← Chapters

အနားမှာပဲနေ

Vol. 44 Ch. 655

အနားမှာပဲနေ

Vol. 44 Ch. 655

“ ရီလေး.. ဘာတွေဖြစ်နေတာ…” ကျောက်ချွမ်းဖု မေးလိုက်ပြီး “ အချက်အလက်တွေထဲမှာ ပြောထားတာကျတော့ သူ့မိန်းမက မြုံနေတာမဟုတ်ဘူးလား.. ဘာလို့ ရုတ်ချည်း ကလေးရှိလာခဲ့တာ….”

“ ဒါ သူတို့တွေ အတုလုပ်ထားတာ…” လင်းရီ ပြောလိုက်ပြီး “ ရဲဌာနကိုတောင် ကွယ်ဝှက်ထားနိုင်တယ်ဆိုတော့ သူတို့ မိသားစုက တော်တော်လေး အဆက်အသွယ် ကောင်းတဲ့ ပုံပဲ… တကယ်လို့ ကျွန်တော်သာ ဝူကျောင်းယိုကို မစုံစမ်းခိုင်းလိုက်ဘူးဆိုရင် ဘယ်သူကမှ ဒီကိစ္စကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး..”

“ ငိုးပဲ… ဒီမိသားစုကလူတွေ တော်တော်လွန်သွားပြီ.. “ ကျောက်ချွမ်းဖု ကျိန်ဆဲလိုက်ပြီး “ သူတို့ဆီမှာ သေချာပေါက် ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိရမယ်… ကလေးကို ဒီတိုင်း ပေးပစ်လို့ မရဘူး..”

“ အမှန်ပဲ…”

ကလင် ကလင် ကလင်

ထိုစဥ် လင်းရီဖုန်းသံ ထပ်မံမြည်လာခဲ့၏။ ဝမ်ချွေ့ပင်းထံမှပင်။

“ သား.. နင်တို့ ရဲစခန်းကနေ အချက်အလက်တွေ ရလာပြီလား.. ပြဿနာတွေ ဘာတွေကော တွေ့မိသေးလား…”

“ မပူနဲ့.. ကျွန်တော် ပြန်ရောက်ရင် ပြောပြမယ်…” လင်းရီ ပြောလိုက်၏။

“ အင်း… မြန်မြန်ပြန်လာခဲ့…သူတို ဒီတောင်ရောက်နေပြီ… ကလေးကို ခု ခေါ်သွားချင်နေပြီတဲ့…”

“ ဘယ်သူလဲ… ခု ရောက်နေတဲ့သူ နာမည်က ဘယ်သူလဲ…” လင်းရီ မျက်မှောင်ကြုတ်လိုက်၏။

“ သူ့နာမည်က ကျန်းဝန်ပေါင်းလေ… သား ဒီမနက်တုန်းက သူတို့ရဲ့ အချက်အလက်တွေကို ဖတ်လိုက်သေးတယ်ဆိုတော့ အဲ့နာမည်ကို မှတ်မိမှာပါ…”

“ မှတ်မိတာထက်ကို ပိုတာပေါ့…” လင်းရီ ခပ်ရေးရေး ပြုံးလိုက်ပြီး “အမေ.. သူတို့ကို ခြံထဲမှာ စောင့်နေဖို့ ပြောထားပေး… ကျွန်တော်တို့ ခုပဲ ပြန်လာနေပြီ…”

“ ကောင်းပြီလေ… မြန်မြန်လေးနော်…သူတို့ ခုစောင့်နေကြတာ…”

“ အင်း… စောင့်ခိုင်းထားဦး…”

ဖုန်းချပြီးနောက် လင်းရီ ကျီချင်းရန်နှင့် ကျောက်ချွမ်းဖုတို့ကို ဝေ့ကြည့်လိုက်ပြီး “ သွားစို့… အဲ့ ကျန်းမျိုးရိုးနဲ့ကောင်က ရောက်တောင်ရောက်နေပြီ… ဘာတွေဖြစ်နေလဲဆိုတာ သူတို့ကို သွားမေးကြည့်ရမယ်….”

