← Chapters

ငါက ဒီတိုင်း ငါးဆားနယ်လေး တစ်ကောင်ပါဟာ

Vol. 44 Ch. 660

ငါက ဒီတိုင်း ငါးဆားနယ်လေး တစ်ကောင်ပါဟာ

Vol. 44 Ch. 660

ဝှစ်...ဝှစ်.. ဝှစ်..ဝှစ်...

စူပါ ဒုံးပျံ အတန်းလိုက်ကြီးမှာ ကျန်းရှောင်ယွီ၏ တိုက်ရိုက် ထုတ်လွင့်သည့် စခရင် တစ်ခုလုံးသို့ ပြည့်နှက်သွားခဲ့၏။

"ဖက်ခ်...ဖက်ခ်....စူပါဒုံးပျံ အစင်း ၁၀၀... ဘယ်လိုတောင် မိုက်ထားတုန်း..."

"သူ လာနေပြီ.. သူလာနေပြီ... ဒုံးပျံတွေနဲ့ သူလာနေပြီ...."

"နဂါးအမြီးဆန့်ခြင်း ကကွက် အကြိမ်ရေ တစ်သောင်း... ရော့ပတ္တမြား ရော့နဂါးပဲ..."

ကျန်းရှောင်ယွီမှာ ကြက်သေသေနေတော့၏။ သူမ သာမန်အတိုင်း မှတ်ချက်ပြုလိုက်သော်လည်း ပုန်းလျှိုးကွယ်လျှိုး နေနေသည့် တိုင်ကွန်းကို ဖော်ထုတ်မိသလို ဖြစ်သွားလိမ့်မည်လို့ ထင်မထားခဲ့ချေ။

ဧကန္တ သူ ငါ့ရဲ့ ခန္ဓာကိုယ် အလှတရားတွေကို ကြည့်ချင်နေတာများလား..

တကယ်လို့ တခြား စထွင်မာတွေလိုမျိုး လုံးလုံးကိတ်ကိတ်နဲ့ဆိုရင်တော့ တစ်မျိုးလေ.. ခုတော့ နေလှန်းခံထားရတဲ့ ငါးခြောက်လိုမျိုး ငါ့ ခန္ဓာကိုယ်ကြီးကို ကြည့်ချင်တဲ့သူက ရှိပါ့မလားဟယ်...

အိုက်ယိုး .. ရှက်ဖို့ ကောင်းလိုက်တာ...

စူပါ ဒုံးပျံတစ်ရာ၏ အမှတ်များနှင့် ကျန်းရှောင်ယွီ၏ ထင်ပေါ် ကျော်ကြားမှုများမှာ ထိပ်တန်း ဆယ်ယောက်အတွင်းသို့ ရောက်ရှိလာခဲ့တော့၏။

သူမ အထက်ရှိ ကိုးယောက်နှင့် ဝေးကွာနေသေးသော်လည်း ယခုအဆင့်ကပင် မျက်စိဖမ်းစားစရာ ဖြစ်နေလေပြီ။

ထို့နောက် လင်းရီ နောက်ထပ် စူပါဒုံးပျံ တစ်ရာအား ထပ်မံ ပို့ပေးလိုက်ပြီး စခရင်ကို နောက်တစ်ကြိမ် ဖုံးလွှမ်းသွားစေလိုက်၏။

သို့သော်လည်း လင်းရီမှာ အတော်လေးကို အားမလို အားမရ ဖြစ်နေသေးသည်။

စူပါဒုံးပျံတစ်ခုမှာ ယွမ် နှစ်ထောင်မျှသာ ကျသင့်သောကြောင့် ဒုံးပျံ အခု နှစ်ရာ ပေးခါမှ ယွမ်လေးသိန်းမျှသာ ကျသင့်လေသည်။

ဘယ်လိုတောင် ဈေးပေါလိုက်လဲ...

