← Chapters

ဒီအစ်ကိုကြီးက မင်းတို့လို ကိုယ်ရည်သွေးတဲ့သူတွေကို စောက်ရမ်း သဘောကျတာ

Vol. 44 Ch. 659

ဒီအစ်ကိုကြီးက မင်းတို့လို ကိုယ်ရည်သွေးတဲ့သူတွေကို စောက်ရမ်း သဘောကျတာ

Vol. 44 Ch. 659

လင်းရီ စနစ် မစ်ရှင် စာမျက်နှာကို ဖွင့်လိုက်၏။ စနစ်မစ်ရှင်မှာ အမျိုးသမီး စထွင်မာတစ်ဦးအား တစ်မီလီယမ်ယွမ် ချီးမြင့်ပေးပြီး နဂါးအမြီးဆန့်ခြင်း သရုပ်ဖော်ပုံစံအား ပြုလုပ်ခိုင်းရန်ပင်။

ယင်းမစ်ရှင်က မခက်ခဲသောကြောင့် လင်းရီလည်း သိပ်အာရုံထားမနေချေ။

တစ်မီလီယမ်ယွမ်ကို မဆိုထားဘိ၊ ယွမ် ငါးသောင်းကပင်လျှင် စထွင်မာတစ်ဦးအား ဒယ်ဒီဟု ခေါ်ခိုင်းရန် လုံလောက်နေပြီး ဖြစ်၏။

ဆိုတော့ နဂါးအမြီးဆန့်ခြင်းပုံစံကို သရုပ်ဖော်ခိုင်းရန် အဘယ်၌ ပြဿနာရှိလိမ့်မည်နည်း။

သူ Dou yu အက်ပ်ကို ဖွင့်လိုက်ပြီး သူ၏ စနစ်မစ်ရှင်အား ဖြည့်ဆည်းပေးမည့် အမျိုးသမီး စထွင်မာအား ဦးစွာ လိုက်ရှာသည်။

ကျန်းရှောင်ယွီဟု အမည်တွင်သည့် အမျိုးသမီး စထွင်မာအား လင်းရီ မှတ်မိနေသေး၏။ အကယ်၍ သူအမှတ် မမှားဘူးဆိုလျှင် သူမလည်း Dou yu စထွင်မာတစ်ဦးပင်။

သို့သော်လည်း လင်းရီ သူမအား ရည်ရွယ်ချက် ရှိရှိ လိုက်မရှာချေ။ သူ၏ မစ်ရှင်အား လုပ်ဆောင်ပေးရန် စထွင်မာ အသစ်လေးများအား လိုက် မွှေနှောက်ကြည့်လိုက်၏။

တစ်ခုတည်းသော ပြဿနာမှာ စထွင်မာအားလုံးက ထိုကကွက်ကို သိမသိ မသေချာသောကြောင့် အရင်ဆုံး မေးကြည့်ရန် လိုအပ်သေးသည်။

သူ အက်ပ်ကို ဖွင့်လိုက်တော့ အသိပေးချက်တစ်ခု ပေါ်လာလေသည်။

“ လေဟုန်စီးပြီး လှိုင်းခွင်းမယ့် ရှိုးက စနေပြီနော်… မြန်မြန်လေး လာပြီးတော့ သင်တို့ ရင်ထဲက မိန်းမလှလေးကို ရွေးချယ်လိုက်ကြစို့…”

“ သောက်ကျိုးနည်း အထင်ကြီးလောက်စရာပဲ.. ဒီလိုအရာမျိုးကတောင် နာမည်ကြီးနေတာလားဟ…”

ယခုခေတ် တိုက်ရိုက်ထုတ်လွင့်သည့် ပလတ်ဖောင်းများမှာ ပွဲအစီအစဉ်များကို တစ်ခုပြီးတစ်ခု ကျင်းပနေလေသည်။ ယင်းက ၎င်းတို့ ပလက်ဖောင်းကို စည်ကား တက်ကြွစေပြီး ရေပန်းစားမှုကိုလည်း ရရှိစေ၏။