“ မြန်မြန်သွားစို့.. ဒီလူက ဂေဟာကိုတောင် အချက်အလက်အတုတွေနဲ့ လုပ်ကြံရဲတယ်… ငါတို့ ဟိုးအောက်ခြေထိ လိုက်မှဖြစ်မှာ…”

သုံးယောက်သား ဂေဟာသို့ ခပ်သွက်သွက် ပြန်လာခဲ့ကြပြီး ကျန်းဝန်ပေါင်းနှင့် သူ့ဇနီးကို ဒါရိုက်တာရုံးခန်း၌ တွေ့ဆုံလေသည်။

ထို စုံတွဲမှာ လင်းရီတို့ထက်ပင် ဖက်ရှင်ကျနစွာ ဝတ်ဆင်ထား၏။ အမျိုးသားမှာ အဖြူရောင်ရှပ် ၊ အပြာရောင် စတိုင်ပန်နှင့် သားရေ ရှူးဖိနပ်တို့အား စီးနင်းထားကာ အမျိုးသမီးမှာတော့ ပန်းပွင့်ရောင် ဂါဝန်နှင့် LV လက်ကိုင်အိတ်ကို ကိုင်ထားပြီး တစ်ချက်ကြည့်ရုံနှင့် ပိုက်ဆံချမ်းသာသူများဖြစ်ကြောင်း သိသာလေသည်။

“ သား .. နင်ပြန်လာပြီလား… အချက်အလက်တွေကော ဘယ်လိုရှိလဲ… အမေ့ကို ပြပါဦး…” ဝမ်ချွေ့ပင်း ကြင်နာစွာ ဆိုလိုက်၏။

လင်းရီ စာဖိုင်သုံးခုကို ကမ်းပေးလိုက်ပြီး ဝမ်ချွေ့ပင်းမှ ကျန်းဝန်ပေါင်း၏ ကိုယ်ရေးမှတ်တမ်းကို လှန်လောဖတ်ရှုကြည့်လိုက်၏။

သို့သော်လည်း သူမ မှားယွင်းမှု တစ်စုံတစ်ရာကိုမျှ ရှာလို့မတွေ့ချေ။

“ ဥက္ကဌဝမ်… ကျုပ်တို့က အရည်အချင်းပြည့်မှီတယ်မလား…” ကျန်းဝန်ပေါင်း အပြုံးလေးဖြင့် ပြောလိုက်၏။

“ ပြေပါတယ်ရှင်.. ဘာပြဿနာမှမရှိပါဘူး…”

“ ဥက္ကဌဝမ် စိုးရိမ်နေစရာကို မလိုတာ… ကျုပ်တို့ မိသားစုက အထက်တန်းကျကျ နေတဲ့သူတွေလေ… အဲ့လိုမျိုး ရမ်းကားကြမ်းတမ်းတဲ့ အလုပ်တွေ မလုပ်တတ်ပါဘူး..”

“ နားလည်ပါတယ်…” ဝမ်ချွေ့ပင်း ခေါင်းတညိမ့်ညိမ့်ဖြင့် ပြောလိုက်ပြီး “ ဆိုတော့ နောက်တစ်ဆင့် တက်ကြတာပေါ့… ရှင်တို့ သုံးနှစ်အောက် ကလေးတွေကိုပဲ မွေးစားခွင့်ရှိတယ်… အဲ့ဒီအကြောင်းကိုလည်း ကြိုပြောပြီးပြီဆိုတော့ ပြဿနာမရှိဘူးမလား…”

“ မရှိပါဘူး.. မရှိပါဘူး..” စုံတွဲမှ ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။

“ အမေ .. ခဏ… တစ်မိနစ်လောက် စောင့်ပေးဦး…” လင်းရီ ဟန့်တားလိုက်သည်။

“ တခြား ကိစ္စရှိလို့လား…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး စုံတွဲကို ကြည့်ကာ “ ဒီထဲက အချက်အလက်တွေအတိုင်းဆိုရင်တော့ တကယ်ကြီး လုံးဝကို ပြဿနာ မရှိဘူး… ဒါပေမယ့် ငါ စိတ်ထဲထင့်နေတော့ မင်းတို့ရဲ့ နောက်ခံကို တစ်ချက် စစ်ဆေးကြည့်လိုက်တယ်… မင်းတို့နှစ်ယောက်မှာ တစ်နှစ်နဲ့ သုံးလသားအရွယ် သားတစ်ယောက်ရှိတယ်မလား….”