ယခု တစ်ကြိမ်တွင်တော့ ကျန်းရှောင်ယွီ၏ အဆင့်မှာ နံပါတ်လေးနေရာ၌ ရောက်ရှိနေသည့် ဟန်ရွှမ်းကို ဖယ်ထုတ်ပြီး အဆင့်လေးသို့ ရောက်ရှိသွားလေသည်။

DOU YU ပလတ်ဖောင်းမှာ နာမည်ကြီး တိုက်ရိုက်ထုတ်လွင့်သည့် ပလတ်ဖောင်းတစ်ခု ဖြစ်သော်လည်း တစ်ကြိမ်တည်းနှင့် စူပါ ဒုံးပျံ အစင်း ၂၀၀ ချီးမြင့်ခံရသည်ကတော့ ရှားပါးသည့် ဖြစ်ရပ်ဆန်းပင်။

ထိုအခိုက်အတန့်တွင်တော့ ဟန်ရွှမ်း အခန်းထဲရှိ ကြည့်ရှုသူများမှာ ဝုန်းဆန်သွားခဲ့လေသည်။

"ဘာတွေ ဖြစ်နေတာတုန်းဟ.. ဘာလို့ ငါတို့ရဲ့ ကစ်တီလေးက အဆင့်ခြောက် နေရာ ရောက်သွားခဲ့တာ...."

"အဲ့ ကျန်းရှောင်ယွီ‌ဆိုတဲ့ စထွင်မာက ဘာလား... ငါ ခုနတုန်းက သူ့နာမည်ကို ထိပ်တန်း ဆယ်ယောက် စာရင်းထဲမှာတောင် မမြင်လိုက်ပါဘူး... ဘာလို့ ရုတ်ချည်း နံပါတ်လေးနေရာ ရောက်လာခဲ့တာ...."

ဟန်ရွှမ်းမှာလည်း အနည်းငယ် ပဟေဠိ ဖြစ်သွားခဲ့၏။

ပြိုင်ပွဲက ပြီးတော့မှာကို တစ်စုံတစ်ယောက်က သူမရှေ့ ရောက်သွားတယ်တဲ့လား...

ပထမနေရာရှိ ဆုလဒ်မှာ မက်မောဖွယ်ကောင်းနေသော်လည်း ထိပ်တန်း အဆင့်ငါးအတွင်းသို့ ၀င်သည့် ဆုလဒ်များကလည်း မဆိုးသာလှချေ။ သူမ၏ ကနေဦး ရည်မှန်းချက်ကတော့ ထိပ်တန်း ငါးယောက်နေရာအတွင်းသို့ ရောက်ရှိရန်ပင်။

ယခုတော့ စထွင်မာ အသေးစားလေးက သူမကို ဖိနှိပ်ပြီး နေရာကို မောင်ပိုင်စီးသွားခဲ့၏။ ထိုအချင်းအရာကို သူမ မည်သို့ ငြိမ်ခံနေနိုင်မည်နည်း။

"လူတိုင်းပဲ မစိုးရိမ်ကြနဲ့.. ကျွန်မတို့ သူ့ရဲ့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲ ၀င်ပြီးတော့ ဘာဖြစ်နေလဲဆိုတာ ကြည့်ကြည့်ကြတာပေါ့... "ဟန်ရွှမ်း ပြောလိုက်၏။

"ဟုတ်တယ် ဟုတ်တယ်.. ငါတို့ သွားကြည့်လိုက်ရင် သိမှာပဲလေ.. တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုလို့ကတော ပလတ်ဖောင်းဆီ တိုင်တန်းစာ ပို့ရမယ်...အဲ့တာမှ တစ်သက်လုံး ဘန်းခံရမှာ... "

ဟန်ရွှမ်း၏ အတွေးများကလည်း သူမ ပရိသတ်များနည်းတူပင်။

အကယ်၍ တစ်စုံတစ်ဦးမှ မရိုးဖြောင့်သည့် နည်းလမ်းဖြင့်သာ ကျော်ကြားမှုများကို မတိုးပွားပါက ယခုလို ရုတ်ချည်း မြင့်တက်လာလိမ့်မည် မဟုတ်ချေ။