နာမည်ကျော်ကြားမှု ရရှိစေရန်အတွက် လူတို့ မလုပ်ဝံ့သာ မရှိချေ။

၎င်းကိုတွေးမိတော့ လင်းရီ တလောတုန်းက တိုက်ရိုက်

ထုတ်လွင့်မှုတစ်ခုကို သွားသတိရလိုက်သည်။

ပလတ်ဖောင်း ပိုင်ရှင်၏ ဦးလေးမှ ဒရိုင်ဘာလိုင်စင် စာမေးပွဲအတွက်အောင်မြင်သည့် အတွက် ကြီးကျယ်ခမ်းနားစွာ ပွဲကျင်းပခြင်းပင်။

အဆိုပါ မက်ဆေ့ချ်ကို မြင်တော့ လင်းရီ ပွဲစီစဉ်သူများကို တော်တော်လေး စိတ်ပျက်သွားခဲ့၏။

သို့သော်လည်း အင်တာနက် နယ်ပယ်တွင်တော့ ထိုသို့သော ကိစ္စရပ်များက သာမန်ဆန်သည့် ကိစ္စများပင်။

လင်းရီ အဆိုပါ အသိပေးစာကို တစ်ချက်နှိပ်လိုက်သောအခါ ပွဲကျင်းပသည့် အချက်အလက်စာမျက်နှာ အသေးစိတ်သို့ ရောက်ရှိသွားသည်။ ၎င်းကိုမြင်တော့ လင်းရီ ဦးဆောင်မှုပြဇယားအား နှိပ်လိုက်၏။ သူ ထိပ်ဆုံး ဆယ်ယောက်တွင် ပါဝင်ဆင်နွဲနေသူများကို ကြည့်ကြည့်လိုက်တော့ နံပါတ်ငါးက သိပ်မဆိုးလှကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူ အဆိုပါ တိုက်ရိုက်ထုတ်လွင့်ခန်းထဲသို့ ဝင်ရောက်လိုက်လေသည်။

အဆင့် ငါး နေရာ၌ ရောက်ရှိနေသည့် အမျိုးသမီး စထွင်မာ၏ နာမည်က ဟန်ရွှမ်းဖြစ်ပြီး သူမ၏ အွန်လိုင်းအိုင်ဒီကတော့ ကစ်သီလေးပင်။

သူမကို မြင်လိုက်သည်နှင့် ပထမဆုံး ထင်မြင်ချက်ကတော့ သူမက အတော်လေး လှပ၏။

နှာတံစင်းစင်းနှင့် ရှည်လျားသည့် ဆံနွယ်တို့က ပခုံးပေါ် ဖြန့်ကျက်နေကာ အလှလေး တစ်ယောက်အဖြစ် သတ်မှတ်၍ ရလေသည်။

Dou yu ပေါ်တွင် ဟန်ရွှမ်းမှာ အတော်လေး ကျော်ကြားသော်လည်း သူမအား အဆင့်ငါး နေရာ၌ ရှိစေသည့် တစ်ခုတည်းသောအားနည်းချက်ကတော့ အေးတိအေးစက်နိုင်ခြင်းပင်။

သူမ၏ ပြုမူပုံမှာ အတော်လေး ဂုဏ်မောက်လှပြီး ပြုံးခဲကာ သူမအခန်းသို့ ရောက်ရှိလာသည့် ကြည့်ရှုသူ ပရိသတ်များက သူမ၏ အပြုံးကို မြင်ရန် မထိုက်တန်ဟု ခံစားရစေသည်။

ယင်းအချက်ကို သဘောမတွေ့သည့် Dou yu ပလတ်ဖောင်း စီမံသူများကလည်း ထိုအကြောင်းကို သီးသန့်ဆွေးနွေးပြီး ဖြစ်၏။