“ ဒါက…” စုံတွဲ နှစ်ယောက်မှာ ရုတ်ချည်း မျက်နှာပျက်သွားခဲ့ကြ၏။

မည်သူကမျှ လင်းရီ သူတို့အကြောင်း စုံစမ်းနိုင်လိမ့်မည်လို့ ထင်မှတ်မထားချေ။

“ ဆာ… ခင်များ ဘာတွေလာပြောနေတာ… ကျုပ်တို့ ဘာမှ နားမလည်ဘူး..”

“ ဒီအချိန်ရောက်နေတာတောင်မှ ရူးချင်ယောင်‌ ဆောင်နေတာက အဓိပ္ပာယ်ရှိတယ်လို့ ထင်လား…”လင်းရီ ပြောလိုက်၏။

ထိုအခိုက်အတန့်တွင်တော့ ဝမ်ချွေ့ပင်းမှာ လင်းရီကို အပြည့်အဝ ယုံကြည်လေသည်။

ကြည့်ရသလောက်တော့ ဤလူများက လိမ်ညာနေဟန်ပင်။

“ မစ္စတာကျန်း… ရှင်တို့ သင့်တင့်လျောက်ပတ်တဲ့ ဖြေရှင်းချက် တစ်ခု ပေးတာ ကောင်းမယ်နော်… ရှင် ကျွန်မတို့ကို အချက်အလက်တွေ ပေးထားတဲ့ထဲမှာ ကလေးရှိတယ်လည်း မပြောထားဘူး…”

စုံတွဲမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာအမူအရာမှာ သုန်မှုန်နေကြကာ “ ကောင်းပြီလေ… ကျုပ်တို့ အမှန်အတိုင်း ပြောပြလိုက်မယ်…” ကျန်းဝန်ပေါင်း ပြောလိုက်ပြီး “ ကျုပ်တို့မှာ တကယ်ကြီး သားတစ်ယောက်ရှိတယ်…ဒါပေမယ့် မွေးကတည်းက မျက်လုံး ပြဿနာရှိနေတော့ မျက်ကြည်လွှာလဲဖို့ လိုတယ်… ဒါကြောင့်မို့ ကျုပ်တို့သားရဲ့ မျက်ကြည်လွှာလဲဖို့ ကလေးတစ်ယောက်ကို မွေးစားချင်နေတာ…”

“ ရန်ချိန်က မိဘမဲ့ဂေဟာတွေ အကုန်လုံးကို လိုက်ကြည့်ပြီးသွားပြီ.. ခင်များတို့ ဂေဟာတစ်ခုတည်းကပဲ ကျုပ်သားနဲ့ ရွယ်တူ ကလေးတွေ ရှိတာ .. နောက်ပြီး ဒီက အစားအသောက်တွေ ကျွေးနိုင်တော့ ကလေးတွေကလည်း ဝဝတုတ်တုတ်လေးတွေလေ…. ခွဲစိတ်ဖို့ ပိုအဆင်ပြေတာပေါ့…”

၎င်းတို့၏ ဟန်ဆောင် မျက်နှာဖုံး ကွာကျသွားပြီးနောက် ကျန်းဝန်ပေါင်းနှင့် သူ့ဇနီးမှာ မောက်မာပြီး တစ်ကိုယ်ကောင်းဆန်သည့် မျက်နှာထားကို အပြည့်အဝ ဖော်ထုတ်ထားကြလေသည်။

“ ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ အပိုတွေ ပြောမနေတော့ဘူး… ယွမ် ငါးသိန်း… ကလေးတစ်ယောက်က အဲ့လောက်ဆို အတန်ကြီး တန်နေပြီမလား…”

“ ရှင်တို့ မျိုးမစစ်တွေ…” ကျီချင်းရန် မနေနိုင်တော့ပဲ လက်ညိုးထိုး ကျိန်ဆဲလိုက်ပြီး “ ရှင်တို့ ဘယ်လိုတောင် ပြောထွက်ကြတာလဲ… လူမဟုတ်ကြဘူးလား…”

ကျန်းဝန်ပေါင်း ကျီချင်းရန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ ဤအမျိုးသမီးက အနည်းငယ် အကဲပိုလွန်းသည်ဟု ခံစားနေရလေသည်။

