← Chapters

ကျွတ် ... စနစ်…မင်းက အသက်ကြီးလာလေ ဆိုးရွားလာလေပါလားကွ…

Vol. 44 Ch. 652

ကျွတ် ... စနစ်…မင်းက အသက်ကြီးလာလေ ဆိုးရွားလာလေပါလားကွ…

Vol. 44 Ch. 652

“ ငါ့အထင်တော့ ဒီကိစ္စ အိပ်ရာခင်းထက်မှာ သေချာလေး သီးသန့် ဆွေးနွေးဖို့ လိုနေပြီ ထင်တယ်..”

“ ဟွန့်.. အိပ်မက်မက်နေလိုက်…”

ထို့နောက် နှစ်ယောက်သား တက္ကစီငှား၍ ဟိုတယ်သို့ ပြန်လာခဲ့ကြလေသည်။ ဆေးကြော သန့်စင်ပြီးနောက် ကျီချင်းရန်မှာ အနားယူရန် အခန်းထဲသို့ ထွက်ခွာသွားခဲ့၏။

“ နင် အိပ်သေးဘူးလား….”

လင်းရီ ဆိုဖာပေါ်တွင် မလှုပ်မယှက် ထိုင်နေသည်ကို မြင်တော့ ကျီချင်းရန်မှ ထူးဆန်းစွာဖြင့် မေးလိုက်၏။

“ မင်းအရင်အိပ်နှင့်လိုက်…. ငါတခြား လုပ်စရာလေးတွေ ရှိသေးလို့ မအိပ်သေးဘူး…”

“ အွန်း… အဲ့တာဆို ငါသွားနှင့်ပြီ…”

လင်းယွမ်အုပ်စုတွင်လည်း ကိစ္စအများအပြား ဖြစ်ပေါ်နေပြီး လုံရှင်းကလည်း မကြာမီ ဈေးကွက်စာရင်းထဲ ဝင်ရပေတော့မည်။ လီတိုဂရပ်ဖီစက် ဖန်တီးသည့် ပရောဂျက်နှင့် မိုဘိုင်းဖုန်း စစ်စတမ်အသစ်တို့ကြောင့် လင်းရီ အလုပ်များနေသည်က သဘာဝပင်။ ထို့ကြောင့် ကျီချင်းရန် များများ စဉ်းစားမနေပဲ သန်းဝေပြီးနောက် သူမ အခန်းထဲသို့ ဝင်သွားလေသည်။

လင်းရီ လက်ပိုက်လျက် ဆိုဖာနောက်သို့ မှီရင်း စိတ်ထဲ၌ စနစ်၏ စာမျက်နှာကို ဆင့်ခေါ်လိုက်၏။

“ စနစ်… အလုပ်အသစ်ကို စလိုက်တော့..”

[ အလုပ်ဟောင်း ပြီးမြောက်မှု : ၁၀၀ % ]

[ အလုပ်အသစ်ကို အသက်သွင်းနိုင်ပါသည် ]

[ အလုပ်အသစ်ကို အသက်သွင်းမည်/မသွင်းပါ ]

“ အသက်သွင်းမယ်…”

[တွေ့ကြုံရမည့် အလုပ်အကိုင် : အွန်လိုင်း စထွင်မာ ]

[အလုပ်ပြီးမြောက်နှုန်း : ၀ % ]

[ စနစ်ရှင် ကျေးဇူးပြုပြီး အလုပ်အသစ် လက်ဆောင်ထုပ် ၁၀ မီလီယမ် ယွမ်နှင့် ဆိုလာဆဲလ်ဖုန်းကို လက်ခံပေးပါ…]

“ လက်ခံမယ်…”