ဟန်ရွှမ်း၏ သွင်ပန်း ပုံသဏ္ဍာန်နှင့်ဆိုပါက သူမသာ အနည်းငယ် လှုပ်ရှား တက်ကြွပြီး ချစ်စဖွယ် ပြုမူပေးပါက ထိပ်ဆုံး သုံးယောက်၌ ရပ်တည်နေနိုင်မည့် ထိပ်တန်း စထွင်မာတစ်ဦး ဖြစ်လာနိုင်သည်။

သို့သော် ယခုတော့ အဆင့်ငါး နေရာနှင့် ကျေနပ်နေရ၏။

“ လက်ဆောင်တွေ ပေးကြတဲ့လူတိုင်းကို ကျေးဇူးပဲနော်… ခု ကစ်တီတို့ အဆင့်ငါး နေရာတောင် ရောက်သွားပြီ…” ဟန်ရွှမ်း ပြောလိုက်၏။

“ ငါတို့ရဲ့ ကစ်တီလေးကို ကြည့်လိုက်ကြစမ်း… အရင်အတိုင်း အေးတိအေးစက်နဲ့….အဆင့်ငါး ရောက်လာတာတောင် ဘာမှ သိပ်ခံစားရတဲ့ ပုံတောင် မပေါ်ဘူးပဲ… “

“ မင်း လာနောက်နေတာလား… ကစ်တီလေးက ရေခဲနတ်ဘုရားမလေးကွ.. သူ့ဆီကနေ အပြုံးတစ်ပွင့်ရဖို့ဆိုတာ လွယ်တယ်များ မှတ်နေလား…”

“ ဟင်း… တခြား စထွင်မာတွေရဲ့ အခန်းမှာဆို ငါတို့ကောင်တွေက ဘာလုပ်ပေး ညာလုပ်ပေး ဆိုပြီး… တောင်းဆိုလို့ရတယ်… ကစ်တီကျတော့ သူ့စိတ်အခြေအနေပေါ် မူတည်နေတာ… သောက်ရမ်း ခက်ခဲလွန်းပါတယ်…”

Dou yu ပလတ်ဖောင်းတွင် ဟန်ရွှမ်းအား ရေခဲ နတ်ဘုရားမလေးအဖြစ် လူသိများကြ၏။ သို့သော် တစ်ခါတစ်ရံတော့ သူမ၏ ပရော်ဖက်ရှင်နယ်ဆန်သည့် အပြုံးတုလေးအား ထုတ်ပြတတ်သေးသည်။ မကြာခဏ လာကြည့်တတ်သူများ ဆိုလျှင်တော့ သူမ ထိုအပြုံးမျိုးကို ဒုံးပျံငါးခု တစ်ခါတည်း လက်ဆောင်ပေးသည့် အချိန်ကျမှ ပြုံးပြလေ့ရှိကြောင်း သတိထားမိလေသည်။ ယင်းပမာဏက ယွမ် တစ်သောင်းနှင့် ညီမျှ၏။

ထိုအကြောင်းပြချက်ကြောင့်ပဲ သူမအခန်းထဲရှိ ကြည့်ရှုသူများက ရေခဲ နတ်ဘုရားမဟု ခေါ်သမုတ်ကြသကဲ့သို့ အချို့ကလည်း ပရော်ဖက်ရှင်နယ် ဖိနပ်လျက်သူဟု ခေါ်ဝေါ်ကြသည်။

(ဖိနပ်လျက်တယ် ဆိုတာ ကိုယ့်အကျိုးလိုလားလို့ သူများကို ချော့ပေါင်း အကြိုက်ပေးပေါင်း မြောက်ပင့်ပေါင်းသူများကို ဆိုလိုပါတယ် )

အဘယ်ကြောင့်ဆိုသော် သာမန် ဖိနပ်လျက်သူများက ထိုသို့သော လက်ဆောင်များရရှိရန် အမျိုးမျိုး ကြံဖန်နေရပြီး ဟန်ရွှမ်းကတော့ တကယ့်ကို အေးတိအေးစက်နိုင်လွန်းလှသည်။