“ ဥက္ကဌ၀မ်... ပိုက်ဆံက ကိုယ်ပိုင် ဘဏ်အကောင့်ထဲ သွားမှာနော်… ယွမ်ငါးသိန်းဆိုတဲ့ ပမာဏက မနည်းဘူး.. ဂေဟာတစ်ခု ဝယ်လို့ ရတာထက်တောင် ပိုနေသေး…”

“ ဟက်… နင်တို့ကောင်တွေ ဒီထက်ဈေးပိုလိုချင်နေတယ်လို့တော့ လာမပြောနဲ့…” ကျန်းဝန်ပေါင်း၏ အမျိုးသမီးမှ အထင်သေးစွာ ပြောဆိုလိုက်၏။

“ ငါတို့က နင်တို့လောက်တော့ အရှက်မမဲ့သေးဘူး…”

“ ကောင်မ.. နင် ဘာတွေ ပြောနေတာ… နင်ဘယ်သူ့ကို အရှက်မဲ့တဲ့တယ်လို့ ပြောနေတာလဲ…”

ဖြောင်း…

လင်းရီ လက်ပင့်မြောက်လိုက်ပြီး ကျန်းဝန်ပေါင်း၏ ဇနီးကို ပါးရိုက်လိုက်၏။

“ ခင်များကြီးရဲ့ ပုပ်စော်နံနေတဲ့ ပါးစပ်နဲ့ စကားမပြောနဲ့ .. ပြီးတော့ သူ့ကိုလည်း လက်ညိုးနဲ့ ထိုးစရာ မလိုဘူး…”

“ မင်း.. မင်း ငါ့မိန်းမကို ရိုက်တယ်….”

ကျန်းဝန်ပေါင်း သူ့မိန်းမကို ဖေးမလိုက်ပြီး “ ဒီတိုင်း စုတ်ချာနေတဲ့ မိဘမဲ့ ဂေဟာလေးကများ…ဘာတွေလာပြီး မာန်တက်ပြနေတာ... ကျုပ်သားကို မျက်ကြည်လွှာပေးရတာ ဂုဏ်တောင်ယူရဦးမယ့်ဟာကို…. “

“ သွားကြစမ်း… နှစ်ယောက်လုံး ခုချက်ချင်း ထွက်သွားကြ…”

ဝမ်ချွေ့ပင်း ခန္ဓာကိုယ် တဆတ်တဆတ် တုန်ခါသည်အထိ ဒေါသထွက်နေပြီး ကျန်းဝန်ပေါင်းနှင့် သူ့ ဇနီးကို မောင်းထုတ်လိုက်၏။

“ ရတယ်လေ… ဒီနေရာကနေ မရတော့ကော ဘာဖြစ်တာမှတ်လို့.. တခြား ဂေဟာတွေမှ အများကြီး… တချို့ဆို သူတို့ကလေးတွေကို ရောင်းချင်လွန်းလို့ စောင့်တောင် မစောင့်နိုင်ကြဘူး….”

“ ခင်များ အဲ့လို လုပ်နိုင်တော့မှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ဒီရောက်လာပြီးတော့မှ လွယ်လွယ်နဲ့ ပြန်ထွက်သွားလို့ရမယ် ထင်နေတာလား…”

“ အဲ့တော့ မင်းက ဘာဖြစ်ချင်တာ…. ငါ့ကို ထိန်းသိမ်းထားချင်နေတာလား…”

“ ခင်များတို့လို လူ့တိရစ္ဆာန်တွေနဲ့ လေကုန်မခံချင်ဘူး.. ရဲတွေနဲ့ပဲ စကားပြောလိုက်တော့..”

ကျန်းဝန်ပေါင်း လင်းရီကို အေးစက်စက် ကြည့်လိုက်ပြီး “ ကောင်‌လေး....ငါ မင်းကို ကြောက်မယ်များ ထင်နေတာလား.. ငါ့ကို ကျောထောက်နောက်ခံပေးမယ့် အဆက်အသွယ်တွေ မရှိရင် ငါ အလုပ်လုပ်ခဲ့တဲ့ သက်တမ်း နှစ်နှစ်ဆယ်က အလဟဿ ဖြစ်သွားမှာပေါ့…”

“ လေကြီးလွန်းနေပြီ…” လင်းရီ ရယ်မောလိုက်ပြီး “ ရန်ချိန်က ဒါရိုက်တာ ဝူကျောင်းယိုတောင် ခင်များလောက် မမော်ကြွားဘူး…”

“ ဘာ… ဘာပြောလိုက်တယ်… မင်းက ဒါရိုက်တာဝူနဲ့ သိတယ်ဟုတ်လား..”