ထုံးစံအတိုင်း ၁၀ မီလီယွမ် ဆုလဒ်မှာတော့ လျင်မြန်စွာဖြင့် သူ၏ ဘဏ်အကောင့်ထဲသို့ ရောက်ရှိလာပြီး ဖုန်းကတော့ မကြာမီအချိန်အတွင်း သူ့ထံ တစ်နည်းနည်းဖြင့် ပို့ဆောင်ပေးလာလိမ့်မည်။ သို့သော်လည်း လင်းရီ စိတ်ဝင်စားမိသည်က စနစ်မှ သူ့ကို မည်သည့်ပလက်ဖောင်း၌ တတိုက်ရိုက်ထုတ်လွင့်ခိုင်းမည်ကိုပင်။ ထိုသို့ ဆိုပါသော်လည်း ယင်းက ပြဿနာတော့ မရှိ။ မည်သို့ပင်ဆို‌စေ သူလိုအပ်သည်ကား တိုက်ရိုက်ထုတ်လွင့်ရန်သာဖြစ်၏။

တစ်ချိန်တည်းတွင် လင်းရီ၏ အကြည့်များက စနစ်၏ စာမျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။

ဆိုင်ပိုင်ရှင် အလုပ်အကိုင်ကို ပြီးမြောက်ပြီးနောက် ယခုဆိုလျှင် သူ့ထံ၌ အောင်မြင်မှု ဆုတံဆိပ် ငါးခုတိတိ ရှိနေပြီး မတူညီသည့် အရောင်များနှင့် စာမျက်နှာပေါ်တွင် အစဉ်တိုင်း စီရီထားကာ မည့်သို့ အသုံးပြုရမည်ဆိုတာကိုလည်း လင်းရီ သဲလွန်စမရှိချေ။

ဒေါက် ဒေါက် ဒေါက်

လင်းရီ အတွေးနက်နေစဉ် တံခါးခေါက်သံတစ်သံ က သူ့အား နှောင့်ယှက်လာသည်။

ထိုအခါ စိတ်ထဲ၌ စနစ်၏ လက်ဆောင် ရောက်ရှိလာပြီဟု လင်းရီ တပ်အပ်သိလိုက်၏။

မည်သို့ပင်ဆိုစေ ယခုနေရာမှာ သာမန် ဟိုတယ်ဖြစ်သောကြောင့် ဒီလီပစ္စည်းများကို အခန်းရှေ့မှောက် ဝန်ဆောင်မှုပေးဖို့ရာ မဖြစ်နိုင်ချေ။

လင်းရီ ထပြီး တံခါးဖွင့်လိုက်သောအခါ ခြေတံရှည်ရှည် ချုံဆန်းဝတ်စုံနှင့် လှပသည့် အမျိုးသမီးတစ်ဦးမှ အပြင်ဘက်တွင် ရပ်နေကြောင်း မြင်တွေ့လိုက်၏။သာမန်ဆန်နေစေကာမူ လှပသည့် အမျိုးသမီး ဖြစ်ကြောင်းကိုတော့ သူ လက်ခံရပေမည်။

“ ဆာ.. ဒီလီလာပို့တာပါရှင့်… ကျေးဇူးပြုပြီး လက်မှတ်လေး ထိုးပေးပါဦး…”

“အလှလေး... မင်းက ဘယ် ဒီလီကုမ္ပဏီကလဲ… ဘာလို့ ဒီလိုမျိုး ဝတ်ထားတာ…” လင်းရီ ပါဆယ်အိတ်ကို ယူရင်း ပြောလိုက်ပြီး “ မိန်းကလေးရဲ့ ရုပ်ရည်နဲ့ဆိုရင် ဒီလီပို့တဲ့ အလုပ် လုပ်နေရတာ အရမ်းနှမြောဖို့ကောင်းလွန်းတယ်…..”

“ ခစ်ခစ်… ဆာ ရှင်က အရမ်းပြောတတ်တာပဲ…”

လင်းရီ တည်ငြိမ်သည့် စိတ်နှလုံးဖြင့် စနောက်လိုက်ခြင်းပင်။ ကျီချင်းရန်ဘေးတွင် နေတာ ကြာပြီဖြစ်သောကြောင့် ယခုလို သာမန်လှပရုံမျှနှင့် သူ့ကို စိတ်လှုပ်ရှားအောင် မပြုလုပ်နိုင်ချေ။

