ဖြေသည်။ “နောင်တော် လော့ချန်းကျောင်း သေသွားတယ်”
ကျဲ့ဟွလီ အံ့အားသင့်သွားပြီး မေးလိုက်၏။ “ဂိုဏ်းသခင်ချင်က သူ့ကို သတ်ဖို့ ဘာသိုင်းကွက် သုံးသွားတာလဲ... သူ ဘယ်လိုသေသွားတာလဲ”
ချီကျုံရီ ပို၍ပင် မပြောတတ်တော့ပေ။ “ဒါ..... ရှင်းပြရခက်တယ်... ဂိုဏ်းသခင်ချင်က ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ပုံစံ ပြောင်းနိုင်တဲ့ အံ့ဖွယ်ကျင့်စဉ်တစ်ခု ကျင့်ထားတဲ့ပုံပဲ.... ဒါ့အပြင် သူ့အစွမ်းအစတွေက ပိုပြီးသန်မာအားကောင်းလာတယ်... ကပ်ဘေးဖွင့်ဓားကွက်ကို သုံးကြိမ် ထုတ်လွှတ်နိုင်ခဲ့တယ်”
ကျဲ့ဟွလီ၏မျက်လုံးများ ပြူးကျယ်သွားသည်။ “ခေါင်းသုံးလုံး လက်ခြောက်ဖက်တဲ့လား... ကြည့်ရတာ သူ ပိုလို့တောင် သန်မာအားကောင်းလာတဲ့ပုံပဲ... ငါလည်း ကြိုးစားမှ... ငါ့မိစ္ဆာဓားကို အားဖြည့်ပေးရမယ်”
လော့ယွင်ချွီက သူ့အရှေ့ရှိ ပထမလူသားဧကရာဇ်အား မျက်မှောင်ကြုတ်ကြည့်နေသည်။ စောစောက လော့ချန်းကျောင်းကို သူ ကယ်ချင်ခဲ့သော်လည်း အရှေ့ရှိ အဆင့်မြင့်သိုင်းသမား၏ အရှိန်အဝါက သူ့ကို ဖိနှိပ်ထား၍ မလှုပ်ဝံ့ခဲ့ပေ။
‘မင်းသားဝူရဲ့ သိုင်းစွမ်းအင်က အင်မတန် မြင့်တာပဲ....’
သူက တစ်ယောက်တည်း တွေးလိုက်သည်။ ‘ဒါပေမဲ့ သူ တစ်ယောက်တည်းနဲ့ ဒီကိစ္စကို မတားနိုင်ပါဘူး... သူပဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလိမ့်မယ်’
ခွေ့ချင်းပိုင်က ခပ်တိုးတိုး ပြော၏။ “နောင်တော်လော့၊ ညီလေး...”
လော့ယွင်ချွီက တိုးတိုးပြန်ပြောသည်။ “ချင်ဝူက ငါတို့ကို ဖိနှိပ်ထားသော သူ့ကို မကယ်နိုင်တော့ဘူး... ညီလေး သေရလိမ့်မယ်... ဒါပေမဲ့ ဒီယိုတုသားတော်က ငါ ထင်ထားသလို မဟုတ်ဘူး... မင်းတို့ သူ့ကို ဖမ်းဖို့ ယုံကြည်ချက်ရှိလား”
ဖုယန်ချီ၏မျက်ဝန်းများ လှုပ်ခတ်သွားပြီး သူက ပြောလာသည်။ “နောင်တော် စိတ်အေးအေးထားပါ... ညီလေးချီက ရှုံးသွားပြီး ဆရာ့ရတနာကို လွတ်သွားပေမယ့် ကျုပ်တို့အတွက်ကတော့ သူ့ကို ဖမ်းဖို့ မခက်ပါဘူး”
လော့ယွင်ချွီက အပြုံးတစ်ခုဖြင့် ပြော၏။ “ဒါဆို ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို ကြည့်စရာမလိုတော့ဘူး... နတ်ဆိုးဘုရင်ဖုရွေ့လော်၊ ဘုရင်ခံလုလီ... ကျုပ်တို့ အခု ပြန်လိုက်ပါဦးမယ်”
ဖုရွေ့လော်က တအံ့တဩ မေးသည်။ “အခု ပြန်တော့မှာလား ... လော့ချန်းကျောင်း အခုလေးတင် သေသွားတာကို ကခဲ့စားမချေတော့ဘူးလား... နောင်တော်တို့က စိတ်သဘောထား ကြီးမြတ်ပါပေတယ်”