ရန်ချိန်တွင် ကျန်းဝန်ပေါင်းမှာ နာမည်ကြီးသည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်သော်လည်း အတန်ငယ် ချမ်းသာသောကြောင့် ရန်ချိန်ရှိ ခေါင်းဆောင်များနှင့် ဆုံဖူးလေသည်။

ထို့ကြောင့် ဝူကျောင်းယိုကို သူတွေ့ဖူးနေသည်က သဘာဝပင်။

“ မယုံလို့လား… မဟုတ်ရင် ခင်များအကြောင်းတွေကို လွယ်လွယ်နဲ့ ရှာတွေ့သွားမယ်လို့ ထင်လား…” လင်းရီ ပြောလိုက်ပြီး “ ခင်များလို ကောင်မျိုးကို အပြင်မှာ ထားတာ ကမ္ဘာကြီးကို ညစ်ညမ်းစေတယ်… ဒါကြောင့်မို့ ဒါရိုက်တာဝူကို ထောင် လေးငါးနှစ်လောက် ချပေးဖို့ ပြောလိုက်မယ်…”

ကျန်းဝန်ပေါင်းနှင့် သူ့ဇနီးမှာ လုံးဝ ရှော့ခ်ရသွားခဲ့ကြ၏။

မြေပြင်တွင် သစ်ငုတ်ကြီးတွယ်ထားသကဲ့သို့ ငူငူငိုင်ငိုင်ကြီး ရပ်နေပြီး ၎င်းတို့၏ ရှေ့ဆက်အနာဂတ်ကို မြင်ယောင်နေကြည့်ကာ တွေးပင် မတွေးဝံ့တော့ချေ။

မကြာမီ ရဲဌာနမှ လူများ ရောက်ရှိလာပြီး ထိုနှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြလေသည်။

ရဲအရာရှိ ခေါင်းဆောင်ဖြစ်သူဟန်မှ လင်းရီထံ ရောက်လာပြီး ယဉ်ကျေးသည့် လေသံဖြင့် “ မစ္စတာလင်း… ဒါရိုက်တာဝူက ကျွန်တော်တို့ကို အခြေအနေတွေအကြောင်း ရှင်းပြပေးပြီးပါပြီ…ကျွန်တော်တို့ ဒီကိစ္စကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမှာပါ…”

“ အိုကေ.. ကျေးဇူးပါ…”

“ ရပါတယ်… ဒါက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ…”

ကျန်းဝန်ပေါင်းနှင့် သူ့ဇနီးတို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လင်းရီ ဖုန်းသံ မြည်လာလေသည်။ ဝူကျောင်းယိုမှ ဆက်သွယ်လာခဲ့ခြင်းပင်။

အခန်းထဲ၌ လူရှုပ်နေသောကြောင့် လင်းရီ စကားပြောရန် ကော်ရစ်ဒါသို့ ထွက်လာခဲ့လိုက်၏။

“ မစ္စတာလင်း… ကျုပ် လက်အောက်ငယ်သားတွေဆီကနေ ပြန်ကြားရတာ ခင်များ ရန်ချိန်ရောက်နေတယ်ဆို..”

“ အင်း.. မနေ့ကလေးတင် ရောက်တာ… ကျုပ်ကုမ္ပဏီက စိတ်ဝင်စားတဲ့ ရင်းနှီးမြုပ်နှံရေး ပရောဂျက်တစ်ချို့ရှိလို့ တစ်ချက်လာကြည့်တာလေ…” လင်းရီ ပြုံးလိုက်ပြီး “ ပြီးတော့ ကျုပ်မိဘတွေဆီလည်း ပြန်လာရင်းပေါ့…”