“ ဒီစထွင်မာက နဂါးအမြီးဆန့်တဲ့ ကကွက်ကို လုပ်တတ်လား မသိဘူး…”

တိုက်ရိုက်ထုတ်လွင့်နေသည့် ဟန်ရွှမ်းမှာ အဆိုပါ မှတ်ချက်ကို မြင်တော့ အနည်းငယ် ကြက်သေသေသွားခဲ့၏။

အမျိုးသမီး စထွင်မာ အလုပ်ကို လုပ်ကိုင်၍ စီးပွားရှာနေသူတိုင်းအတွက် နဂါးအမြီးဆန့်ခြင်း ကကွက်မှာ မဖြစ်မနေ တတ်မြောက်ထားရမည့် ကကွက်ပင်။

ထို့သို့သော ကကွက်မျိုးကို ဟန်ရွှမ်းလည်း သိပေသည်။ သို့သော်လည်း လွယ်လင့်တကူတော့ မကပြနိုင်ချေ။ သူမ အနည်းဆုံးတော့ စူပါဒုံးပျံကြီး ဆယ်ခု လိုအပ်၏။

မဟုတ်ပါက ထို ဆင်းရဲသည့် အရှုံးသမားများက အလကား အမြတ်ထွက်သွားပေမည်။

“ လွယ်ပါတယ်… လုပ်တတ်တာပေါ့..” ဟန်ရွှမ်း လိုရင်းတိုရှင်း ပြန်ဖြေလိုက်၏။

“ အဲ့တာဆို လုပ်ပြလို့ရလား… ပြီးရင် ဒုံးပျံတစ်ခုပေးမယ်…”လင်းရီ သူမကို စမ်းသပ်ကြည့်လိုက်၏။

၎င်းကို မြင်တော့ ဟန်ရွှမ်း မျက်မှောင်ကြုတ်လိုက်ပြီး မှတ်ချက်ပေးသူနာမည်ကို ကြည့်လိုက်သောအခါ

‘ ပြိုင်ဘက်ကင်း ကြက်ကြီး ‘

အထင်သေးပြီး စက်ဆုပ်ရွံရှာသည့် ဟန်အမူအရာက ဟန်ရွှမ်း၏ မျက်နှာထက်၌ ပေါ်ပေါက်လာလေသည်။

‘ဒီလို ပေါတောတောနာမည်နဲ့ဆိုတော့ သေချာပေါက် အသုံးမဝင်တဲ့ သောက်ငမွဲပဲ ဖြစ်ရမယ်…’

‘ဟမ့်.. အရှုံးသမားကများ အလကား မျက်စိအရသာ ခံချင်နေတယ်ပေါ့…’

‘ငါ့ကို စထွင်မာ အသစ်လေးများ မှတ်နေလား မသိဘူး’

‘တွေးကြည့်ရုံနဲ့တင် ရွံစရာ ကောင်းလိုက်တာ….’

အမှန်တကယ် ချမ်းသာသူများမှာ တောင်းဆိုမှုမပြုခင် လက်ဆောင်အရင်ပေးကြလေသည်။

အကယ်၍ သူမသာ တောင်းဆိုတဲ့အတိုင်းပြုလုပ်ပြီးပါက တစ်ဖက်သူမှာ ငါးမန်းဆူးတောင်လေးပင် ဆုပေးနိုင်လိမ့်မည် မဟုတ်ချေ။

‘ဟမ့်.. အလကား အချောင်နှိုက်ချင်နေတဲ့သူတွေ…’

လင်းရီ၏ မှတ်ချက်က လူတော်တော်များများကို ဆွဲဆောင်သွားခဲ့၏။

“ ညီကို… မင်း အိပ်မက်မက်နေတာလား…. မင်းက ရေခဲနတ်ဘုရားမလေး နဂါးအမြီးဆန့်တဲ့ ကကွက်ကို မြင်ချင်နေတယ်ပေါ့… အဲ့တာတောင်မှ သူမကို လှည့်စားပြီး ကြည့်ချင်နေတယ်…”