လော့ယွင်ချွီက ပြန်ဖြေသည်။ “လော့ချန်းကျောင်းရဲ့ ဝိညာဉ်က မင်တုဆီ ပြန်လာပြီး ပြန်လည်မွေးဖွားလာပါလိမ့်မယ်... ဆရာက သူ့ကို ဒီအတိုင်း သေခွင့်ပေးမှာမဟုတ်ဘူး... ကျုပ်တို့က နတ်ဆိုးမြေကို ပြန်မှာပါ.. မင်တုဆီ ပြန်မှာမဟုတ်ဘူး... ချိမင်ခေတ်ရဲ့ အသက်ရှင်ကျန်သူတွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောက်တာနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံလည်း အဆုံးသတ်ရလိမ့်မယ်။
ဖုရွေ့လော် အနည်းငယ် မှင်သက်သွား၏။ ဤတစ်ခေါက်တွင် မင်တုမှ ဧည့်သည်လေးယောက်သာ ရောက်လာခဲ့ပြီး ချင်မူက တစ်ယောက် သတ်ခဲ့သည်။ သူတို့သုံးယောက်က ကောင်းကင်နတ်ဆိုးမျိုးနွယ် ထိုက်ဧကရာဇ်ကောင်းကင်ဘုံအား ထိန်းချုပ်နိုင်အောင် ကူညီနိုင်မည်ဟု လော့ယွင်ချွီ အဘယ်သို့ပြု၍ ယုံကြည်ချက်ရှိနေသေးသနည်း။
တန်ခိုးရှင်သစ်ခုတ်သမားနှင့် ဖုရွေ့လော်ကြားရှိ မြေအောက်ဘုံအရှင်သခင် ပဋိညာဉ်ကြောင့် ဖုရွေ့လော်အနေဖြင့် မိစ္ဆာနတ်ဆိုးစစ်တပ်ကို ဦးဆောင်မရပေ။ လုလီကလည်း ယိုတု၏ ဘုရင်ခံ ဖြစ်၍ ကောင်းကင်နတ်ဘုံဆီမှ အမိန့်များကိုသာ နာခံသည်။ မင်တုကို နာခံခြင်းမဟုတ်။ လော့ယွင်ချွီ သူမကို အမိန့်ပေးစေခိုင်းခြင်းမျိုး လုပ်မရပေ။
လော့ယွင်ချွီ အသုံးပြုနိုင်သော အင်အားမှာ သူတို့သုံးယောက်အင်အားသာ ရှိသည်။
ချီကျုံရီက လော့ယွင်ချွီတို့ ထွက်သွားသည်ကို ကြည့်ရင်း ရင်ထဲ တင်းကြပ်နေ၏။ သူက ခပ်တိုးတိုး ပြောလိုက်သည်။ “ကျဲ့ဟွလီ၊ မင်း ငါ့ကို ယုံရင် ငါနဲ့အတူ စွမ်းအင်အကူးအပြောင်းတံတားကနေတစ်ဆင့် မဟာမြို့ပျက်ဆီ လိုက်ခဲ့”
ကျဲ့ဟွလီ အံ့အားသင့်သွားပြီး မေးတော့မည့်အချိန် ချီကျုံရီက စွမ်းအင်အကူးအပြောင်းတံတားထဲသို့ အလျင်ဝင်ရောက်သွားပြီဖြစ်သည်။
စွမ်းအင်အကူးအပြောင်းတံတားဘေး၌ ချင်မူ၊ ရှုရှန်းဟွာနှင့် နဂါးချီလင်မှာ ယဇ်ပလ္လင်ကြီးအား ဝိုင်းထားကြသည်။ သုံးယောက်စလုံး ယဇ်ပလ္လင် ခိုင်ခံ့လာအောင် ပျက်စီးသွားသော သင်္ကေတအမှတ်အသားများကို ပြုပြင်နေကြ၏။
ကောင်းကင်ထက်၌ ဆန်းကြယ်ကြယ်ကြီးသည် တစ်ဝက်ဝင်နေပြီဖြစ်၍ စွမ်းအင်အကူးအပြောင်းတံတားမှာ တောင့်ခံနိုင်သည်ဆိုရုံသာ ရှိတော့သည်။ တုန်ခါမှုများက အရပ်မျက်နှာတစ်ခွင်သို့ ဖြာထွက်ပျံ့နှံ့နေ၍ ပင့်ကူအိမ်သဖွယ် ချောက်နက်များ ဖြစ်ပေါ်လာသည်။