သို့သော်လည်း စနစ်၏ လုပ်ဆောင်မှုများက သူ၏ ရာဂစိတ်ကို တမင် ဆွပေးနေဟန်တူသည်။

အတိတ်တွင်တုန်းကတော့ သာမန် ဒီလီများသာ ဖြစ်သော်လည်း ယခုတော့ ချုံဆန်းအဝတ်နှင့် လှပသည့် အမျိုးသမီးမှာ သူ၏ အခန်းဝသို့ အရောက်ပို့လာနေသည်။

ယင်းက ဘာကိုဆိုလိုနေပါသနည်း။

တံခါးပြန်ပိတ်ပြီးနောက် လင်းရီ ဖုန်းကြည့်ရင်း ဆိုဖာပေါ်သို့ ပြန်လာခဲ့၏။

“ ငါယိုး…”

လင်းရီ ဆိုဖာပေါ်သို့ ထိုင်ခါရှိသေး ကျောစိမ့်သလို ခံစားနေရစောကြောင့် နောက်သို့ လှည့်ကြည့်လိုက်‌သောအခါ သူ့အား စိုက်ကြည့်နေသည့် ကျီချင်းရန်ကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။

“ လာမယ်ဆိုလည်း အသံလေးဘာလေး ပေးပါဦးဟ… လခွမ်း...လန့်တောင်လန့်သွားတယ်…”

“ နင်ည သန်းခေါင်ကြီး မအိပ်ပဲနဲ့ ဘာတွေ လုပ်နေတာ… ပုံစံကိုက မဟုတ်တာလုပ်လို့ လူမိသွားတဲ့ ရုပ်နဲ့…”

“ ဒီတိုင်း ပါဆယ် သွားယူတာပါကွာ…” လင်းရီ အတည်ပေါက် လေသံဖြင့် ပြောလိုက်၏။

‘ စိတ်နှလုံး တည်ငြိမ်အေးချမ်းနေတဲ့သူက မိုးပြိုလည်း မကြောက်ဘူး…. ငါ ဘာလို့ ကြောက်နေရမှာ…’

“ ဘယ်ဒီလီက ညသန်းခေါင်ကြီး ပို့ပေးလို့…”

ကျီချင်းရန် မြေခွေးမလေးကဲ့သို့ မျက်လုံး မှေးကျဉ်းလိုက်ပြီး “ ငါ အခန်းထဲကနေ မိန်းကလေး အသံကြားလိုက်ပါတယ်… ဒီလီ လာပို့တဲ့သူက အမျိုးသမီးမလား…”

“ အမ်… အမျိုးသမီးတော့ အမျိုးသမီးပဲ… ဒါပေမယ့် ဒီလီပို့တာလေ…”

“ ငါ့ ပြကြည့်စမ်း.. သူဘာတွေများ လာပို့သွားလဲလို့…”

“ ဒီတိုင် ဖုန်းပါကွာ… ဘာကြည့်စရာ ရှိတာမှတ်လို့….”

လင်းရီ သာမန်ကာလျှံကာ အိတ်ဖောက်လိုက်ပြီး မျှော်လင့်ထားသည့်အတိုင်း Iphone အသစ်ပင်။

“ နင့်ဖုန်းလည်း မပျက်သေးတာကို ဘာလို့ အသစ်ဝယ်လိုက်တာ..” ကျီချင်းရန် ရင်ဘက်ရှေ့ လက်ကို ပိုက်ထားပြီး ရာဇဝတ်သားအား အမှုစစ်နေသည့် ဟန်ပန်ဖြင့် “ နင်နော်... ရိုးတော့မရိုးဘူး... ညသန်းခေါင်ထိ မအိပ်သေးပဲ ဒီဖုန်းလာပို့မှာကို စောင့်နေတယ်ပေါ့…”

“ ဒါက….”