“ ကစ်တီ ရေခဲနတ်ဘုရားမ ဆိုတဲ့ ဘွဲ့က အလကား ရထားတယ်များ ထင်နေလားကွ…”

“ အပြုံးတစ်ပွင့်ရဖို့ စူပါဒုံးပျံ ငါးခု ပေးရတယ်… နဂါးအမြီးဆန့်တဲ့ ကကွက်ဆို အနည်းဆုံး ဆယ်ခု… အဲ့တာတောင် မင်းက တစ်ခုပဲ ပေးမယ်… ဘယ်လို ပြက်လုံးမျိုးလဲကွ…”

“ ရပြီ ရပြီ.. မင်း ဒီက ထွက်သွားလိုက်တော့ဟျောင့်.. မင်းအစား ရှက်လွန်းလို့ ဒီက သေတော့မယ်…”

“ ကျွန်မရဲ့ အမာခံ ပရိသတ်ကြီးက ခုလို ကျွန်မကိုယ်စား ပြောပေးတာကို ကျေးဇူးတင်ပါတယ်…သူ့လိုမျိုး အချောင်သမားတွေကို ပလတ်ဖောင်းကနေတောင် တစ်သက်လုံး ဘန်းလိုက်သင့်တာ…” ဟန်ရွှမ်းမှ အပြုံး ရေးရေးလေးဖြင့် ပြောလိုက်၏။ ယင်းက သူမဘက်မှ ပြောပေးသူများကို ဆုချီးမြင့်သည်ဟု သတ်မှတ်၍ ရလေသည်။

“ အိုးမိုင်း… ဘုရားရေ… ကစ်တီလေးက ပြုံးနေတယ်…ဟျောင့်တွေ ကစ်တီလေးက ပြုံးနေတယ်ဟ….”

“ ငါ သူတိုက်ရိုက်ထုတ်လွင့်တိုင်း အမြဲတမ်း ဝင်ကြည့်နေတာ သုံးရက်လောက်ရှိပြီ…. ခုမှပဲ ကစ်တီပြုံးတာ မြင်ဖူးတော့တယ်..”

“ ဒီလိုမျိုး မြင်ရဖို့ဆိုတာ အရမ်းခဲယဉ်းတာ… ကစ်တီလေး ရေ .. ခဏစောင့်နော်…. ကိုယ် လစာထုတ်ပြီးရင် မင်းကို လက်ဆောင်တွေပေးမယ်…”

အဆိုပါ ရူးသမ်းနေသည့် ကွန်းမန့်များကို မြင်တော့ လင်းရီ ကြက်သီးမွေးညင်းတို့ ထသွားခဲ့၏။

ဒီကောင်တွေက ဘာလားဟ… မိန်းကလေး ပြုံးတာကို မမြင်ဖူးတဲ့ ကောင်တွေလား….

အပြင်မာ သည့်ထက်လှတဲ့ မိန်းကလေးတွေ ရှိတာတောင်မှ ဒီရဲ့ မာနတစ်ခွဲသားနဲ့ မိန်းကလေး အပြုံးက အဲ့လောက်တောင် အဖိုးတန်နေလို့လား….

ကျွတ်ကျွတ်.. သနားစရာ ကောင်းလိုက်တာ…

ဟန်ရွှမ်း၏ အပြုံးမှာ တစ်စက္ကန့်မျှသာ ကြာမြင့်ပြီး သူမ၏ နဂို အေးတိအေးစက် အမူအရာသို့ ပြန်ရောက်သွားလေသည်။

“ ပြိုင်ဘက်ကင်း ကြက်ကြီးဆိုတဲ့ မိတ်ဆွေလေးရေ… ဒီလိုမျိုး လှည့်ကွက်တွေက စထွင်မာ အသေးစားလေးတွေဆီမှာပဲ အလုပ်ဖြစ်မယ်… ငါ့ရှေ့မှာတော့ အသုံးမဝင်ဘူး.. ဒီတော့ ကျေးဇူးပြုပြီး ကျွန်မရဲ့ အခန်းထဲက ထွက်သွားပေးပါ.. ရှင့်ကို ဒီက မကြိုဆိုဘူး…”