ယဇ်ပလ္လင်မှာ မတည်ငြိမ်တော့ပေ။ အချိန်မရွေး ပြိုကျသွားတော့မည့်အလား ထင်ရသည်။
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ တာအိုသခင်လင်းရွှမ်နှင့် ကျန်ရှိသူများကလည်း အပြေးအလွှား ရောက်လာကြပြီး ယဇ်ပလ္လင်ကို ထိန်းပေးနေကြသည်။ သို့သ်ော အလုပ်မဖြစ်။ ယဇ်ပလ္လင်မှာ ဆက်လက် တုန်ခါနေဆဲဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီမှ စွမ်းအင်တို့က ပြုံတိုးလာကြ၏။
ဤအချိန်မှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ ညအချိန်ဖြစ်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ စီးဝင်လာသည့် ဝိညာဉ်စွမ်းအင်များကြောင့် ကောင်းကင်တစ်ပြင်လုံး ဆန်းဆန်းပြားပြား တောက်ပနေသည်။
ကြယ်က တစတစ ပျောက်ကွယ်သွားသည်။ ရုတ်တရက် ပထမလူသားဧကရာဇ်က ကောင်းကင်သို့ တက်ပြီး ကြယ်အပေါ် ဆင်းသက်လိုက်၏။ ထိုအခါမှ ကြယ်၏အမြန်နှုန်း တဖြည်းဖြည်း ကျဆင်းလာသည်။ ချင်မူ စိတ်သက်သာရာ ရသွားပြီး ယဇ်ပလ္လင် ခိုင်ခံ့လာအောင် ကပျာကယာ လုပ်လိုက်သည်။
လော့ဖူကောင်းကင်ဘုံ
ထိုကမ္ဘာတွင် ခမ်းနားကြီးကျယ်သော ယဇ်ပလ္လင်များ ရပ်တည်နေ၏။ ယဇ်ပလ္လင်ထက်၌ မဟာမြို့ပျက်၏ နတ်ဘုရားများ စောင့်ကြပ်နေကြသည်။ လွန်ခဲ့သည့် နှစ်နှစ်စလုံး သူတို့မှာ ဤနေရာမှ မခွာဘဲ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ တိုက်ခိုက်မှုများကို အကြိမ်များစွာ ခုခံခဲ့ကြရသည်။
ယဇ်ပလ္လင်တစ်ခု၏ အရှေ့ ဟင်းလင်းပြင်ထဲ၌ အက်ကွဲကြောင်းတစ်ကြောင်း ပွင့်လာသည်။ မိစ္ဆာနတ်ဘုရားသုံးပါး ထွက်လာ၏။ သူတို့ကား လော့ယွင်ချွီ၊ ဖုယန်ချီနှင် ခွေ့ချင်းပိုင်တို့ပင်။
“ကောင်းကင်နတ်ဆိုးမျိုးနွယ်ရဲ့ မြေက သူရဲကောင်းများစွာ ထုတ်ပေးခဲ့တယ်.... ဒီမြေမှာ ဘယ်နှယောက်တောင် စတေးခဲ့ကြရမလဲ”
လော့ယွင်ချွီက သက်ပြင်းချ၍ သေခြင်းရှင်ခြင်းစာအုပ် ထုတ်သည်။ သူက စာလိပ်ကို အသာအယာ ဖြေကာ အေးအေးဆေးဆေး ပြောလိုက်၏။ “ကျဆုံးခဲ့တဲ့ သူရဲကောင်းတို့၊ မင်းတို့ ရှိနေသေးလား”
သူ့အသံက ရုတ်တရက် ဟိန်းထွက်လာပြီး သူက ပြောလိုက်သည်။ “မင်တု မဟူရာနတ်ဘုရား၏ အမိန့်တော်နဲ့ ငါ မင်းတို့ နိုးထလာပြီး ငါ့အတွက် တိုက်ခိုက်ပေးဖို့ အမိန့်ပေးတယ်”
သေခြင်းရှင်ခြင်းစာအုပ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး စာအုပ်ထဲရှိ မှန်က ဝင်းလက်တောက်ပလာသည်။