လင်းရီ မည်သို့ ပြန်ချေပရမှန်းမသိ ဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် သူမပြောနေသည်က မှန်နေသောကြောင့်ပင်။

“ အမှန်အတိုင်းပြောစမ်း…နင်ဘာလို့ ဖုန်းအသစ်၀ယ်လိုက်တာ... ငါ့နောက်ကွယ်မှာ မကောင်းတာတွေ လုပ်မလို့လား…”

“ ပေါက်ပန်းလေးဆယ်တွေ…” လင်းရီ အမှန်တကယ် ဆွံ့အနေတော့၏။

သူ အမျိုးသမီးများ၏ စိတ်ကူးယဉ်နိုင်စွမ်းကို လျှော့တွက်မိသွားပုံပင်။

“ ခု ဆိုင်က ပိတ်ထားရတယ်လေ…. ဒါကြောင့်မို့ စထွင်မာ လုပ်ရင်ကောင်းမလားဆိုပြီး ရည်ရွယ်ချက်နဲ့ ဖုန်းဝယ်လိုက်တာပါဟ….ပြီးတော့ ဒီမော်ဒယ်လ်က ဘတ်ထရီ ပိုခံတယ်…”

“ ဟင်… နင်က စထွင်မာ လုပ်မယ်…”

“ အမှန်ပဲ… မဟုတ်ရင် ငါက အချည်းနှီးဖြစ်သွားမှာပေါ့…”

“ နင် သေချာ စဉ်းစားပြီးသွားပြီလား… နင်တကယ်ကြီး နင့်မျက်နှာပေါ် မှီခိုပြီး ထမင်းစားတော့မယ်ပေါ့…”

“ ငါ့ မျက်နှာပေါ် မှီခိုတယ်ဆိုတာက ဘာသဘောတုန်းကွ.... ငါက ဒီတိုင်း ဘဝ အတွေ့အကြုံရအောင် လုပ်နေတာ…”

“ နင်သာ စထွင်မာ လုပ်ရင်တော့ အမျိုးသမီး ပရိတ်သတ်တွေ ရူးသွပ်သွားမလားပဲ…”

“ ဘယ်တတ်နိုင်မှာ.. ငါ့ရုပ်ကိုကလည်း အဲ့လိုဖြစ်လောက်တဲ့အထိ ချောနေတာလေ… အမှန်တော့ ငါလည်း ဒီလို မလုပ်ချင်ပါဘူး…”

“ အဲ့တာဆို နင် Mask တပ်ရမယ်..” ကျီချင်းရန်မှ ငြင်းမရသည့် လေသံဖြင့် ပြောလိုက်၏။

လင်းရီ စထွင်မာ လုပ်မည့် အရေးကို ကျီချင်းရန် ဘာမျှ မပြောလိုပေ။

မည်သို့ပင်ဆိုစေ ယခုလို မတော်တဆ ကိစ္စများ ဖြစ်ပျက်ပြီးနောက် လင်းရီတွင် ဆိုင်ဖွင့်ဖို့ရာ စိတ်ပါလိမ့်မည် မဟုတ်သောကြောင့် သူ၏ အထောက်အထားကို ပြောင်းပြီး ဘဝသစ်တစ်ခု၏ တစ်စိတ်တစ်ပိုင်းကို တွေ့ကြုံခံစားသည်က ကောင်းမွန်သည့် ရွေးချယ်မှုပင်။

“ mask တပ်ရမယ်…”

“ အွန်း...နင် ဆိုင်ဖွင့်ပြီးတော့ ငါနင့်ဆိုင်လာတုန်းကလည်း Mask တပ်ရတယ် မဟုတ်ဘူးလား…”

“ ခု နင့်အလှည့်…”

“ အာ… ရတယ်လေ..” လင်းရီ ပြောလိုက်ပြီး “ငါ လင်းရီက မျက်နှာမပြလည်း ပိုက်ဆံ ရှာနိုင်တဲ့အထိ စွမ်းနေဆဲပါဟ.. ငါ့ကို အထင်မသေးစမ်းနဲ့…”

“ အဲ့တာဆို အတည်ဖြစ်သွားပြီနော်…”ကျီချင်းရန်ပြောလိုက်ပြီး “ သွား သွား…. သွားအိပ်တော့…”

“ အိပ်သေးဘူး… လုပ်စရာ ရှိသေးတယ်….”