သူမ တစ်ခုခု သိရှိသွားသည်နှင့် အဆိုပါ စထွင်မာ အသေးစားလေးကို ချက်ချင်းလက်ငင်း တိုင်တန်းစာ ပို့ပစ်လိုက်မည်။

မကြာမီ ဟန်ရွှမ်း ကျန်းရှောင်ယွီ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲသို့ ၀င်လိုက်၏။

ဒုံးပျံများနှင့် ပြည့်နှက်နေသည့် စခရင်ကို မြင်တော့ ရုတ်ချည်း ကြက်သေသေသွားတော့သည်။

တစ်စုံတစ်ယောက်က တကယ်ကြီး စူပါ ဒုံးပျံ အစင်းနှစ်ရာ ပေးလိုက်တယ်လား.....

အဲ့တာက ယွမ်လေးသိန်းများတောင်လေ...

"မိုးနတ်မင်း... ကစ်တီလေး နင် ကြည့်စမ်း.. လက်ဆောင်ပေးတဲ့သူက 'ပြိုင်ဘက်ကင်း ကြက်ကြီး'တဲ့... ခုနက နင့်ကို နဂါးအမြီးဆန့်ခြင်း ကကွက် လုပ်ခိုင်းတဲ့ တစ်ယောက်မလား..."

တိုက်ရိုက် ထုတ်လွင့်ခန်းထဲရှိ လူများ၏ သတိပေးမှုကြောင့် ဟန်ရွှမ်းလည်း သူမထံ လာခဲ့ဖူးသည့် တစ်ယောက်ကို အမှတ်ရသွားလေသည်။

ဟန်ရွှမ်း စိတ် ဗလာကျင်းသွားခဲ့တော့၏။ ရင်ထဲတွင်လည်း နက်နက်ရှိုင်းရှိုင်း နောင်တရမိနေသည်။

အကယ်၍ သူမသာ ထိုလူ့စကား နားထောင်ပြီး နဂါးအမြီးဆန့်ခြင်း ကကွက်ကို ကပြလိုက်ပါက ထို စူပါ ဒုံးပျံအစင်း နှစ်ရာမှာ သူမအပိုင် ဖြစ်လာမည် မဟုတ်ပါလော။

သူမ၏ လက်ရှိ ကျော်ကြားမှု အမှတ်များဖြင့် ဆိုပါက ဒုံးပျံများ ရရှိသည်နှင့် ပထမ နေရာ၌ ရပ်တည်နေသည့် ပိုင်ပင်းယွိ (ရေခဲကျောက်စိမ်းဖြူလေး)အား ဖိနှိပ်ရန် ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။

ယခုတော့ အရာအားလုံး နောက်ကျသွားခဲ့ချေပြီ။

'ငါ တကယ်ကြီး တိုင်ကွန်း တစ်ယောက်ကို လှောင်ပြောင်ခဲ့မိတာပါလား...'

'ငတုံး.. ငါက တကယ့်ကို ငပိန်းမပဲ...'

'အဲ့တာက စူပါ ဒုံးပျံ အစင်း ၂၀၀ ကြီးများတောင်လေ....'

'အဲ့ ပမာဏနဲ့ဆို နဂါးအမြီးဆန့်ရုံတင် မကသေးဘူး... လူချင်းတွေ့ပြီး အကုန်ချွတ်ပြခိုင်းတောင် သဘောတူပစ်လိုက်မှာ...'

.........