“ အိုး ပြီးတော့ ဒုံးပျံတစ်ခုတည်းက ကျွန်မရဲ့ အပြုံးလေးကိုတောင် မဝယ်နိုင်တာ ရှင့်ရဲ့ အပြုအမူတွေက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား…

လင်းရီ အချိန်ဖြုန်းမနေပဲ သူမ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲမှ ထွက်လိုက်၏။

အဲ့လောက်မာနကြီးနေတဲ့ စထွင်မာ … ငါ လချီးမှ မကြည့်ဘူးကွာ….

ဟန်ရွှမ်း၏ အခန်းထဲမှ ထွက်လာပြီးနောက် လင်းရီ အခြား စထွင်မာ အခန်းထဲသို့ မသွားတော့ပဲ ကျန်းရှောင်ယွီဆိုသည့် စထွင်မာလေးကိုသာ လိုက်ရှာလိုက်တော့၏။ သူမကို ကခိုင်းလိုက်သည်က ပိုကောင်းပေသည်။

လင်းရီ စာရင်းဇယား အောက်ခြေသို့ ဆွဲချနေရင်း ဒုတိယ စာမျက်နှာသို့ ရောက်ရှိသွားခဲ့၏။ သို့တိုင်အောင် မတွေ့သေးချေ။

သို့နှင့် တတိယ၊ စတုတ္ထစာမျက်နှာတွင်မှ ကျန်းရှောင်ယွီ၏ အမည်ကို ရှာတွေ့သွားခဲ့၏။

အဆင့် ၇၈

ယင်း အဆင့်က နည်းနည်းတော့နိမ့်၏။

ကျန်းရှောင်ယွီ၏ ရုပ်ရည်မှာ ဟန်ရွမ်းနှင့် မတိမ်းမယိမ်းရှိသော်လည်း သူမမှာ ခန္ဓာကိုယ် အလှတရားကို ရောင်းစားနေသူ မဟုတ်သောကြောင့်

သူမ၏ ဝင်ငွေမှာ ကောင်းသလို ရှိသော်လည်း ဟန်ရွှမ်းကဲ့သို့ ထိပ်တန်း စထွင်မာများနှင့် ယှဉ်လျှင်တော့ အကွာအဝေးတစ်ခု ရှိနေလေသည်။

အမှန်တော့ သူမကိုယ်၌က အလှတရားကို ရောင်းစားပြီး ပိုက်ဆံရှာဖွေချင်ပါသော်လည်း သူမ၏ အခြေအနေများက ခွင့်မပြုခဲ့ခြင်းပင်။

၎င်းအပြင် သူမ၏ ရလဒ်များ မကောင်းရသည့် အကြောင်းပြချက်က ကြည့်ရှုသူများနှင့်လည်း သက်ဆိုင်လေသည်။

ဟန်ရွှမ်း၏ အခန်းထဲတွင် နှာမီးတောက်နေသည့် အဘိုးကြီးက ခပ်များများပင်။ အကုန်လုံးက ပုစွန်ဦးနှောက်နှင့် ချမ်းသာသူများ ဖြစ်ကြ၏။

သို့သော်လည်း ကျန်ရှောင်ယွီ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင်တော့ သိချင်စိတ် ပြင်းပြသည့် လူငယ်များနှင့် ပြည့်နှက်နေကာ ၎င်းတို့အားလုံးက သူမ၏ နည်းပညာ ပစ္စည်းများ ရီဗျူးလုပ်သည်ကို နှစ်သက်သောကြောင့် ရောက်ရှိနေကြခြင်း ဖြစ်လေသည်။ သို့သော်လည်း ၎င်းတို့ သုံးစွဲနိုင်သည့် ပမာဏကလည်း အကန့်အသတ်ရှိသောကြောင့် ယခုလို အလှတရားကို ရောင်းချပြီး ရပ်တည်နေရသည့် နေရာ၌ အဆင့်တစ်ရာအတွင်း ဝင်သည်ကပင် အတော်လေး ကောင်းမွန်သည့် ရလဒ်ဟု ဆိုထိုက်၏။