ဝူကျောင်းယိုမှ သူ ရန်ချိန်သို့ ရောက်နေသည့် သတင်းကို သိသွားသည့် အတွက်လည်း လင်းရီ အထူးအဆန်းဖြစ်မနေချေ။ သူ နှင့် စောနလေးတင် စကား ပြောသွားသည့် ရဲအရာရှိမှာ ထွက်သွားပြီးနောက် သတင်းပို့လိုက်ခြင်း ဖြစ်လောက်၏။

“ ဒါဆို ကောင်းတာပေါ့…. အားရင် ကျုပ်ဆီလာလည်ပါဦးလား… အိမ်ရှင် တစ်ယောက်အနေနဲ့ အကောင်းဆုံး ဧည့်ဝတ်ကျေချင်လို့ပါ…”

“ ဒါရိုက်တာဝူကတော့ ကြင်နာလွန်းနေပါပြီ… မနက်ဖြန်မှ တွေ့ဖို့ ဆက်သွယ်လိုက်မယ်…”

“ ကောင်းပါပြီ.. ဒါဆို ကျုပ် မစ္စတာလင်း ဆက်သွယ်လာမှာကို စောင့်နေပါ့မယ်…”

“ အိုကေ…”

ရိုးရှင်းစွာ စကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

သူရုံးခန်းသို့ ပြန်ရောက်လာပြီးနောက် ဝမ်ချွေ့ပင်းမှာ သူမ၏ ထိုင်ခုံနေရာတွင် အားလျော့စွာဖြင့် ထိုင်နေကြောင်း မြင်တွေ့လိုက်ရလေသည်။

“ သား.. ဒီတစ်ကြိမ်တော့ နင့်ကို ကျေးဇူးတင်ရမယ်… မဟုတ်လို့ကတော့ ကလေးက သူ့ တစ်ဘဝလုံး အဆုံးသတ်သွားပြီလို့တောင် ပြောလို့ရတယ်… အဲ့လိုဆို မေမေတို့ အပြစ်လည်း ကင်းမှာမဟုတ်ဘူး… ဟင်း… အဲ့လိုမျိုး တစ်ကိုယ်ကောင်းဆန်တဲ့ သူတွေ ရှိလိမ့်မယ်လို့တောင် ထင်မထားဘူး…. ဘာလို့ အမေတို့ ဂေဟာမှတဲ့လဲဟင်…”

အတိတ်တွင်တုန်းက တင်းကြပ်သည့် လုံခြုံရေးနှင့် ဥပဒေတို့ မရှိသောကြောင့် ယခုလို ဖြစ်ရပ်များမှာ အတော်လေး တွင်ကျယ်နေပြီး ထိုစဉ်က မိဘမဲ့ဂေဟာများလည်း အတော်လေး နာမည်ဂုဏ်သတင်း ပျက်ခဲ့ရသည်။

သို့သော်လည်း နှစ်တို့ကြာညောင်းလာပြီးသည့် နောက် လုံခြုံရေးမှာ ပိုမိုတင်းကြပ်လာခဲ့ကာ ယခုလို ဖြစ်ရပ်မျိုးမှာလည်း အတော်လေး ရှားပါးလာခဲ့သည်။

ထို့ကြောင့် ဝမ်ချွေ့ပင်းလည်း သူမ အနည်းငယ် သတိလက်လွတ်ဖြစ်သွားသည့် အချိန်၌ ယခုလို ဖြစ်ပျက်လာလိမ့်မည်လို့ ထင်မထားခဲ့ချေ။

“ ဒီတိုင်း တိုက်ဆိုင်သွားတာ မဟုတ်လား အမေရယ်… ဒေါသထွက်မနေနဲ့တော့…” လင်းရီ ဖြောင်းဖြလိုက်၏။

ဝမ်ချွေ့ပင်း သူမ မျက်ရည်များကို သုတ်လိုက်ပြီး စိတ်ဒုံးဒုံးချထားသည့် အမူအရာဖြင့် “ မတော်တဆတွေ ဘာတွေ နားမလည်ဘူး… ခုကစပြီး ဂေဟာက ကလေးတွေကို ဘယ်သူ့ဆီကိုမှ မပေးနိုင်တော့ဘူး… ငါ ထမင်းမစားနိုင်လို့ ဆန်ပြုတ်ပဲ သောက်နေရပါစေ… သူတို့လေးတွေကို ငါ့ဘေးနားမှာပဲ စောင့်ရှောက်ထားတော့မယ်…”

All Chapters