ထိုအခိုက်အတန့်တွင်တော့ ကြည့်ရှုသူဦးရေ တစ်သိန်းရှစ်သောင်းကျော်ရှိသည့် တိုက်ရိုက်ထုတ်လွင့်ခန်း တစ်ခုတွင် ခပ်လန်းလန်း အမျိုးသမီး စထွင်မာ တစ်ဦးက စခရင်ရှေ့တွင် ထိုင်နေလေသည်။

ထိုအမျိုးသမီး စထွင်မာ၏ နာမည်မှာ ပိုင်ပင်းယွိ့ဖြစ်ပြီး Dou YU ပလတ်ဖောင်း၏ ထိပ်တန်း တိုက်ရိုက်ထုတ်လွင့်သူ တစ်ဦးပင်။ သူမ ဤအလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်မျှသာ ကြာမြင့်သေးသော်လည်း သူမ၏ အထင်ကြီးလောက်ဖွယ် ကိုယ်လုံးကိုယ်ပေါက်နှင့် ထိပ်ဆုံး နေရာအား အခိုင်အမာ မောင်ပိုင်စီးထားလေသည်။

မည်သူကမျှ သူမ၏ ထိုင်ခုံကို လှုပ်ခါနိုင်စွမ်း မရှိသေးချေ။

ပိုင်ပင်းယွိ့ ကျော်ကြားမှု အမှတ်များကို ကြည့်လိုက်တော့ သူမ၏ အမှတ်များမှာ သန်း ၈၀ ကိုကျော်လွန်နေပြီး ဒုတိယနေရာ ယူထားသူကတော့ သန်းခြောက်ဆယ်မျှနှင့် ရှေ့ဆက်မတိုးနိုင် ဖြစ်နေလေသည်။

ပိုင်ပင်းယွိ့ မျက်နှာထက်၌ အပြုံးရေးရေးလေး ပေါ်လာခဲ့၏။

ပွဲမှာ ငါးမိနစ်အတွင်း ပြီးဆုံးတော့မည် ဖြစ်သောကြောင့် ယခု ဧရာမ ပွဲကြီး၏ ပထမနေရာမှာ သူမအပိုင်ပင်။

ဘောနပ်စ် ယွမ်သုံးသန်းက အရေးမကြီးပေ။ အရေးကြီးသည်က ကျော်ကြားမှုပင်။

"သေစမ်း... ဟိုဘက်ခန်းက တိုင်ကွန်းတစ်ယောက် တစ်ချီတည်းနဲ့ ဒုံးပျံ အစင်း နှစ်ရာတောင် ပေးလိုက်တာကွ.. ခု အဲ့စထွင်မာ ထိပ်တန်း ငါးနေရာကိုတောင် ရောက်လာနေပြီ..."

"အတည်ကြီးလား.. ငါသွား စပ်စုကြည့်လိုက်ဦးမယ်..."

အဆိုပါ ကွန်းမန့်များကို မြင်တော့ ပိုင်ပင်းယွိ့ ကြက်သေသေသွားခဲ့တော့၏။

သူမ အလျင်အမြန် ဦးဆောင်မှု ဇယားကို တစ်ချက်ကြည့်လိုက်တော့ ကျန်းရှောင်ယွီဟု ခေါ်သည့် စထွင်မာမှာ အမှန်ပင် နံပါတ်လေးနေရာသို့ပင် ရောက်ရှိနေလေပြီ။

ထို့ပြင် သူမ၏ ကျော်ကြားမှု အမှတ်များက ဆက်လက်မြင့်တက်နေဆဲဖြစ်၏။

"ကိုကြီးတို့ မသွားပါနဲ့လားဟင်.. ပင်းပင်း သီးချင်းနောက်တစ်ပုဒ် ဆိုပြမယ်လေ... ကောင်းမကောင်း ပြောပေးဦး...."

" ခဏနော် ပင်းပင်း...ကိုကြီးတို့ ခဏနေ ပြန်လာခဲ့မယ်နော်.. အဲ့တိုင်ကွန်းကို မြင်ဖူးချင်လို့ ခဏလေး သွားကြည့်လိုက်ဦးမယ်..."