“ ဘာလို့ အဲ့လောက်တောင် အလုပ်များနေရတာ… သမ္မတတောင် နင့်လောက် အလုပ်များမှာ မဟုတ်ဘူး.. ပြန်မပြောနဲ့ … မြန်မြန် သွားအိပ်တော့ … ဒါပဲ…”

မူလကတော့ လင်းရီ မအိပ်ချင်သေးသော်လည်း ကျီချင်းရန်မှ အခွင့်အရေးမပေးပဲ အိပ်ခန်းထဲသို့ အတင်းဆွဲခေါ်လာခဲ့လေသည်။

လင်းရီလည်း ဆက်လက်တင်းခံမနေတော့ပဲ သူ့ဖုန်းကို ယူ၍ အိပ်ရာထဲသို့ ပြန်လာခဲ့လိုက်၏။

စနစ်မှ ချီးမြင့်ထားသည့် ဖုန်းမှာ သာမန်ဖုန်းနှင့် ထူးမခြားနားပေ။ တစ်ခု ပိုသွားသည်က အထဲ၌ ဆော့ဖ်ဝဲအသစ်တစ်ခု ထည့်သွင်းပြီးလျက်သား ဖြစ်နေလေသည်။

DouYu Livestream

နိုင်ငံတွင်း နာမည်ကြီး တိုက်ရိုက်ထုတ်လွင့်ခြင်း ပလက်ဖောင်းတစ်ခု ဖြစ်သည့် DouYu ပလက်ဖောင်းကို လင်းရီ အတော်အတန် ရင်းနှီးသည်။

လင်းရီ DIDI မောင်းစဉ်တုန်းက အဆိုပါ DouYu ပလက်ဖောင်းမှ အမျိုးသမီး စထွင်မာတစ်ဦးနှင့် ဆုံတွေ့ခဲ့လေသည်။ ၎င်းအပြင် ကျန်းရှောင်ယွီသည်လည်း အဆိုပါ ပလက်ဖောင်းမှ ဖြစ်လောက်၏။

သို့သော် သူသည်လည်း တစ်နေ့ ထိုပလက်ဖောင်းမှ စထွင်မာတစ်ဦးဖြစ်လာလိမ့်မည်လို့ လင်းရီ ထင်မထားခဲ့ချေ။

[မစ်ရှင် : အမျိုးသမီး စထွင်မာတစ်ဦးကို နဂါးအမြီးခတ်ခြင်း သရုပ်ပြမှု လုပ်ဆောင်ခိုင်းပြီ ယွမ် တစ်မီလီယမ် ဆုချီးမြင့်ပါ… ]

[ ဆုလဒ် : အတွေ့အကြုံမှတ် တစ်သိန်း ]

“ ဟမ်..”

စနစ်မှ ပေးလာသည့် မစ်ရှင်ကို မြင်တော့ လင်းရီ မေးစေ့ ပွတ်သပ်လိုက်၏။

နဂါးအမြီးဆန့်ခြင်းဆိုတာက ဘာတုန်းဟ…

သူ တိုက်ရိုက်ထုတ်လွင့်တာတွေ မကြည့်တာ ကြာပြီဆိုတော့ တင်ဆက်မှု အသစ်များလား…

လင်းရီ ဖုန်းထုတ်ပြီး ၎င်းအသုံးအနှုန်းကို ရိုက်ရှာကြည့်လိုက်၏။ သို့သော်လည်း ပိုင်သုပေါ်ရှိ ရှင်းပြချက်ကို ဖတ်ပြီးနောက် လင်းရီ ပိုလို့ပင် ရှုပ်ထွေးသွားခဲ့တော့သည်။

“ နဂါးအမြီးဆန့်ခြင်း ဆိုသည်မှာ ပြောင်းလဲခြင်းများကျမ်း( ရီသတ္တုန်)၌ မှတ်တမ်းတင်ထားသည့် နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက်ထဲမှ တစ်ကွက်ဖြစ်၏။”

ဘာလားကွ…

စနစ်က ဂေါက်သွားတာများလား…

အမျိုးသမီး စထွင်မာကို နဂါးနိုင်လက်ဝါး ဆယ့်ရှစ်ကွက် သရုပ်ဖော်ခိုင်းရမယ်…. ငါ့ပါးလာမရိုက်ရင်တောင် ကံကောင်းမလားပဲ…