ဝှစ်
သေခြင်းရှင်ခြင်းစာအုပ်က လော့ဖူကောင်းကင်ဘုံ၌ ပျံဝဲနေပြီး မှန်၏အလင်းရောင် ကျရောက်သွားသည့်အခါ နာမည်များ ပေါ်လာလိမ့်မည်။
စာအုပ်သည် လော့ဖူကောင်းကင်ဘုံတစ်လျှောက် ပျံသန်းရင်း မြေပြင်ကို နေရာမလပ်ကျန် လင်းထိန်လာစေ၏။
ယဇ်ပလ္လင်အပေါ်ရှိ မဟာမြို့ပျက်၏ နတ်ဘုရားတစ်ပါးက အံ့အားသင့်သွားပြီး လော့ယွင်ချွီဆီသို့ ကြည့်သည်။ သူက အလေးအနက် မေးလေသည်။ “ဒီနေရာကို လာနှောင့်ယှက်တဲ့ မင်းက ဘယ်သူလဲ”
လော့ယွင်ချွီနှင့် ကျန်ရှိသူများက သူ့ကို အဖက်မလုပ်ဘဲ လက်ပိုက်လျက် တိတ်ဆိတ်စွာ ရပ်နေကြသည်။
ထိုစဉ် မြေပြင်မှာ အက်ကွဲသွားပြီး စုတ်ပြတ်နေသည့် သတ္ထုချပ်ဝတ်များ ဝတ်ထားသော အရိုးစုများ မြေအောက်ထဲမှ ဖောက်ထွက်လာကြသည်။ သူတို့၏မျက်လုံးများက တစ္ဆေမီးတောက်များဖြင့် မီးရဲရဲတောက်နေပြီး အားလုံး မတ်တပ်ရပ်ကာ မလှုပ်ကြပေ။
ဂျွတ် ဂျွတ်
လော့ဖူကောင်းကင်ဘုံတစ်ခုလုံးမှ အရိုးချင်းထိတိုက်သံများ ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော အရိုးစုများကား မြေကြီးကို တူးဖောက်ကာ ထွက်လာကြချေပြီ။
ပုပ်သိုးဆွေးမြည့်နေသည့် အခြေအနေတွင်သာ ရှိသေးသော မိစ္ဆာနတ်ဘုရားတစ်ပါးလည်း မြေကြီးအောက်မှ ထွက်လာသည်။ သူက လော့ယွင်ချွီတို့အား ဟိန်းဟောက်နေသကဲ့သို့ ပါးစပ်ကြီး ဖြဲလိုက်၍ သိပ်သည်းအားကောင်းသော မိစ္ဆာနတ်ဆိုးချီများ ထွက်လာ၏။ ပြင်းထန်သော မိစ္ဆာနတ်ဆိုးချီတို့က မျက်နှာကို လာဟပ်သောကြောင့် သူတို့၏အရေပြားများ လိပ်တက်ကုန်ကြသည်။ ဆံပင်များ၊ အဝတ်စများလည်း နောက်လန်သွားကြသည်။ သူတို့မျက်နှာတွင် အစိမ်းရောင်နှင့် ခရမ်းရောင် နောက်ကျိကျိသွားရည်များ ပေကျံသွား၏။
ထို့နောက် အရိုးစုပေါင်းများစွာက အဆုံးမရှိသော စစ်တပ်ကြီးတစ်ခု ဖွဲ့စည်းလိုက်သည်။ မိစ္ဆာနတ်ဆိုးချီက ကောင်းကင်အပေါ်သို့ ဖိချလိုက်သကဲ့သို့ ကောင်းကင်ပြိုကျလာသည်။ ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှပေသည်။
ယဇ်ပလ္လင်ထက်ရှိ နတ်ဘုရားများမှာ ထိတ်လန့်သွားပြီး လက်ထဲရှိ ကောင်းကင်လက်နက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိ၏။
လော့ယွင်ချွီ လက်မြောက်လိုက်သည့်အခါ သေခြင်းရှင်ခြင်းစာအုပ်က သူ့ဆီ ပျံသန်းလာသည်။ သူက အပြုံးတစ်ခုဖြင့် ပြောလေသည်။ “ညီလေး၊ ခန့်မှန်းကြည့်... ဒီယဇ်ပလ္လင်အပေါ်က ခိုင်ဧကရာဇ်ခေတ် လက်ကျန်လူသားကို ငါ သုတ်သင်ဖို့ ဘယ်လောက်ကြာမယ်ထင်လဲ”