သူ ကျန်းရှောင်ယွီ၏ အခန်းထဲ ဝင်ကြည့်လိုက်တော့ သူမမှာ အတော်လေး gym ဆော့ထားဟန်တူပြီး မီးခိုးရောင် စကတ်ကို ဝတ်ဆင်ထားသည်။

လောလောလတ်လတ်တွင်တော့ သူမ၏ ပရိသတ်များနှင့် စကားဝိုင်းဖွဲ့နေလေသည်။

“ ရှောင်းယွီ… မင်းက မဟုတ်သေးပါဘူးဟ… အရင်နေ့တွေတုန်းက မင်းရဲ့ ရေပန်းစားမှုက ထောင်တက်လာတာကို ဘာလို့ အခွင့်အရေးကို မဆုပ်ကိုင်လိုက်တာ… “

“ ဟိုနေ့တုန်းက တွေ့လိုက်တဲ့ အချောလေးကို ပြောနေတာလား…” ကျန်းရှောင်ယွီပြောလိုက်ပြီး “ ငါလည်း သူ့ဆိုင်မှာ သုံးလေးရက်လောက် တိုက်ရိုက်ထုတ်လွင့်မလို့ လုပ်နေတာကို ကောင်စုတ်က ဆိုင်ပိတ်ပစ်တယ်လေ…. အူးဟူး… သနားစရာကောင်းလိုက်တဲ့ ငါလေးပါလားနော်….”

“ ညီကို… ယောက်ျားကြီးတန်မဲ့ မငိုစမ်းပါနဲ့ကွာ… ယောက်ျားဆိုတာ မျက်ရည်မကျရဘူးကွ….”

“ အူးဟူး…. သူများက မိန်းကလေးပါဆိုနေ…” ကျန်းရှောင်ယွီ အော်ငိုလိုက်၏။

“ ဟုတ်သားပဲကွ… သူသာ မပြောရင် ငါဖြင့် မေ့တောင်မေ့နေပြီ…”

“ ပထမရဖို့ စဉ်းစားမနေကြနဲ့တော့… ရှောင်းယွီ ခုအဆင့်ရထားတာတောင် ဟုတ်လှပြီ…. မင်းတို့ကောင်တွေ ရှောင်ယွီကို တအား ဖိအားမပေးကြနဲ့.. သူ့အတွက် မိန်းကလေး ဝတ်စုံဝတ်နေရတာ ကြမ်းတမ်းလွန်းပါတယ်ကွာ…”

“ နင်တို့ကောင်တွေ ဘာလျှောက်ပြောနေကြတာ… ငါ့အရည်အချင်းက ရီဗျူးလုပ်တာ တစ်ခုတည်းလို့ ထင်နေတာလား… တခြား အရည်အချင်းတွေလည်း ရှိပါသေးတယ်နော်…”

“ တခြား ထူးခြားတဲ့ အရည်အချင်း ရှိသေးတယ်…”

“ ဒါပေါ့..” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ အခြေခံ S ပုံသဏ္ဍာန် ထိုင်ထ မပြောသေးနဲ့ဦး… နဂါးအမြီးဆန့်တဲ့ အကလည်း ကောင်းကောင်းကတတ်သေးတယ်…နောက်ပြီး အများကြီး အများကြီး ကျန်သေးတယ်နော်….”