သူမ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကျော်ကြားမှု အမှတ်များက နည်းနည်းခြင်း လျော့ကျလာသည်ကို မြင်တော့ ပိုင်ပင်းယွိ့ ဒေါသထွက်သွားခဲ့၏။

"ဟွန့် .. နင်တို့တွေက တကယ် မယုံရဘူး.. ပြောတော့ ပင်းပင်းကို အမြဲတမ်း အားပေးနေမယ်ဆိုပြီး ခုကျတော့ လွယ်လွယ်နဲ့ သစ္စာဖောက်သွားကြတယ်ပေါ့...သွားကြ .. နင်တို့နဲ့ စကားမပြောတော့ဘူး..."

သာမန် ကြည့်ရှုသူများကတော့ ကျန်းရှောင်ယွီ အခန်းထဲသို့ ကူးသွားကြသည်။

သို့သော်လည်း ထိပ်ဆုံး၌ ရပ်တည်နေသည့် စထွင်မာ တစ်ဦး ဖြစ်သည့် အလျောက် အမာခံ ပရိသတ်များက ရှိနေဆဲပင်။ အကယ်၍ လူတစ်ချို့ ထွက်သွားခဲ့လျှင်တောင်မှ သူမ နံပါတ်တစ်နေရာမှာ ပြုတ်မကျသွားခဲ့ချေ။

"ပင်းပင်း.. ဘာမှ မကြောက်နဲ့.. အဲ့ဒီ ကျန်းရှောင်ယွီလို့ ခေါ်တဲ့ စထွင်မာက နင်နဲ့ မယှဉ်နိုင်ဘူး... ပထမ နေရာက အမြဲတမ်း ပင်းပင်းအတွက်ပဲ..."

သူမ၏ အမာခံ ပရိတ်သတ်များ ကျန်ရှိနေသေးသည်ကို မြင်တော့ ပိုင်ပင်းယွိ့ အနည်းငယ် စိတ်သက်သာ ရသွားခဲ့သည်။

"ကိုကြီးတို့.. ပင်းပင်းကို ကူညီပေးပါဦးလား... ပင်းပင်း နောက်ဆုံး ပြီးခါနီးလေးမှ မရှုံးချင်တော့ဘူး..."

ပိုင်ပင်းယွိ့ ချစ်စဖွယ် ပါပီမျက်လုံးလေးများဖြင့် ပြောလိုက်၏။

၎င်းကိုမြင်တော့ ပုရိသ အများစုက သဒ္ဓါစိတ်တို့ ယိုဖိတ်ကာ ချက်ချင်း အားမာန်၀င့်လာခဲ့တော့၏။

"ပင်းပင်း ဘာမ မစိုးရိမ်နဲ့.. ကိုကြီးတို့ရှိတယ်... ဒီ ပလတ်ဖောင်းမှာ ဘယ်သူက ဘော့စ်လဲဆိုတာ အဲ့ အသေးအမွှားလေး သိအောင်ပြပေးရမယ်.. ညီကိုတို့ လုပ်လိုက်ကြစို့..."

"ကိုကြီး ကျေးဇူးပါနော်.. ခဏနေ ပင်းပင်း ဝီချက်ကနေ စာပို့လိုက်မယ် သိလား..."

"တကယ်နော်.. ပြောပြီးသား စကား ပြန်ရုတ်သိမ်းရင် ပုရွက်ဆိတ်ကိုက်တတ်တယ်... "

"ဒါပေါ့.. ပင်းပင်း ဘယ်တုန်းက ကတိမတည်ခဲ့ဖူးလို့ ခစ်ခစ်..."ပိုင်ပင်းယွိ့ ချွဲပစ်စွာ ပြောလိုက်သည်။

မကြာမီ သူမ အခန်းထဲ၌ ဒုံးပျံများကို မြင်တော့ သူမ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်ကွေးတက်သွားလေသည်။

"ဟမ့်.. အောက် နှုတ်ခမ်းမွှေးတောင် မပေါက်သေးတဲ့ ညီမလေးကများ ငါနဲ့ လာပြိုင်ချင်နေတယ်ပေါ့လေ.. ဟာသပဲ..."

"ငါယိုးမ.. ဘာတုန်းဟ.. ဘာလို့ အဲ့ဒီ ကျန်းရှောင်ယွီက ပထမ နေရာ ရောက်လာခဲ့တာ.."