သို့သော်လည်း လင်းရီ သူ့စိတ်ထဲ၌ ထင်သလောက် မရိုးရှင်းဟု ဝိုးတဝါးတား ခံစားနေရ၏။ ထို့ကြောင့် ချင်းဟန်တို့ လေးယောက် စကားပြောခန်းထဲတွင် ထိုကိစ္စအား မေးမြန်းလိုက်လေသည်။

လင်းရီ : ငါ့ကောင်တို့... နဂါးအမြီးဆန့်တယ်ဆိုတာ ဘာလဲ သိကြလား….

ကောင်းကျုံးယွမ် : အစ်ကိုကြီးလင်းက မရီးကို အဲ့အကွက် သရုပ်ဖော်ခိုင်းတော့မလို့လား…

လျန်ကျင်းမင် : အစ်ကိုကြီးလင်းကတော့ ကံအကောင်းဆုံ လူသားပဲ…

လင်းရီ : အဲ့တာက ဘာကြီးတုန်း… ငါဖြင့် သိကိုမသိတာ…..

ကောင်းကျုံးယွမ် : အစ်ကိုကြီး… မော်ကြွားရင် မိုးကြိုးပစ်ခံရလိမ့်မယ်… ဘာမှမသိသလို ဟန်ဆောင်နေရင် ဆဲခံရလိမ့်မယ်… ဒီရဲ့ နဂါးအမြီးဆန့်တယ်ဆိုတာက ဘာလဲဆိုတာ အစ်ကိုကြီး တကယ်မသိဘူးပေါ့…

လင်းရီ : အေး… ငါတကယ် မသိလို့…

မကြာမီ ကောင်းကျုံးယွမ်မှ ဗီဒီယိုကော ခေါ်လာခဲ့၏။

တစ်ဖက်တွင် မီးရောင်စုံများဖြင့် ဆူညံနေပြီး ကြည့်ရသလောက်တော့ သကောင့်သားများက ဘားရောက်နေပုံပင်။

ချင်းဟန်နှင့် လျန်ကျင်းမင်လည်း သူ့ဘေးတွင် ထိုင်နေကြ၏။

ထို့နောက် ကောင်းကျုံးယွမ် စားပွဲပေါ်သို့ တက်လိုက်ပြီး လက်ခုပ်တီးကာ တစ်ခန်းလုံး ကြားလောက်သည့် လေသံဖြင့် “ ကောင်မလေးတွေ… မင်းတို့ အစ်ကိုကြီးလင်းက နဂါးအမြီးဆန့်တဲ့ ကကွက်ကို ကြည့်ချင်လို့တဲ့… တကယ်လို့ ကောင်းကောင်း ဖျော်ဖြေပေးနိုင်မယ်ဆိုရင် ဆုကြီးကြီး ချီးမြင့်ခံရမယ်…”

“ အစ်ကိုကြီးလင်း ဆိုတာက ကျိုးဟိုင် သခင်လေး လေးယောက်ထဲက အစ်ကိုကြီးလင်းလား…” ပေါင်အထိ ခွဲကြောင်းဖော်ထားသည့် အမျိုးသမီးမှ မေးလိုက်၏။

“ ဒါပေါ့…သူကလွဲပြီး ဘယ်သူဖြစ်နိုင်မှာ…”

“ ဟီးဟီး… အဲ့အကွက်ကို ကျွန်မသိတယ်…”

“ ငါကောပဲ….”