ဘုန်း
မရေမတွက်နိုင်သော အရိုးစုများ ယဇ်ပလ္လင်ဆီ ပြေးတက်သွားကြ၏။ အရိုးစုများက တမုဟုတ်ချင်း ယဇ်ပလ္လင်အား လွှမ်းခြုံသွားချေပြီ။
ခွေ့ချင်းပိုင်က ပြုံးလျက် ပြောသည်။ “ကျွန်တော် ထင်ထားတာထက် မြန်တယ်”
အရိုးစုများက ယဇ်ပလ္လင်များကို ကျူးကျော်တိုက်စားကြပြီး ပလ္လင်စောင့် နတ်ဘုရားများမှာ တိုက်ကွက်များကို မည်သို့မျှ မခုခံနိုင်ကြပေ။ မိစ္ဆာနတ်ဘုရားအရိုးစုများက သူတို့ကို စုတ်ဖြဲနင်းခြေသွားကြ၏။
အဆုံးသတ်တွင် ဖုရွေ့လော်ကို ခြိမ်းခြောက်ရန် တန်ခိုးရှင်သစ်ခုတ်သမားနှင့် နတ်ဘုားနှစ်ဆယ့်လေးယောက် တည်ဆောက်ထားသော ယဇ်ပလ္လင်များ ပြိုစီးသွားချေပြီ။ လော့ယွင်ချွီအတွက် အမွှေးတိုင်တစ်တိုင်ထွန်းစာပင် မကြာလိုက်ပေ။
ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ မရေမတွက်နိုင်သော အလောင်းများက ယဇ်ပလ္လင်များထက်၌ ရပ်ကာ ကြွေးကြော်အော်ဟစ်နေကြသည်။
လော့ယွင်ချွီက သေခြင်းရှင်ခြင်းစာအုပ်ကို ခွေ့ချင်းပိုင်ဆီ ပေးကာ ပြုံးလိုက်သည်။ “ညီလေးခွေ့ ဘာဆက်လုပ်မလဲ ကြည့်ရသေးတာပေါ့”
ခွေ့ချင်းပိုင်က ရယ်ပြီး သေခြင်းရှင်ခြင်းစာအုပ်၏အလင်းရောင်ကို ယဇ်ပလ္လင်များအပေါ် ဖြန့်ကျက်လိုက်၏။ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အလောင်းများမှာ အလင်းရောင်ကြောင့် မီးလောင်ကျွမ်းသွား၍ ယဇ်ပလ္လင်တို့၏ သင်္ကေတအမှတ်အသားများ အသက်ဝင်လာကြသည်။ သွေးယဇ်ပူဇော်မှု စတင်ချေပြီ။
လော့ဖူကောင်းကင်ဘုံ ပျက်စီးစပြုလာသည်နှင့်အမျှ သဘာဝကပ်ဘေးများ ဝင်ရောက်လာသည်။
ဖျက်စီးခံနေရသည့် လော့ဖူကောင်းကင်ဘုံက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ လောကစည်းဆီသို့ အရှိန်ဖြင့် ဝင်တိုက်ကာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံထံ ဦးတည်ပေတော့မည်။
“မင်းဆက်အတုရဲ့ အထွတ်အမြတ်ဆရာသခင်က မရက်စက်တတ်ဘူး... သူသာ ရက်စက်ရင် လော့ဖူကောင်းကင်ဘုံကို ယဇ်ပူဇော်ပြီး လော့ဖူကောင်းကင်ဘုံနဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ဝင်တိုက်ပစ်မှာပဲ”
လော့ယွင်ချွီက ကျောနောက် လက်ပစ်၍ ပြုံးနေသည်။ “ဒါပေမဲ့ ဒီယဇ်ပလ္လင်တွေ တည်ဆောက်ပေးခဲ့လို သူ့ကို ကျေးဇူးတင်ရမယ်... ဒါတွေကြောင့် အချိန်ကုန်သက်သာတာ”
၎
င
၎
၎