"သောက်ပလုတ်တုတ်... တကယ်ကြီးဟ...."

စက်သေနတ်ကဲ့သို့ တရစပ် တက်နေသည့် ကွန်းမန့်များကို မြင်တော့ ပိုင်ပင်းယွိ့ ဦးဆောင်မှုပြ ဇယားကို နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။

ကျန်းရှောင်ယွီ၏ အမည်မှာ တကယ်ကြီး ပထမနေရာသို့ ခုန်တက်သွားခဲ့သည်ကို မြင်တော့ သူမ အံ့အားသင့်သွားခဲ့လေသည်။

"ဘာတွေ ဖြစ်နေတာ.. အဲ့ဟာမက စောနလေးတင် နံပါတ်လေး နေရာမှာပဲ ရှိသေးတာ မဟုတ်ဘူးလား... တစ်မိနစ်တောင် မရှိသေးတာကို ဘာလို့ ပထမ ရောက်လာခဲ့တာလဲ..."

ပိုင်ပင်းယွိ့ ခြေမကိုင်မိ လက်မိကိုင်မိ ဖြစ်နေတော့၏။အကယ်၍ ဤမိန်းကလေးသာ ပထမ နေရာ ရသွားပါက ပလတ်ဖောင်းရှိ ကြည့်ရှုသူအများစုမှာ တဖြည်းဖြည်းနှင့် ကျန်းရှောင်ယွီထံသို့ ဆွဲငင်ခြင်း ခံလိုက်ရပေမည်။

အကယ်၍ သူမ ဖြေရှင်းချက် တစ်ခုကို မစဉ်းစားနိုင်ပါက အနာဂတ်တွင် ပလတ်ဖောင်း၏ ထိပ်တန်း စထွင်မာဟူသော နေရာကို ထိန်းထားနိုင်လိမ့်မည် မဟုတ်တော့ချေ။

"ကိုကြီးတို့.. ပင်းပင်းကို ကူညီပါဦးနော်.. ပင်းပင်း ပထမ ရရင် ပင်းပင်းဖန်ဂရုစကားပြောဝိုင်းထဲမှာ သီးသန့်ပုံ ပို့ပေးပါ့မယ်... ကျေးဇူးပြုပြီးတော့..." မျက်ရည်လေး ဝေ့နေသည့် အမူအရာဖြင့် တောင်းဆိုလိုက်၏။

"မရတော့ဘူး... ဟို စထွင်မာ မိန်းကလေးအခန်းထဲမှာ တိုင်ကွန်းတစ်ယောက်က တစ်ချီတည်းနဲ့ ဒုံးကျည် အစင်းလေးရာတောင် ပို့ထားတာ.. ငါတို့ ပြန်တိုက်ဖို့ ကျည်မလောက်ဘူး..."

"ငါ‌တို့တော့ ဒီနေ့ နတ်ဘုရားသဖွယ် တိုင်ကွန်းကြီးနဲ့ တွေ့လိုက်ရတာပဲ... ပြန်ခုခံဖို့ အခွင့်အရေးတောင် မရှိတော့ဘူး..."

"အားလုံးပဲ မစိုးရိမ်ကြနဲ့ဦး.. ပင်းပင်းရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရဆိုရင် ဒုံးပျံအစင်းလေးရာက တစ်ဖက်သူရဲ့ အကန့်အသတ်ပဲ... ပြီးတော့ အမှတ်တွေကလည်း သိပ်မကွာဘူးလေ.. အားလုံး တူတူကြိုးစားမယ်ဆိုရင် ပထမနေရာက သေချာပေါက် ပင်းပင်းအတွက်ပဲ... "

"အိုက်ယား... အမှန်အတိုင်း ၀န်ခံရရင် ငါ့မှာ ယွမ် ၂၀၀ မီလီယမ် ကျန်သေးတုန်းပဲ... ဒါပေမယ့် ..........."

All Chapters