“ ငါလုပ်မယ် ငါလုပ်မယ်… ငါကောင်းကောင်းလုပ်တတ်တယ်…”

လင်းရီမှ နဂါးအမြီးဆန့်ခြင်း အကွက်ကို ကြည့်ချင်နေသည်ဟု ကြားတော့ အတိုအပြတ်ဝတ်ထားသည့် လှတပတ ကောင်မလေး ဆယ်ယောက်ကျော်မှာ တစ်တန်းတန်းလိုက်ပြီး သူမတို့၏ ပေါင်များကို အနည်းငယ် ဖြန့်ကား၍ တင်ပါးများကို စည်းချက်ကျကျ လှုပ်ရှားလိုက်ကြ၏။ မြင်ကွင်းက အတော်လေး ရမ္မက်နှိုးကြွစေသော်လည်း ကြည့်လို့ကောင်းနေသည်ကတော့ အမှန်ပင်။

“ အစ်ကိုကြီးလင်း… ခုမြင်ပြီလား.. အဲ့တာ နဂါးအမြီးဆန့်ခြင်း ကကွက်လို့ ခေါ်တယ်…ဟဲဟဲ လန်းတယ်မို့လား….”

“ သခင်လေးကောင်း… သခင်လေးလင်းက ဘာထပ်ကြည့်ချင်သေးလဲတဲ့…ကျွန်မ နဂါး ကျောရိုးဖွင့်တဲ့ အကွက်တွေလည်း ရတယ်နော်…”

“ နဂါး အမြီးဆန့်တာက ပျင်းစရာကြီး… ငါဆို ကင်းမြီးကောက် အမြီးဆန့်တဲ့ အကွက်တွေလည်း သိတယ်… ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလဲ…”

“ ရပြီ ရပြီ… လုံလောက်ပြီ…” လင်းရီ ပြုံးပြီးနောက် ဖုန်းချလိုက်လေသည်။

“ စနစ်ရာ စနစ်… မင်းကွာ.. သူများက အသက်ကြီးလာလေ… ကိုယ့်ကိုယ်ကို ထိန်းသိမ်းလာလေ… မင်းကတော့ အသက်ကြီးလေ… ပျက်စီးလာလေပဲ….”

ထိုသို့ စောဒကတက်နေသော်လည်း မစ်ရှင်ကိုတော့ လုပ်ရပေမည်။

DouYu အက်ပ်ကို ဖွင့်ပြီးနောက် အဆိုပါ ပလက်ဖောင်းနှင့် လျင်မြန်စွာ နေသားကျသွားကာ သူ့အတွက် စနစ်မစ်ရှင်ပြီးမြောက်ဖို့ရာ တောင်းဆိုနိုင်မည့် စထွင်မာ လှလှလေးများအား လိုက်ရှာတော့၏။

“ လင်းရီ …”

လင်းရီ စနစ်မစ်ရှင် ပြီးမြောက်ဖို့ အားစိုက်ထုတ်နေစဉ် ကျီချင်းရန် ဘေးကုတင်မှ သူ၏ နာမည်အား ခေါ်လိုက်သည်ကို ကြားလိုက်ရ၏။

“ ဘာလို့လဲ… အိပ်မပျော်လို့လား…”

“ အဲ့စထွင်မာတွေက ငါ့ထက် ကြည့်ကောင်းတယ်လို့ နင်ထင်နေတာလား…”

“ မေးနေစရာ လိုသေးလို့လား… သေချာပေါက် ချင်းရန်က သူတို့ထက် အများကြီး ကြည့်ကောင်းတာပေါ့… ညသန်းခေါင်ကြီး နိုးလာတာ အဲ့တာ မေးမလို့လား….”

“ ငါက လှတယ်ဆိုရင် နင်က ညလယ်ခေါင်ကြီး မအိပ်သေးပဲနဲ့ ဘာလို့ အဲ့ဒီ စထွင်မာမတွေကို လိုက်ကြည့်နေတာ…”

“ ဒါက… မေးခွန်းကောင်းပဲ….” လင်းရီ သူ၏ ကုတင်ပေါ်မှ ခုန်ချလာပြီး ကျီချင်းရန် အိပ်ရာပေါ်သို့ လွှားတက်လိုက်ကာ သူမ မတုံ့ပြန်နိုင်ခင်တွင်ပဲ စောင်အောက်သို့ ရောက်ရှိသွားခဲ့ချေပြီ။

“ ဒီနေ့ည ဘယ်သူ့ကိုမှ မကြည့်တော့ဘူး… မင်းကလွဲလို့ပေါ့…”

All Chapters