“ အဲ့တာဆို အတော်ပဲ… ဟို ပြိုင်ကား မောင်းတဲ့ အချောလေးကို ဆက်သွယ်လိုက်လေ… သူ့ကိုသာ ကပြလိုက်ရင် လက်ဆောင်တွေ ပေးချင်ပေးမှာပေါ့….” ကြည့်ရှုသူ တစ်ဦးမှ စိတ်အားထက်သန်နေသည့် ဟန်ဖြင့် ပြောလိုက်၏။

“ ငါကြားထားတာတော့ ဒီပွဲမှာ ပထမရရင် သုံးမီလီယမ် ပေးမှာတဲ့…. ပြီးတော့ ကိုယ်တိုင်က ကော်မရှင်တွေ အများကြီးနဲ့ ကြော်ငြာတွေလည်း ပရိုမိုးရှင်း လုပ်ပေးနိုင်မှာဦးမှာ… တကယ်လို့ လက်လွှတ်လိုက်မယ်ဆိုရင် နောင်ကျ ဒီထက်ကောင်းတဲ့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး…”

“ လာနောက်မနေစမ်းနဲ့… သူ့လို ဥစ္စာပေါ ရုပ်ချော သူဌေးသားလေးနားမှာ အလှလေးတွေ ဝိုင်းနေမှာပဲလေ… သူကြည့်ချင်ရင် ကြိုက်တဲ့ တစ်ယောက်ကို ပြောလိုက်ရင် ရနေတာပဲ မဟုတ်ဘူးလား… ဘာလို့ ငါ့လို စထွင်မာ တစ်ယောက် ကပြတာကို တကူးတက ကြည့်နေမှာ…”

“ ကံစမ်းကြည့်ပေါ့…. တချို့ သူဌေးတွေက ထူးခြားတဲ့ အလှရသ ခံစားမှုတွေ ရှိကြတယ်လေ…”

“ ကျွတ်… အဲ့လိုတိုင်ကွန်းမျိုးသာ ရှိလို့ကတော့ ငါ နဂါးအမြီး အကြိမ်တစ်ရာလောက် ဆန့်ပြလိုက်ဦးမယ်….”

“ ရှောင်းယွီ … မင်း ရူးသွားတာလား… မင်းတကယ်ကြီး အကြိမ်တစ်ရာလုပ်နိုင်မှာတဲ့လား… ခါးကကော ခံနိုင်မှာတဲ့လား…”

“ ဟင်းဟင်း… ငါ ထိုင်ထတွေ လေ့ကျင့်နေတာ အလကားများ မှတ်နေတာလား…”

သတိမထားမိပဲ ကျန်းရှောင်ယွီ ဆက်လက်ချဲ့ကား ပြောလိုက်၏။ “ အဲ့လိုသာ ရှိလို့ ကတော့ အကြိမ်တစ်ရာ မဟုတ်ဘူး.. တစ်သောင်းဆိုရင်တောင် ပြဿနာ မရှိဘူး… ငါ့ခါးက အရမ်း ကြံ့ခိုင်တယ်လေ… အဲ့အတွက် ယုံကြည်ချက် အပြည့်ရှိပြီးသား…”

“ ဟီးဟီး.. ရှောင်ယွီ…မင်း..... အဲ့တာကတော့ အရမ်း လေကြီးလွန်းသွားပြီ… သတိထားနော်… မျက်နှာဖြတ်ရိုက်ခံနေရဦးမယ်…”

“ ပြဿနာမရှိဘူး.. မျက်နှာတင်မကဘူးနော် .. တစ်ခြားနေရာ အရိုက်ခံရလဲ အေးဆေးပဲ… ခက်တာက ဘယ်သူမှ လာမရိုက်တာပဲ…ဟင်း… နောက်ဆုံးတော့လည်း….ငါက အဖော်မဲ့နေတဲ့ ငါးလေးပါလားနော်…”

ကျန်းရှောင်ယွီနှင့် သူ့ပရိသတ် အပေါင်းအပါများ၏ စကားဝိုင်းကို မြင်တော့ လင်းရီ ပြုံးပြီး သူ့ကိုယ်သူ ရေရွတ်လိုက်၏။

“ ဒီအစ်ကိုကြီးကလည်း မင်းလိုမျိုး မိမိုက်သလို လုပ်တဲ့သူတွေကို အရမ်းသဘောကျတာ…”

All Chapters